19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
နိုင်ငံတော်အစိုးရနှင့် အာဏာရပါတီ

မည်သို့သော အစိုးရဖြစ်စေ၊ ပါတီတစ်ခု၊ အဖွဲ့အစည်းတစ်ခုခု ကို ကိုယ်စားပြုပြီး၊ ရွေးကောက်ပွဲ ၌ ဝင်ရောက်ယှဉ်ပြိုင်ကာ ပြည်သူ က ရွေးချယ်ပေးခဲ့၍ အစိုးရဖြစ် လာခြင်းဖြစ်သည်။ ဤသို့သော အစီအစဉ်ကို မည်သူကမှ စောဒ ကတက်ပြီး အငြင်းပွားနေရန်မလို ပေ။ သို့သော် တစ်ခုသတိပြုရ မည့်အချက်မှာ မည်သို့သောသူ ဖြစ်စေ၊ ပြည်သူက ရွေးချယ်လိုက် သည့်အတွက် ထိုသူသည် ပြည်သူ့ ကိုယ်စားလှယ်ဖြစ်သွားသည်။ ပါတီတစ်ခု၏ အဖွဲ့ဝင်ဖြစ်နေသော် လည်း၊ ပါတီကို ကိုယ်စားပြုထား သော်လည်း ပါတီထက်ပိုအင်အား ကြီးသော ပြည်သူက ရွေးချယ်ခြင်း ဖြစ်၍ ပြည်သူ့ကိုယ်စားလှယ်ကို အစိုးရ သတ်မှတ်ထားသော နိုင်ငံ တော် ဥပဒေဖြင့်သာ ချည်နှောင် ၍ရသည်။ ထိုသူသည် ပါတီနှင့် လွတ်ကင်းသွားပြီး ပါတီက ဝင် ရောက်စွက်ဖက်၍ မရတော့ပေ။ ပါတီက သူ့ကို ထုတ်ပယ်၍ရသော် လည်း ပြည်သူက ရွေးချယ်မဲဆန္ဒပေး ထားခြင်းကို ပယ်ဖျက်၍ မရပေ။
        x    x    x
    ပြည်သူ့ကိုယ်စားလှယ်သည် တစ်စုံတစ်ရာသော ဥပဒေချိုး ဖောက်သည် ဆိုပါလျှင် သတ်မှတ် ထားသော၊ လွှတ်တော်က ပြဋ္ဌာန်း ထားသော ဥပဒေ အချက်အလက် နှင့်အညီ အရေးယူနိုင်သည်။ ပြည် သူရွေးချယ်ပေးထားသော မဲဆန္ဒ ကို မည်သည့် ပုဂ္ဂိုလ်တစ်ဦးတစ် ယောက်ကမှ ပယ်ဖျက်၍ မရပေ။
        x    x    x
    အချို့သော နိုင်ငံများ၌ ပါတီ နှင့် ပြည်သူရွေးချယ်ထားမှုအပေါ် နိုင်ငံရေးကစားကြသည်။ ပမာ အားဖြင့် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ် သည် ပါတီတစ်ခုခု၏ ဥက္ကဋ္ဌစသ ဖြင့် နေရာယူထားကြသည်။ ဂျပန် နိုင်ငံမှ အရှိန်အဝါကြီးလှသောီူဏ ပါတီ၏ ဥက္ကဋ္ဌသည် ပြည်သူ့ မဲဆန္ဒနှင့် အနိုင်ရကာ လွှတ်တော် ၌ နိုင်ငံ၏ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ရသည်။ ဤသည်မှာီူဏ ပါတီ၏ သတ်မှတ်ချက်ဖြစ် နေပါ၏။
        x    x    x
    ပြည်သူသည် ပါတီ၏ ကိုယ် စားလှယ်ကိုသာ မဲဆန္ဒပေး၍ ရွေး ချယ်ပေးရခြင်းဖြစ်ပြီး၊ အစိုးရတာ ဝန်ကိုမူ ပြည်သူက မည်သူ့ကို ဝန် ကြီးချုပ်၊ မည်သူ့ကို ဝန်ကြီးဟု သတ်မှတ်၍ ရွေးချယ်ခြင်းမဟုတ် ပေ။ သို့ဖြစ်၍ နိုင်ငံအတော်များ များ နိုင်ငံရေးပါတီတစ်ခုခု၏ ဥက္ကဋ္ဌများသည် ထိုပါတီက အစိုး ရဖြစ်လာသည်နှင့် ပါတီဥက္ကဋ္ဌက အစိုးရအဖွဲ့ကို ဦးဆောင်ရတော့ သည်။
    အချို့သော နိုင်ငံများ၌ ပါတီ ၏ ဥက္ကဋ္ဌ တာဝန်ကို ယူထားကြ သော်လည်း ရွေးကောက်ပွဲအတွက် ပါတီက သူ့ပါတီ၏ ကိုယ်စားလှယ် တစ်ဦးဦးကို ရွေးချယ်ပေးကြရ သည်။ ထိုသို့ ပါတီက ရွေးချယ် ပေးသူက နိုင်ငံတော် သမ္မတအဖြစ် အရွေးချယ်ခံကြရသည်။ ထိုနိုင်ငံ များ၌ နိုင်ငံတော်၏ သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးချယ်ခြင်း ဖြစ်သည်။
        x    x    x
    ပါတီကို ကိုယ်စားပြု၍ နိုင်ငံ တော် သမ္မတဖြစ်လာသည့်အခါ၌ သမ္မတ၏ လုပ်ရပ်အပြုအမူများ နှင့် ပတ်သက်၍ သူကိုယ်စားပြု သည့် နိုင်ငံရေးပါတီက လက်မခံ လျှင် ပါတီတွင်း ပြဿနာရှင်းကြ ရသည်။ ထိုပါတီ၏ သဘော တရား ၊ အယူအဆသည် အစိုးရ အဖွဲ့အပေါ် သက်ရောက်မှုမရှိပေ။ သမ္မတဖြစ်နေသူ၏ သီးသန့်အယူ အဆသာ ဖြစ်သွားတော့၏။
        x    x    x
    ထိုအခါမျိုး၌ သမ္မတသည် ပါတီကို ပြန်လည်ဖြေရှင်းရခြင်း ၊ လွှတ်တော်တွင်း၌သာ သူ့နိုင်ငံရေး အယူအဆကို တင်ပြပြီး လွှတ် တော်၏  သဘောတူညီမှုကို ရယူ ရသည်။ လွှတ်တော်က ကျေနပ်မှု မရှိ၍ ဖြေရှင်းပေးရန် တောင်းဆို လာလျှင် သမ္မတက လွှတ်တော် အတွင်းသို့သွားကာ သူပြုလုပ်မည့် နိုင်ငံရေး လုပ်ရပ်၊ စစ်ရေးလုပ်ရပ် များအတွက် လွှတ်တော်အမတ် များကို ရှင်းပြရသည်။ သဘောတူ ညီမှုရရှိသည်အထိ၊ လွှတ်တော်အ မတ်များ ကျေနပ်သည်အထိ ရှင်း လင်းတင်ပြရသည်။
        x    x    x
    ပြည်သူက တိုက်ရိုက်ရွေးချယ် ပေးထားသော သမ္မတတစ်ဦးပင် ဖြစ်လင့်ကစား၊ လွှတ်တော်အတွင်း ရှိ အမတ်အများစု လက်ခံရန်က ပို၍ အရေးကြီးသည်။ လွှတ်တော် အမတ်များကလည်း သူတို့ ကိုယ် စားပြုသော ပါတီ၏ ဆန္ဒထက် သူ့ ကို မဲဆန္ဒပေးလိုက်သော ပြည်သူ များ၏ ဆန္ဒကို လွှတ်တော်အတွင်း ၌ ဖော်ထုတ်ပေးရသည်၊ တင်ပြပေး ရသည်။ ပြည်သူများ၏ ဆန္ဒအရ တောင်းဆိုပေးရသည်။
        x    x    x
    ပြည်သူက တိုက်ရိုက်ရွေးချယ် ပေးလိုက်သော သမ္မတသည်ပင်လျှင် လွှတ်တော်တွင်းရှိ လွှတ် တော်ကိုယ်စားလှယ်များ သဘော ကျဆောင်ရွက်ရလျှင် ပြည်သူ၏ ရွေးချယ်ခြင်းမရှိ၊ လွှတ်တော်တွင်း ရောက်မှ ဝန်ကြီးချုပ်၊ သမ္မတဖြစ် လာ သူတို့သည် လွှတ်တော် ကိုယ် စားလှယ်များ၏ ဆန္ဒကို မဖြစ်မနေ လိုက်နာရမည်က သေချာပါ၏။
        x    x    x
    ပါတီနှင့် နိုင်ငံတော် အစိုးရ ၏ အာဏာအရှိန်အဝါ လွန်ဆွဲပွဲ သည် ပါတီနှင့်လည်း မသက်ဆိုင်၊ အစိုးရအဖွဲ့နှင့်လည်း မသက်ဆိုင်။ထိုနိုင်ငံအတွက် ရေးဆွဲပေးထား သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့်သာ သက်ဆိုင်သည်။ ထို အခြေခံဥပဒေကို အစိုးရများသည် မိမိတို့ အလိုကျ နောက်တစ်ချိန်  နိုင်ငံအပေါ်မည်သို့ စေတနာထား သည်ကို ဖော်ပြနေသည်ကို သိနိုင် ရန် ကြိုတင်၍ ပြည်လုံးကျွတ် ဆန္ဒခံယူ၍ ရှေးဦးစွာ ပြဋ္ဌာန်းလေ့ ရှိကြသည်။ အခြေခံဥပဒေသည် တစ်ဖက်စောင်းနင်းဖြစ်နေလျှင် ထို နိုင်ငံ၏ အနာဂတ်သည် တစ်ဖက် စောင်းနင်းဖြစ်ပါလိမ့်မည်။ အစိုးရ နှင့် ပါတီတစ်ခု၏ လွန်ဆွဲပွဲသည် ထိုနိုင်ငံ၏ အနာဂတ်အတွက် ရင် လေးစရာလည်းဖြစ်တတ်ပါ၏။

မောင်ဈေးကွက်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.