16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
တရုတ်ပါဝါကိုညှိရန် ဂျပန်နိုင်ငံ၏အင်အား အာရှဒေသတွင်း တောင့်တင်းရန်လို

ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး Shin Zo Abe သည် အာရှဒေသနိုင်ငံများရှိ သူနှင့် အရင်းနှီးဆုံးလည်းဖြစ်၊ နိုင်ငံရေးဆွေးနွေးဖော်လည်းဖြစ်သည့် အိန္ဒိယနိုင်ငံမှဝန်ကြီးချုပ် နာရိန်ဒြာမိုဒီ Narendra Modi နှင့် စက်တင်ဘာလအတွင်းတွင် ၁ဝ ကြိမ်မြောက်တွေ့ဆုံမှု၌ ယနေ့အခါ အရှိန်သြဇာကြီးထွားလာနေသော တရုတ်နိုင်ငံ၏အရေးကို ဆွေးနွေးခဲ့ကြသည်။

ယင်းပုဂ္ဂိုလ်နှစ်ဦးလုံးသည် ရှေးရိုးဆန်သော နိုင်ငံရေးအမြင်ရှိသူများဖြစ်ပြီး သူတို့နှစ်ဦး စတင်တွေ့ဆုံခဲ့သည့် လွန်ခဲ့သည့် ၁ဝ နှစ်ခန့်ကတည်းက တရင်းတနှီးဖြစ်ခဲ့ကြသည်။ လွန်ခဲ့သည့် ၁ဝ နှစ်ခန့်က မိုဒီသည် သူ့ဇာတိမြို့၌ နိုင်ငံရေးအရ ခေါင်းဆောင်တစ်ဦးဖြစ်လာချိန်မှ အစပြုသည် ဆိုရမည်။

ယခုလောလောဆယ်၌ သူတို့နှစ်ဦး၏ စိတ်အတွင်း၌ အချဉ်ပေါက်နေ သည့် ကိစ္စရပ်မှာ ပစ္စုပ္ပန်ကာလ၌ အလွန့်အလွန်ကြီးထွားလာနေသော တရုတ်နိုင်ငံ၏သြဇာနှင့် အရှိန်အဝါကို မည်သို့မည်ပုံ လွှမ်းမိုးကြရန်ဖြစ်နေ၏။ ယင်းကိစ္စအပေါ် ဝန်ကြီးချုပ်နှစ်ဦးသည် တစ်နေ့တာလုံး အဘက်ဘက်က စူးစူး နစ်နစ် ဆွေးနွေးခဲ့ကြသည်။ မနက်မိုးလင်းကတည်းက နှစ်ဦးမျက်နှာချင်းဆိုင် ထိုင်ကာ ဆွေးနွေးခဲ့မှုသည် ညစာထမင်းစားချိန်ရောက်သည့်တိုင် နှစ်ဦးလုံး အဖြေရှာမရဖြစ်နေသည်။

သူတို့ နှစ်ဦးရှာနေသည့်အဖြေမှာ တရုတ်နိုင်ငံ၏ ရေကြောင်းခါးပတ်နှင့် ကုန်းလမ်းကြောင်း ကုန်သွယ်မှုကို ယခုကတည်းက မည်သို့ ပြန်လည်တုံ့ပြန်ရမည်လဲဆိုသည့်အချက် ဖြစ်ပါ၏။

အဆိုပါ တရုတ်နိုင်ငံ သမ္မတကြီးရှီကျင့်ဖိန်၏  စီမံကိန်းကြီးသည် အာရှတိုက်ကြီးတစ်ခုလုံးကို ခါးလည်မှ ဖြတ်ခြင်းထက်ပင်ကျော်လွန်ကာ ကုန်းတွင်းရော၊ ရေလမ်းကပါ ခါးပတ်လမ်းဖြင့် ပုံစံတကျ တိုးချဲ့မည့် အလွန်ကြီးမားလှသော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးဖြစ်သည်။

ဂျပန်နှင့် အိန္ဒိယနှစ်နိုင်ငံတို့သည် သူတို့၏အခြေအနေကိုလည်း သူတို့သိပြီးဖြစ်၍ သူတို့နှစ်ဦး၏ အနေအထားမှာ အလွန်သိမ်မွေ့ညင်သာမှ ဖြစ်မည်ကိုလည်း သဘောပေါက်ကြ၏။

သူတို့နှစ်ဦး ထုတ်ပြန်သည့် နှစ်နိုင်ငံပူးတွဲကြေညာချက်၌ နှစ် နိုင်ငံခေါင်းဆောင်နှစ်ဦးလုံးက တရုတ်နိုင်ငံကို တိတိပပညွှန်းဆိုဖော်ပြခြင်း လုံးဝမပြုခဲ့ကြပေ။ သူတို့က သူတို့၏ အိမ်နီးချင်းနိုင်ငံအပေါ် အခြားနိုင်ငံများထက် ပိုအလေးအနက်ထားကြောင်း ထုတ်ဖော်ပြောကြ သည်။ ယင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု များသည် ဘက်စုံတိုးတက်မှုဟုပင် ဖွင့်ဟပြောခဲ့ကြသည်။

ယင်းအချက်ကြောင့်ပင် ဝန်ကြီးချုပ်အာဘေး၏ အနီးကပ် အကြံပေးသူများ၊ မိတ်ဆွေများသည်ပင် အာဘေးနှင့် သဘောထားချင်း မတိုက်ဆိုင်ကြသဖြင့် နုတ်ထွက်ရန် အရိပ်နိမိတ်ပြခဲ့သည့် သတင်းများပင် ထွက်ခဲ့သည်။

ဂျပန်အစိုးရအဖွဲ့အတွင်း၌ပင် တရုတ်နိုင်ငံနှင့် စီးပွားရေးသဘော ဆက်ဆံရန် အခွင့်အလမ်းပြသင့် သည်ဟု ဝန်ကြီးချုပ်ကို မသိမသာပြောခဲ့ကြသည်။ ဆိုလိုသည်မှာ သို့မှလည်း ဂျပန်ကုမ္ပဏီများအနေနှင့် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်ကောင်းများ ရနိုင်မည်ဟု ဆိုကြ သည်။

သို့သော် တစ်ဖက်၌လည်း နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အမျိုးသားလုံခြုံရေးအတွင်းရေးမှူးတို့က နိုင်ငံ လုံခြုံရေးအတွက် အလေးပေးဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြသည်။  သို့မဟုတ်ပါက ဂျပန်လုပ်ငန်းရှင်များအနေနှင့် ရင်းနှီးမြှုပ်နှံရန်အတွက် အခွင့်အလမ်းများ လွတ်သွားနိုင်သည်ဟု ဆိုကြသည်။

ဝန်ကြီးချုပ်ကမူ ယင်းအပြုအမူ ဆုံးဖြတ်ချက်ကို လုံးဝခိုင်ခိုင်မာမာ ငြင်းချက်ထုတ်ခဲ့၏။ နိုင်ငံခြား ကုမ္ပဏီများနှင့် ပြည်တွင်းကုမ္ပဏီများသည် အခွင့်အလမ်းအတူတူရပိုင်ခွင့်များ တူကြရမည်ဟု ဆိုခဲ့သည်။

အာရှတိုက်၏ အနာဂတ်ခေါင်းစဉ်ဖြင့် နိကိုင်းက အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပသော ဇွန်လ ၅ ရက်၊ ၂၃ ကြိမ်မြောက် နိုင်ငံတက ညီလာတစ်ခုတွင် အဖွင့်မိန့်ခွန်းပြောရာ၌ ဝန်ကြီးချုပ်အာဘေးက နိုင်ငံတကာမှ ကုမ္ပဏီလုပ်ငန်းများအနေနှင့် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန် ခွင့်ပြုထားမည်ဖြစ်ကြောင်း ပွင့်လင်းစွာ ထည့်သွင်းပြောဆိုခဲ့ သည်။

တစ်ချိန်တည်းတွင် အိန္ဒိယနိုင်ငံ ဘက်မှလည်း ခါးပတ်လမ်း၊ ကုန်းတွင်းလမ်းနှင့် ပတ်သက်၍ ကျေနပ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယင်းလမ်းကြောင်းသည် ကက်ရှ်မီးယားပြည်နယ်ကို ဖြတ်သန်းသွားကြောင်းသာ ဖော်ပြသည်။ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံများအပေါ် ဖြတ် သွားခြင်းမရှိကြောင်း ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်မိုဒီကမူ သူနှင့်အာဘေးတို့ နှစ်ကိုယ် ကြား တွေ့ဆုံဆွေးနွေးမှုများကို ထုတ် ဖော်ပြောဆိုခဲ့သည်။

အစိုးရအနေနှင့် စီးပွားရေး မဟာဗျူဟာများအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ရ၍ အားတက်မိ ကြောင်း၊ သို့သော် အကြေအလည် ပြောကြားရာ၌ ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံ၏ ဦးတည်မှုအပေါ် လက်သင့်ခံကြောင်းသိခဲ့ရသည်။ သို့သော် ဂျပန်နိုင်ငံ၏ သူ့ကိုယ်ပိုင် စီးပွားရေး အမြင်တစ်ခုရှိကြောင်း သိခဲ့ရ ၍ အားရမိသည်ဟု ဆိုသည်။

 

ဂျပန်နိုင်ငံအနေနှင့် ပိုအားထုတ်ရန်

တရုတ်နိုင်ငံ၏  ပြည်တွင်းစုစုပေါင်း ကုန်ထုတ်လုပ်မှု GDP သည် ဂျပန်နိုင်ငံ GDP ၏ နှစ်ဆထက်ပင် ပိုနေသေး၏။ သို့သော် အာဆီယံနိုင်ငံများအနေနှင့် ဂျပန်နိုင်ငံအပေါ် တောင်းဆိုလာကြသည်မှာ အရှေ့တောင်အာရှ၌ ပိုမိုအာရုံစိုက်ပြီး ရင်းနှီးမြှုပ်နှံမှုများ ပါဝင်လာစေရန်ဖြစ်သည်။

အရှေ့တောင်အာရှဒေသ ASEAN နိုင်ငံများမှ သတင်းသမားအများအပြားက ပုံစံအမျိုးမျိုးနှင့် သူတို့၏ခံစားမှုများ၊ အတွေးများကို ထုတ်ဖော်ပြနေကြသည်မှာ ယခုနှစ် သြဂုတ်လ ၂၇ နှင့် ၂၈ ရက်များ၌ ကျင်းပခဲ့သော ဂျပန်၊ အာဆီယံ Japan ASEAN သတင်း ဖိုရမ်ဆွေးနွေးပွဲကို ဂျပန်နိုင်ငံ ဖောင်ဒေးရှင်းက အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် ဆွေးနွေးပွဲ၌ ဖြစ်သည်။

တရုတ်နိုင်ငံသည် သူ၏အရင်းအနှီးများကို ပုံအော၍ အရှေ့တောင်အာရှဒေသတွင်း၌ မြှုပ်နှံလျက်ရှိသည်။ အဓိပ္ပာယ်မှာ ထိုဒေသတစ်ခွင်၌ တရုတ်နိုင်ငံ၏ အရှိန်အဝါ မလွဲမသွေကြီးမားလာစေရန်ဖြစ်သည်။ ဂျပန်၊ အာဆီယံသတင်းဖိုရမ်၌ ပါဝင်သူ အများအပြားက ဂျပန်နိုင်ငံအပေါ် တင်ပြခဲ့သည့် အချက်များမှာ တရုတ်နိုင်ငံမပါဝင် မရင်းနှီးသော နေရာများ၌ ဂျပန်နိုင်ငံက တောင်းဆို၍ လုပ်ငန်းများ ရင်းနှီးရန်ဖြစ်၏။

ဆောင်းပါးရှင် နိကိုင်းသတင်း ဌာန၏ သုတေသီ ဇီရိုယူကီအာကီတာ Hiroyuki Akita အမေရိကန်နိုင်ငံကိုပါ ထောက်ပြထားသည့် ကိစ္စတစ်ခုမှာ အမေရိကန်နိုင်ငံအနေနှင့် အာရှဒေသအပေါ် စိတ်ဝင်စားမှု လျှော့ချသည်ဆိုပါလျှင်၊ ပြည်တွင်း ရေးများကိုသာ မပတ်သက်လိုဟု ဆိုပါလျှင် ထိုဒေသတစ်ခုလုံးသည် တရုတ်တို့၏ အနီရောင်လွှမ်းသွားမည့်အဖြစ်သို့ ရောက်သွားတော့မည်။အရှေ့တောင်အာရှ နိုင်ငံများအားလုံးက သူ့အမြင်ကို သဘောတူကြပါ လိမ့်မည်ဟု ဆောင်းပါးရှင်က ဖော်ပြ ထားသည်။

တရုတ်နိုင်ငံ၏ ခါးပတ်လမ်းနှင့် ကုန်းတွင်းလမ်း စီမံကိန်းသည်  မျှော်လင့်စရာရှိသော်လည်း စဦးကာလကတည်းက ထိတ်လန့်စရာက တွဲလျက်ပါလာခဲ့၏။ စီမံကိန်းကြီး စတင် ကြော်ငြာကတည်းက အရှေ့တောင် အာရှအာဆီယံနိုင်ငံများအနေနှင့် တစ်ညီတစ်ညွတ်တည်း စောစီးစွာ ထောက်ခံခဲ့ကြသည်။ သို့သော်  အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေနှင့် သတိကြီးစွာထားကြသည့်အချက်မှာ သီရိလင်္ကာနိုင်ငံကဲ့သို့ ကံကြမ္မာမျိုး ရောက်သွားမည်ကို စိုးရိမ်ခဲ့ကြသည်။

သီရိလင်္ကာနိုင်ငံသည် အဆိုပါ ပိုးသားလမ်းနှင့် ရေကြောင်းခါးပတ် စီမံကိန်းစဦးကာလ၌ပင် သူ့နိုင်ငံ ဆိပ်ကမ်းတိုးတက်ကောင်းမွန်ရန် ပစ်မှတ်တစ်ခုဖြစ်လာသည်။ သီရိလင်္ကာ နိုင်ငံသည် တရုတ်နိုင်ငံမှ  ပမာဏများပြားလှသည့် ချေးငွေကို တရုတ် နိုင်ငံထံမှယူခဲ့ရသည်။ အဆိုပါ ဆိပ်ကမ်းကလည်း တရုတ်နိုင်ငံ၏ ခါးပတ်နှင့် ကုန်းလမ်းစီမံကိန်းကြီး၏ အိန္ဒိယသမုဒ္ဒရာ၌ အဓိကဆိပ်ကမ်း နေရာဖြစ်နေသည်။

သို့သော် သီရိလင်္ကာသည် တရုတ်နိုင်ငံ၏ ချေးငွေအတွက် အတိုးနှုန်းထားသည် မြင့်မားလွန်း၍ မဆပ်နိုင်သည့်အဖြစ်မျိုး ကြုံရတော့၏။ နောက်ဆုံး ယခင်နှစ်ကပင် သီရိလင်္ကာသည် ဆိပ်ကမ်းပိုင် (နိုင်ငံပိုင်လုပ်ငန်း)၏ ပိုင်ဆိုင်မှု၏ ၈ဝ ရာခိုင်နှုန်းကို ၉၉ နှစ်ကာလလုံး တရုတ်နိုင်ငံပိုင်အဖြစ် အတင်းအဓမ္မ အင်အားအသုံးပြု၍ ပိုင်ဆိုင်မှုပေးအပ် လိုက်ရသည်။ ကာလသတ်မှတ်ချက် မှာ ၉၉ နှစ်ဖြစ်ပါ၏။

ဒုတိယ ကမ္ဘာစစ်ကြီးအပြီး ဟောင်ကောင်ကျွန်းကို တရုတ်နိုင်ငံလက်ဝယ်မှ ဗြိတိသျှတို့က နှစ် ၁ဝဝ တိတိ ငှားရမ်းမှုအဖြစ် ယူထားခဲ့သည့် ဖြစ်ရပ်ထက် ဆိုးရွားသော သဘောတူညီမှုဖြစ်သည်။

ယခုအခါ အာဆီယံနိုင်ငံများ အနေနှင့် တရုတ်နိုင်ငံထံမှ ဘဏ္ဍာရေးအကူအညီရယူခဲ့ကြပြီး တရုတ် နိုင်ငံထံမှ ရင်းနှီးမြှုပ်နှံမှုများ ရရှိတော့မည်ဖြစ်သည်။ တစ်ချိန်တည်းတွင် ထိုအာဆီယံနိုင်ငံများအနေနှင့် စိုးရိမ်နေကြသည်မှာ နောက်ဆုံး၌ ပေကျင်းအစိုးရကပင် လုံးဝအပိုင် သိမ်းသွားမည်လားဟု စိုးရိမ်နေကြ မည်က အမှန်ပင်ဖြစ်ပါ၏။

အထက်ပါဖြစ်ရပ်မျိုးနှင့် အလားတူ ဖြစ်ရပ်ကို ယခုအခါ ဖိလစ်ပိုင်နိုင်ငံက ခြိမ်းခြောက်ခံနေရပြီဖြစ် သည်။ သမ္မတ ရိုဒရိဂိုဒူတာတေး Rodtigo Duterte သည် ပေကျင်းမှ ဘဏ္ဍာရေး အကူအညီထောက်ပံ့မှု ရရှိမည့် စာရင်းတွင် ပါဝင်ပြီးသော် လည်း တောင်တရုတ်ပင်လယ် အ တွင်း ကျွန်းများပိုင်ဆိုင်မှု အငြင်းပွားမှုရှိနေ၍ ဘဏ္ဍာရေး အကူအညီကို ဘေးသို့ဖယ်ကာ ဆိုင်းငံ့ထားခံနေရ ခြင်းနှင့် ရင်ဆိုင်နေရ၏။

သံတမန်တစ်ဦး၏ ပြောစကားအရ သမ္မတဒူတာတေးသည် ဂျပန်နိုင်ငံမှ အစိုးရတာဝန်ရှိသူ တစ်ဦးကို ပြောခဲ့သည်ဆို၏။ အကယ်၍ ဂျပန်နိုင်ငံသည်သာ တရုတ်နိုင်ငံနှင့် စစ်ဖြစ်ပါက သူ့နိုင်ငံဖြစ်သော အင်ဒိုနီး ရှားနိုင်ငံသည် ဂျပန်နိုင်ငံဘက်မှ ထောက်ခံအားပေးမည်ဟုဖြစ်၏။

သို့ဖြစ်၍ ဒူတာတေးသည် တိုကျိုနှင့် အဆက်ပြန်ရရန် ကြိုးပမ်းလျက်ရှိနေသည်။ အဘယ်ကြောင့်ဆို သော် တရုတ်နှင့် ဂျပန်နှစ်နိုင်ငံကြားတွင် သံတမန် ဆက်ဆံမှုအရ ဒူတာတေးက ချိန်ခွင်လျာညှိရန် ဖြစ်သည်။

သို့သော် ASEAN နိုင်ငံများကမူ ဂျပန်နိုင်ငံအပေါ်မည်သို့ မျှော်လင့်ထားပါသနည်း။ ဂျပန်နိုင်ငံသည် သဘာဝသယံဇာတနှင့် နှိုင်းယှဉ်လျှင် တရုတ်နိုင်ငံကို မည်သို့မှ မယှဉ်နိုင်။

ထိုထက်ပို၍ တွက်ရပါလျှင် ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများက ယခုနှစ် အတွက် ခွင့်ပြုထားသည့် ဘတ်ဂျက်အရ ပမာဏမှာ ယန်း ၄၃ဝ  ဘီလီယံ (အမေရိကန် ဒေါ်လာ ၃.၉ ဘီလီယံ)ကို ယခုနှစ်အတွက်ဖြစ်၏။ တရုတ်နိုင်ငံ၏ အစီအစဉ်အရလာမည့် သုံးနှစ်ကာလအတွက် အာဖရိကတိုက် တစ်ခုတည်းသို့ ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားသည့် ငွေကြေးပမာဏမှာ ဂျပန်နိုင်ငံထက် ဆယ်ဆပိုများသည်။

နိုင်ငံတကာမှ ကျွမ်းကျင်သူများ နှင့် ASEAN အဖွဲ့မှ တာဝန်ရှိသူများက ဂျပန်နိုင်ငံနှင့် ပတ်သက်၍ မျှော် မှန်းခန့်မှန်းထားချက်နှစ်ခုရှိပါ၏။

ပထမတစ်ခုမှာ သယ်ယူပို့ဆောင်ရေးအတွက် အရည်အသွေးပြည့်မီသော လုပ်ငန်းဆောင်တာ ပစ္စည်းများ ပြည့်ဝရေးနှင့် ဆိပ်ကမ်းများ အရည်အသွေးပြည့်ဝရေးဖြစ်သည်။

ASEAN အဖွဲ့မှ သံတမန်တစ်ဦး၏ အဆိုအရ အားလုံးက နားလည်သဘောပေါက်ထားသည့် အချက်မှာ ဂျပန်နိုင်ငံသည် သယံဇာတ ရင်းမြစ်များနှင့် နှိုင်းယှဉ်လျှင် တရုတ်နိုင်ငံနှင့် မည်သို့ မယှဉ်နိုင်သော်လည်း အပေါ်ယံအဆောက်အအုံများအနေနှင့် ရင်းနှီးမြှုပ်နှံပါက တရုတ်နိုင်ငံ အပေါ် မှီခိုနေရမှုများ လျော့ကျသည်အထိ ဖြစ်လာနိုင်သည်။      

ဒေသတွင်း၌ စီးပွားရေး ပူးပေါင်းဆောင်ရွက်ပြီး တိုးတက်စေရန် ဂျပန်နိုင်ငံက အားပေးကူညီလျှင် ရနိုင်သည်ဟု ASEAN  နိုင်ငံများက ဂျပန်နိုင်ငံအပေါ် မျှော်မှန်းထားကြသည်။

ထို့ပြင် ပစိဖိတ်ဖြတ်ကျော်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် အတွက်မူ ဂျပန်နိုင်ငံက ပါဝင်ဆောင် ရွက်ပေးနိုင်သည်။

သို့သော် လက်ရှိ အမေရိကန်သမ္မတဒေါ်နယ်ထရန့် Donald Trump ကမူ ယခုလပိုင်းအတွင်း၌ ပစိဖိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များ၌ အမေရိကန်နိုင်ငံက ပါဝင်မည် မဟုတ်တော့ဟု ကြေညာထားသည်။ သို့သော် ဂျပန်နိုင်ငံကမူ ယင်းဆက်ဆံမှုများကို ဂျပန်နိုင်ငံက ကူညီပူးပေါင်းမှု ပြုလုပ်ပေးနိုင်သည်ဟု ဆိုသည်။

အာရှတိုက်ရှိ နိုင်ငံအတော်များများသည် တရုတ်နိုင်ငံ စီးပွားရေး ပုံသဏ္ဌာန်ထဲ၌ တစ်စိတ်တစ်ပိုင်း အဖြစ်ပါဝင်နေ၏။  သို့သော် သူတို့အားလုံးသည် တရုတ်နိုင်ငံ ပုံသဏ္ဌာန် စီးပွားရေးအဖြစ် မပါဝင်လို။ ဆန္ဒမရှိကြပေ။

အကယ်၍ ဂျပန်နိုင်ငံကသာ ASEAN  နိုင်ငံများ၏ မျှော်လင့်မှုဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပါမူ  အာရှ ဒေသမှ နိုင်ငံအားလုံးက သဘောတူလက်ခံလိုက်ကြမည်ဖြစ်၏။

 

ရည်ညွန်း     ASEAN Seeks Strong Japanese Presence in Asia to counter Chona by Hiroyuki Akita (Nikkei Commentator) ကို မှီးငြမ်းထားပါသည်။

စိုးမင်းဦး

 

စိုးမင်းဦး
 
Untitled Document
win naing said...
Saturday 4 November 2017, 9:10 pm
ဂျပန်နဲ့ တရုတ်စစ်ဖြစ်ရင် ဒူတာတေးက သူ့ နိုင်ငံ(အင်ဒိုနီးရှား)အနေနဲ့ လို့ သုံးထားတာ (ဖိလစ်ပိုင်)နဲ့ မှားနေပါတယ်။
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.