19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
အတုကို တုပသူ သို့မဟုတ် အမှောင်ရိပ်အောက်က ဂန္တဝင်အနုပညာ လက်ရာများ

အနုပညာ ဟူသည် အစစ်ကို တုပထားခြင်းသာဖြစ်သည်ဟု ဆိုကရေးတီးက ဆိုသည်။

စက်တင်ဘာလ ၂၂ ရက် ၂ဝဝ၇ ခုနှစ်။ တောင်ကုန်း ပေါ်ရှိ စံအိမ်သို့ ဦးတည်ရာ ကုန်းတက် လူသွားလမ်း တစ်လျှောက် မီးများကို လှပစွာ ထွန်းညှိထားသည်။ အိမ်သို့အဝင်  တံခါးမကြီး မရောက်မီ ဖန်အုပ်ဆောင်းဖြင့် ဖုံးထားသော ရေကူးကန်ကို တွေ့ရသည်။ ရေကူးကန်အနီးတွင် ရိုးရိုးရှင်းရှင်း ဘန်ဂလိုလေး များက အစီအရီ နေရာယူထားသည်။

စံအိမ်သည် ဂျာမဏီ တောင်ပိုင်း ဖရိုင်းဘတ်မြို့ ၊ ပါမောက္ခ၊ ရှေ့နေ၊ မန်နေဂျင်း ဒါရိုက်တာ စသူတို့ နေထိုင်ရာ လူကုံထံရပ် ကွက် တောင်ကုန်းလေးပေါ်တွင် တည်ရှိသည်။ စံအိမ်ကို ယူရိုငွေ တစ်သန်းဖြင့် ဝယ်ယူပြီး ၊ ယူရိုလေးသန်း အကုန်အကျခံပြင်ဆင် လျက် ရှိသည်။

 ရောက်လာသော ဧည့်သည်များကို အိမ်ရှင် ဝူလ်ဖန် ဘဲလ်ထရာချီ  (Wolfgang Beltracchi) နှင့် ဇနီး ဟယ်လင် က ခရီးဦးကြိုပြု နှုတ်ဆက်သည်။ စပိန်မှ ငှားရမ်း ခေါ်ယူထားသော ဖလန်မင်ကို တီးဝိုင်းက ခန်းမကျယ်ကြီးအတွင်း တီးမှုတ် ဧည့်ခံနေ သည်။ အကောင်းစား ရှမ်ပိန်များကလည်း ချောင်းစီးနေသည်။

ဘဲလ်ထရာချီနှင့် ဇနီးသည်တို့ သည် ဖရိုင်းဘတ်မြို့တွင် ရုတ်တရက် ပေါ်လာခြင်းဖြစ်သည်။

သူတို့သည် ချမ်းသာကြွယ်ဝသူ အဖြစ်သာ သိထားပြီး သူတို့၏ နောက်ကြောင်းကို မည်သူမျှ ရေရေ ရာရာမသိ။ ဘဲလ်ထရာချီသည် သန်း ကြွယ်သူဌေးများအတွက် ပန်းချီဆွဲ ပေးနေသူဟု အချို့က ဆိုသည်။ အနုပညာ လက်ရာများရောင်းချသူ ဖြစ်ပြီး အဖိုးတန် လက်ရာအမြောက် အများကို ပိုင်ဆိုင်ထားသည်ဟု အ ရပ်သတင်းများက ဆိုပြန်သည်။

ဖရိုင်းဘတ်မြို့ အလှပြင် ခွဲစိတ် ဆရာဝန်တစ်ဦးကမူ ''ဒီလူက အမြင် စူးရှတယ်။ ပစ္စည်းအဟောင်းရောင်း တဲ့ ဈေးတွေမှာ လျှောက်မွှေပြီး၊ ဘယ် သူမှ သတိမထားမိတဲ့ ဂန္ထဝင် အနု ပညာ လက်ရာတွေကို ဈေးချောင် ချောင်နဲ့ဝယ်ပြီး ပြန်ရောင်းတဲ့ အလုပ် ကို လုပ်နေတာ'' ဟု ပြောသည်။

 နောက်သုံးနှစ်အကြာ ၂ဝဝဝ ပြည့်နှစ်  သြဂုတ်လ ၂၇ ရက်၊ ည ၇နာရီ ၃၅ မိနစ်။ ဘဲလ်ထရာချီနှင့် ဇနီးတို့ ညစာစားပွဲ သွားရန် အပြင် သို့ ထွက်အလာတွင် ရဲက သူတို့ကို ဖမ်းဆီးလိုက်သည်။ ကိုလုံးမြို့ ခရိုင် ရှေ့နေရုံးက ဖမ်းဝရမ်းထုတ်ပေးလိုက် ခြင်းဖြစ်သည်။ ဆက်စပ် တရားခံများ အဖြစ် ဟယ်လင်၏ ညီမနှင့် မိခင်တို့ လည်း အဖမ်းခံရသည်။

အမှုမှာ ၂ဝ ရာစု အစောပိုင်း ပန်းချီကား ၃၅ ကားကို အတုပြုလုပ် မှု ဖြစ်သည်။ ဘဲလ်ထရာချီတို့ ဇနီး မောင်နှံသည် ပန်းချီ အကျော်အမော် တို့၏ စာရင်းပျောက် တိမ်မြုပ်နေ သော လက်ရာများအဖြစ် ပန်းချီကား အတုများကို ဈေးကွက် အတွင်းသို့ အချိန်ယူလျက် မသိမသာ ရောင်းချခဲ့ ခြင်းဖြစ်သည်။ ၁၄ နှစ်အတွင်း ရောင်းချခဲ့သော ပန်းချီကား ၃၅ ကား ကို ဂျာမနီ လေလံပွဲများတွင် သာမ က ပါရီနှင့် လန်ဒန်ရှိ အနုပညာကုန် သည်များမှ တစ်ဆင့်လည်း ရောင်းချ ခဲ့သည်။ ထိုပန်းချီကားများ၏ စုစု ပေါင်းတန်ဖိုးသည် ယူရို ၁၅ သန်း ရှိမည်ဟု ခန့်မှန်းရသည်။

လက်နက်အရောင်းအဝယ်နှင့် ပြည့်တန်ဆာလုပ်ငန်းသည် အမြတ် အစွန်း အများဆုံးလုပ်ငန်းများ ဖြစ် သည်။ ထိုလုပ်ငန်းနှစ်ခု၏ နောက်မှ ကပ်လိုက်လာသော လုပ်ငန်းဖြစ်သည့် အနုပညာလက်ရာဈေးကွက်သည် ငွေစက္ကူ ရိုက်ထုတ်နေသလို  အမြတ် အစွန်း အများဆုံးလုပ်ငန်းဖြစ်သည် ဟု ဆိုသည်။

၂ဝ ရာစု အစောပိုင်း ပန်းချီကား များသည် ဈေးကွက်တွင် အဝယ် လိုက်နေသည်။ ခရစ်တီ လေလံပွဲ တွင် ပီကာဆို၏ ဝတ်လစ်စလစ် ပန်းချီကားကို ယူရို ၈၁ သန်းဖြင့် အမည် မဖော်သူတစ်ဦးက ဝယ်ယူ သွားသည်။ ဈေးကွက်က အလုအ ယက်ဖြစ်နေသော်လည်း ရောင်းစရာ က ရှားပါးနေသည်။ ထို့ကြောင့် လေ လံပွဲသို့ လာတင်သော ပန်းချီကား များကို စစ်စစ်ပေါက်ပေါက် မေးခွန်း မမေးရဲကြ။ အခြားလေလံရုံသို့ ရောက်သွားမည်ကို စိုးရိမ်သဖြင့် လာတင်သမျှ ပန်းချီကားများကို ရောင်းချပေးနေသည်။ လက်ရာကို စိစစ်သူများက တိတိကျကျ စစ်ဆေး မည်ဆိုပါက  လေလံရုံ၏ စီးပွားရေး ကို ထိခိုက်မည်ဖြစ်သဖြင့် တော်ရုံတန် ရုံသာ စစ်ဆေးတော့သည်။

အနုပညာမြတ်နိုးသူ သူဌေးသူကြွယ်တို့က  အမည်မခံလိုဘဲ  တိုး တိုးတိတ်တိတ် လက်သိပ်ထိုးဝယ်ယူမှု တို့ကလည်း ဈေးကွက်ကို သူခိုးဈေး ကဲ့သို့ ဖြစ်လာစေသည်။ ထို့နည်းဖြင့် ဂန္ထဝင် အနုပညာ လက်ရာ ဈေးကွက် သည် မှောင်ရိပ်သမ်းလာသည်။

လွန်ခဲ့သောနှစ်များအတွင်း ၂ဝ ရာစု အစောပိုင်း အိတ်စပရက်ရှင်း ပန်းချီကား အများအပြားကို  လေလံ ပွဲများတွင် တွေ့ရသည်။ ထိုပန်းချီ ကားအများစုသည် ပျောက်ဆုံးသွား သော သို့မဟုတ် အခိုးခံရသော ပန်းချီကားများဖြစ်နေသည်။ လေလံ ပွဲသို့ရောက် လာသော ထိုပန်းချီကား အများစုမှာ အတုများဖြစ်သည်ဟု စုံထောက်များက ယူဆသည်။

ဘဲလ်ထရာချီတို့ အားစွဲတင် သော အမှုတွင် သူတို့၏ ပန်းချီကား တစ်ချပ်ကို ကျွမ်းကျင်သူ နှစ်ဦးက စစ်ဆေးပြီး အတုဖြစ်ကြောင်း သက် သေထူနိုင်ခဲ့သည်။ ကျန်ပန်းချီကား ၃၄ ကားတွင် အတုဟု ယူဆနိုင်သော လက်စလက်န တူညီသောအချက်များ တွေ့ရသည်။ ပန်းချီကား အားလုံး၏ ဘောင်များမှာ အမျိုးအစား အတူတူ ဖြစ်ပြီး နာမည်ကျော် လေလံပွဲမှ တံဆိပ် အဝါရောင် အမှတ်အသား ကပ်ထားသည်။ ထိုပန်းချီကားများကို မှတ်တမ်း မှတ်ရာအဖြစ် ရိုက်ကူး ထားသည့် ဓာတ်ပုံ အထောက်အထား လည်းမရှိ။  ပန်းချီကား အားလုံးသည် မထင်မရှား စုဆောင်းသူထံမှလာ သည်ဟု ဆိုသည်။

ပန်းချီကားများ၏ မြစ်ဖျားခံရာ သည် ဘဲလ်ထရာချီ၏ ဇနီးနှင့်  ခယ်မတို့၏အဘိုး ပန်းချီကား စု ဆောင်းသူ ဝါနာဂျက်ဂါ (Werner Jägers) ဖြစ်သည်ဟု ထွက်ဆိုထား သည်။ ၁၉၂ဝ ပြည့်လွန်နှင့် ၁၉၃ဝ ပြည့်နှစ်များတွင် ဝါနာသည် အိတ်စ် ပရက်ရှင်း (ခံစားမှုကို သင်္ကေတဖြင့် ပုံဖော်သော) Expressionism ပန်း ချီကားများကို စတင်စုဆောင်းခဲ့သည် ဟု မြေးဖြစ်သူ ဟယ်လင် (ဘဲလ် ထရာချီ၏ ဇနီး) က ပြောသည်။ ထို ခေတ်က ခေတ်ပြိုင်ပန်းချီ အကျော် အမော်များ ဖြစ်သည့် Campendonk, Pechstein, Nauen, Mense, Ernst, Braque, Derain, Dufy, Marcoussis  တို့၏ ဟန်အတိုင်း ရေး ဆွဲထားသော ပန်းချီကားများဖြစ်သည်။

ထိုပန်းချီကားများကို အဘိုးဖြစ်သူ ၏ ကုမ္ပဏီအနီးတွင် ပြခန်းဖွင့်ရောင်း ချနေသော ဂျူးလူမျိုး Alfred Flechtheim ထံမှ ဝယ်ယူ ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကာလတွင် အဘိုး ဖြစ်သူသည် ဝယ်ယူထားသော ပန်းချီ ကားများကို ဂျာမဏီ တစ်နေရာတွင် ဝှက်ထားရ သည်။ အဘိုးဖြစ်သူ ၁၉၉၂ ခုနှစ်တွင် မကွယ်လွန်မီ ပန်းချီကား အချို့ကို ဟယ်လင်တို့ ညီအစ်မအား အမွေပေးခဲ့သည်ဟု ထွက်ဆိုသည်။

ထွက်ဆိုချက်တွင်ပါဝင်သည့် အ ဘိုး ဝါနာဂျက်ကာသည် အမှန် တကယ် သက်ရှိထင်ရှားရှိခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဝါနာ ဂျက်ကာသည် အနုပညာ ဝါသနာ ပါသည်ဟု ပြောဆိုခြင်းမှာ မဟုတ် ကြောင်း အသက်ရှင်နေသေးသော မိတ်ဆွေများက ထွက်ဆိုသည်။ ဝါနာ ၏ အိမ်ထောင်ဆက်လေးဦး အနက် အသက်ရှင်နေသေးသော နောက်ဆုံး ဇနီးသည်က ‘ပန်းချီဆွဲတာဆိုလို့ ပြက္ခဒိန်နဲ့ ပန်းအိုး ပုံဆွဲတာလောက်ပဲ တွေ့ဖူးတယ်'' ဟု ရုံးတော်တွင် ထွက် ဆိုသည်။

ဝါနာသည် ပန်းချီကား စုဆောင်း သည် ဆိုသောအချက်ကိုမသိဟု သူ့ ဇနီးနှင့် မိတ်ဆွေများက ပြောသည်။

ပန်းချီကား တစ်ကား၊ နှစ်ကား ဝယ်ယူဖူးသော်လည်း ပန်းချီကား စုဆောင်းသူဟု အမည်ခံလောက် အောင် ဖြစ်ဖြစ်မြောက်မြောက် မ ဟုတ်ဟု အိမ်နီးချင်းများက ဆိုသည်။

တရားခံတစ်ဦးအဖြစ် စွပ်စွဲခံရ သူ ဟယ်လင်သည် ဂျက်ဂါ ကွယ်လွန် သည့် ၁၉၉၂ ခုနှစ်တွင် အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သည်။ ကိုလုံးမြို့ တွင် ရှေးဟောင်းပစ္စည်း အရောင်း ဆိုင်ဖွင့်သည်။

ဘဲလ်ထရာချီ၏ ဖခင်သည် မူလက ဆေးသုတ်သမားဖြစ်ပြီး နောက်ပိုင်းတွင် ဘုရားရှိခိုးကျောင်း နံရံဆေးရေးပန်းချီများကို ပြုပြင် ဖာထေးသော အလုပ်ကို လုပ်သည်။ ဖခင်က ဘုရားကျောင်း မျက်နှာကြက် ဆေးရေးပန်းချီများကို ပြုပြင်ခြယ် သရာ၌ ကလေးသာ ရှိသေးသော ဘဲလ်ထရာချီကို ငြမ်းပေါ်သို့ခေါ် သွားသည်။ ထိုမှ စလျက် သူသည် ပန်းချီပညာကို အနည်းငယ် တီး မိခေါက်မိ ရှိလာသည်။

အရွယ်ရောက်လာသော ဘဲလ် ထရာချီသည် ပန်းချီဆရာတစ် ယောက် ဖြစ်လာရန်ကြိုးစားသည်။ သမားရိုးကျ ပန်းချီသမား တစ်ဦးအ ဖြစ် ဘဝတွင်ရပ်တည်ရန် မလွယ်ကူ ကြောင်း ဘဲလ်ထရာချီ သဘော ပေါက်စပြုလာသည်။ သူသည် မော် တော်ဆိုင်ကယ် တစ်စင်းဖြင့် အမေ ရိကန် စစ်စခန်းများသို့ စိတ်ကြွဆေး ဖြန့်ဖြူးသည်။

၁၉၈ဝ ပြည့်လွန်နှစ်များတွင် ဘဲလ်ထရာချီသည် ဂျာမဏီမှ ပျောက်သွားသည်။ မော်ရိုကိုရှိ ဘုံအိမ်ရာတွင် သွားရောက်နေထိုင် သည်ဟု ဆိုသည်။ နှစ်အတန်ကြာပြီး ဂျာမဏီသို့ ခြေလျင်လျှောက်ပြန်လာ သည်။   ဂျာမဏီသို့ ပြန်ရောက်လာ သော ဘဲလ်ထရာချီ သည် အကောင်း စား ဟစ်ပီတစ်ယောက်ဖြစ်လာသည်။ ထူးထူးဆန်းဆန်းပါတီပွဲများ ကျင်းပ ကာ ငွေရှာသည်။

သူသည် ရုပ်ရှင်လောကသို့ ရောက်သွားပြန်သည်။ မော်ရိုကို သဲကန္တာရ နောက်ခံပြုထားသည့် 'မိုး ထိအောင်လှေကားထောင်' (The Ladder to Heaven) အမည်ရှိ ဇာတ် ကားအတွက် ဇာတ်ညွှန်းရေးသည်။ ထို့နောက် တောင်တရုတ်ပင်လယ် ဓားပြများ အကြောင်း မှတ်တမ်း ရုပ်ရှင် ရိုက်ရန် ကြိုးစားသော်လည်း မဖြစ်မြောက်ခဲ့။

၁၉၉ဝ ပြည့်နှစ်တွင် ဘဲလ်ထရာ ချီနှင့် သူငယ်ချင်းတစ်ယောက်တို့ သည် ယာတော အိမ်တစ်လုံးကို ယူရို တစ်သိန်းခွဲဖြင့် ဝယ်ယူ သည်။ ရိုင်းမြစ် အောက်ပိုင်း၌ရှိသော ဘဏ်တွင် အပေါင်ဆုံးထားသည့် ယာတောအိမ် ကို လေလံဆွဲဝယ်ယူခဲ့ခြင်း ဖြစ်သည်။  ယာတောအိမ်ကို အကုန်အကျများ စွာဖြင့် ပြင်ဆင်မှုလုပ်သည်။ ယာ တောအိမ် အပေါ်ထပ်ကို  ပန်းချီ စတူဒီယိုအဖြစ် ပြောင်းလဲ လိုက်သည်။

၁၉၉၂ ခုနှစ် ဇွန်လတွင် ဟယ် လင်က ယာတောသို့ ပြောင်းရွှေ့လာ သည်။ နောက် တစ်နှစ်အကြာတွင် သူတို့ လက်ထပ်ကြသည်။ သူတို့ ဇနီး မောင်နှံသည် အနုပညာ လက်ရာ ရောင်းဝယ်ရေး လုပ်ငန်းကို စတင် လုပ်ကိုင်သည်။

၁၉၉၆ ခု ဇူလိုင်လတွင် ယာ တောအိမ်ကို ယူရို ၁ ဒသမ ၃ သန်း ဖြင့်ရောင်းချကာ ပြင်သစ်တောင်ပိုင်း  မာဆေးမြို့တွင် ပန်းချီစတူဒီယိုပါ သော အပန်းဖြေအိမ်တစ်လုံးကို ငှားရမ်းနေထိုင်သည်။ သူ၏ စတူ ဒီယိုသို့ ရောက်ဖူးသူများက နံရံတွင် ချိတ်ဆွဲထားသော ပဟေဠိဆန်သော ပန်းချီကားကြီးတစ်ချပ်ကို သတိထား မိကြသည်။ ထိုပန်းချီကား အပေါ်သို့ မျက်နှာပုံများကို ဆလိုက်ထိုးကာ ကူးယူရေးသည်။ ထိုပန်းချီကားကို Hans Purrmann  ၏ ပန်းချီကားအ ဖြစ် ရောင်းချရန် ကြိုးစားသည်။

Lempertz သည် ကိုလုံးမြို့ရှိ သမ္ဘာအရင့်ဆုံး အနုပညာလက်ရာ လေလံ ကုမ္ပဏီ ဖြစ်သည်။ ၁၉၉၅ ခု ဖေဖော်ဝါရီလတွင် ဂျာမန် ပန်းချီ ဆရာ Hans Purrmann ၏  'ဒက္ခိဏ ရှုခင်း' (Southern Landscape)  အမည်ရှိလက်ရာတစ်ခုကို ရောင်းချ ပေးရန် ဟယ်လင်က  Lempertz အား ကမ်းလှမ်းသည်။  Hans Purrmann  သည် ပြင်သစ် ပန်းချီ အကျော်အမော်  Henri Matisse ၏ တပည့်ဖြစ်သည်။ ထိုပန်းချီကားကို အဘိုးဖြစ်သူ ဝါနာဂျက်ကာထံမှ အ မွေရခဲ့သည်ဟု ဟယ်လင်ကဆိုသည်။ သို့သော်  Lempertz ရှိ ကျွမ်းကျင်သူ များက ပန်းချီကား၏ စစ်မှန်မှုကို သံသ ယရှိသဖြင့် လေလံပွဲသို့ တင်မပေးခဲ့။

ရှစ်လအကြာတွင် ဟယ်လင်၏ 'မိန်းမပျိုနှင့် ငွေငန်း'  (Girl with Swan)  အမည်ရှိ ပန်းချီ ကားကို ကမ္ဘာ့ အကြီးဆုံးလေရုံဖြစ်သော ခရစ်စတီ က ယူရို ၆၇၅ဝဝ ဖြင့် ရောင်းချပေးသည်။ ထိုပန်းချီကားကို Heinrich Campendonk က ရေးဆွဲခဲ့သည်ဟု ကက်တလောက်တွင် ဖော်ပြထားသည်။ ပန်းချီကား၏ နောက်ကျောတွင် ကပ်ထားသည့် လေလံရုံတံဆိပ်မှာလည်း ဖြစ်ကတတ်ဆန်း လုပ်ထား သည်ကို မည်သူမျှ သတိမပြုမိ။ ဘဲလ် ထရာချီတို့ မောင်နှံသည် ပန်းချီကား အစစ်နှင့် အတုကို ရောနှော ရောင်း ချခြင်းဖြင့် လေလံရုံများကို လှည့်စား သည်။ သူတို့သည် ပီကာဆိုနှင့် မိုနေး တို့ကဲ့သို့ ထိပ်ထိပ်ကြဲ ပန်းချီ အ ကျော်အမော် များကို ရှောင်ရှားပြီး ပီကာဆိုတို့နှင့် ခေတ်ပြိုင်ပန်းချီဆရာ များနှင့် လက်ရာများကို အသေးစိပ် သုတေသနပြုကာ အတုဖန်တီးသည်။

ပထမ ကမ္ဘာစစ်မှ ဂျာမဏီတွင် နာဇီတို့ အာဏာရလာသည့် အချိန် အကြား ပေါ်ထွန်းခဲ့သော ပန်းချီ ဆရာများကို သူတို့က အထူးပြုလေ့ လာသည်။ ထိုအချိန်အတွင်း ပန်းချီပြ ခန်းများက  ထုတ်ဝေခဲ့သော ကက်တ လောက်များကို အသေးစိပ်သုတေ သနပြုသည်။

ပထမ ကမ္ဘာစစ်ကြီးအပြီးတွင် ဂျာမန်နိုင်ငံတွင် အရေးအပါဆုံး Alfred Flechtheim ပန်းချီပြခန်း ပိုင်ရှင် Alfred Flechtheim  သည် ၁၉၃၃ ခု နာဇီတို့ အာဏာရသည့် အချိန်တွင် ပါရီသို့ ထွက်ပြေးသည်။ ထို့နောက် ၁၉၃၇ ခုနှစ် ၌ လန်ဒန် မြို့တွင် ကွယ်လွန်သည်။  Alfred Flechtheim  စုဆောင်းထားခဲ့သော ပန်းချီကား အများအပြားသည် ယနေ့ထက်တိုင် ပျောက်ဆုံးနေ သည်။ ထို့အတူ ပြခန်းမှ စာရွက်စာ တမ်းများသည်လည်း ရှာမတွေ့။

ထိုပြခန်းမှ စာရင်းပျောက်နေ  သော ပန်းချီကား အချို့သည် ဘဲလ် ထရာချီထံတွင် ပေါ်လာပြီး လေလံရုံ များသို့ ရောက်လာသည်။

ပထမပိုင်းတွင် အချိန်အတန်ကြာခြား ပြီးမှ တစ်ကားချင်း ရောက်လာသော် လည်း နောက်ပိုင်းတွင် အလာစိပ်လာ သည်။ အချို့သော ပန်းချီကားများကို ဟယ်လင်ကိုယ်တိုင် လာရောက် ရောင်းချပြီး အချို့ကိုမူ ညီမဖြစ်သူ ဂျက်နက်က ယူလာသည်။

ပန်းချီကားရောင်းချရငွေဖြင့် ဘဲလ်ထရာချီသည် ဖရိုင်ဘတ်မြို့ တွင် စံအိမ်တစ်လုံးကို ယူရို တစ်သန်း ကျော်ဖြင့် ဝယ်ယူသည်။ အိမ်ကို ပြုပြင်မွမ်းမံသည်မှာ ၁၉ လကြာမြင့် သည်။ သူက ချေးများလွန်းသဖြင့်  ဆောက်လုပ်ရေးသမားများနှင့် မကြာ ခဏ အချေအတင် ဖြစ်ရသည်။

ဟယ်လင်၏ ညီမ ဂျက်နက် ရောင်းချရန် ယူလာသော Red Picture with Horses ပန်းချီကားကို မော်လတာရှိ ကုမ္ပဏီ တစ်ခုက ယူရို ၂ ဒသမ ၉ သန်းဖြင့် လေလံဆွဲ ဝယ်ယူသည်။ ၂ဝရာစု အစောပိုင်း ဂျာမန် အိတ်စပရက်ရှင်းနစ်လက်ရာ များအနက် ဈေးအမြင့်ဆုံး ရသော ပန်းချီကား ဖြစ်သည်။ လေလံရုံ၏ ကက်တလောက် မျက်နှာဖုံးတွင် ကျက်သရေဆောင်အဖြစ် ဖော်ပြခံရ သည့် ပန်းချီကားလည်း ဖြစ်သည်။

ပန်းချီကား အများအပြားသည် အတုဖြစ်နေသည်ဟု ပေါ်ထွက်နေ သော သတင်းများကြောင့်  Lempertz  လေလံရုံသည် Red Picture with Horses ကို စစ်မှန်မှု ရှိ-မရှိ စစ်ဆေးရန်ပြင်ဆင်သည်။ ဝယ်ယူ ထားသော ကုမ္ပဏီက စစ်ဆေးခြင်း ဖြင့် တစ်စုံတစ်ခု ပေါ်ပေါက်လာပါ က ဆုံးရှုံးရမည်ကို စိုးရိမ်သည်။ ထို့ ကြောင့် ဆွစ်ဇာလန်ရှိ ပန်းချီပြခန်း တစ်ခုမှ အကူအညီတောင်းခံလိုက် သည်။ စုံစမ်းမှုတွင် ပန်းချီသမိုင်း သုတေသီများ၊ ပညာရှင်များ ပါဝင် လာသည်။ ဟယ်လင်နှင့် ဂျက်နက် တို့ အဘိုးဖြစ်သူ ပန်းချီကားများ စုဆောင်းသူ ဝါနာဂျက်ကာနှင့် ပတ်သက်၍ထဲထဲဝင်ဝင် စူးစမ်းမှု များလုပ်ကြသည်။ ပန်းချီကားတွင် သုံးထားသော အရောင်တစ်ရောင် သည် ပန်းချီကားရေးဆွဲသည့် ၁၉၁၄ ခုနှစ်တွင် မပေါ်သေးကြောင်း တွေ့ လာရသည်။

ပန်းချီကားများကို စစ်မှန်မှု ရှိ-မရှိ စစ်ဆေးရသော ဗြိတိသျှလူမျိုး ဒေါက်တာ နစ်ကိုလပ် အိစ်တော့ Dr  Nicholas Eastaugh က ''တခြား ပန်းချီကားတွေလိုပဲ ကျွန်တော့်ဆီကို အဲဒီ ပန်းချီကားယူလာတယ်။ ပန်းချီ ကားနဲ့ ပတ်သက်ပြီး မသင်္ကာစရာ တွေကလည်း ရှိနေတယ်။ ပန်းချီကား ရဲ့ ရောင်ခြယ်ဒြပ် (pigment) ကို စစ်ဆေးတော့ တိုက်တေနီယမ် အဖြူ ရောင် ( titanium white ) ပါနေတာ ကို တွေ့ရတယ်။ အဲဒီ အရောင်ဟာ ပန်းချီကားရေးဆွဲတဲ့ ကာလလို့ပြောတဲ့ ၁၉၁၄ ခုနှစ်မှာ မပေါ်သေးဘူး''

 နောက်ဆုံးတွင် ဘာလင်မြို့ရှိ အနုပညာလက်ရာများဆိုင်ရာ ပြစ်မှုစုံ စမ်းရေး ဗျူရိုက စုံစမ်းစစ်ဆေးရန်ဖြစ် လာတော့သည်။ မြူးနစ်မြို့ရှိ အ လွတ်စုံထောက်အဖွဲ့ကလည်း  ဝါနာ ဂျက်ကာ၏ နောက်ကြောင်းကို စတင် စုံစမ်းသည်။ ဝါနာဂျက်ကာသည် လုပ်ငန်းရှင်မှန်သော်လည်း ပန်းချီကားစုဆောင်းသူ မဟုတ်ကြောင်း ပေါ်ပေါက်လာသည်။ ဘဲလ်ထရာချီ နှင့် ဇနီးတို့နှင့် ဆက်စပ်နေသော အ မျိုးအဆွေများအိမ်သို့ ရဲက ဝင် ရောက် ရှာဖွေသည်။ ဘဲလ်လာချီ က သူ့သားထံ ဖုန်းဆက်ပြီး သူ့လက်ပ် တော့ ကွန်ပျူတာကို ဝှက်ထားရန် ညွန်ကြားသည်။ ရဲက ဘဲလ်ထရာချီ ၏ တယ်လီဖုန်းကို ကြားဖြတ်နား ထောင်နေသဖြင့် လက်ဦးမှု ရယူ လျက် ကွန်ပျူတာကို ရဲက သိမ်းယူ လိုက်နိုင်သည်။

တရားရုံးက စစ်ဆေးသော အမှု တွင် ပန်းချီကား ၁၄ ကား ပါဝင်ပတ် သက်သည်။ ထိုပန်းချီကား ၁၄ ချပ် မှ ဘဲလ်ထရာချီတို့သည် ယူရို ၁၆ သန်း ရရှိခဲ့ကြသည်။ သူတို့ ရောင်းချ ပြီးနောက် အဆင့်ဆင့် လက်ပြောင်း လက်လွှဲလုပ်သည်များကို ထည့်သွင်း တွက်ချက်ပါက ယူငွေ ၃၄ သန်းမျှ ရှိမည်။

၂ဝ၁၁ ခုနှစ်တွင် အမှုကို စတင် စစ်ဆေးသည်။ ရက် ၄ဝ ကြာ စစ် ဆေးပြီးနောက် ဘဲလ်ထရာချီသည် ထောင်ဒဏ် ခြောက်နှစ် အပြစ်ပေးခံ ရပြီး၊ ဇနီးသည် ဟယ်လင်မှာ လေးနှစ် အပြစ်ပေးခံရသည်။ နစ်နာသူများကို လည်းယူရိုသန်းချီပြီး နစ်နာကြေး ဒဏ်ငွေပေးရသည်။ သူအပြစ်ပေးခံရ ခြင်းမှာ ပန်းချီကား အောက်ထောင့် တွင် သူ့အမည်အစား အခြားသူ၏ အမည်ကို ရေးထိုးထားခြင်းကြောင့် ဖြစ်သည်။ သူ့အမှုသည် ဒုတိယ ကမ္ဘာစစ်အပြီး အကြီးမားဆုံး ပန်းချီ ကား အတုပြုလုပ်မှု ဖြစ်သည်။  

ဘဲလ်ထရာချီသည် တုပရေးဆွဲ မည့် ပန်းချီဆရာ၏ လက်ရာနှင့် ၄င်း ၏ စိတ်နေစိတ်ထား အကျင့်စရိုက် တို့ကို အသေးစိပ်လေ့လာ ပြီးမှ တုပ ရေးဆွဲသူဖြစ်သည်။ မူရင်း ပန်းချီ ဆရာ၏ စိတ်ဝိညာဉ် အတွင်းသို့ ထွင်း ဖောက်ဝင်ရောက်ကာ မူရင်းပန်းချီ ဆရာအတိုင်း ဈာန်ဝင်စားကာ ရေးရ သည်ဟု သူက ဆိုသည်။ ဘဲလ်ထရာ ချီက-

''ပန်းချီကားဆိုတာ ကော်ပီလုပ် ဆွဲလို့ရတာ မဟုတ်ဘူး။ ကော်ပီဆို တာ မူရင်းနဲ့ ဘယ်လိုမှ မတူနိုင်ဘူး'' ဟု ဆိုသည်။

၂ဝ၁၆ ခုနှစ်တွင် ထောင်မှ လွတ်လာသော ဘဲလ်ထရာချီသည်  တစ်ကိုယ်တော် ပန်းချီပြပွဲ လုပ်သည်။ ပြသထားသော ပန်းချီကားများ တွင် သူ့အမည်ကို ရေးထိုးထားသည်။ သူ့လက်ရာများသည် ဈေးအတော် အသင့်ရသည်။ သူအတိတ်က ကျူး လွန်ခဲ့သည်နှင့် ပတ်သက်ပြီး မည်သို့ သင်ခန်းစာရခဲ့သနည်းဟု သတင်း ထောက် ကမေးမြန်းသောအခါ -

''နောက်ကို ကျွန်တော် ဘယ် တော့မှ တိုက်တေနီယမ် အဖြူရောင် ကို မသုံးတော့ဘူး'' ဟု ဖြေသည်။

အေးထွန်းမင်း
[email protected]
Ref: Hippy and the expressionists.

အေးထွန်းမင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.