20-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေးဝမြို့ မြို့တွင်းလမ်းများကို ဇူလိုင်လကုန်အပြီး အဆင့်မြင့်တင်ပြုပြင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1020
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
ရန်ကုန်မှာ နွေရာသီ မီးမပျက်နိုင်တော့ဘူးတဲ့လား

လက်ရှိမြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲရရှိမှု အခြေအနေကို ဦးစွာတင်ပြပါမည်။ မြန်မာနိုင်ငံသည် ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အ ကြောင်းအရာ သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ ဒသမ ၄ သန်းကျော်ရှိ သည်။ အိမ်ထောင်စုအားဖြင့် ၁ဝ ဒသမ ၇ သန်းနီးပါးရှိသည်။ ယင်းအိမ် ထောင်စု ၁ဝ ဒသမ ၇ သန်းနီးပါးထဲတွင် အိမ်ထောင်စု ၆ ဒသမ ၅ သန်းသည် လျှပ်စစ်မီး သုံးစွဲခွင့် မရကြသေးဟု သိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ လူဦးရေ သန်း ၃ဝ ကျော်သည် လျှပ်စစ်မီးသုံးစွဲခြင်းမပြုနိုင်သေးဟု အကြမ်း ဖျင်းခန့်မှန်းနိုင်သည်။ ယင်းကို တရားဝင်ထုတ်ဖော်ပြောကြားသူမှာ ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီ လာကျော်ဖြစ်ပြီး မတ်လ ပထမပတ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီးဝန်ကြီးဒေါ်နီလာကျော်သည် မတ်လပထမပတ်က ကျင်းပ ခဲ့သော ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် အထက်ကဆိုခဲ့သည့် မြန်မာနိုင်ငံ၏ လျှပ်စစ်မီးသုံးစွဲခွင့်မရသေး သည့် အခြေအနေနှင့် အတူ လျှပ်စစ်မီးမရရှိသေးသည့်  ၆၅ ရာခိုင်နှုန်းသော အိမ်ထောင်စု လူဦးရေအတွက် လျှပ်စစ်မီးသွယ်တန်းပေးရေး လျှပ်စစ်နှင့် စွမ်းအင် ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ အထူးလိုအပ်နေကြောင်းကိုလည်း နှိုးဆော် ပြောကြားခဲ့သည်။ ထို့ပြင်လက်ရှိ လျှပ်စစ်မီး သုံးစွဲခွင့်ရနေသည့် အိမ် ထောင်စု ၃ ဒသမ ၅ သန်းအတွက် လာမည့်နှစ်များတွင် အသုံးပြုမည့် လျှပ် စစ်ဓာတ် အားပြည့်မီအောင် ထုတ်လုပ်ရေး ကျပ်ဘီလီယံ ၉ဝဝ အထိ အရှုံးခံ ထုတ်လုပ်ရဦးမည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြား ခဲ့ပါသေးသည်။

 မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး လျှပ်စစ်မီး သုံးစွဲခွင့်ရရေး ယခုကတည်းက စတင်ကြိုးပမ်းဆောင်ရွက်မည်ဆိုလျှင် လာမည့် ၂ဝ၃ဝ ပြည့်နှစ်ရောက်မှ တစ်နိုင်ငံလုံး မီးလင်းနိုင်မည်၊ လျှပ်စစ်မီးသုံးစွဲခွင့်ရမည်ဟု ခန့်မှန်းထားကြသည်။ ယင်းသို့ တစ်နိုင်ငံလုံး လျှပ်စစ်မီး သုံးစွဲခွင့်ရရေး စီမံကိန်းဖြင့် အကောင်အ ထည်ဖော်မည်ဆိုလျှင် အရပ်ရပ်ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်သည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံရန် လိုအပ်မည်ဟု အာရှ ဖွံ့ဖြိုးရေးဘဏ် ADB က ခန့်မှန်းပေးထားသည်။ ထိုသို့ တစ်နိုင်ငံလုံး လျှပ် စစ်မီးသုံးစွဲခွင့်ရရေး ကြိုးပမ်းဆောင်ရွက်ခြင်းနှင့်အတူ လက်ရှိ သုံးစွဲခွင့်ရနေသူ အိမ်ထောင်စုများကလည်း လျှပ်စစ်မီးသုံးစွဲမှု ပိုမိုမြင့်တက်လာ ကြဦးမည်ဖြစ် သည်။

ယင်းအတွက်ကိုလည်း လျှပ်စစ်ဓာတ် အားတိုးမြှင့် ထုတ်လုပ်မှုက နှစ်စဉ် ပြုလုပ်နေကြရဦးမည်ဖြစ်သည်။ လျှပ် စစ်ဓာတ်အား တိုးထုတ်ကြတော့မည် ဆိုလျှင် ရင်းနှီးမြှုပ်နှံမှုအပိုင်းကထပ်မံ လိုအပ် လာပေဦးမည်လည်းဖြစ် သည်။ ထို့ကြောင့် လက်ရှိကာလတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရ လျှပ် စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနများက လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး အပိုင်းတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပါဝင်ရင်း နှီးမြှုပ်နှံပေးကြရန် ဖိတ် ခေါ်ဆော်သြနေခြင်းဖြစ်သည်။ ရန် ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေး နွေးပွဲတွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက် တာထွန်းနိုင်က တစ်နှစ်ထက်တစ်နှစ် တိုးတက်လာမည့် ဓာတ်အားလိုအပ် ချက်ကို ပြည့်မီစွာ ပေးစွမ်းနိုင်ရန်အ တွက် လျှပ်စစ်ဓာတ်အားထုတ်လုပ် ရေးတွင်သာမက သွယ်တန်းမှုနှင့် ဖြန့် ဖြူးမှုအပိုင်းများတွင် ပြင်ဆင်ရန်နှင့် အဆင့်မြှင့်တင်တိုးချဲ့နိုင်ရန် လိုအပ် နေကြောင်း နှစ်စဉ်နှစ်တိုင်း အနည်း ဆုံး မဂ္ဂါဝပ် ၅ဝဝ ထုတ်လုပ်နိုင်သည့် ဓာတ်အားပေး စက်ရုံတစ်ရုံတိုးချဲ့ ဆောက်လုပ်နိုင်မှ လိုအပ်ချက်ကို ၂ဝ၃ဝ ပြည့်နှစ် အရောက်တွင် ကာမိ နိုင်မည်ဖြစ်ကြောင်း ပြောကြား သွားခဲ့သေးသည်ကို မှတ်သားလိုက်ရ သည်။

 မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ် အား သုံးစွဲမှု နှစ်စဉ်တိုးတက်လာမှုကို လည်း ဆက်လက်တင်ပြပါမည်။ မြန်မာနိုင်ငံသည် တစ်နိုင်ငံလုံး လျှပ် စစ်မီး သုံးစွဲခွင့်မရကြသေးသော်လည်း လျှပ်စစ်မီး သုံးစွဲနေရသည့် နေရာမှာ တော့ နှစ်စဉ်တိုးတက်နေသည်။ တစ် နှစ်လျှင် လျှပ်စစ်မီးတိုးမြင့်သုံးစွဲမှု ၁၆ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းကြား ရှိ နေသည်ဟု သက်ဆိုင်ရာ ဝန်ကြီးဌာန က တွက်ချက်ထားသည်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ယူနစ် သန်းပေါင်း ၆၄၆၇ သာရှိခဲ့ရာက ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် တစ် နိုင်ငံလုံး သုံးစွဲမှု ယူနစ်သန်းပေါင်း ၁၃၅၅၁ အထိ တိုးမြင့်ခဲ့သည်။ ယင်း ကို ကြည့်ခြင်းအားဖြင့် ငါးနှစ်တာ ကာလအတွင်း လျှပ်စစ်ဓာတ်အားသုံး စွဲမှု ရာခိုင်နှုန်း ၂ဝဝဝ ကျော်အထိ တက်လာသည်ကို တွေ့မြင်နိုင်သည်။ ထိုသို့ သုံးစွဲမှုနှစ်စဉ် တိုးမြင့်လာရာ ယမန်နှစ်၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား သုံးစွဲမှု ယူနစ်သန်းပေါင်း ၁၇၈၁၂ ရှိ လာခဲ့သည်။ ယခုနှစ် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင်မတော့ တစ်နိုင်ငံလုံး သုံးစွဲမှု ယူနစ်သန်းပေါင်း ၁၉၅၉၄ အထိ တိုးမြင့်ရောက် ရှိမည်ဟု လျှပ် စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တွက် ချက်ခန့်မှန်းထားသည်။

 မြန်မာနိုင်ငံ၏ နှစ်စဉ်လျှပ်စစ် ဓာတ်အားသုံးစွဲမှုကိန်းဂဏန်းများကို တင်ပြပြီးနောက် တစ်နိုင်ငံလုံးတွင် လျှပ်စစ်မီး သုံးစွဲမှုအများဆုံး (သုံးစွဲ ခွင့် အခွင့်အရေးအရဆုံး) ရန်ကုန် တိုင်းဒေသကြီး၏ လျှပ်စစ်မီးသုံးစွဲမှု အခြေအနေကို ဆက်လက်တင်ပြပါ မည်။

ရန်ကုန်တိုင်းဒေသကြီးသည် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား သုံးစွဲမှု၏ ရာခိုင်နှုန်း ၄၅ ကျော်ကို  သုံးစွဲနေသော တိုင်းဒေသကြီး ဖြစ် သည်။ ယင်းသို့ သုံးစွဲမှု အခွင့်အရေး ပိုရနေခြင်းသည်လည်း မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ဖြစ်ခြင်း၊ နိုင်ငံ တော်၏ မျက်နှာစာ မြို့တော်ဖြစ်နေ ခြင်း၊ လူဦးရေ ထူထပ်သိပ်သည်းစွာ ရှိနေခြင်း၊ စက်မှုဇုန်များများစွာ တည် ရှိနေခြင်း စသည်တို့ကြောင့် မြန်မာ နိုင်ငံတွင် လျှပ်စစ်ဓာတ်အား အသုံး ပိုနေရခြင်း၊ သုံးစွဲမှု အခွင့်အရေးပိုရ နေခြင်း၊ ဦးစားပေးခံနေရခြင်းဖြစ် သည်ဟု သက်ဆိုင်ရာ ဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်များက ပြောကြား သည်။

ရန်ကုန်တိုင်းဒေသကြီးသည် လျှပ်စစ်ဓာတ်အား ဦးစားပေး အသုံး ပြုခွင့်ရနေသည့် တိုင်းတစ်တိုင်းဖြစ် သော်လည်း ယခုနှစ် နွေရာသီတွင် ဓာတ်အားပြတ်တောက်မှုများကတော့ ရှိနေဦးမည်ဟု ဆိုသည်။ ယင်းကို တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက် မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်ကပင် ရန်ကုန်တိုင်း ဒေသကြီး၏ လျှပ်စစ်နှင့် စွမ်းအင် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ''အခုနှစ်နွေရာသီမှာ လျှပ်စစ်ဓာတ် အား ပြည့်ပြည့်ဝဝနဲ့၊ အဆင်ပြေပြေ ပေါ့နော်။ မီးမပြတ်ပဲနဲ့။ မီးကတော့ ပြတ်တာလည်း ပြတ်ဦးမှာပါပဲ။ အဲဒီ တော့ မီးအပြည့်အဝရရှိဖို့ ကျွန်မတို့ ကြိုးစားအားထုတ်နေပါတယ်''ဟု ဆို သည်။

ဝန်ကြီး ဒေါ်နီလာကျော် ပြော၍ မှ မဆုံးခင် ယခု ဤဆောင်းပါးရေး နေစဉ်မှာပင် မီးပြတ်သွားပါသည်။ ဒေါ်နီလာကျော်ပြောသည်မှာ မှန်ကန် ပါသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ် နွေရာသီအတွင်း လျှပ်စစ် ဓာတ်အား အပြည့်အဝရရှိအောင် ဆောင်ရွက်နေ စဉ် မီးပြတ်နေဦးမည် မှာ အမှန်ဖြစ်သည်။ ယခု လက်တွေ့ ကြုံရပါပြီ။ ထို့ကြောင့် အယ်လ်အီးဒီ အလုံး ၃ဝ မီးအလင်းအားဖြင့် ဤ ဆောင်းပါးကို ဆက်ရေးပါသည်။ သို့ သော် တရုတ် အယ်လ်အီးဒီမီး အ လင်းအားက မည်မျှခံမည်နည်း။ ယင်းမီးအား မှိန်ကျသွားလျှင် မြန်မာ့ ရိုးရာ ဖယောင်းတိုင်ထွန်းကာ ခရီး ဆက်ရပေဦးမည်။

မြို့တော်နေ ပြည်သူများကတော့ နွေရာသီမီးပျက်လျှင် ထူးပြီး မအံ့သြကြတော့။ နွေရာသီမို့ မီးပျက်သည်။ နွေရာသီ ပူပြင်းခြောက်သွေ့သော ကြောင့် ဆည်ရေများ ခန်းခြောက် ကာ ရေအားလျှပ်စစ်ထုတ်လုပ်မှုများ ကျဆင်း၍ မီးပျက်သည် စသည်ဖြင့် နားလည်ထားကြပြီးဖြစ်သည်။ ယင်း သည် ခေတ်အဆက်ဆက် ပြည်သူ တို့ နားလည်ထားချက်လည်းဖြစ် သည်။ ပြည်သူတို့ လျှပ်စစ်မီးလာ တစ်ချက်၊ မလာတစ်ချက်အ ပေါ် ခန္တီစတရားများထားနိုင်ကြကာ ကောင်းကောင်းကျင့်သားရနေကြသည်။ သက်ဆိုင်ရာ လျှပ်စစ်မီး ပေးရေးဆိုင်ရာ ဌာနများကလည်း မီး ပျက်လျှင် သို့မဟုတ် မီးဖြတ်တော့ မည်ဆိုလျှင် မည်သည့် အကြောင်းပြ ချက်မျှ မပေးသည်ကလည်း ကျင့် သားရနေပြီး ထုံးစံလိုဖြစ်နေသည်။ မီးပျက်၍ ဖုန်းဆက်မေးမြန်းလျှင် လည်း တာဝန်ရှိသူများ မည်သူမျှ ဖုန်း မကိုင်ကြ။ ဖုန်းကိုင်လျှင်လည်း တိတိ ကျကျ၊ ရေရေရာရာ၊ ချေချေငံငံ ပြောကြားခြင်းမရှိ။ သက်ဆိုင်ရာ လျှပ်စစ်မီးပေးရေးဆိုင်ရာ ဝန်ထမ်း ကြီးငယ်များသည် မိမိတို့ ပြည်သူ့ ဝန်ဆောင်မှုအလုပ် လုပ်နေကြသည် ကို မေ့နေကြသည်။ အချို့သော အရာရှိများနှင့် ဝန်ထမ်းများသည် မိမိတို့ ဝန်ကြီးဌာနသည် ပြည်သူ့ဝန် ဆောင်မှုလုပ်ငန်း လုပ်နေသည့် ဌာန ပါလား၊ နိုင်ငံတော်၏ဘဏ္ဍာငွေကို ပြည်သူလူထုထံက ရှာဖွေနေသည့် ဌာနပါလားဟူသည်ကို ခြေခြေမြစ် မြစ် မသိကြသေး။ အံ့သြဖွယ်ရာ ကောင်းပါသည်။ အင်န်အယ်လ်ဒီ အစိုးရသည် မိမိတို့၏ ဝန်ထမ်းများ အရာရှိများအား ပြည်သူ့ဝန်ဆောင်မှု အကြောင်းကို သင်ကြားမပေးနိုင်သေး သည့်အပြင် ယခင်အကျင့်ဟောင်း များကိုလည်း ဖယ်ရှားမပေးနိုင်သေး သည်ကို သက်တမ်းတစ်နှစ်ပြည့် ခါနီး အထိ တွေ့မြင်နေရ၍ ပို၍ အံ့သြနေ မိသည်။ ဤသို့ ယောယိမ်းလိုက်ဘ ယားယိမ်းလိုက်ဖြင့် လုပ်ကိုင်နေထိုင် သွားကြလျှင် မြန်မာနိုင်ငံနှင့် မြန်မာ နိုင်ငံသားများသည် ဘာရုပ်မျှ ပေါက် တော့မည်မဟုတ်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ယခုနှစ်နွေရာသီတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ လျှပ်စစ်ဓာတ် အား ၃၃ဝဝ မှ ၃၅ဝဝ မဂ္ဂါဝပ်အထိ တိုးမြှင့် သုံးစွဲလာမည်ဟု ခန့်မှန်းထား ကြောင်း ပြောကြားထားသည်။ ထိုသို့ ပြောကြားပြီးနောက် မတ် ၁၆ ရက် တွင် ယင်းဝန်ကြီးဌာန၏ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင် မောင်ဝင်းက ယခုနှစ် နွေရာသီတွင် တစ်နိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အမြင့်ဆုံး ၃၁ဝဝ မဂ္ဂါဝပ်ခန့်ရှိလာမည်ဟု ခန့်မှန်းတွက် ချက်ထားပြီး အမှန်တကယ်ထုတ်လုပ် နိုင်မှုမှာ ၂၈၅၆ မဂ္ဂါဝပ်သာ ထုတ် နိုင်မည်ဖြစ်သဖြင့် နွေရာသီကာလ ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန် ၂၄၄ မဂ္ဂာဝပ်လို အပ်ချက်ဖြစ်ပေါ် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ကို နိုင်ငံပိုင်သတင်းစာကြေးမုံတွင် ဖော်ပြ ထားသည်ကို ဖတ်လိုက်ရသည်။

''၂ဝ၁၆ ခုနှစ် နွေရာသီကာလ မှာ ရေအားက မဂ္ဂါဝပ်  ၁၈၄ဝ ထုတ် ပေးခဲ့တယ်။ သဘာဝဓာတ်ငွေ့သုံး  စက်ရုံတွေက ၉ဝ၃ မဂ္ဂါဝပ် ထုတ် ပေးခဲ့ပြီး ဖြစ်ပါတယ်။ ယခုနှစ် နွေရာသီကာလမှာ ကြိုတင် ခန့်မှန်း ထားတာတော့ မဂ္ဂါဝပ်၃၁ဝဝ လောက်တိုးတက်ပြီး လိုအပ်ချက်ဖြစ် ပေါ်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ကျွန်တော်တို့ စက်ရုံတွေမှာရှိတဲ့ ထုတ် ပေးနိုင်မယ့် ပမာဏအရ ၂၈၅၆ မဂ္ဂါ ဝပ်အထိတော့ ထုတ်ပေးနိုင်တာမို့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်နဲ့ ထုတ်ပေးနိုင်တာ ကွာဟနေတာ ကြောင့် ၂၄၄ မဂ္ဂါဝပ်လိုအပ်နေ မှာ ဖြစ်ပါတယ်။ အဲဒီ လိုအပ်တဲ့ ဓာတ် အားတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အစီ အစဉ်တွေ ဆောင်ရွက်ထားပါတယ်'' ဟု ဦးခင်မောင်ဝင်းက ဆိုသည်။

ယင်းသို့ ဓာတ်အားလိုအပ်ချက် ကို ဖြည့်ဆည်းနိုင်ရန်အတွက် ရတနာ ကမ်းလွန်မှ ရရှိမည့် သဘာဝဓာတ် ငွေ့ ကုဗပေသန်း ၃ဝ ကို အသုံးပြုပြီး အရန်ထားရှိသည့် EGAT စက်များကို မောင်းနှင်ကာ ၆၅ မဂ္ဂါဝပ်တိုး၍ ဖြန့် ဖြူးပေးနိုင်မည်ဟုလည်း ဆိုသည်။ ထို့ပြင် ယခုနှစ် နွေရာသီတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြည့်ဆည်း ရေးနှင့် ဓာတ်အား အပြည့်အဝဖြန့် ဖြူးနိုင်ရေး အတွက် ဓာတ်အားချွေ တာဦးမည့် အစီအစဉ်ကိုလည်း ဦးခင် မောင်ဝင်းက ပြောထားပါသေးသည်။ ''အခုအချိန်မှာတော့ စွမ်းအင်နဲ့ သဘာဝဓာတ်ငွေ့ကို ရနိုင်သလောက် စုစည်းပြီးတော့ သန်း ၃ဝ (ကုဗပေ) လောက်ရလာတဲ့အခါ အရန်အဖြစ် ထားတဲ့ စက်ကို မောင်းနေပါပြီ။ မောင်းတဲ့အခါ ၆၅ မဂ္ဂါဝပ်လောက်ရ ပါတယ်။ ရှိနေတဲ့ ဂက်စ်တာဘိုင်တာ တွေနဲ့ မောင်းပြီး ရေလှောင်တမံတွေ မှာရှိတဲ့ ရေကို စုဆောင်းပါမယ်။ အဲဒီ လို စုဆောင်းထားမှသာလျှင် တကယ် ပူပြင်းလာတဲ့ ဧပြီ၊ မေ၊ ဇွန်မှာ ထုတ် ပြီးသုံးမှာဖြစ်ပါ တယ်။ အဲဒီအချိန်မှာ ထပ်ပြီးတိုးလာမယ့် ဓာတ်အားလိုအပ် ချက်ကို ရေအားကနေ ထုတ်ပေးမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ချွေတာ နည်းပါ။ ချွေတာနည်းဆိုတာက ရန် ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့တွေ မှာ လမ်းမီးတွေ ထိန်နေတာပဲ။ ဒါတွေ ကို သက်ဆိုင်ရာ စည်ပင်သာယာအဖွဲ့ အစည်းတွေနဲ့ ညှိနှိုင်းပြီး လုံခြုံရေး အရ အဆင်ပြေအောင်၊ လုံလောက် တဲ့ အလင်းရောင် လည်းရအောင် လမ်းမီးတွေကိုချွေတာတဲ့နည်း လုပ် ပါမယ်။ ဒါကလည်း မဂ္ဂါဝပ် ၂ဝ လောက်တိုးပြီး ထွက်လာမှာ ဖြစ်ပါ တယ်။ အဲဒီမဂ္ဂါဝပ် ၂ဝ နဲ့လည်း မလုံ လောက်ပါဘူး။ ဧပြီ၊ မေ၊ ဇွန်မှာဆို ရင် ပိုပြီး ပူပြင်းလာမှာ ဖြစ်လို့ နောက် ထပ် မဂ္ဂါဝပ် ၆ဝ လောက်လိုတာကို အလှည့်ကျ ဓာတ်အားဖြတ်တောက်ရ မှာ ဖြစ်ပါတယ်''ဟု ဆိုထားပါသည်။

ထို့ပြင် ပြည်သူများ ဓာတ်အား အလျင်မီ သုံးစွဲနိုင်ရေး အခြား ချွေ တာနည်းများအဖြစ် နိုင်ငံစက်ရုံများ ကို ရပ်တန့်ခြင်း၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိ ကပိုင် သံမဏိနှင့် သံရည်ကျို စက်ရုံ များ၏ ထုတ်လုပ်မှုကို ပူပြင်းသော နွေရာသီတွင် စက်ရုံများ ရပ်နားထား ရန် သက်ဆိုင်ရာ စက်ရုံများနှင့် ညှိ နှိုင်းကာ ရပ်တန့်လျှော့ချစေခြင်း၊ လျှပ်စစ်မြစ်ရေတင် စီမံကိန်းများအား ဝန်အားအများဆုံးသုံးစွဲချိန်တွင် အ သုံးမပြုစေဘဲ ညဥ့်ပိုင်းအချိန်တွင် သာ အသုံးပြုစေခြင်း စသည့်နည်း များဖြင့် လျှပ်စစ်ဓာတ်အား ၁ဝဝ မဂ္ဂါဝပ်ပိုထွက်လာစေရန် ဆောင်ရွက် သွားဦးမည်ဟုဆိုသည်။

မည်သို့ဖြစ်စေ သေချာသည်က တော့ ယခုနှစ် နွေရာသီတွင် မြန်မာ နိုင်ငံ၌ လျှပ်စစ်ဓာတ်အား လိုအပ် ချက်များကတော့ မြင့်မားနေပေဦး မည်။ ရန်ကုန်တိုင်းဒေသကြီးတွင် လည်း ဓာတ်အားလိုအပ်ချက်နှင့် အတူ၊ ဓာတ်အားလိုအပ်ချက်ကို အ စွမ်းကုန်ဖြည့်ဆည်းရေး အသည်းအသန် အားထုတ်နေခြင်းနှင့်အတူ မီးများက မကြာခဏပျက်နေဦးမည် ဖြစ်သည်။ ရန်ကုန်မြို့တော်ကြီး ပင် လျှင် ယခုနှစ်နွေရာသီတွင် မီးပျက် သည့် ဒုက္ခဝေဒနာခံစားရဖို့ သေချာ နေသည်ဆိုမှဖြင့် ကျန်သော တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင်တော့ နေ့ရာညပါ အမှောင်ကမ္ဘာထဲနေရ တော့မည်ဖြစ်သည်။ ယင်းသို့ဖြစ်လျှင် လည်း ပြည်သူများအတွက်ကတော့ ခေတ်အဆက်ဆက် ဘိုးဘွားဘီဘင် လက်ထက်က အမွေကို တို့သားတွေ၊ မြေးတွေ၊ မြစ်တွေ လက်ထက်အထိ ကောင်းကောင်း ထိန်းသိမ်းနိုင်ခဲ့သည် ဟု သက်ပြင်းချကာ ပြောလိုက်ကြရုံ ပင်ဖြစ်သည်။

 ပြုပြင်ပြောင်းလဲရေးကို ပြုလုပ် မည်ဆိုသည့် အင်န်အယ်လ်ဒီ အစိုးရသည်လည်း ပြည်ပြေ<ွကးမြီ ပေါင်း သိန်းသန်းကုဋေကုဋာကို ရင် ဝယ်ပိုက်ပြီး လျှပ်စစ်ဓာတ်အားပေး ရေးကဏ္ဍကို ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်သေးသည့် အခြေအနေတွင် ရှိနေသည်။ လျှပ်စစ်ဓာတ်အား အ ပြည့်အဝဖြန့်ဖြူးပေးရေး၊ တစ်နိုင်ငံလုံး မီးလင်းရေး ကိစ္စသည် အပြန့်ကျယ် ပါသည်။ အပြောလည်း ကျယ်နေ၏။ အကုန်အကျလည်းများမည်။ အကြွေးထူနေသည့်ကြား ကြွေးထပ်ယူရမည့် အခြေလည်းရှိသည်။ သည်ကြားထဲ အထိန်းအသိမ်း အကြပ်အမတ် မ ကောင်း၍ အပျက်အပျက်နှင့် နှာ ခေါင်းသွေးထွက်ရမည့်ကိန်းလည်း ဆိုက်နိုင်သည်။ မည်သို့ဖြစ်စေ ပြည်ထောင်စု အစိုးရကတော့ လာမည့် ၁၃ နှစ် ၂ဝ၃ဝ ပြည့်နှစ်အရောက်တွင် တစ်နိုင်ငံလုံး မီးလင်းရမည်ဟုြေ<ွကး ကြော်ထားသည်။ ယင်းသို့ မီးလင်းနိုင် ရေးအတွက် ပြည်ပအကူအညီများ လည်း ယူထားသည်။ ပြည်ပြေ<ွကးမြီ များလည်း ထပ်မံချေးယူထားသည်။ တိုင်းပြည်ကိုလည်း အလျဉ်းသင့်သ လို ချပြနေသည်။

ယခုတော့ ယခုနှစ် နွေရာသီ လျှပ်စစ်မီး အလျဉ်မီပေးနိုင်ရေး နည်း လမ်းပေါင်းစုံဖြင့် စီမံဆောင်ရွက်နေ သည့် အသံများဖြင့်တော့ ဝေစည် နေသည်။ လျှပ်စစ်မီးသုံးစွဲခြင်းကို လည်း ချွေတာကြမည်။ လမ်းမီးများ ပိတ်ထားမည်။ အချို့ စက်ရုံများ လည်ပတ်ခြင်းကို လည်း ရပ်နားထား မည်၊ အချို့သော စီမံကိန်းများနေ့ ဘက်တွင် ရပ်နားစေပြီး ညဥ့်နက်ပိုင်း မှ မောင်းနှင်စေမည် စသည်ဖြင့် စီမံ ချက်ချ ဆောင်ရွက်ပါတော့မည်။ ဤ သည်တို့သည် နွေရာသီလျှပ်စစ်ဓာတ် အား မပြတ်တောက်စေရေးတို့အ တွက် ကြိုတင်အစီအမံ တို့ဖြစ်သည်။

ယင်းကြိုတင် အစီအမံများဖြင့် ကျား ကန်၍ မရတော့လျှင်တော့ ထုံးစံအ တိုင်း အလှည့်ကျမီးပေးရေး အချိန် ဇယားကို ရေးဆွဲရပေတော့မည်။ ပြည်သူများကလည်း ဘာမျှစောဒက တက်ခွင့်မရှိ၊ ကြည့်ကြက်သာ ဖြေ ရှင်းကြပေတော့ပင်ဖြစ်သည်။ ဤတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းနေ ပြည်သူများအတွက် အားတက်ဖွယ် သတင်းတစ်ပုဒ်ဖတ်လိုက်ရပြန်သည်။

မတ် ၁၆ရက်က ဖြစ်သည်။ ရန် ကုန်မြို့ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ရုံး၌ နိုင်ငံတော် ဒုတိယ သမ္မတနှင့် လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (စတုတ္ထအကြိမ်) ပြုလုပ်ခဲ့သည်။ ယင်းတွေ့ဆုံပွဲတွင်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနဝန်ကြီး ဦးမြင့် သောင်းက ရန်ကုန်တိုင်းဒေသကြီးအ တွင်း နွေရာသီတွင် လျှပ်စစ်ဓာတ် အား ပြတ်တောက်မှု မရှိစေရေးနှင့် ဓာတ်အားဖြည့်တင်းနိုင်ရေးတို့အတွက် မဂ္ဂါဝပ် ၁ဝဝ နီးပါး အဆင်သင့်ရရှိ နိုင်အောင် ဆောင်ရွက်လျက်ရှိသည် ဟု ပြောကြားခဲ့သည်။ ယင်းသည် အားတက်စရာ သတင်းဖြစ်သည်။ ဓာတ်အားမဂ္ဂါဝပ် ၁ဝဝ နီးပါးဆိုသည် မှာ နည်းနည်းနောနော ပမာဏ မဟုတ်။ အမှန်တကယ်သာ ယင်း မဂ္ဂါဝပ် ပမာဏ အဆင်သင့်ရှိနေမည် ဆိုလျှင် သည်နှစ်နွေရာသီ ရန်ကုန် တိုင်းဒေသကြီးနေ ပြည်သူများအဖို့ မီး ပျက်မှာကို တွေးပြီး ပူမနေရတော့၊ မီးပျက်၍ ရေမရသည့် ဒုက္ခကို တွေး ပြီး ကြောက်စရာမလိုတော့ဟု ဆိုချင် သည်။ ရန်ကုန်တိုင်းဒေသကြီး အ တွက် မဂ္ဂါဝပ် ၁ဝဝ နီးပါး အဆင် သင့်ဆောင်ထားရေး အစီအစဉ်က တော့ ဤသို့ဖြစ်သည်။

''ရန်ကုန်တိုင်း ဒေသကြီးအ တွက် တိုင်းလျှပ်စစ်ဝန်ကြီးက လွှတ် တော်မှာ သမ္မတကြီးရဲ့ သီးသန့်ရန် ပုံငွေကျပ် ဘီလီယံ ၃ဝ ရခဲ့တယ်လို့ ပြောပါတယ်။ အဲဒီ ဘီလီ ယံ ၃ဝ ကို ကျွန်တော်တို့ ဂျင်နရေတာ ဝယ်ပါ မယ်။ အဲဒီစက်က ၂၅ မဂ္ဂါဝပ်ထုတ် ပါမယ်။ အဲဒီတော့ ကျွန်တော်တို့က ရန်ကုန်တိုင်းဒေသကြီးဟာ စက်မှု လက်မှုကို ဦးဆောင်နေတဲ့ တိုင်းဒေသ ကြီးဖြစ်တဲ့အတွက် နွေရာသီမှာ လျှပ် စစ်မီးပြတ်တောက်မှာကို အင်မတန်မှ စိုးရိမ်ပူပန်ပါတယ်။ လျှပ်စစ်ဓာတ် အား အမြန်ဆုံး ဖြည့်တင်းနိုင်ရေး အတွက် ၂၅ မဂ္ဂါဝပ် ထုတ်တဲ့ ဂျင်န ရေတာကို သီးသန့်ရန်ပုံငွေ ကျပ်ဘီ လီယံ ၃ဝ နဲ့ အမြန်ဆုံး ဝယ်ယူတပ် ဆင် ဆောင်ရွက်မှာဖြစ်ပါတယ်။ နောက်အစီအစဉ်က ကျွန်တော်တို့ သိရသလောက် မနေ့ကပဲ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီးက ကျွန်တော်တို့ကို ပြော ပါတယ်။ ဝန်ကြီးဌာနကနေပြီး ရန် ကုန်တိုင်းဒေသကြီးအတွက် ဂက်စ် တွေ တိုးရ လာရင် ဂက်စ်တာဘိုင်တွေ လည်ပြီး နောက်ထပ် ၇၅ မဂ္ဂါဝပ် လောက် ထပ်တိုးပြီးပေးမယ်လို့ ပြော တယ်။ ၇ဝ မဂ္ဂါဝပ် လောက်ပဲရမယ်ပဲ ထား၊၂၅ မဂ္ဂါဝပ်နဲ့ ပေါင်းရင် ၉၅ မဂ္ဂါဝပ်၊ မဂ္ဂါဝပ် ၁ဝဝ နီးပါး နွေရာသီ အတွက် အဆင်သင့်ထားနိုင်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါ တယ်''ဟု ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးသည် နိုင်ငံတော်၏ စီးပွားရေးအရ အချက် အချာကျသော တိုင်းဒေသကြီး ဖြစ် သည်နှင့်အညီ လျှပ်စစ် ဓာတ်အား သုံးစွဲမှုသည်လည်း နှစ်စဉ်တိုးတက် လျက်ရှိသည်။ နှစ်စဉ် မဂ္ဂါဝပ် ၁၅ဝ မှ ၂ဝဝ အထိ တိုးတက်သုံးစွဲလျက် ရှိသည်ဟု လည်း ဆိုသည်။ ထို့ပြင် တစ်နိုင်ငံလုံး ဓာတ်အားသုံးစွဲမှု၏ ၄၅ ရာခိုင်နှုန်းကိုလည်း ရန်ကုန်တိုင်း ဒေသကြီးက သုံးစွဲလျက်ရှိသည်။ ရန် ကုန်တိုင်းဒေသကြီးအတွက် ယခုနှစ် နွေရာသီ ဓာတ်အားလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရေး နိုင်ငံတော်၏ သီး သန့်ရန်ပုံငွေထဲက ကျပ်ဘီလီယံ ၃ဝ အား ထုတ်ယူသုံးစွဲပြီး ဂျင်နရေတာ စက်တစ်လုံး ဝယ်ယူရေး အစီအစဉ် သည် မတ် ၁၇ ရက်က ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်း အဝေးက အတည်ပြုပေးလိုက်ပြီး ဖြစ်သည်။ ယင်းဂျင်နရေတာ စက် ဝယ်ယူမည်ဆိုလျှင် ဆိပ်ကမ်းအ ရောက်တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၂၂ သန်းကျော်နှင့် ညီမျှ သော ကျပ်ဘီလီယံ ၃ဝ ကုန်ကျမည် ဟု သိရသည်။ စက်မှာယူခြင်းမှ ပြည်တွင်းတွင် တပ်ဆင်ပြီးစီးခြင်း အထိ ရက်ပေါင်း ၄၅ ရက် ကြာမြင့် မည်ဟု ဆိုကြပြီး ယခုအခါ နွေရာသီ မီးပေးနိုင်ရေးအမီ အပူတပြင်းမှာ ယူတပ်ဆင်မောင်းနှင်ပြီး လျှပ်စစ် ဓာတ်အားထုတ်ယူကြတော့မည်ဖြစ် သည်။ ယင်းဂျင်နရေတာ မောင်းနှင် နိုင်ရေး ဒီဇယ်ဆီကို အသုံးချမည်ဖြစ် သည်။ ယင်းဒီဇယ်ဆီ ဂါလန် ၁ဝ သိန်း (နွေရာသီသုံးလစာ မောင်းနှင် ၍ ရသည်) သည်လည်း ရန်ကုန် ဓာတ်အားဖြန့်ဖြူးပေးရေးလုပ်ငန်း တွင် အဆင်သင့် သိုလှောင်ထား သည်ဟု ဆိုသည်။

ကြားရသည့် သတင်းများက တော့ နွေခေါင်ခေါင်တွင် ရေခဲချောင်း သည် ကလိုင်ခေါက်သွားသည့် အသံ အတိုင်း ရင်မအေးရသေးပေမည့် နားထဲမှာတော့ ရင်အေးရသယောင် ဆူညံသွားသည်။ အချို့ကလည်း ဒီတစ်ခါတော့ တို့ကျောင်းဒကာကြီး တကယ် ကျောင်းဆောက်ဖြစ်တော့ မည်ဟု ဆိုနေကြသည်။ လျှပ်စစ်မီး ကိစ္စသည် အမှန်တော့ အကဲဆတ် ပါသည်။ အကဲဆတ်မှန်းသိ၍ ဤ ဆောင်းပါးတွင် လျှပ်စစ်ဓာတ်အားခ များ တိုးကောက်ရေး သက်ဆိုင်ရာ ပုဂ္ဂိုလ်များ စကားခေါ်နေကြသည့် အရေးကို ချန်လှပ်ထားခဲ့ပါသည်။ နောင်များမှ ကျယ်ကျယ်ပြန့်ပြန့်ရေး သား တင်ဆက်ပါဦးမည်။ ယခုတော့ နွေရာသီ လျှပ်စစ် ဓာတ်အား မပြတ် လပ်ရေး ရန်ကုန်တိုင်းဒေသကြီးကို သာ အားကြိုးခနွဲ့ ဆောင်ရွက်ခဲ့သည် များကိုသာ မြင်တွေ့ကြားသိနေရပြီး အခြားသော တိုင်းဒေသကြီးနှင့် ပြည် နယ်များကိုတော့ အားမတန်မာန် လျှော့သဘောဖြင့် ပေယျာလကန်ပစ် ထားခဲ့ကြသည်များ အတွက် စိတ်ထဲမ ကောင်းခြင်းကြီးစွာ ခံစားလျက်၊ မြန် မာနိုင်ငံသည် လျှပ်စစ်ဓာတ်အား ကဏ္ဍတွင်လည်း ခွဲခြားဆက်ဆံခြင်း များ ရှိနေပါသေးကလားဟု တွေး တော စဉ်းစားရင်း စောစောက ပျက် သွားသော မီးအလာကို စောင့်မျှော် နေမိပါတော့သည်။

(စာကြွင်း-မီး ပျက်သွားသည်မှာ တစ်နာရီကျော် နှစ်နာရီနီးပါးကြာ သွားချေပြီ။ တစ်ရပ်ကွက်လုံးလည်း အယ်လ်အီးဒီမီး အလင်းမှိန်မှန်ဖြင့် ငြိမ်သက်နေသည်။ တစ်ပေါင်းလပြည့် ကျော်လကတော့ ပေါ်ထွက်စပြုလာ ချေပါသည်။)

မောင်လွင်ပြင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.