20-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေးဝမြို့ မြို့တွင်းလမ်းများကို ဇူလိုင်လကုန်အပြီး အဆင့်မြင့်တင်ပြုပြင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1020
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
အခက်ခဲဆုံး တက္ကသိုလ်ဝင် စာမေးပွဲ

နှစ်စဉ် ဇွန်လ အစောပိုင်းတွင် တရုတ်တစ်ပြည်လုံး နှစ်ရက်ခန့် ငြိမ်ကျသွားသည်။ ရုံးပိတ် အားလပ်ရက်ကဲ့သို့ပင်။ သို့သော် ပျော်စရာ တော့ မကောင်းလှပေ။ အထက်တန်း ကျောင်းမှ အောင်မြင်ပြီးသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေသောရက် ဖြစ်သည်။ စာစစ်ဌာန အနီးရှိ ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းပေးရသည်။ အနီးပတ်ဝန်းကျင် ယာဉ်ကြောများကို လမ်းလွှဲထားသည်။ မူးမေ့ သွားသော ကျောင်းသား များကို အရေးပေါ် ပို့ဆောင်ပေးနိုင်ရန် လူနာတင်ယာဉ်များကို အသင့် ထားရှိသည်။ ဆူညံမှုများ မရှိစေရန် ရဲ၊ ပတ္တယောင်များ လှည့်လည် စောင့်ကြည့်ပေးသည်။ ရေဒီယိုနှင့် ရုပ်မြင် အစီအစဉ်များတွင် စာမေးပွဲ ဖြေဆိုပုံ ဖြေဆိုနည်းများကို အသေးစိတ်ဆွေးနွေးကြသည်။

စာမေးပွဲတွင် ထိပ်ဆုံးအမှတ်ဖြင့် အောင်မြင်ကြသူများကို ရုပ်မြင်သံကြားအစီအစဉ်က တွေ့ဆုံမေးမြန်းလျက် ဂုဏ်ပြုသည်။ တက္ကသိုလ် ဝင် စာမေးပွဲ၏ ရမှတ်သည် ဘဝ၏ အဆုံးအဖြတ်ဖြစ်သည်။ ထိုရမှတ် သည် အလုပ်အကိုင်၊ ဝင်ငွေနှင့် လက်တွဲဖော် အိမ်ထောင်ဖက်တို့ကို ပင် သတ်မှတ်ပေးနိုင်သည်။

စာမေးပွဲစစ်သည့်နေ့တွင် မိဘများသည် ကျောင်းဂိတ်ဝတွင် စုပြုံတိုးနေကြပြီး သူ့ထက်ငါ ဂိတ်တံခါးအနီး သို့ရောက်ရန် တိုးဝှေ့နေ ကြသည်။ လုံခြုံရေးဝန်ထမ်းများက ရေသန့် ပုလင်းနှင့် ယပ်တောင်များ ဝေငှနေသည်။ အနီးရှိ ရွက်ဖျင်တဲတွင် ကြက်ခြေနီ အဖွဲ့က အသင့် အနေအထားဖြင့် နေရာယူထားသည်။ မိဘများ၏ ကားများသည် လမ်းကြိုလမ်းကြားမကျန် နေရာလပ်မရှိအောင် ရပ်ထားကြ သည်။

တက္ကသိုလ်ဝင် စာမေးပွဲသည် ကြီးမားသော အဆုံးအဖြတ်ကိုပေး မည်ဖြစ်သဖြင့် စာမေးပွဲ ခိုးချရန် နည်းမျိုးစုံကြိုးစားကြသည်။

စပိုင်ကင်မရာ၊ အသံလွှင့် အသံဖမ်း ကိရိယာ၊ ရေဒီယိုလှိုင်းသုံးနားကြပ်  သေးသေးလေးများကို လက်ဝတ် လက်စား၊ မျက်မှန်၊ ပိုက်ဆံအိတ်၊ ဖောင်တိန်၊ ပေတံနှင့် အတွင်းခံအ တွင်း ဝှက်ယူလာကြသည်မှာ အများ အပြား။

ကျန်စီပြည်နယ်တွင် ယမန်နှစ် က စာမေးပွဲ အစားဖြေပေးသော ဂိုဏ်းတစ်ဂိုဏ်းကို ရဲက ဖမ်းဆီးခဲ့ သည်။ စာမေးပွဲ အစား ဝင်ရောက်ဖြေ ဆိုခ တစ်ယောက်အတွက် ယွမ်တစ် သန်း (ဒေါ်လာ ၁၂၁၃ဝဝ) ပေးရ သည်။ အချို့ စာစစ်ဌာနများတွင် မောင်းသူမဲ့ လေယာဉ် ဒရုန်း အငယ် စားလေးများဖြင့် စာမေးပွဲပတ်ဝန်း ကျင်တွင် လှည့်လည်ပျံသန်းစေလျက် ရေဒီယိုလှိုင်း ထုတ်လွှင့်မှု ရှိ မရှိ အာဏာပိုင်များက မပြတ်စောင့် ကြည့်သည်။ စာမေးပွဲ ဖြေဆိုမည့် သူများကိုလက်ဗွေ၊ သူငယ်အိမ်သား (iris) တို့ကို တိုက်ဆိုင် စစ်ဆေး သည်။ စာမေးပွဲကို မသမာသည့်နည်းဖြင့် ဖြေဆိုလျှင် ထောင်ဒဏ် ခုနစ်နှစ် အထိ ချမှတ်နိုင်သော ဥပဒေကို ယခု နှစ်တွင် ပြဌာန်းလိုက်သည်။

စာမေးပွဲ မေးခွန်းထုတ်သူများ ကို မေးခွန်း မပေါက်ကြားစေရန် အ စောင့်အကြပ်ဖြင့် ထိန်းထားသည်။ မေးခွန်းများ သယ်ယူရာတွင် ဂြိုလ်တု ခြေရာခံ စနစ် (GPS) ဖြင့် စောင့် ကြည့်သည်။

စုစုပေါင်းအမှတ် ၇၅ဝ အနက် မှ အမှတ် ၇ဝဝ ဝန်းကျင် ရရှိသူသာ ထိပ်တန်း တက္ကသိုလ်များသို့ တက် ခွင့်ရမည် ဖြစ်သည်။ အမှတ် မီရန် ကျောင်းသား တစ်ယောက်သည် တစ်နေ့လျှင် ၁၂ နာရီခန့် နှစ်ပေါက် စာလုပ်ရသည်။ စနေ၊ တနင်္ဂနွေနှင့် ကျောင်းပိတ်ရက်များတွင် ကျူရှင် တက်ရသည်။

စာမေးပွဲ စသည့်နေ့မှ စလျက် ပြီးဆုံးသည့်ရက်အထိ အချို့မိဘများ သည် စာစစ်ဌာနအနီး ဟိုတယ်တွင် အခန်း ငှားရမ်းတည်းခိုပြီး သားသမီး လိုအပ်ချက်များကို အစွမ်းကုန် ဖြည့် ဆည်းပေးသည်။ အိမ်မှ စာစစ်ဌာနသို့ လာရာတွင် အချိန်လည်း မကုန်တော့။

တရုတ်ဘာသာဖြင့် 'ဂိုင်ကောင်' (Gaokao) ဟု ခေါ်သော စာမေးပွဲ စနစ်သည် အနောက်နိုင်ငံ စနစ်များ အမြင်တွင် ပျင်းရိဖွယ် အလွတ် ကျက်မှတ်ရသော  စနစ်တစ်ခုအဖြစ် မြင်သာသည်။ ဂိုင်ကောင် စာမေး ပွဲသည် ခက်ခဲပင်ပန်းသော်လည်း ဖြစ်သင့်ဖြစ် ထိုက်သော စနစ် တစ်ခု အဖြစ် တရုတ်တို့က သဘောထား သည်။ အလွတ်ကျက် စနစ်အဖြစ် ဝေဖန်ရှုတ်ချခံရသော တရုတ် စာ မေးပွဲမှ ပေါ်ထွက်လာသော ပညာ တတ်များ၏ အရည်အချင်းကို အသိ အမှတ်ပြုဘဲ မနေနိုင်ကြ။

ဂိုင်ကောင်စနစ်သည် အ ကောင်းဆုံးဖြစ်သည်ကို တရုတ်ပြည် တွင် မည်သူမျှ သံသယ မရှိကြပေ။ ကျောင်းသားများအပေါ် မတန်တဆ ဖိအားပေးခြင်းနှင့် ပတ်သက်၍ ဝေ ဖန်ပြောဆိုမှုများတော့ ရှိသည်။ တရုတ်ပြည်သည်  ကမ္ဘာ့လူဦးရေ အများဆုံးဖြစ် သည်နှင့် အညီ ဆင်းရဲ ကျပ်တည်းမှုကို နေရာတိုင်းတွင် အများစုက ခံစားနေရဆဲ ဖြစ်သည်။ ချမ်းသာသော မိသားစုဝင်များသည် နိုင်ငံခြားတွင် သွားရောက်ပညာ သင်ကြားနိုင်သော်လည်း ဆင်းရဲသား အများစု အတွင်းမှ အထက်သို့တက် နိုင်ရန် အခွင့်အလမ်းမှာ ဂိုင်ကောင် စာမေးပွဲသာလျှင်ဖြစ်သည်။ လူဆင်းရဲ တို့၏ တစ်ခုတည်းသော ထွက်ရပ် လမ်း ဖြစ်သည်။  

လူတစ်ယောက်၏ ဘဝကို စာ မေးပွဲတစ်ခုတည်းဖြင့် အဆုံးအဖြတ် ပေးသော စနစ်သည် တရုတ်ပြည်တွင် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင် ကျော်ကတည်းက စတင်ခဲ့သည်။ အစိုးရဝန်ထမ်းခန့်ထားရန်အတွက် အရည်အချင်းစစ်စာမေးပွဲကို ဟန် မင်းဆက် ( ဘီစီ၂ဝ၆ မှ အေဒီ ၂၂ဝ အထိ) ကာလတွင် စတင်ခဲ့သည်။ စာမေးပွဲဝင်သူ သည် အခန်းကျဉ်းထဲ တွင် သုံးရက်တိတိ အပြင်မထွက် ဘဲ စာမေးပွဲဖြေရသည်။ ထိုအခန်းထဲတွင် အိပ်ပြီး ၊ ထိုအခန်းထဲတွင် ပင်စားရ သည်။ ''ခြေရှစ်ချောင်းထောက် စာစီ စာကုံး'' (Eight-Legged Essay) သည် အရေးအကြီးဆုံးရေးဖြေ ဘာ သာရပ်ဖြစ်သည်။ ပေးထားသော အ ချက်တစ်ချက်ကို ကွန်ဖြူရှပ်နှင့် မန်ရှီးယတ်တို့ကဲ့သို့ ရှေးပညာရှိများ အဆိုအမိန့်ကို ကိုးကားလျက် အပိုင်း ရှစ်ပိုင်းခွဲလျက် ဖြေဆိုရသော ဘာ သာရပ်ဖြစ်ပါသည်။ ထိုစာမေးပွဲ၏ အောင်ချက်မှာ တစ်ရာခိုင်နှုန်းသာ ရှိသည်။ စာမေးပွဲ ဖြေဆိုနေစဉ် မူး မေ့သတိလစ်သွားခြင်းများသည် ထုံးစံ လိုဖြစ်သည်။ စာမေးပွဲ မအောင်သ ဖြင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သွားပြီး နတ်ဖြစ်သွားသူပင်ရှိသည်ဟု ဆိုသည်။ ထိုနတ်၏ အမည်မှာ 'ချောင်ကွီ' ဖြစ်သည်။

ဂိုင်ကောင် စာမေးပွဲ စနစ်ကို ၁၉၅၂ တွင် ကွန်မြူနစ် အစိုးရက စတင်ကျင့်သုံးခဲ့သည်။ ယဉ်ကျေးမှု တော်လှန်ရေး ကာလတွင် စာမေးပွဲ များကို ရပ်ဆိုင်းထားသည်။ တက္ကသိုလ် အများစုကို ပိတ်လိုက်သည်။ ဖွင့် ထားသော တက္ကသိုလ်များသို့ တက် ရောက်ခွင့်ကို ပညာအရည်အချင်း ကြောင့် မဟုတ်ဘဲ နိုင်ငံရေးနောက်ခံ အကြောင်းအချက်ကို အလေးထား စဉ်းစားသည်။ မော်စီတုန်း ကွယ်လွန် ပြီး ၁၉၇၇ နှစ်တွင် စနစ်သစ် ဂိုင် ကောင် စာမေးပွဲကို ပြန်လည် စတင် သည်။ တက္ကသိုလ်ပညာရေး ကင်းမဲ့ခဲ့ ရသော မျိုးဆက် အတွက် ပထမဆုံး တက္ကသိုလ်ဝင် စာမေးပွဲ ဖြစ်သည်။ တက္ကသိုလ် ဝင်ခွင့်နေရာ နှစ်သိန်း နှစ်သောင်းအတွက် ဝင်ရောက်ဖြေဆို သူငါးသန်းခွဲကျော် ရှိသည်။

စာမေးပွဲ တွင် သုံးနာရီ မေးခွန်း လွှာ လေးခုဖြေဆိုရသည်။ တရုတ်၊ အင်္ဂလိပ်နှင့် သချာင်္တို့အပြင် စိတ် ကြိုက်တစ်ဘာသာဖြစ်သည်။ စိတ် ကြိုက်ဘာသာ သိပ္ပံတွဲတွင် ဇီဝ၊ ရူပ နှင့် ဓာတုတို့ဖြစ်သည်။ စိတ်ကြိုက် ဝိဇ္ဇာဘာသာ အတွဲတွင် ပထဝီ၊ သမိုင်းနှင့် နိုင်ငံရေးတို့ ဖြစ်သည်။ မေးခွန်းအများစုမှာ ကြိုက်ရာရွေး (Multiple Choice) နှင့် ကွက်လပ် ဖြည့် ပုစ္ဆာများ ဖြစ်သည်။ သို့သော် အင်မတန် ခက်ခဲသော မေးခွန်းများ ဖြစ်သည်။ သင်္ချာမေးခွန်းဆိုလျှင် ဗြိတိန် တက္ကသိုလ်အဆင့် မေးခွန်း ဖြစ်သည်ဟု ဆိုသည်။

 ကျောင်းသားများ အကြောက်ဆုံး မှာ တရုတ်ဘာသာ မေးခွန်းတွင် ရေးရသော စာစီစာကုံးဖြစ်သည်။ ပေးထားသော ခေါင်းစဉ်နှစ်ခု အနက် မှ တစ်ပုဒ်ကို ခွင့်ပြုချိန် တစ်နာရီ အတွင်း အပြီးရေးရသည်။ ၂ဝ၁၅ ခုနှစ်တွင် မေးသော စာစီစာကုံး ခေါင်းစဉ်နှစ်ခုမှာ ''လိပ်ပြာ အတောင် ပံတွင် အရောင်ရှိသလား''နှင့် 'ဇီဝ သုတေသနပညာရှင်၊ ဂဟေဆက် အင်ဂျင်နီယာနှင့် ဓာတ်ပုံ ဆရာတို့ အနက် သင်မည်သူ့ကို အားအကျ ဆုံးလဲ' တို့ ဖြစ်သည်။ စာမေးပွဲကျ လျှင် နောက်တစ်နှစ်တွင် ပြန်လည် ဖြေဆိုနိုင်သော်လည်း စာမေးပွဲကို ရှောင်ကွင်းလျက် တက္ကသိုလ် တက် နိုင်မည့် အခြားနည်းလမ်း မရှိပေ။

 ကျောင်းသားများ ကိုယ့်ကိုယ် ကိုယ် သတ်သေမှု၏ ၉၃ ရာခိုင်နှုန်း မှာ စာမေးပွဲကြောင့် ဖြစ်သည်။ စာ မေးပွဲနီးလျှင် ကျောင်းများတွင် အ ပေါ်ဆုံးထပ်မှ ခုန်မချ နိုင်စေရန် သံ ဆန်ခါများ ကာရံထားလေ့ရှိသည်။

ဂိုင်ကောင် စာမေးပွဲကို 'ဒူမန် ချောင်' ဟုအမည်ပြောင်ပေးထား သည်။ အဓိပ္ပာယ်မှာ 'သစ်တစ်လုံး တံတား' ဟု သိရသည်။ ချော်ကျရန် အလွန်လွယ်ကူသော တံတားဟု ဆိုလိုရင်း ဖြစ်သည်။ ကျောင်းသား တိုင်း ရှောင်လွှဲ၍ မရ။ သို့သော် လူ ချမ်းသာ သားသမီးများသည် အခြားသူများထက် အခွင့်အရေး ပိုကောင်းသည်။ သူတို့ မိဘများက အချိန်ပို သင်ကျူရှင်ပေးခြင်း၊ စာအုပ် စာတမ်း များ ဝယ်ယူပေးခြင်း၊ အိမ်မှုကိစ္စအ တွက် မခိုင်းစေခြင်းတို့ကြောင့် သူတို့ သည် အခြားကျောင်းသားများထက် အခွင့်အလမ်း ပိုသာကြသည်။

လူဦးရေထူထပ်သော ပြည်နယ် များတွင် ဖြေဆိုသော ကျောင်းသား များပြားသဖြင့်  စာမေးပွဲကို ထိပ်ဆုံးမှ အောင်ရန် ခက်ခဲသည်။ လူဦးရေ ကျဲနည်းပါးသော ပြည်နယ်တွင် ဖြေ ဆိုသော ကျောင်းသားများအတွက် အခွင့်အလမ်းပိုသာသည်။ ထို့ကြောင့် စာမေးပွဲ ဖြေဆိုရန် လပိုင်း ကပ်လျက် မွန်ဂိုလျားပြည်နယ် (inner Mongolia) သို့ သန်းခေါင်စာရင်း ပြောင်းလာ ကြသူများ ရှိသည်။ ထိုကဲ့သို့ လုပ်ရပ် သည် တရားမဝင်သော်လည်း အများ အပြားက ထိုပျော့ကွက်ကိုကောင်းစွာ အသုံးချနေကြသည်။

 ဘေဂျင်းနှင့် ရှန်ဟိုင်းမြို့တို့တွင် တက္ကသိုလ်ဝင်ခွင့် ခွဲတမ်းပိုပေး ထားသဖြင့် အခြားမြို့နယ်များနှင့် နှိုင်းစာလျှင် အခွင့်အရေးပိုရကြ သည်။ ဂိုင်ကောင်စနစ်ကို ပြင်ဆင် ပြောင်းလဲရန် အကြံပြုမှုများရှိသော် လည်း ယခုအချိန်အထိ ပြောင်းလဲမှု အနည်းငယ်သာရှိသေး သည်။  စနစ် ၏ အဓိကအားနည်းချက်ဟု ဆိုနိုင် သည့်အချက်မှာ အမှတ်ကောင်းခြင်း၊ မကောင်းခြင်းသည် ကျောင်းသား၏ လူနေမှု အဆင့်အတန်းနှင့် ဆက်စပ် နေသည်ကို တွေ့ရခြင်းပင်ဖြစ်သည်။ ချမ်းသာကြွယ်ဝသော မိသားစုဝင်များ သည် အမှတ်ကောင်းကောင်း ရကြသည်။ သူတို့သည် စားဝတ်နေရေးကို မပူပင်ရ။ စာမေးပွဲ အောင်မြင်ရေးကို  လုံးဝ အာရုံစိုက် ထားနိုင်ကြသည်။ မိဘများကလည်း လိုလေးသေးမရှိ အ ထောက်အကူပေးသည်။

စာမေးပွဲ ရမှတ်အပြင် လူတွေ့ စစ်မေးပြီး  ကိုယ်ရည်ကိုယ်သွေးကို ဆန်းစစ်လျက် ထပ်ဆောင်းအမှတ် ပေးသော စနစ်ကို ၂ဝ၁၆ ခုနှစ်မှ စတင်လျက် စတင်စမ်းသပ်လျက်ရှိ သည်။ အင်္ဂလိပ်ဘာသာသည် ကျူ ရှင်မယူနိုင်သော ကျောင်းသားများ အတွက် အခက်အခဲဖြစ်နေသဖြင့် အင်္ဂလိပ်ဘာသာကို စိတ်ကြိုက်ဘာ သာအဖြစ် ပြောင်းလဲပေးရန် တောင်း ဆိုမှုများ ရှိနေသည်။

ဆင်းရဲသော ပြည်နယ်များ  အ ခွင့်အရေးသာစေရန် အစိုးရက ဟူ ဘေးနှင့် ကျန်စု ပြည်နယ်များအ တွက် ၂ဝ၁၆ ခုနှစ်တွင် တက္ကသိုလ် ဝင်ခွင့်နေရာ ရှစ်သောင်း သတ်မှတ် ပေးလိုက်သည့်အတွက် လူလတ်တန်း စားမိဘများသည် မြို့ကြီး ခြောက် မြို့တွင် လမ်းပေါ်ထွက် ဆန္ဒပြကြ သည်။ '' ပညာရေးဆိုတာ လူတိုင်း အတွက် မဟုတ်ဘူး။ လူလတ်တန်း စားတွေအတွက် ဖြစ်တယ်'' ဟု ပြောင်ပြောင်တင်းတင်း အော်ဟစ် တောင်းဆိုကြသည်။

စာမေးပွဲစနစ်ကို ပြုပြင်ပြောင်း လဲနိုင်သည့် နည်းလမ်းအသွယ်သွယ် ရှိသော်လည်း နည်းလမ်းတိုင်းသည် ချမ်းသြာ<ွကယ်ဝသော မိသားစုများ အတွက် အားသာချက် ဖြစ်စေနိုင် သဖြင့် အခက်တွေ့နေသည်။ ကျောင်းတွင် နေ့စဉ် သင်ခန်းစာ လေ့ ကျင့်ခြင်းနှင့် လပတ်စာမေးပွဲ အ မှတ်များကို တက္ကသိုလ်ဝင်ခွင့်အ တွက် ထည့်သွင်းစဉ်းစားပေးသော စနစ်ဆိုလျှင်လည်း လာဘ်စားမှုများ တိုးပွား ဖြစ်လာနိုင်သည်။ ပညာရေး လောကတွင် လာဘ်စားမှုသည် အ တော်ပင် အမြစ်တွယ်နေပြီ ဖြစ် သည်။ မိမိကလေးကို ဆရာက ဂရု စိုက်ပေးရန်၊ အတန်း၏ ရှေ့ဆုံးခုံ တွင် ထိုင်ခွင့်ရရန် မိဘများက ဆရာ၊ ဆရာမများကို လာဘ်ထိုးကြသည်။ မိဘများက ဆရာများအား စာအိတ်နီ လေးများပေးသော မြင်ကွင်းကို မကြာ ခဏ တွေ့နေရသည်။

 နှစ်စဉ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ကိုးသန်းကျော်ရှိသည်။ သို့ သော် ထိုအရေအတွက် တဖြည်း ဖြည်း လျော့ကျလျက်ရှိသည်။ အလုပ် အကိုင်ရလွယ်သော အသက်မွေးမှု သင်တန်းကျောင်းများသည်  တက္ကသိုလ် အဆင့်မမီသူများအတွက် ရွေးချယ် စရာတစ်ခု ဖြစ်လာသည်။ တရုတ် ပြည်မှ နိုင်ငံခြားတွင် သွားရောက် တက္ကသိုလ်တက်သူဦးရေ တိုးတက် များပြားလာသည့်အပြင် အထက် တန်းပညာ သွားရောက်သင်ယူသူများ ပင်ရှိလာသည်။ တရုတ်ပြည်၏ အ ကောင်းဆုံးတက္ကသိုလ်တက်မည့် အစား ဟားဗဒ်သို့ တက်သူများ တွေ့ မြင်လာရသည်။ ယခုအခါ အမေရိကန် တက္ကသိုလ်များတွင် တက် ရောက်နေသောတရုတ်ကျောင်းသား သုံးသိန်းကျော် ရှိပြီး၊ ဗြိတိန်တွင် တက် ရောက်နေသူ ကိုးသောင်းကျော်ရှိသည်။ြ<ွကယ်ဝချမ်းသာသူများသည် နိုင်ငံရပ်ခြားတွင် ရင်းနှီးမြုပ်နှံထား သည်များ ရှိကြသည်။ ထိုအရင်းအနှီး များကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်  အတွက် သားသမီးများကို နိုင်ငံရပ် ခြားတွင် ပညာသင်ကြားစေကြသည်။

တရုတ် တက္ကသိုလ် ပညာရေး စနစ်သည် တန်းမီအဆင့်မီ ဖြစ်သော် လည်း အားနည်းချက်ရှိနေသည်။ အမေရိကန်တွင် တက္ကသိုလ် တက် နေသည့် တရုတ် ကျောင်းသူ 'ကျန် ဆင်ယီ' က '' တရုတ်ပညာရေးမှာ စာမေးပွဲ ဘယ်လိုဖြေရမလဲဆိုတာကို ပဲ ဦးစားပေး သင်တယ်။ ဘယ်လိုမေး ရင် ဘယ်လိုဖြေရမလဲဆိုတာသင် ပေးတယ်။ ကိုယ့်ဘာသာ ကိုယ့်နည်း ကိုယ့်ဟန်နဲ့  ပြဿနာဖြေရှင်းဖို့ သင် မပေးဘူး။ ဆရာပေးတဲ့ အဖြေအပြင် အခြားအဖြေရှိနိုင်တယ်ဆိုတာ သတိ မထားမိကြဘူး။ ဆရာရဲ့ ပို့ချချက်ကို စိန်ခေါ်ဖို့ မဝံ့ရဲကြဘူး။ မေးခွန်း ဆိုတာ အဖြေလိုအပ်ပေမယ့် တစ်ခါ တလေကျတော့ အဖြေဟာ အရေးမ ကြီးဘူး၊ ဘယ်ပုံဘယ်နည်း အဖြေ ထုတ်သလဲဆိုတဲ့ စဉ်းစားတွေးခေါ်ပုံ ကို အမှတ်ပေးရတဲ့ အခါလည်းရှိ တယ်'' ဟု ဆိုသည်။

တရုတ်ပညာရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ ၂ဝ၁၅ ခုနှစ် တွင် ပြည်ပတွင် သွားရောက်ပညာ သင်ကြားနေသော တရုတ်ကျောင်း သားပေါင်း ငါးသိန်းကျော် ၅၂၃ဝဝဝ ရှိသည်ဟု သိရသည်။ ၂ဝ၁၄ ခုနှစ် ထက် အရေအတွက်ထက်  ပိုမိုများ ပြားလာ သည်။ နိုင်ငံရပ်ခြားတွင် ပညာသင်ကြားပြီး တရုတ်ပြည်သို့ ပြန်လာကာ အလုပ်လုပ်ကိုင်နေကြ သူများ ၇ဝ မှ ၈ဝ ရာခိုင်နှုန်း ရှိသည် ဟုဆိုသည်။ တရုတ်ပြည်သည် စီးပွား ရေးတိုးတက်လာသဖြင့်  လစာကို ဖွံ့ဖြိုးပြီး နိုင်ငံများနီးပါး ပေးနိုင်လာသ ဖြင့် တရုတ်ကျောင်းသား များ ပြန်လာ ကြခြင်း ဖြစ်သည်။ ထိုသို့ ပြန်လာပြီး လုပ်ကိုင်သဖြင့် လူသားအရင်းအမြစ် ကို ကောင်းမွန် ခိုင်ခန့်စေပြီး ပြည်ပ ရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်နိုင် သည်။

သို့သော် တရုတ်အစိုးရသည် မကြာသေးမီက ဆင်ဆာဖြတ် တောက်ခြင်းကဲ့သို့ ကန့်သတ်မှုများကို နိုင်ငံခြား ကုမ္ပဏီအပေါ် တင်းကျပ် လိုက်သည်။ ထို့အတွက် အချို့ လုပ် ငန်းငယ်များ ပြန်လည်ထွက်ခွာ သွားသည်ကို နိုင်ငံခြားမှ ပြန်လာ သော တရုတ် ပညာတတ် များက အစားထိုးနိုင်ခဲ့သည်။

 နိုင်ငံခြားသို့ သွားရောက်သင်ယူ ကြသူများ အရေအတွက်သည် နှစ် စဉ် ၁၄ ရာခိုင်နှုန်း တိုးတက်လျက် ရှိပြီး၊ ပညာပြီးဆုံး ပြီးနောက် တရုတ် ပြည်သို့ ပြန်လာလျက် အလုပ် လုပ် ကိုင်ကြသူ အရေအတွက်မှာလည်း ၁၂ ရာခိုင်နှုန်း တိုးတက်လာသည်ဟု ပညာရေး ဝန်ကြီးဌာနက ဖော်ပြ သည်။

ပညာရေးအွန်လိုင်း ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ 'ချန်ကျိဝမ်' က ''တရုတ်ပြည်ကို ပြန်လာပြီး အလုပ် လုပ်တဲ့ အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ် တွေ တိုးတက်လာတယ်။ တရုတ် စီး ပွားရေးတိုးတက်လာတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ တရုတ်ရဲ့ ဖွံ့ဖြိုးမှု အ ခြေအနေဟာ သိပ်မကွာတော့ဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက တော့ ပညာသွားသင်တဲ့ ကျောင်းသား တွေ ပြန်မလာကြဘူး။ ဒါပေမယ့် တရုတ်စီးပွားရေးတိုးတက်လာတယ်။ ပြည်တွင်း အခြေအနေကောင်းလာ တယ်။ အရည်အချင်းရှိတဲ့လူတွေ ပိုလိုအပ် လာတယ်။ အစိုးရကလည်း ပညာသင်တွေ ပြန်လာချင်အောင် ပေါ်လစီတွေ ချမှတ်ပေးတယ်။ စီးပွား ရေး တိုးတက်တာနဲ့အမျှ လုပ်ငန်းအ များအပြားပေါ်လာတယ်။ ဒါတွေဟာ တရုတ်ပညာတတ်တွေ ပြန်လာဖို့ အခြေအနေကောင်းတွေပဲ'' ဟု ဆို သည်။

၁၉၇၈ ခုနှစ် မှ ၂ဝ၁၅ ခုနှစ်အ တွင်း တရုတ်ကျောင်းသား လေးသန်း နိုင်ငံခြားတွင် သွားရောက်ပညာသင် ကြားပြီး ၂ ဒသမ ၂ သန်းသည် တရုတ်ပြည်သို့ ပြန်လာပြီး အလုပ် လုပ်ကိုင်လျက်ရှိသည်ဟု ပညာရေး ဌာန ကြေညာချက်တွင် ပါရှိသည်။

၁၉၇ဝ ပြည့်လွန်နှစ်များက ဆိုလျှင် ဝါရှင်တန်ရှိ ဂျော့တောင်း တက္ကသိုလ်တွင် အများဆုံးနိုင်ငံခြား သားကျောင်းသားမှာ အီရန်မှဖြစ် သည်။ ၁၉၇၉ ခုနှစ် ရှားဘုရင်ပြုတ် ကျသော တော်လှန်ရေးကာလတွင် အီရန်ကျောင်းသားများ ပြန်ကုန်ကြ သည်။ အီရန် ကျောင်းသားများ နေ ရာတွင် ယခုအခါ တရုတ် ကျောင်း သားများသည် အများဆုံးဖြစ်နေ သည်။

တရုတ်ကျောင်းသားများ တိုး တက်များပြားလာခြင်းသည် အ နောက်နိုင်ငံ တက္ကသိုလ်များအား ဝင် ငွေလမ်းဖြောင့်စေသော်လည်း တရုတ် ကျောင်းသားများ လာရောက်ခြင်း လျော့ကျသွားမည်လားဟု စိုးရိမ်မှု များလည်းရှိနေသည်။ တရုတ်ပြည် တွင် သက်ကြီး ရွယ်အို များပြားလာ ခြင်းကြောင့် တရုတ် စီးပွားရေးနှေး ကွေးသွားလျှင်လည်းကောင်း၊ တရုတ် အာဏာပိုင်များက လွတ်လပ်လွန်း သော အနောက်နိုင်ငံပညာရေး အ ပေါ် မယုံသင်္ကာမှု လွန်ကဲလာလျှင် လည်းကောင်း တရုတ်ကျောင်းသား များ လာရောက်မှု လျော့ကျသွား နိုင်သည်။

လန်ဒန်မြို့ တရုတ်သံရုံး ပညာ ရေး ဆိုင်ရာ သံမှူးကြီး 'ရှန်ယန်း' က ''တရုတ်ပြည် စီးပွားရေးက တိုးတက် နေတယ်။ တရုတ် လူ့အဖွဲ့အစည်းက ပညာကို သိပ်တန်ဖိုးထားတယ်။ မိသားစုတွေကလည်း ကိုယ့်ကလေး တွေကို ပြည်တွင်းမှာရော ပြည်ပမှာ ပါ ပညာသင်ကြားကြဖို့ အားပေး ကြတယ်'' ဟု ပြောသည်။ ထို့ကြောင့် ပြည်ပတွင် ပညာလာရောက် သင် ကြားသော တရုတ် ကျောင်းသား အ ရေအတွက် ရုတ်တရက် လျော့ကျ သွားရန် အကြောင်းမရှိပေ။ ထို့ပြင် ပြည်တွင်း စီးပွားရေး ထုံထိုင်းလာ လျှင် ပိုမို အခွင့်အလမ်းသာသည့် နိုင်ငံရပ်ခြားတွင် ပညာသင်ကြား လုပ်ကိုင်ရန် တရုတ်ကျောင်းသား ပိုမို များပြားလာ နိုင်သည်ဟု ရှန်ယန်းက ထင်မြင်ချက်ပေးသည်။

တရုတ်ပြည်တွင် အဆင့်အ တန်းမီ တက္ကသိုလ်များ ပေါ်ထွန်းလာ သော်လည်း ဘွဲ့ရသူများအဖို့ အလုပ် အကိုင်ရှားပါးနေသည်။ နိုင်ငံခြား ဘွဲ့ရ တစ်ဦး၏ လစာသည် ယွမ် ငါးထောင် (ဒေါ်လာ ခြောက်ရာနီးပါး) ရရှိသည်။ ထိုလခသည် တရုတ်ပြည် ဘွဲ့ရ တစ်ဦး၏ လစာ၏ နှစ်ဆရှိ သည်။

 နိုင်ငံခြားသို့ သွားရောက် ပညာ သင်ကြားခြင်းကို တရုတ်အစိုးရက ကန့်သတ်မထားသော်လည်း တရုတ် နိုင်ငံရေး စနစ်အပေါ် အနောက်နိုင်ငံ သြဇာ သက်ရောက်မှု မရှိစေရန် အစိုးရက သတိထားစောင့်ကြည့်နေ သည်။ နိုင်ငံခြားတွင် ပညာသင်ကြား လာသူများသည် နိုင်ငံရေးတွင် ထက်သန်မှုမရှိဘဲ အနောက်နိုင်ငံ၏ စံတန်ဖိုးများ အလေးထားကြသည့် အတွက် အစိုးရက စိုးရိမ်နေခြင်းဖြစ် သည်။

အေးထွန်းမင်း

[email protected]
Ref: China’s the world's toughest school exam.

အေးထွန်းမင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.