6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
လာခြင်းကောင်းသော အရုပ်ကလေးများ

ဗန်ကောက်မြို့တွင် လူလတ်တန်းစား အမျိုးသမီးများသည် အရုပ်ကလေး တစ်ရုပ် သို့မဟုတ် နှစ်ရုပ်ကို  သွားလေရာယူသွား သည်။ အရုပ်ကလေးကို အလှပြင်ဆိုင်တွင် အလှပြင်ခြင်း၊ စား သောက်ဆိုင်တွင် ကုလားထိုင်သီးသန့်တွင် ထိုင်စေကာ အရုပ် လေးကို အဖော်ပြုစားသောက်ခြင်းတို့ ပြုလုပ်နေကြသည်။

ဗန်ကောက်မြို့တွင် အရုပ်ကလေးများ တကိုင်ကိုင်ဖြင့် အရုပ်ရောဂါထနေကြသည်။ အရုပ်ကလေးကို ထိုင်းဘာသာဖြင့်  Luk Thep ဟု ခေါ်သည်။ နတ်မိမယ်လေး (child angel) ဟု အဓိပ္ပာယ်ရသည်။ ထိုအရုပ်ကလေးများတွင် ဝိညာဉ် ကိန်း အောင်းနေပြီး ကံကောင်းခြင်း၊ ပျော်ရွှင်ခြင်းတို့ ဆောင်ယူလာပေးသည်ဟု ယုံကြည်ကြသည်။ လမ်းလျှောက် ထွက်လျှင်၊ ဈေးဝယ်သွားလျှင်၊ စားသောက်ဆိုင်သွားလျှင် အရုပ်ကလေးကို ပွေ့ပိုက်ယူသွားသည်။ အရုပ်ကလေးအတွက် အစားအသောက် ပင်မှာပေး သည်။ လေယာဉ်ပေါ်တွင် ထိုင်ခုံ သီးသန့်ဝယ်ပေး သည်။ အရုပ်ကလေးများသည် ဖောက်သည်များကို ကြောက်ရွံ့ စေနိုင်သဖြင့် ယူမလာကြရန် အချို့စားသောက်ဆိုင်များက တားမြစ်သည်။

လူလတ်တန်းစား သက်လတ်ပိုင်း အမျိုးသမီးများက ထူးထူး ခြားခြား အရုပ်ရောဂါထနေသည်။ ထိုင်းနိုင်ငံတွင် သားသမီးနည်း ပါးလာခြင်းကို အရုပ်ကလေးများက ထင်ဟပ်ဖော်ပြနေသည်ဟု လူမှုရေးပညာရှင်များက ယူဆသည်။ ထိုင်းနိုင်ငံတွင် ကလေး မွေးဖွားနှုန်းမှာ လွန်ခဲ့သော ဆယ်စုနှစ်များက အမျိုးသမီး တစ်ဦးလျှင်  ၆ ယောက်နှုန်းဖြစ်သော်လည်း ယခုအခါ ၁ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိတော့သည်။ အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းစာ လျှင် အနည်းဆုံး ဖြစ်သည်။ အရုပ်ကလေးများသည် ထိုင်းလူမျိုး များ၏ ရှုပ်ထွေးသော ကိုးကွယ်ကိုင်းရှိုင်းမှုနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေသည်ဟုလည်း ဆိုသည်။ ထိုင်း လူမျိုး ၉၅ ရာခိုင်နှုန်းသည် ဗုဒ္ဓ ဘာသာဝင်များ ဖြစ်ကြသည့်အပြင် ဟိန္ဒူနတ်ဘုရားများကိုလည်း ဆည်း ကပ်ကြသည်။ နတ်ကိုးကွယ်မှုနှင့် ဆက်နွယ်သည့် ရုပ်တုကိုးကွယ်မှု လည်း အားကောင်းသည်။

'မေနင်း' သည် အရုပ်ကလေး များ ရောင်းချသည့် ဟိန္ဒူနတ် ဆရာ မလည်း ဖြစ်သည်။ အရုပ်ကလေးများ ကို လက်ဖွဲ့အဆောင်အဖြစ် ပထမဆုံး အမွှန်းတင်လာသူအဖြစ် အများက သိထားသည်။ လွန်ခဲ့သော ငါးနှစ်က သူသည် အရုပ်ကလေးများကို ပွဲထုတ်လာသည်။  အရုပ်ကလေးများ ကို ဝယ်ယူသူ၏ လိုအပ်ချက်၊ နေ့နံ သင့်မှုတို့ကို မေနင်းက စီစဉ်လုပ်ကိုင် ပေးသည်။ ထိုင်းဆယ်လီများက အ ရုပ်ကလေးများနှင့် ဓာတ်ပုံရိုက်ပြီး လူ မှုကွန်ရက်ပေါ်တွင် တင်သည်မှ စလျက်  အရုပ်ကလေးများ ခေတ်စား လာသည်။

 မေနင်း ကို 'မေမေနင်း ' (Mama Ning) ဟုလည်း ခေါ်ကြသည်။လွန်ခဲ့ သော ၁၅ နှစ်ခန့်က အရုပ်ကလေး တစ်ရုပ်ကို ဘတ် ၄၅ဝ (၁ဝ ဒေါ်လာခန့်) ဖြင့် မေနင်းဝယ်ယူရာမှ ဇာတ် လမ်း စသည်ဟု ဆိုရမည်။ ထိုစဉ်က သူမသည် လက်ဆောင်ပစ္စည်းနှင့် လက်ဝတ် လက်စား တိုလီမိုလီများ ကို ရောင်းချနေရသည့် ဈေးသည်သာ ဖြစ်သည်။ အရုပ်ကလေးသည် သူ့ ရောင်းရေးဝယ်တာတွင် ဝင်ရောက် ကူညီနေသည်ဟု ခံစားမိလာသည်။ ထို့ကြောင့် သာမန်အရုပ်တစ်ရုပ်ကဲ့သို့ သဘောမထားဘဲ သားသမီးကို ဆက်ဆံသကဲ့သို့ ဝတ်ကောင်းစားလှ များ ဆင်ပေးခြင်း၊ အစားအသောက် တည်ခင်းပေးခြင်း၊ စကားပြောခြင်းတို့ ဖြင့် တယုတယ ဆက်ဆံသည်။ ထို့ နောက် သူ့စီးပွားရေးမှာ တဟုန်ထိုး တိုးတက်လာသည်။

အရုပ်များကို မေနင်းသည် တိုး တက်စုဆောင်းလာသည်။ အချို့တို့ ကို မိတ်ဆွေများသို့ လက်ဆင့် ကမ်းပေးခြင်းဖြင့် ပျော်ရွှင်မှုနှင့် လာဘ်လာဘ တိုးပွားစေခဲ့သည် ဟု ဆိုသည်။ သူ့အိမ် အနှံ့အပြားတွင် ဝတ်ကောင်းစားလှ ဆင်ပေးထားသော အရုပ်များကို ခမ်းခမ်းနားနား နေရာ ပေးထားသည်။ လက်ဖွဲ့အဆောင်များ ကို သူမကိုယ်တိုင် လက်ကောက်ဝတ်၊ လည်ပင်းနှင့် ခါးတို့တွင် ဆင်ယင် ထားသလို အရုပ်များတွင်လည်း ဆင် ယင်ပေးထားသည်။

 မေနင်းက သူ့အရုပ်များကို ညွှန် ပြလျက် ''ဒီအရုပ်တွေကို ဖေ့စ်ဘွတ် ပေါ်မှာ ကြော်ငြာပြီး ရောင်းလိုက်ရင် ခဏလေးနဲ့ ကျွန်မ သူဋ္ဌေး ဖြစ်နိုင် တယ်။ ဒါပေမယ့် အရုပ်လိုချင်တဲ့ လူ နဲ့ မျက်နှာချင်းဆိုင် ကျွန်မတွေ့ပြီး ဆန်းစစ်ရတယ် ။ အရုပ်နဲ့ လိုချင်တဲ့ လူနဲ့ သင့်ရဲ့လားဆိုတာ လေ့လာရ တယ်။ တချို့ဆိုရင် အရုပ်နဲ့ လုံးဝမ ထိုက်တန်ကြဘူး''ဟု ဆိုသည်။

 မေနင်း၏ အိမ်ကို အဝင်တွင် မျက်နှာပြင် ရှစ်ခုပါသော တာအိုမှန် (Bagua’ mirror of Taoist cosmology) ကို ချိတ်ဆွဲထားသည်။ တာအိုကို ယုံကြည်သက်ဝင်သူတို့ အသုံးပြုသော  နက္ခတ္တဗေဒ အ ဆောင်အယောင်ဖြစ်သည်။ ခြံထောင့် တစ်နေရာတွင် ခမ်းနားစွာ ပြင်ဆင် ထားသော နတ်စင် နှစ်စင်ကို တွေ့ရ သည်။ ယင်းသို့သော နတ်စင်များကို ထိုင်းနိုင်ငံတွင် နေအိမ်နှင့် ကုမ္ပဏီ အဆောက်အအုံတို့တွင် တွေ့ရတတ် သည်။ နတ်ကိုးကွယ်မှုနှင့် ဟိန္ဒူ ဓလေ့ထုံးစံတို့တွင် မြစ်ဖျားခံသော နတ်စင်များ ဖြစ်သည်။

တစ်နှစ်လျင် တစ်ကြိမ် 'မေနင်း' ကို ကန်တော့ရန် သူ၏ တပည့် သာဝကများ ရောက်လာတတ်သည်။လက်ထဲတွင် အရုပ်တစ်ရုပ် သို့မ ဟုတ် နှစ်ရုပ်၊ သုံးရုပ်ကိုင်ထားကြသည်။ နံနက်လင်းခါစတွင် ဘုန်း တော်ကြီးများ ကြွလာပြီး မေနင်း၊ သူ့တပည့်များနှင့် သူ့အိမ်ဂေဟာ အတွက် အန္တရာယ်ကင်း ပရိတ်တော် များ ရွတ်ဆိုကြသည်။

 မေနင်းက တောင်အာရှသားများ ဝတ်လေ့ရှိသော (Salwar Kameez) ကို ဝတ်ထားသည်။ သာဝကများ အနက် တစ်ဦးဖြစ်သော 'ပိတာ' က ''ကျွန်မ အရုပ်တစ်ရုပ်မွေးစားချင်တာ ကြာလှပြီ။ လွန်ခဲ့တဲ့ ဒီဇင်ဘာလက မှ အရုပ်ကို မွေးစားဖြစ်သွားတာ။ ကျွန်မမှာ သားတစ်ယောက်ရှိတယ်။ သမီးတစ်ယောက်လည်း လိုချင်နေ တာ'' ဟု သတင်းထောက်အားပြောပြ သည်။ အရုပ်ကလေးသည် သူလိုချင် နေသည့် သမီးကိုယ်စား ဖြစ်သည်။

အသက် ၃၃ နှစ်ရှိ 'ဂတ်ဒီး' က ''ကျွန်မရဲ့ အရုပ်ကလေးကို 'ယူရီ'  လို့ အမည်ပေးထားတယ်။ ဆုံးပါးသွားတဲ့ ကျွန်မရဲ့ ကလေး အစား အ ရုပ် ကလေးကို မွေးစားတာလို့  တချို့က ထင်ကြတယ်။ သူတို့ ထင်သလို မဟုတ်ပါဘူး။ လာဘ်ကောင်းဖို့လည်း မဟုတ် ဘူး။ ကျွန်မ မိသားစု ပျော်ရွှင် မှု သက်သက်အတွက်ပါ''

ဂတ်ဒီး၏ ခင်ပွန်းသည်မှာ အရက်စွဲနေသဖြင့် လင်မယား မကြာ ခဏ စကားများကြသည်။ အရုပ် ကလေး ယူရီရောက်လာပြီးနောက် လင်မယား စကားမများကြတော့ဟု ဆိုသည်။ ခင်ပွန်းသည်က ''ကျွန် တော်က အရက်သောက်ပြီးရင် လင်မ ယား စကားများကြတာ ခဏခဏပဲ။ ယူရီရောက်လာပြီးတဲ့နောက် မိသားစု ပျော်ပျော်ရွှင်ရွှင်နဲ့ စကားမများတော့ ဘူး။ ကျွန်တော့ရဲ့ တခြားပြဿနာ တွေကိုလည်း ယူရီက ကူညီဖြေရှင်း ပေးတယ်။ ယူရီက ဘုရားကျောင်းကန် သိပ်သွားချင်တာ။ သူသွားချင် တော့ ကျွန်တော်တို့လည်း သွားရ တာ ပေါ့။ အဲဒီတော့ ကုသိုလ်ရတာပေါ့ ဗျာ''ဟု ပြောသည်။

 ရေဒီယို ဒီဂျေဘွတ်ကို (DJ Booko) က သူ့အရုပ်ကလေးသည် သူ့အတွက် ကံကောင်းခြင်းကို ဆောင် ယူလာပေးသည် ဟု ပြောဆိုရာမှ လူ ထုက စိတ်ဝင်စားလာသည်။ အရုပ် ကလေးကြောင့် အလုပ်ပြန်ရသည်၊ ရုပ်ရှင်ရိုက်ရန် ကမ်းလှမ်းခံရသည်ဟု သူက ဆိုသည်။ ဘုန်းတော်ကြီးများ၊ ဗေဒင်ဆရာများနှင့် အခွင့်အခါ ကောင်းကို စောင့်နေသူ ခါတော်မီ များသည် အရုပ်များကို သိဒ္ဓိတင် အသက်သွင်းပေးသည့် အလုပ်ဖြင့် ဝင်ငွေဖြောင့်လာကြသည်။ အရုပ်ကို ဝယ်ယူပြီးသည့်အခါ ဘုန်းတော်ကြီး တစ်ပါးပါးထံ သွားရောက်ပြီး သိဒ္ဓိ တင် အသက်သွင်းရသည်။ ထိုအခါ တွယ်ရာမဲ့ သွားလာနေသော ဝိညာဉ် သည် အရုပ်တွင် လာရောက်ပူးကပ် သည် ဟုယုံကြည်ကြသည်။ ယင်းသို့ သိဒ္ဓိတင်သော ပွဲကို ထိုင်းဘာသာဖြင့် Plook Sek ခေါ်ဆိုသည်။

အရုပ်ကလေးများကို ဒေါ်လာ လေးငါးဆယ်မှ ထောင်ဂဏန်းအထိ ပေးဝယ်ကြသည်။ ဘန်ကောက်မြို့ လုပ်ငန်းရှင်အမျိုးသမီး တစ်ဦး ထံ တွင် အရုပ်ကလေးများစွာ ရှိသည်။ သူမက ဘန်ကောက်ပို့စ် သတင်း ထောက်အား ''သူတို့က ကျွန်မ ကလေးတွေပဲ။ ဒီကလေးတွေဟာ ကျွန်မ အောင်မြင်မှုရဲ့ အစိတ်အပိုင်း တစ်ခုပဲ'' ဟု ပြောပြသည်။

ထိုင်းနိုင်ငံတွင် ရာစုနှစ်ပေါင်းများစွာ တည်ခဲ့သော အလေ့အထ တစ်ခုမှာ အသေမွေးသော ကလေး ငယ်၏ ခန္ဓာအစိတ်အပိုင်းများဖြင့် စီရင်အပ်သော ကလေးအရုပ်သည် သေဆုံးသွားသောကလေး၏ ဝိညာဉ် တွယ်ကပ်နေသည်ဟု ယုံကြည်ကြသည်။ ယခု ခေတ် စားလာသော အရုပ်ကလေးများကို ထိုအလေ့အထ နှင့် ဆက်စပ်မြင်နိုင်သည်။ ထို့ပြင် ရွှေဖြင့်ပြုလုပ်ထားသော Jatukam Ramathep အဆောင်လက်ဖွဲ့သည် လာဘ်လာဘကို ဆောင်ကြဉ်းပေး သည်ဟု ထိုင်းတို့က ယုံကြည်ခြင်း  နှင့် ဆင်ဆင်တူသည်။ အဆောင် လက်ဖွဲ့များကို ယုံကြည်စွဲလမ်းစွာ ဆောင်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ အသက်ရှည်ရာ အနာမဲ့စေ ရန်နှင့် လာဘ်လာဘ တိုး တက်စေရန် ရည်ရွယ်လျက် ထိုင်း လူမျိုးတို့ ဆောင်ထားလေ့ရှိသည့် အ ဆောင်လက်ဖွဲ့များအကြောင်း စာအုပ်ရေးသားခဲ့သူ ဂျပ်စတင်မက်ဒယ်နီယဲလ်က ထိုကဲ့သို့ အဆောင်လက်ဖွဲ့များအပေါ် ထိုင်းလူမျိုးတို့ စွဲလမ်းခဲ့သည်မှာနှစ်ပေါင်း များစွာ ကြာခဲ့ပြီဟု ဆိုသည်။

ထိုင်းနိုင်ငံ၏ အာဏာသိမ်းမှု၊ နိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေး ကျဆင်းမှု အခြေအနေတို့သည် ထိုင်း နိုင်ငံသားများအား မလုံမခြုံ ခံစားမိ စေသည်။ အရုပ်ကလေးများသည် စိတ်လုံခြုံမှုကို ပေးသည်။ ယင်း ကြောင့် ထိုင်းတို့က  အားကိုးရာ အဖြစ် ဆောင် ထားကြခြင်းဖြစ်သည်။ လူတို့သည် အေးချမ်းတည်ငြိမ်ရေး အတွက် အားကိုးရာ မဲ့နေသဖြင့် အရုပ်ကလေးများ၏ တန်ခိုး ဣဒ္ဓိပါဒ်  ကို အားကိုးနေရသည့် သဘော ဖြစ်သည်။

 နိုင်ငံသားများသည် အရုပ်များ ဝယ်ယူပြီး ငွေဖြုန်းမည့်အစား အခြား လက်တွေ့ကျကျ  သုံးစွဲရမည့် နေရာ များတွင် သုံးစွဲကြရန် ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက တိုက်တွန်း ပြောဆိုသည်။ ထိုင်းနိုင်ငံ၏ ဗုဒ္ဓဘာ သာကို ကြီးကြပ်ကွပ်ကဲသော သံဃာ့ ကောင်စီက တစ်စုံတစ်ရာ မဝေဖန် သော်လည်း အချို့ ဆရာတော်ကြီး များက အရုပ်ကလေးများကို အ ဆောင်သဖွယ် အသုံးပြုနေခြင်းသည် ဗုဒ္ဓအယူဝါဒကို ဆန့်ကျင်ကြောင်း မိန့်တော်မူသည်။

အရုပ်ကလေးများကို ပူဇော်ပသ နေခြင်းသည် ဗုဒ္ဓဝါဒနှင့် မကိုက်ညီ ကြောင်း အွန်လိုင်းပေါ်တွင် ဝေဖန်မှု များပေါ်ထွက်နေသည်။ အရုပ် ကလေးများကို သိဒ္ဓိတင်ခြင်းသည် အသစ်ဝယ်ယူသော မော်တော်ယာဉ်များကို အန္တရာယ်ကင်းရှင်းစေကြောင်း ရွတ်ဖတ်ခြင်းနှင့် အတူတူပင်ဖြစ် သဖြင့် ကျင့်သုံးဆဲ ဘာသာရေးကျင့် ဝတ်များနှင့် မညီဟု မပြောနိုင် ကြောင်း အချို့က စောဒကတက် သည်။

အရုပ်ကလေးများသည် လူများ ကို ချောက်ချားစေနိုင်သည့်အတွက်  ဟိုတယ်သို့ ယူမလာရန် အချို့ ဟိုတယ်များက သတိပေးထား သည်။ ထိုင်းလေကြောင်း ကုမ္ပဏီ တစ်ခု ဖြစ်သည့် Thai Smile Airways  က အရုပ်ကလေးအတွက် လေယာဉ် ထိုင်ခုံ ဝယ်ယူနိုင်ကြောင်း၊ အရုပ် အတွက် အစားအသောက် တည်ခင်း ပေးမည်ဟု ကြော်ငြာသည်။ ထိုကြော် ငြာအပေါ် မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့က ''အပြည်ပြည် ဆိုင်ရာလေကြောင်း စည်းကမ်းသတ် မှတ်ချက်အရ လေယာဉ်စီးခရီးသည် ဆိုသည်မှာ လူပုဂ္ဂိုလ် ကိုသာ ဆိုလို ကြောင်း၊ ထို့ကြောင့် အရုပ်အတွက် လေယာဉ်လက်မှတ် မရောင်းချနိုင် ကြောင်း၊ အကယ်၍ ထိုင်ခုံဝယ်ယူ လိုလျှင် ခရီးသည်၏ အမည်ဖြင့်သာ ဝယ်ယူပြီး၊ ထိုဝယ်ယူထားသော ထိုင် ခုံတွင် အရုပ်ကို ထားနိုင်ကြောင်း''  သတိပေးပြောဆိုသည်။

အရုပ်ကလေးများ ခေတ်စားလာသည်ကို အခွင့်ကောင်းယူလျက် ဗန် ကောက်ရှိ  Neta Grill စားသောက် ဆိုင်က အရုပ်ကလေး များအတွက် အစားအသောက် တည်ခင်းပေးပြီး၊ ကလေးခသာ ပေးရမည်ဟု ကြော် ငြာသည်။ ဘီဘီစီ သတင်းဌာနက အရုပ်ပိုင်ရှင် အများအပြားကို အင်တာဗျူးပြုလုပ်ရာ ၄င်းတို့က အရုပ် ကလေးများသည် လက်ဖွဲ့အဆောင် အဖြစ်သာမကပဲ တကယ့်လူသား ကလေးငယ် တစ်ယောက်ကဲ့သို့ ၄င်း တို့က ပြုစု ဆက်ဆံကြောင်း ဖြေကြား ကြသည်။

အရုပ်ဝယ်နေသူ အမျိုးသမီး တစ်ဦးက ဘီဘီစီ သတင်းထောက်အား ''ကျွန်မ သမီးက အတန်းထဲက သူ့သူငယ်ချင်းတွေလိုပဲ အရုပ် လိုချင် တယ်ဆိုလို့ လာဝယ်တာ'' ဟု ပြော သည်။

အရုပ်ပိုင်ရှင်များသည် သူတို့ အရုပ်များကို အဖိုးတန် လက်ဝတ် ရတနာများ ဆင်မြန်းပေးကြသည်။ ဆွန်ကလာ တက္ကသိုလ် (Pattani’s Prince of Songkla University)  မှ မနုဿဗေဒပညာရှင် အက်စ်မာ မန် ကွန်ချိုင်း (Asama Mungkornchai) က ''အရုပ် ကို ဆောင်ကြတဲ့ အများစုဟာ လူလတ်တန်းစားအမျိုးသမီး တွေဖြစ်နေတာကို တွေ့ရမယ်။ အရုပ် တွေဟာ သူတို့ သားသမီးလို ဖြစ် လာ နေတယ်။ သူတို့ဟာ အရုပ်တွေကို လာဘ်လာဘ ရွှင်စေဖို့ ဆောင်ထား တာလို့ဆိုကြတယ်။ တစ်နည်းအား ဖြင့် လူလတ်တန်းစားတွေဟာ စီးပွား ရေးအပေါ် စိတ်မချဘူး။ မလုံမခြုံ ခံစားနေရတာကို ပြညွှန်နေတယ်''ဟု ကောက်ချက်ချသည်။

သားယောက်ျားလေးသာရှိပြီး သမီး မရှိသည့်အတွက် မိန်းကလေးအရုပ်ကို သိဒ္ဓိတင်ကာ သမီးအဖြစ် မှတ်ယူကာ သွားအတူ လာအတူ လုပ် နေကြသည်များ ရှိသလို၊ သား ယောက်ျား မရှိသူက ယောက်ျားလေး အရုပ်ကို ဆောင်ထားကြသည်လည်း ရှိသည်။

အရုပ်ရောင်းချသူများသည် အ ခွန်ရှောင်နေကြကြောင်း၊ လေယာဉ် ပေါ်သို့ အရုပ်များ ယူသွားခွင့်ပြုလျှင် မူးယစ်ဆေးဝါးမှောင်ခို အလုပ်တွင် အရုပ်များကို အသုံးချလာနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အရုပ်ပိုင်ရှင် အချို့သော မိသား စုများအတွက် အရုပ်ကလေးသည် မိသားစု၏ ခွန်အား ဖြစ်သည်။ အရုပ် ကို ဂရုစိုက်နေရသည့် အတွက်  အ ခြား အာရုံပျံ့လွင့်မှုများ မရှိတော့သ ဖြင့် အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်စေ သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ၏ ရိုးရာအစဉ်အလာ နှင့် မိရိုးဖလာပုံပြင်များတွင် အ ဆောင်လက်ဖွဲ့များက အထင်အကရ နေရာကို ယူထားသည်။ ယခင်က ဆိုလျှင် အသေမွေးကလေး၏ ခန္ဓာကိုယ် အစိတ်အပိုင်းများဖြင့် အရုပ်ကလေးများကို လုပ်သည်။ ထို အရုပ်ကလေး ကို လေးလေးစားစား ဂရုတစိုက် ပူဇော်ပသပေးလျှင် လာဘ်ကောင်းသည်ဟု ယုံကြည်ကြ သည်။ နတ်ကိုးကွယ်ခြင်း၊ တာအိုနှင့် ဟိန္ဒူ ကိုးကွယ်မှုတို့ ပေါင်းစပ်မိရာမှ လက်ဖွဲ့ အဆောင်များကို ဆည်းကပ်မိကြသည်။ ထိုကိုးကွယ်ဆည်းကပ်မှု အများအကြား ပြတ်ပြတ် သားသား မျဉ်းသားခွဲခြားရန် မဖြစ်နိုင်ပေ။ အားလုံးရောထွေး ကုန်တော့သည်။ ဝိညာဉ်ကို ကိုးကွယ်ဆည်းကပ်မှုသည် ထိုင်းတို့ ၏ နေ့စဉ် ပြုမြဲဘဝပင်ဖြစ် သည်။

ပူးကပ်နေသော ဝိညာဉ်ကို နှင် ထုတ်ခြင်း၊ အပင်းသွင်းထားသည်ကို ဖယ်ရှားခြင်း စသည့် ဝိညာဉ်ဆိုင်ရာ ထုံးစံကို ထိုင်းလူမျိုး တို့ နှစ်သက်စွဲ လမ်းကြသည်။ အဆောင်လက်ဖွဲ့ ကောင်းလျှင် သေနတ်ပင် ကျည်မထွက်နိုင်ဆိုသည်ကို ယုံကြည်သူ အ များအပြား ရှိသည်။ ယင်းသို့သော အယူသီးမှုများသည် နိုင်ငံကို နောက် ပြန်ဆွဲလျက်ရှိသည်ဟု ဝေဖန်သူများ က ဆိုသည်။ ထိုင်းတို့သည် ပရ လောကကို အယုံကဲလွန်းသည်။

ဝိညာဉ်နှင့် ပတ်သက်၍ အပတ် စဉ်ထုတ်လွှင့်သော ရုပ်မြင်သံကြား အစီအစဉ်တွင် ဝိညာဉ်ဆိုင်ရာ ထူး ထွေလာများကို ထုတ်လွှင့်ပြသသည်။ ကိုယ်တွေ့ကြုံဖူးသူများကို အစီအစဉ် တင်ဆက်သူက တွေ့ဆုံမေးမြန်း သည်။

ကာပိုးလ် (Kapol)  သည် ထိုင်း နိုင်ငံတွင် အကျော်ကြားဆုံး ဝိညာဉ် ဆိုင်ရာကျွမ်းကျင်သူ ဖြစ်သည်။

သူက ''နိုင်ငံတိုင်းမှာ နောင်ဘဝဆိုတာကို ယုံကြည်ကြတယ်။ အနောက် နိုင်ငံတွေမှာ စေတန်ဆိုတာကို ယုံကြည်တယ်။ အရှေ့တောင်အာရှနိုင်ငံ တွေမှာတော့ တစ္ဆေသူရဲကို ယုံကြတယ်။ အဲဒီလိုယုံကြည်တဲ့အတွက်လည်း အကုသိုလ်ကို ရှောင်ကြတယ်။ တစ်ယောက်ယောက်ကို သတ်လိုက် မယ်ဆိုရင် အဲဒီလူရဲ့ ဝိညာဉ်ဟာ ငါ့ကို လာခြောက်လှန့် နေမှာပဲဆိုတဲ့ အသိကြောင့် တော်ရုံတန်ရုံ လူမ သတ်ရဲကြဘူး''

''ပရလောကဆိုတာ ထိုင်းနိုင်ငံ မှာ နေရာတိုင်းမှာရှိတယ်။ ဝိညာဉ်စံ အိမ်ဆိုတဲ့ နတ်စင်လေးတွေ ခြံတိုင်း နေရာတိုင်းမှာ ရှိတယ်။ ဝိညာဉ်က လူတွေကို မနှောက်ယှက်အောင် အဲဒီ စင်လေးတွေမှာ ခေါစာပစ်တယ်။ မီးထွန်းပူဇော်ထားတယ်။ နိုင်ငံရေး လောကမှာ ပါတီတွေ အပြိုင်အဆိုင် လုပ်ကြတဲ့အခါ၊ တစ်ဖက်ကို တစ် ဖက်က အောက်လမ်းနဲ့ တိုက်တယ်။ ကိုယ့်ကို မတိုက်ခိုက်နိုင်အောင်၊ မပြု စားနိုင်အောင်  အဆောင်တွေ လက် ဖွဲ့တွေ သုံးကြတယ်။ အဆောင် ကောင်းရင် ကျည်ဆံတောင် မဖေါက် နိုင်ဘူးလို့ ယုံကြတယ်'' ဟု သူက ပြောသည်။

ခေတ်ပညာတတ် အသိုင်းအဝိုင်းကမူ ပရလောကကို ထိုင်းတို့ ယုံကြည်မှု လွန်ကဲခြင်းကို စိုးရိမ်နေကြသည်။ အခါပေး ဆရာ များကြောင့် ဆုံးဖြတ်ချက် လွဲမှားခြင်း၊ မသိနား မလည်သူများ လှည့်ဖြား ခေါင်းပုံ ဖြတ်ခံရခြင်းမှာ များလှပြီ ဖြစ်သည်။

ထိခိုက်သေကျေမှု အများဆုံးဖြစ် သော လူကူးမြင်းကျားနေရာများတွင် မြင်းကျားအရုပ်ကို တွေ့မြင်ကြရသည်။ ထိုနေရာများ တွင် သေကျေမှု များပြားရခြင်းမှာ ဥပစ္ဆေဒကကံ ကြောင့် သေဆုံးသွားသူများ၏ ဝိညာဉ်တို့က တိုက်တွန်းခြင်းကြောင့် ဖြစ်ရသည် ဟူသော အယူအစွဲ ကြောင့် မြင်းကျားရုပ်များကိုထားခြင်း ဖြစ်သည်။ မြင်းကျားရုပ်သည် မ ကောင်းဆိုးရွားများကို နှင်ထုတ်ပေး သည်ဟု ယုံကြည်ကြသည်။

ထိုင်းနိုင်ငံတွင် အရိုးစွဲနေသည့် ပရလောက အယူအဆကို အွန်လိုင်းမှ တစ်ဆင့် အပြင်းအထန်တိုက်ဖျက် နေသူ တစ်ဦးက ''ဒီမြင်းကျားရုပ်တွေ ကို ကျွန်တော်က ဖျက်ပစ်ချင်နေ တာ။ လူတွေက လက်ခံမှာ မဟုတ် ဘူး။ အဆောင်တွေ လက်ဖွဲ့တွေ လုပ် နေ ကြ မယ့်အစား သတိထားလမ်းကူး မယ်၊ မောင်းနှင်မယ်ဆိုရင် ထိခိုက်မှု တွေ လျော့ကျလာမှာပဲ။ လူတွေရဲ့ တလွဲယုံကြည်မှုကြောင့် ထိုင်းနိုင်ငံ ဟာ ဖွံ့ဖြိုးဆဲ အဆင့်က မတက်နိုင် တာပဲ'' ဟု ပြောသည်။ ရုတ်တရက် သေဆုံးသော အစိမ်းသေ ဝိညာဉ် သည် စိတ်ဆိုးနေသည့်အတွက် လူ ကို ဒုက္ခ အပေးဆုံးဟု ထိုင်းတို့က ယုံ ကြည်ကြသည်။

ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံး သူ ဒုတိယ အများဆုံးနိုင်ငံဖြစ်သည်။ ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ စစ်တမ်းအရ ထိုင်းနိုင်ငံတွင် လူ တစ်သိန်းလျှင် မော်တော်ယာဉ် ကြောင့် သေဆုံးသူ ၄၄ ဦးရှိသည်ဟု ဆိုသည်။ ကားတစ်စင်းလုံးအန္တရာယ် ကင်း အဆောင်လက်ဖွဲ့များ ချိတ်ဆွဲ ထားသော်လည်း သတ်မှတ်မိုင်နှုန်း ထက် ပိုမောင်းခြင်း၊ အရက်မူးမောင်း နှင်ခြင်း၊ ခရီးသည်နှင့် ကုန်ပို မတန် တဆတင်ခြင်း၊ ဒဏ်ခံဦးထုပ် မ ဆောင်းခြင်းတို့ကြောင့် လမ်းပေါ်တွင် မြင် မကောင်းအောင် သေဆုံးနေကြ ခြင်း ဖြစ်သည်။

ကန့်ကွက်ဝေဖန်မှုများကြောင့် ယခုအခါ မြင်းကျားရုပ်များကို အာဏာပိုင်များက စတင်ဖယ်ရှားနေ ပြီဖြစ်သည်။ ထိုသို့ မဖယ်ရှားမီ ရဟန်းတော်များက အန္တရာယ်ကင်း ပရိတ်များ ရွတ်ဖတ်ပေးသည်။

ထိုင်းအများစုသည်  ပရလော က ရှိသည်ဟု ယုံကြည်ကြသည်။ ထို သို့ယုံကြည်သည့်အတွက် ဗေဒင် ဆရာ၊ လက္ခဏာဆရာ၊ နတ်ဆရာ တို့သည် ဝင်ငွေလမ်းဖြောင့်နေကြ သည်။

အန္တရာယ်ကင်းလက်ဖွဲ့မှ အစပြု သော လက်ဖွဲ့အဆောင်အမျိုးမျိုးကို ကြိုက်ဈေးပေး ဝယ်ယူနိုင်သည်။ ပရ လောက အကြောင်း ရေး သားထား သည့် စာအုပ်၊ ရိုက်ကူးထားသော ရုပ် ရှင်တို့သည် ထိုင်းနိုင်ငံတွင် လွန်စွာ ခေတ်စားသည်။ လုပ်ငန်းကြီးများ သည် တစ်နှစ်တစ်ကြိမ် သံဃာတော် များအားပင့်လျက် အန္တရာယ်ကင်း ပရိတ်တော်ရွတ်ဆိုစေပြီး မကောင်း ဆိုးဝါးများကို အဆောက် အအုံမှ နှင် ထုတ်သောအလေ့အထလည်း ထွန်း ကားသည်။

ယုံကြည်စွဲလမ်းမှုဟူသည် ချေဖျက်ရန် လွန်စွာ ခက်ခဲသော အရာ ဖြစ်သည်။ မည်မျှပင် ကျိုးကြောင်း ဆင်ခြင်မှုနှင့် မညီညွတ်စေကာမူ လူ တို့ သည် ယုံကြည်ရင်းစွဲကို ဆက် လက် စွဲကိုင်ထားလိုကြသည်။ အချို့ ဆိုလျှင် ယုံကြည်မှုအတွက် အသက် ကို စွန့်လွှတ်ရန် ဝန်မလေးကြ။ အ သေခံဗုံးခွဲသူများသည် ယုံကြည်မှု အတွက် အသက်ဖြင့်ပေးဆပ်နေသူ များဖြစ်သည်။

အေးထွန်းမင်း
[email protected]
Ref: The privileged world of Thailand’s supernatural dolls.

အေးထွန်းမင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.