17-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1024
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
လမ်းဘေးဈေးသည် သို့မဟုတ် ပလက်ဖောင်း၏ ကိုလိုနီ အရှင်သခင်များ

သူတို့ ဤနေရာတွင် လုပ်ကိုင် လှုပ်ရှားခဲ့သည်မှာ နှစ်ကာလ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူတို့ ပိုင်ဆိုင်ခြင်း မရှိသော်လည်း ဤနေရာကို သူတို့ သိမ်းပိုက်ထားကြသည်။ ဘိုးဘွား အမွေအနှစ်ကဲ့သို့ ခြယ်လှယ် ကြသည်။  သူတို့ကို ဖယ်ရှားရန် ကြိုးစားသူ မည်သူမဆို အာဏာ ပိုင်များ အပါအဝင်ကို တွန်းလှန်ကြသည်။ သူတို့သည် ခေတ်အဆက် ဆက်က ဖလက်ဖောင်းကို အပိုင်စားယူထားသော ကိုလိုနီ အရှင် သခင်များ ဖြစ်ကြသည်။

လမ်းဘေးဈေးသည် ဟူသည် အနည်းစုလေးမှ လွဲလျှင် တစ်ဝမ်း တစ်ခါးအတွက် ရုန်းကန်လှုပ်ရှားနေကြသူများဖြစ်ကြသည်။ ကမ္ဘာ့မြို့ ကြီးများ၏ အထင်ကရ လမ်းမကြီးများတွင် သူတို့က နေရာယူထား ကြသည်။ အနည်းအများသာလျှင် ကွာခြားသည်။ မြို့ ကြီးတိုင်းတွင် သူတို့ရှိနေကြသည်။ သူတို့မရှိလျှင် မြို့အင်္ဂါရပ်နှင့် မညီသလိုပင်ဖြစ် နေသည်။

သူတို့သည် တိုင်းပြည်၏ စီးပွားရေးကို တစ်နည်းတစ်လမ်းအား ဖြင့် အထောက်အကူပြုနေသူများ ဖြစ်သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ ဆင်းရဲသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနေ သော ဘူမိနက်သန် ဖြစ်သည်။ အလုပ်လက်မဲ့များကို အလုပ်ပေးထားသည်။ အခြေခံ လူတန်းစား၏ အစားအသောက်မှအစ လူသုံး ကုန်ပစ္စည်းအဆုံး လိုအပ်ချက်ကို ဈေးနှုန်း သင့်တင့် စွာနှင့် ဖြည့်ဆည်း ပေးနေသည်။ အရှေ့တောင်နှင့် တောင်အာရှဒေသတွင် လမ်းဘေး ဈေးသည်အများစုမှာ အမျိုးသမီးများဖြစ်ကြ သည်။ မိသားစုအတွက် လမ်းဘေးတွင်ဈေးရောင်းကာ  ဝမ်းကျောင်းနေရသူများဖြစ်သည်။  

သူတို့ကို စနစ်တကျနေရာချ ထားပေးခြင်းဖြင့် ဆင်းရဲမှု လျော့ ကျရေး၊ အလုပ်အကိုင်အခွင့်အ လမ်း၊ လုပ်ငန်းအငယ်စားများ၏ ကုန်စည်ဖြန့်ဖြူးမှု၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုတို့ကို အထောက်အကူ ဖြစ်စေနိုင်သည်။  သူတို့ကို စနစ် တကျနေရာ ချ ရောင်း ဝယ်စေရန် မှာ လွယ်ကူသောအလုပ်တော့ မဟုတ်ပေ။

လမ်းဘေး ဈေးသည်များသည် လူ့အဖွဲ့အစည်းတွင် အရေးပါ သော အစိတ်အပိုင်းတစ်ခုအဖြစ် လူမှုရေးနှင့် စီးပွားရေးပညာရှင်များ က အသိအမှတ်ပြုကြသော်လည်း မြို့ပြပေါ်လစီ ချမှတ်ရာတွင်လည်း ကောင်း၊ မြို့ပြပုံစံရေးဆွဲရာတွင် လည်းကောင်း သူတို့အတွက် သတ် သတ်မှတ်မှတ် စဉ်းစားခြင်း၊ နေရာ ပေးခြင်းတို့ နည်းပါးသည်ကို တွေ့ရ သည်။ လမ်းဘေးဈေးသည်များ သည် လမ်းသွား လမ်းလာနှင့် ယာဉ် ကြောကို အနှောင့်အယှက်ပေးနေ သူများဟု ပေါ်လစီ ချမှတ်သူများ က မြင်လေ့ရှိကြသည်။

ထိုင်းနိုင်ငံတွင် လမ်းဘေးဈေး ရောင်းသူများသည် သမိုင်းနှင့်ချီတည်ရှိခဲ့သဖြင့် သူတို့အတွက် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း တွင် နေရာ ပေး ထားသည်။ သို့စဉ်တိုင် သူတို့ အတွက် နေရာချပေးရာတွင် မှား လိုက်ပြင်လိုက် လုပ်ခဲ့ရသည်။

၁၉၉၇ ခုနှစ်တွင် ထိုင်းနိုင်ငံ ၌  လမ်းဘေးဈေးသည် ၃၁ဝ၅ဝဝ ရှိသော်လည်း ၂ဝဝဝ ပြည့်နှစ်တွင် ၃၉ဝ၆ဝဝ အထိ ရှိလာသည်။ ၄င်း တို့အနက် ၈၅ ရာခိုင်နှုန်းသည် ပဉ္စမတန်း အဆင့်ထက်နိမ့်သော ပညာရေးကိုသာ ရရှိခဲ့သူများဖြစ် သည်ဟု စစ်တမ်းက ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် လမ်း ဘေးဈေးသည် အများစုမှာ အ သက် ၃၅ နှစ် မှ ၄ဝ အတွင်း အမျိုးသမီးများဖြစ်ကြသည်။ မြို့ တော် ဖနွန်ပင် လူဦးရေ၏ ပျမ်းမျှ ပညာအရည်အချင်းထက် နိမ့်ကျ ကြသည်။ ပြည်တွင်းစစ်တွင် ခင် ပွန်းသည်များ ဆုံးပါးသွားခဲ့သဖြင့် သူတို့သည် အိမ်ထောင်ကို ဦးစီးနေ ကြရသည်။ အများစုသည် ၄င်းတို့ ရောင်းချသောနေရာ အနီးအနား တွင် နေထိုင်ကြသူများဖြစ် သည်။ သို့မှသာ တစ်ဖက်က အိမ်ထောင့် တာဝန်များကို ထမ်းဆောင်နိုင်ကြ မည်ဖြစ်သည်။ အိမ်တွင် ထမင်း ပြေးချက်၊ အဝတ်ပြေးလျှော်ဖြင့် အိမ်နှင့် ဆိုင်အကြား ဗျာများနေရ သူများ ဖြစ်သည်။ သူတို့သည် မြို့နေလူထု၏ အောက်ဆုံး အလွှာ တွင် ရှိသည်။

ကမ္ဘောဒီးယား လမ်းဘေးဈေး သည်များသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိကြသည်။ ဝင်ငွေနည်း သော်လည်း သူတို့မိသားစုကို ရှင် သန်နေစေပြီး ကလေးများကိုလည်း ပြုစုပျိုးထောင် နိုင်ကြသူများအဖြစ် ဂုဏ်ယူကြသည်။ အနီးနားဈေးမှ စားကုန်နှင့် ပစ္စည်းများ ဝယ်ယူပြီး ပြန်လည်ရောင်းချနေသူများဖြစ် သည်။ နေ့ပြန်အြေ<ွကးဖြင့် ပစ္စည်း များ ပြန်လည်ရောင်းချသူက အ များစု ဖြစ်သည်။ ကနဦး ရင်းနှီး မြုပ်နှံငွေ မှာ ငါးဒေါ်လာဖြစ်သည်။ လုပ်ငန်းလည်ပတ်ရန် လိုအပ်ငွေ မှာ ၁၂ ဒေါ်လာခွဲ ဖြစ်သည်။

အပြိုင်အဆိုင် ရောင်းချရသ ဖြင့် ဖောက်သည်မွေးရသည်။ ဈေး ရောင်းဈေးဝယ် ကျွမ်းကျင်ရန် ကမ္ဘောဒီးယား လမ်းဘေးဈေးသည် များသည် သင်ယူလိုစိတ်ထက်သန် ကြသည်။ ၄င်းတို့၏ ၇ဝ ရာခိုင်နှုန်း က ရောင်းရေးဝယ်တာသင်တန်း တက်လိုသည်ဟု စစ်တမ်း များ အရသိရသည်။

သူတို့အတွက် အကြီးမားဆုံး အဟန့်အတားမှာ ရဲဖြစ်သည်။  အ ခြားစိုးရိမ်ကြောင့်ကြမှုမှာ လုံခြုံရေး ဖြစ်သည်။ နံနက်စောစော ကုန်သွားဝယ်ရသဖြင့် လုယက်ခံရ မည်ကို စိုးရိမ် ကြသည်။ အခွန်အခ များစွာပေးရသည်။ နေရာငှားခ၊ ထီးငှားခ၊ မြူနီစပယ်အခွန်၊ လုံခြုံ ရေးအခွန်တို့ကို မြူနီစပယ် ရဲက ကောက်ခံသည်။ ထူးဆန်းသည်မှာ လမ်းဘေးဈေးသည်ကို ဥပဒေတွင် တရားဝင်ခွင့်ပြုခြင်း မရှိသော် လည်း၊ အခွန် ဥပဒေက လမ်းဘေး ဈေးသည်များ ပေးဆောင်ရမည့် အခွန်ကို သတ်မှတ်ပေးထားသည်။ ယင်းသို့ မရေ မရာ ဖြစ်နေသည့် အ တွက် လမ်းဘေးဈေးသည်များ၏ ဘဝမှာ မလုံမခြုံဖြစ်နေရသည်။ အစိုးရက ဆင်းရဲသားများအတွက် အိမ်ရာ စီမံကိန်းများ ရေးဆွဲပေး သော်လည်း ဆင်းရဲသားဖြစ်သည့် လမ်းဘေး ဈေးသည်များအတွက် အသက်မွေးမှု လုံခြုံရေးကို မပေးဘဲ ရှိနေသည်။

မွန်ဂိုးလျား နိုင်ငံတွင် ၁၉၉ဝ ပြည့်လွန်နှစ်များမှ စတင်၍နိုင်ငံပိုင် လုပ်ငန်းများ ဖြုတ်သိမ်းလာသဖြင့် လူအများအပြားသည် တစ်နိုင်တစ် ပိုင်ရောင်းဝယ်ရေးသို့ ခြေဦးလှည့်လာရာမှ လမ်းဘေးဈေးရောင်း သူများပေါ်ပေါက်လာသည်။ မြို့ တော် အူလန် ဘာတော ၏ အသား တင်ထုတ်လုပ်မှုတန်ဖိုး၏ ၂၃ မှ ၂၈ ရာခိုင်နှုန်းသည် 'ပျံကျစီးပွား ရေး' (Informal Economic Sector) မှ ပေါ်ထွက်လာသည်ကို တွေ့ရသည်။ တစ်နိုင်ငံလုံး၏ ပျံ ကျစီးပွားရေးသည် အမျိုးသား အ သားတင် ထုတ်လုပ်မှု တန်ဖိုး၏ ၂ဝ ရာခိုင်နှုန်းအထိ ရှိသည်ဟုဆိုသည်။ ပျံကျစီးပွားရေး တစ်နည်း အားဖြင့် တစ်နိုင်တစ်ပိုင် စီးပွားရေး ဆိုသည်မှာ စည်းကမ်းနည်း ဥပဒေ တို့ တင်းကျပ်မှုမရှိသော စီးပွားရေး လုပ်ဆောင်မှုကို ဆိုသည်။ ထိုအ ပိုင်းတွင် လမ်းဘေးဈေးသည်များ လည်း အပါ အဝင် ဖြစ်သည်။ လုပ် သား ငါးဦးထက်နည်းသော စီးပွား ရေး လုပ်ငန်းကို ပျံကျစီးပွားရေးဟု ဥပဒေက သတ်မှတ်ထားသည်။

အလုပ်အကိုင်ရှားပါးမှု ကြောင့် ဘွဲ့ရအမျိုးသမီးများသည် ပင် လမ်းဘေးဈေးရောင်းသူများ ဖြစ်လာကြသည်။ သူတို့သည် အမှီ အခိုကင်းစွာ ဝင်ငွေရှာဖွေပြီး နိုင်ငံ ရပ်ခြားတွင် သွားရောက်လုပ်ကိုင် နေထိုင်ရန် မျှော်မှန်းထားကြသည်။

ကမ္ဘောဒီးယား နှင့်  မွန်ဂိုလျား နှစ်နိုင်ငံစလုံးသည် ကွန်မြူနစ်စနစ် မှ ဈေးကွက်စီးပွားရေးစနစ်သို့ ကူး ပြောင်းရာတွင် အစိုးရလုပ်ငန်းများ ဖျက်သိမ်းခဲ့ရသည်။ အစိုးရဝန် ထမ်းဟောင်း အများအပြားသည် လမ်းဘေးဈေးသည်ဘဝသို့ ကျ ရောက်ကုန် ကြသည်။ ခင်ပွန်းသည် လစာ မလောက်ငသဖြင့် အိမ် ထောင်ကို တစ်ဖက်တစ်လမ်းမှ ကူပံ့ရန် ဇနီးများက ဈေး ထွက် ရောင်းကြသည်။ လစာမလောက်င သော်လည်း ယောက်ျားသားများ သည် ဂုဏ်ရှိသည် ဟူသောအစွဲဖြင့် အစိုးဝန်ထမ်း အလုပ်ကို ဆက်လုပ် နေကြသည်။

ထိုင်းနိုင်ငံတွင် လမ်းဘေးဈေး သည်များသည် အဆင်းရဲဆုံး လူ တန်းစားတွင် မပါဝင်ကြ။ သူတို့ ဝင်ငွေသည် ပျမ်းမျှအနိမ့်ဆုံး ဝင် ငွေထက်ပိုသည်။ ထို့ကြောင့် အချို့ ဝန်ထမ်းများပင်လျှင် အချိန်ပိုင်း လမ်းဘေးဈေးသည် လုပ်ကြသည်။

ကမ္ဘောဒီးယားတွင်မူ လမ်း ဘေးဈေးသည်မှာ အဆင်းရဲဆုံး အ လွှာမှ ဖြစ်ကြသည်။ အများစုသည် အမျိုးသမီးများဖြစ်ကြပြီး အိမ် ထောင်ကို ဦးစီးနေရသူများဖြစ်ပြီး မှီခိုသူ အများအပြားကို လုပ်ကျွေး နေရသူများဖြစ်သည်။

 မွန်ဂိုလျားတွင် လမ်းဘေးဈေး သည်များသည် အောက်ဆုံးအလွှာ မှ ဖြစ်ကြသည်။ ဆိုးရွားသော ရာသီဥတု ဒဏ်ကြောင့် အိမ်မွေး တိရစ္ဆာန်များ သေကျေကုန်ကြခြင်း ကြောင့် တိရစ္ဆာန်မွေးမြူသူများ သည် မြို့ရောက်လာကာ လမ်းဘေး  ဈေးသည်များ ဖြစ်ကုန်ကြ သည်။ လမ်းဘေးတွင် ဈေးရောင်းရန် ကနဦးလိုအပ်သော မတည်ရင်းနှီး ငွေမှာ ဒေါ်လာ ၅ဝ ဖြစ်သည်။ ပင် စင် စား အချို့နှင့် အလုပ်အကိုင် အခွင့်အလမ်းမရှိသူများသည် လမ်းဘေးဈေးသည်များ ဖြစ်လာ ကြသည်။ သူတို့၏ ဝင်ငွေမှာ ရုံး ဝန်ထမ်း အနိမ့်ဆုံးလစာနှင့် တူညီ သည်။ သို့သော် နေစရိတ်ထိုင် စရိတ်ကို ကာမိခြင်းမရှိပေ။ မွန်ဂို လျား လမ်းဘေးဈေးသည်အများစု သည် ဆယ်တန်းအထိ ပညာသင် ကြားဖူးကြသည်။ ဗန်ကောက်တွင် ဆဋ္ဌမတန်း သို့မဟုတ် ဆဋ္ဌမတန်း အောက်နှင့် ကမ္ဘောဒီးယားတွင် စတုတ္ထတန်း သို့မဟုတ် စတုတ္ထ တန်းအောက် အထိသာ ပညာသင် ယူဖူးကြသည်။

ထိုသုံးနိုင်ငံအနက် ထိုင်းနိုင်ငံ လမ်းဘေးဈေးသည်များ၏ လုပ် ငန်းသုံး ပစ္စည်းနှင့် ကျန်းမာ ရေးစံသည် ကျန်နှစ်နိုင်ငံထက် မြင့်မား သည်။ ငွေအရင်းအနှီးမရှိ သူများသည် ကုမ္ပဏီကြီးများ၏ ကော်မရှင်စားအရောင်းသမားအဖြစ် အဖြစ်ဝင်ရောက် လုပ်ကိုင်ကြ သည်။ ကုမ္ပဏီ ထုတ်ပစ္စည်းများကို လမ်းဘေးတွင် ရောင်းချကာ ရောင်းချငွေ၏ ရာခိုင်နှုန်းအချို့ကို ကော်မရှင်အဖြစ် ခံစားခွင့်ရကြ သည်။

လမ်းဘေးဈေးသည်များ၏ ဘဝ တက်လမ်း ရှိ မရှိ ဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ဗန် ကောက်ရှိ လမ်းဘေးဈေးသည် ၇ဝ ရာခိုင်နှုန်းသည် အစပိုင်းတွင် လှည့်လည်ရောင်းချသည့် ခေါင်း ရွက်ထမ်းပိုးသည်များ (Mobile Vendor) ဖြစ်သည်။ အရင်းအနှီး ရလာသည့်အခါ လမ်းဘေးတွင် အတည်တကျ ရောင်းချသူများဖြစ် လာသည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိ လာသည့် ပြောင်းရွှေ့နိုင်ငံခြား သား များ အလွယ်တကူလုပ်နိုင်သော အလုပ်မှာ ခေါင်းရွက်ထမ်းပိုး ရောင်းချသောအလုပ်ဖြစ်သည်။ ထိုင်းလမ်းဘေးဈေးသည်များ အနက် အနည်းစုသည် တစ်ချိန်တွင် လုပ် ငန်းရှင်များ ဖြစ်လာသည်။ ဗန် ကောက်ဘဏ်၏ ပိုင်ရှင်သည် တစ်ချိန်က လမ်းဘေးဈေး သည် ဖြစ်သည်။

ကမ္ဘောဒီးယားတွင် လမ်းဘေး ဈေးသည်များမှာ အချိန်ကြာလာ သော်လည်း တိုးတက်မလာဘဲ ပစ္စည်းအမျိုးအစားပြောင်း လဲ ရောင်းချသည်သာ ရှိသည်။  မွန်ဂို လျားတွင်လည်း လမ်းဘေး ဈေး သည်ဘဝမှ တစ်ဆင့်မြင့်အောင် တက်လှမ်းနိုင်သူ အနည်းငယ်သာ ရှိသည်။ ဗန်ကောက်တွင် အမျိုး သားဈေးသည်အများစုသည်နေရာ အတည်တကျ ရောင်းချနေသူများ ဖြစ်သည်။ သူတို့၏ လုပ်ငန်းကို မိသားစုဝင်များက ကူညီလုပ်ကိုင် ပေးသည်။ အမျိုးသမီးဈေးသည် များမှာမူ မိသားစုဝင်များ၏ ထောက်ကူမှု နည်းပါးသည်ကို တွေ့ရသည်။ သူတို့သည် ခင်ပွန်း သည်နှင့် သားသမီးများ၏ အချိန် ကို ထိန်းချုပ်ကြီးကြပ်နိုင်စွမ်း နည်း ပါးသည် ကိုတွေ့ရသည်။

 ဖော်ပြပါ သုံးနိုင်ငံစလုံးတွင် လမ်းဘေးဈေးရောင်းခြင်းသည် တရားမဝင်လုပ်ငန်းများဟု သတ် မှတ်ထားသည်ကို တွေ့ရသည်။ အ ဆိုပါသုံးနိုင်ငံရှိ အာဏာပိုင်များက လမ်းဘေးဈေးရောင်းခြင်းသည် ဆင်းရဲသားများအဖို့ အရေးကြီး သော အသက်မွေးမှုဆိုသည်ကို အ သိအမှတ်ပြုသော်လည်း ၄င်းတို့ တရားဝင်ဖြစ်လာစေရန် ဆောင် ရွက်သည်ကို မတွေ့ရပေ။

ဗန်ကောက်မြို့တွင် လမ်း ဘေးဈေးသည်နှင့် ပတ်သက်သော ဥပဒေ မကြာခဏ ပြောင်းလဲ သည်။ မြို့တော်ဝန်အသစ်တက် လာလျှင် ဥပဒေက တစ်မျိုးပြောင်း ပြန်သည်။ မြို့တော်ဝန် အပြောင်း အလဲ ရှိတိုင်း ဥပဒေက လိုက် ပြောင်းနေသည်။

တရားမဝင် ရောင်းဝယ်နေရ သည့်အတွက် ဗန်ကောက်တွင် အ ခွန်မပေးရသော်လည်းရဲ၊ ရပ်ကွက် အာဏာပိုင်နှင့် မိုက်ကြေးခွဲသူများ ကို ဆက်ကြေးပေးနေရသည်။ လမ်းဘေးဈေးသည်နှင့် ပတ်သက် လျှင် များသောအားဖြင့် မြို့နယ် အာဏာပိုင်များကို စီရင်ခွင့်ပေး ထားကြသည်။ အမျိုးသားပေါ်လစီ တွင် လမ်းဘေး ဈေးသည်နှင့် ပတ်သက်၍ ဖော်ပြထားခြင်းမရှိ။ ၄င်းတို့အား နေရာအတည်တကျ တွင် ရောင်းချခွင့်ပေးခြင်းသည် တရားမျှတ ကျိုးကြောင်းခိုင်လုံ သည် မှန်သော်လည်း အာဏာပိုင် များက ထိုအချက်ကို လျစ်လျူရှု ထားကြသည်။

လမ်းဘေးဈေးသည်များသည် လမ်းသွားလမ်းလာနှင့် ယာဉ်ကြော အနှောင့်အယှက်ပေးသူများအဖြစ် အာဏာပိုင်များက မြင်ထားသဖြင့် ၄င်းတို့ကို တရားဝင် လုပ်ပိုင်ခွင့် ပေးပါက ပိုမိုဆိုးရွားလာမည်ဟု ယူဆထားသည်။ သူတို့အပေါ် ယုံကြည်မှုမရှိ။ ဈေးသည်များက လည်း အာဏာပိုင်များကို အယုံအ ကြည်မရှိ။ ဖောက်သည်များကို သာ ယုံကြည်ကြသည်။ ထို့ကြောင့် တစ်နေရာတွင် ရောင်းချနေပြီး အ ခြားတစ်နေရာသို့ မပြောင်းရွှေ့လို ကြ။ နေရာသစ်တွင် ဝယ်နေကျ ဖောက်သည်မလာမည်ကို စိုးရိမ် ကြသည်။

လမ်းဘေးဈေးသည်များသည် စုစုစည်းစည်းဖြင့် အသင်းအပင်း တည်ထောင်ထားရန် လိုအပ်သည်။ ကမ္ဘောဒီးယားတွင် လမ်းဘေးဈေး သည်များ အသင်းရှိသဖြင့် အစိုးရ နှင့် လည်ပတ်နေသော စနစ်အ ပေါ်တွင် ယုံကြည်မှုရှိသည်။

ဆက်တိုက် ကျယ်ပြန့်လာ သော ဗန်ကောက်မြို့တော် ပလက် ဖောင်းများပေါ်တွင် ဈေးသည်များ နှင့် လမ်းသွားလမ်းလာများ ထိပ် တိုက်တွေ့လာသည်။ ထောင် ဂဏန်းရှိသော လမ်းဘေးဈေးသည် များကို လမ်းမကြီးပေါ်မှ လမ်း မြောင်များအတွင်း သို့ ပြောင်းရွှေ့ စေသည်။

လမ်းဘေးဈေးသည်များသည် တိုးရစ်များအတွက် ဆွဲဆောင်မှု တစ်ခုဖြစ်သည့်အတွက် အာဏာ ပိုင်များက အထူးဂရုပြုဆောင်ရွက် ရသည်။ ဈေးချိုသော လက်ကိုင် အိတ်၊ တီရှပ်နှင့် ဒီဗွီ အချပ်များ ကို  တိုးရစ်တို့ အများဆုံးဝယ်ယူ ကြသည်။

ဗန်ကောက်မြို့သားများကလည်း ချက်ပြုတ်ပြီး အစားအစာနှင့် အိမ် သုံးပစ္စည်းတိုလီမိုလီများအတွက် လမ်းဘေးဈေးသည်များကို အား ထားရသည်။

လမ်းဘေးဈေးသည်များ ဝေ စည်စွာဖြင့် ဗန်ကောက်မြို့တော်ကို တန်ဆာဆင်ပေးနေသည့်အတွက် အရှေ့တောင်အာရှ၏ အစည်ကားဆုံးမြို့ဖြစ်နေရသည်။ သို့စဉ်တိုင် မြို့တော်ကို သန့်ရှင်းစေရမည်၊ မြို့ တော်ပလက်ဖောင်းများကို ပြန် လည်ရယူမည် ဆိုသောြေ<ွကးကျော် သံများဖြင့် အာဏာသိမ်း စစ်အစိုး ရသည် ဈေးသည်များကို ပြောင်း ရွှေ့နေရာချနေသည်။

 ဈေးသည်များကြောင့် လူသွား စင်္ကြံများ ကျပ်တည်းခြင်း၊ ယာဉ် ကြောပိတ်ဆို့ခြင်းများဖြစ်နေသည် က အမှန်ပင်ဖြစ်သည်။

''လူသွားစင်္ကြံတွေကို ပြည်သူ တွေအတွက် ပြန်ပြီးယူပေးရမယ်။ လမ်းဘေး ဈေးသည်တွေဟာ ဖလက်ဖောင်းကို သိမ်းပိုက် ကိုလိုနီ ပြုထားတယ်။ သူတို့ကြောင့် ယာဉ် ကြောရှုပ်ထွေး ပိတ်ဆို့တာတွေ ဖြစ်ကုန်တယ် ''ရဲ ဗိုလ်ချုပ် ဗိချိုင်း စန်ပါပိုင်က (Vichai Sangparpai) ပြောသည်။

''မြို့ရဲ့ နေရာအများစုမှာ တော့ သူတို့ကို ရောင်းခွင့်ပြုမှာပါ။ သတ်မှတ်ထားတဲ့ နေရာမှာ ရောင်း ရမယ်။ အသွားအလာအများဆုံး အချိန်တွေမှာတော့ ဆိုင်ဖွင့်ခွင့်မပြု နိုင်ဘူး'' ဗိချိုင်းက ဆိုသည်။

လူစည်ကားရာ စီးလုံရပ်ကွက် တွင် ခေါက်ဆွဲရောင်းသူ 'ဂျက်တီ ဂန် ဂျစ်ချမ်' က ''နေ့လယ်ပိုင်း မရောင်းရဘူးဆိုတော့ ကျွန်မဝင်ငွေ ထက်ဝက်လျော့သွားတော့ ကလေး ကျောင်းစရိတ်မပေးနိုင်တော့ဘူး'' ဟု ပြောသည်။

 ဈေးသည်များကို ပြောင်းရွှေ့ ခြင်းသည် သန့်ရှင်းသာယာရေးအ တွက်သာမက မိုက်ကြေးခွဲသော လူ မိုက်များနှင့် လာဘ်စားသည့် ဝန် ထမ်းများကို ရည်ရွယ်ခြင်းဖြစ် သည်။ လမ်းဘေးဈေးသည် တိုးပွား လာသည်နှင့်အမျှ မြူနီစီပယ် ဝန် ထမ်းများ လာဘ်စားမှု ကလည်း ဆိုး ရွားလာသည်။

ဗန်ကောက်မြို့တော်ခန်းမ၏ စာရင်းအရ မှတ်ပုံတင်ထားသော လမ်းဘေး ဈေးသည် နှစ်သောင်းရှိ သည်။ တရားမဝင်ရောင်းဝယ်နေ ကြသူ အများအပြားရှိနေသည်။ ၂ဝဝဝ ပြည့်နှစ် စစ်တမ်းအရ ဗန်ကောက်လမ်းမများပေါ်တွင် ဈေးရောင်းသူပေါင်း လေးသိန်း ကျော် ရှိသည်။ ထိုမျှလောက်များ ပြားသည့် လူများ အလုပ်ရနေခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုင်းနိုင်ငံ အလုပ်လက်မဲ့ဦးရေသည် မှတ်သား ဖွယ် နည်းပါးနေခြင်းဖြစ်သည်။

လမ်းဘေးဈေးသည် ဗန် ကောက်မြို့တွင် တိုးပွားနေခြင်းမှာ ထိုင်းနိုင်ငံ အရှေ့မြောက် ဆင်းရဲ သော ပြည်နယ်မှ အများအပြား ရောက်လာခြင်းကြောင့်ဖြစ်မည် ဟု ကောက်ချက်ချကြသည်။ ပလက် ဖောင်းသည် လမ်းသွားလမ်းသာ များအတွက် သာ မဟုတ် ဆင်းရဲ သားများ၏ အသက်မွေးမှု တစ်ခု ဖြစ်သည့်အချက်ကို အလေးအ နက် ထားစဉ်းစားသင့်ကြောင်း သမာဆတ် တက္ကသိုလ် လူမှုရေး ဗေဒဌာနမှ ပညာရှင် 'နာရူမိုလ်' က ဆိုသည်။ သို့သော်လမ်းဘေး ဈေးသည်များက ပလက်ဖောင်းကို  သူတို့ပိုင်စိုးသော ကိုလိုနီ နယ် ပယ်သဖွယ် အသုံးချနေမှုကို ကန့် ကွက်သူ အများအပြား လူမှုကွန် ရက်ပေါ်တွင် ပေါ်လာ သည်။  

၁၉၈ဝ ပြည့်လွန်နှစ်များက စင်ကာပူတွင် လမ်းဘေးစား သောက်ဆိုင်များကို စုစည်းလျက် ဈေးရုံ (Hawker Centre) တည် ဆောက်ပေးသော လုပ်နည်းကို အချို့က အကြံပြုကြသည်။ စင်္ကာ ပူတွင် အစားအသောက်ဈေးရုံ ပေါင်း တစ်ရာကျော်ရှိသည်။ ထို့ ကြောင့် စင်ကာပူတွင် လမ်းဘေး အစားအသောက်ဟု အမည်တပ် ထားသော်လည်း အမှန်တကယ် လမ်းဘေးတွင် ထိုင်၍ စားသောက် ရခြင်း မဟုတ်။ အနောက်နိုင်ငံမှ လာကြသော တိုးရစ်များသည် လမ်းဘေးတွင် ထိုင်စားသော အ တွေ့အကြုံကို အထူးအဆန်းသ ဖွယ်ရယူလိုကြသည်။

လမ်းဘေး ဈေးသည်များသည် ဗန်ကောက်မြို့တွင် နှစ်ပေါင်းများ စွာ ရှိလာခဲ့ပြီးဖြစ်သဖြင့် သူတို့ သည် ဗန်ကောက်မြို့၏ ဝိသေသ တစ်ခုဖြစ်လာခဲ့ပြီဖြစ်သည်။ ထို့ ကြောင့် ၄င်းတို့အား မြို့တော်နှင့် ပေါင်းစည်းပေးသည့် အစီအစဉ် များချမှတ်သင့်သည်ဟု လူမှုရေး ပညာရှင် 'နာရူမိုလ်' က ဆိုသည်။

စင်ကာပူတွင် ဈေးရုံဖွင့်လှစ် ပေးခြင်းဖြင့် ဒေသရိုးရာ အစားအ သောက်အမယ်များကို ထိန်းသိမ်း ထားနိုင်သည်။ အင်ဒိုနီးရှားတွင် မျိုးဆက်သစ်များသည် လမ်းဘေး ဈေးရောင်းသောအလုပ်ကို စိတ်မ ဝင်စားကြတော့သဖြင့် တစ်နှစ်လျှင် ရိုးရာအစားအသောက် သုံးမျိုးခန့် ပျောက်ကွယ်နေသည် ဟုဆိုသည်။ ဗီယက်နမ်တွင် ရိုးရာအစားအစာ တစ်နှစ်လျှင် ၁၅ မျိုးခန့်ကွယ် ပျောက်လျက်ရှိသည်။

စင်ကာပူကဲ့သို့ ဖွံ့ဖြိုးပြီး နိုင်ငံ များတွင်  ဈေးရုံများ ဖွင့်လျက် လမ်းဘေးဈေးသည် ပြဿနာကို ဖြေရှင်းပေးနိုင်သော် လည်း ငွေ ကြေး မဖူလုံသည့် နိုင်ငံများအဖို့ ဈေးသည်များ၏ ရပ်တည်နိုင်မှုအ တွက် အဖြေရှာပေးရန်လိုအပ် သည်။ ပထမဆုံးအချက်မှာ ဥပဒေ ပြုလျက် ၄င်းတို့အား ရသင့်သော အခွင့်အရေးနှင့် ရောင်းချရန် နေရာပေးရေးဖြစ်သည်။

လမ်းဘေးဈေးသည်တို့၏ အ သံကို အာဏာပိုင်တို့က နား ထောင်သင့်သည်။ သူတို့၏ အ ခက်အခဲများကို ဖြစ်နိုင်သမျှ ဖြေ ရှင်းပေးသင့်သည်။ သူတို့သည် ပျံကျစီးပွားရေးတွင် အရေးပါသော အခန်းမှ ပါဝင်လျက် အလုပ်လက် မဲ့ ပြဿနာကို တစ်နည်းတစ်ဖုံ ဖြေရှင်းပေးနေသော ကဏ္ဍလည်း ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး ၄၆ ဒသမ ၅ ရာခိုင်နှုန်းသည် ပျံကျ စီးပွားရေး ကဏ္ဍမှ လာသည်။ မြို့ပြ စီမံကိန်းများ ရေးဆွဲရာတွင်လည်း လမ်းဘေးဈေးသည်များအတွက် ထည့်သွင်းရေးဆွဲသင့်သည်။ ယင်း သို့ရေးဆွဲရာတွင် သူတို့၏ ဆန္ဒနှင့် ဖြစ်နိုင်ခြေကို အလေးအနက်စဉ်း စားသင့်သည်။

အေးထွန်းမင်း
[email protected]
Ref: Policy Issues on Street Vending: ILO Study Paper.

အေးထွန်းမင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.