6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
တရုတ် ထိုင်ဝမ် ဆက်ဆံရေးနှင့် ဒေါ်နယ်ထရန့်

နိုင်ငံတကာ သတင်းစာမျက်နှာများ၌ နှစ် ၄ဝ ခန့် ငြိမ်သက်နေရာမှ အလန့်တကြား ဖြစ်လာစေသော သတင်းတစ်ပုဒ်ကို မကြာသေး မီက ကြား သိလိုက်ကြရသည်။

ထိုသတင်းကား အမေရိကန်နိုင်ငံမှ ရွေးချယ်ခံ သမ္မတလောင်း ဒေါ်နယ်ထရန့်နှင့် တရုတ်ထိုင်ဝမ်ကျွန်းမှ သမ္မတတို့ တယ်လီဖုန်း စကား ပြောခဲ့ကြသော သတင်း ဖြစ်သည်။

ထိုင်ဝမ်ကျွန်းသည် တရုတ်နိုင်ငံပိုင်နက်နယ်မြေဖြစ်ပြီး တရုတ်နိုင်ငံ နှင့် ရေပြင်သာခြားနေသော ဒေသဖြစ်သည်ဟူသော တရုတ်ပြည်မကြီး၏ ပြောဆိုမှုကို လက်ခံပြီးကတည်းက အမေရိကန်သည် ၁၉၇၉ ခုနှစ်မှ စ၍ ထိုင်ဝမ်ကျွန်းနှင့် အဆက် အသွယ် ပြတ်တောက်သွားခဲ့သည်။

ထိုင်ဝမ်နှင့် တရုတ်တို့ကြား အရေးပါသော အချက်အလက်များ

၁၉၄၉ ခု။  ကွန်မြူနစ်ပါတီ ခေါင်းဆောင် မော်စီတုန်းက ပေကျင်း မြို့၌ တရုတ်နိုင်ငံ၏ အာဏာကို ရယူပြီးနောက် ကွန်မင်တန် တရုတ်မျိုး ချစ် ပါတီ KMT ခေါင်းဆောင် ချန်ကေရှိတ်ကလည်း ထိုင်ဝမ်ကျွန်း၌ အစိုးရအဖွဲ့ ဖွဲ့ခဲ့သည်။

၁၉၇၁ ခု။  ကုလသမဂ္ဂအဖွဲ့ချုပ်၌ အမြဲတမ်းအဖွဲ့ဝင်၊ လုံခြုံရေး ကောင်စီအဖွဲ့ဝင်အဖြစ် ထိုင်ဝမ်ကျွန်း ရရှိထားခဲ့သော နေရာအားလုံးကို တရုတ်ပြည်မကြီး လက်ဝယ်သို့ လွှဲပေးခဲ့သည်။

၁၉၇၉ ခု။ အမေရိကန်နိုင်ငံက တရုတ်ပြည်မကြီးနှင့် သံတမန် ဆက်ဆံရေး ဆက်သွယ်ခဲ့ပြီး တစ်ချိန်တည်းတွင် ထိုင်ဝမ်နိုင်ငံကိုလည်း ကာကွယ်ပေးမည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။

၁၉၉၃ ခု။ ထိုင်ဝမ်နှင့် တရုတ်ပြည်မကြီးတို့ တိုက်ရိုက် ဆက်သွယ်ရန် နေရာကို စင်ကာပူဟု သတ်မှတ်ပြီး ပထမဦးဆုံး ဆက်သွယ်စကားပြောခဲ့ ကြသည်။

၂ဝဝ၅ ခု။ ပေကျင်းအစိုးရ က ထိုင်ဝမ်ကျွန်းသည် ဥပဒေပြင် ပ ရောက်နေသည့် အခြေအနေ မျိုး သတ်မှတ်ကာ ဥပဒေတစ်ခု ပြဋ္ဌာန်း ခဲ့၏။ အဓိကမှာ  ထိုင်ဝမ်က စစ် ရေးအရ ပြန်လည်တုံ့ပြန်မည်ကို စိုးရိမ်၍ ဖြစ်သည်။

၂ဝဝ၈ ခု။ ထိုင်ဝမ်ကျွန်း၌ မရင်ဂျောင်း Ma Ying Jeou ဆိုသူ သမ္မတအဖြစ် အရွေးခံရသည့်အခါ နှစ်နိုင်ငံအကြား အဆင့်မြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

တရုတ်နှင့် ထိုင်ဝမ်နှစ်နိုင်ငံ ဆက်ဆံရေးသည် သမ္မတ မရင် ဂျောင်း လက်ထက်၌ တိုးတက် ကောင်းမွန်ခဲ့သည်။ ကွန်မင်တန် ပါတီက မရင်ဂျောင်းသည် ပေ ကျင်း ဘက်တော်သားဟု သတ် မှတ်ထားသည်။

၂ဝဝ၉ ခု၊ ဇူလိုင်လ၌ နှစ် နိုင်ငံခေါင်းဆောင်များ နှစ်၆ဝ အတွင်း  ပထမဦးဆုံးအကြိမ် တိုက် ရိုက်ဆက်သွယ်ကြသည်။ ပုံစံမှာ ပါတီ အချင်းချင်း အပြန်အလှန် လေးစားသည့် အဓိပ္ပာယ်သာဖြစ် ပြီး နိုင်ငံခေါင်းဆောင်အချင်းချင်း ဆက်ဆံသည့် အသွင်အပြင်မျိုးမ ဟုတ်ခဲ့ပေ။

 နောက်တစ်နှစ်အကြာ၌ ထို နှစ်နိုင်ငံတို့သည် သမိုင်းတွင်သော ကုန်သွယ်မှုသဘောတူ စာချုပ်တစ် ခု လက်မှတ်ရေးထိုးနိုင်ခဲ့၏။

မည်သို့ပင်ဖြစ်စေ သတင်း သမားများ၏ ခန့်မှန်းမှုများအရ တရုတ်ပြည်မကြီး၏ လွှမ်းမိုးလာမှု အပေါ် ထိုင်ဝမ်ကျွန်းသူကျွန်းသား များက မကျေမနပ်ဖြစ်နေကြသည် ဟူသော သတင်းများ ပျံ့နှံ့လာ သည်။

ပြီးခဲ့သည်နှစ်ကမူ ဒေသ ဆိုင်ရာ ရွေးကောက်ပွဲများ၌ ကွန် မင်တန် KMT ပါတီက အလဲလဲ အပြိုပြိုနှင့် ရှုံးနိမ့်ခဲ့သည်။ ယင်းသို့ ရှုံးနိမ့်ရခြင်းမှာ သမ္မတ မရင် ဂျောင်းသည် တရုတ်နိုင်ငံနှင့် အလွန်နီးကပ်စွာ ဆက်ဆံခဲ့၍ ဖြစ် သည်ဟု လူအများက သဘော ပေါက် ကြသည်။

 နောက်နှစ်၌ သမ္မတ မရင် ဂျောင်းသည် သက်တမ်းနှစ်ခု တာဝန်ယူပြီးသွားသည်။ ၂ဝ၁၅ ခုနှစ်ကုန်ပိုင်း၌ KMT ပါတီက ဇန်နဝါရီလ ၌ ပြုလုပ်မည့် သမ္မတ ရွေးကောက်ပွဲအတွက် ကိုယ်စား လှယ်လောင်း တင်မည်မဟုတ်ဟု ကြေညာခဲ့သည်။ အဘယ်ကြောင့် ဆိုသော် လူအများဆန္ဒကောက်ယူ ကြည့်ရာ၌ KMT ပါတီအပေါ် ထောက်ခံသူ အလွန်နည်းပါးနေ၍ ဖြစ်၏။

ကမ္ဘာပေါ်တွင် ထိုင်ဝမ်ကျွန်း နှင့် ပုံမှန်သံတမန် ဆက်ဆံနေ သည့် နိုင်ငံဆို၍ ကုလအဖွဲ့ဝင် နိုင်ငံများထဲ၌ ၂၁ နိုင်ငံသာရှိ၏။

ထိုင်ဝမ်သည် ကုလသမဂ္ဂ၌ အဖွဲ့ဝင်အဖြစ် ဆုံးရှုံးခဲ့သည်မှာ ၁၉၇၁ ခုနှစ် ကတည်းကဖြစ်ပြီး နှစ်စဉ် အဖွဲ့ဝင်အဖြစ် ပြန်လည် ရရှိရန် ကြိုးပမ်းခဲ့ရာ မအောင်မြင် ခဲ့ပေ၊ ကုလသမဂ္ဂ၌ ပိတ်ဆို့ခံထား ရ၍ ဖြစ်ပါ၏။

၂ဝ၁၅ ခုနှစ်က ထိုင်ဝမ်နှင့် တရုတ်နှစ်နိုင်ငံတို့ သမိုင်းတွင် သော ထိပ်သီးတွေ့ဆုံမှု  စင်ကာပူ ၌ ပြုလုပ်

ထိုင်ဝမ် သမ္မတ မရင်ဂျောင်း နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင်ဖိန် တို့ နှစ်ဦးတွေ့ဆုံမှုသည် နှစ် ၆ဝ ကျော်ကြာပြီးနောက်ပိုင်း ပထမဦး ဆုံး  တွေ့ဆုံသော ခေါင်းဆောင် များဖြစ်သည်။

 နှစ်ဘက်စလုံးမှ သတင်းထုတ် ပြန်ရာ၌ ထိုင်ဝမ် ရေလက်ကြား ဆက်ဆံရေးဖြစ်၍ ထိုအရေးကိစ္စ ကိုသာ အလေးထား ဆွေးနွေးကြ သည်ဆို၏။

တရုတ်နိုင်ငံကမူ ထိုင်ဝမ် ကျွန်းသည် တရုတ်နိုင်ငံပိုင်ဖြစ်ပြီး ရေခြားနေ၍သာတစ်ဒေသစီ ဖြစ်နေကြသည်။ မကြာမီ ပြန် လည် ပေါင်း စည်းနိုင်တော့မည်ဟု ကြေညာသည်။

 နှစ်နိုင်ငံ ဆက်ဆံရေးက လည်း သမ္မတမာ ထိုင်ဝမ်ကျွန်း၌ အာဏာရလာကတည်းက တိုး တက်လာခြင်းဖြစ်ပါ၏။

တရုတ်အစိုးရက စိုးရိမ်ပူပန် နေသည့် ကိစ္စမှာ ထိုင်ဝမ်ကျွန်းက လွတ်လပ်ရေး ကြေညာ၍ အင် အားကြီးမားလာမည်ကို ဖြစ်  သည်။

ထိုင်ဝမ်ကျွန်းမှ ပြောရေးဆို ခွင့်ရှိသူ ချန်ယီရှင်းက သမ္မတ မာ၏ ဦးတည်မှုမှာ ထိုင်ဝမ်ရေ လက်ကြားသည် ရှိရင်းစွဲ အခြေ အနေမှ ပိုမိုတိုးတက်သော ငြိမ် ချမ်းမှုရှိရေးသာ ဖြစ်ရမည်ဟူသော အယူအဆကို အခြေခံထားသည် ဟု ဆို၏။

တိုင်ပေ အခြေစိုက် BBC သတင်းသမား စင်ဒီဆူးက သုံး သပ်ရာ၌ -

သမ္မတနှစ်ဦးတွေ့ဆုံမှုကို ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲမ ကျင်းပမီ သုံးလစော၍ ပြုလုပ်ခြင်း သည် တရုတ်နိုင်ငံက ကုန်လွန်ခဲ့ သည့် နှစ်များအတွင်း လွတ်လပ် လိုသည့် ပါတီဖြစ်သော အတိုက် အခံပါတီမှ သမ္မတလောင်း အနိုင် ရသွားမည်ကို စိုးရိမ်ဟန် ရှိနေသော ကြောင့် ဖြစ်သည်။ မဲကြိုကောက်ခံ သည့် စာရင်းအရ အမျိုးသမီး ဆိုင် အင်း Tsai Ing က ဦးဆောင်နေ သည့်အတွက် ထိုအမျိုးသမီး အ ရွေးခံရမည်ကို တရုတ်က ပူပန် လျက်ရှိနေ၏။

သမ္မတလောင်း ဆိုင်အင်းက လည်း တရုတ်နိုင်ငံ ခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ် ခေါ်ထားသည်။ သို့သော် ပေကျင်း က ထိုအမျိုးသမီးနှင့် တွေ့ဆုံရန် ငြင်းဆန်နေ၏။ အဘယ်ကြောင့် ဆိုသော် ဆိုင်ကို သူတို့က မယုံ ကြည်သောကြောင့်ဟု သတင်း သမားများက သုံးသပ်ကြသည်။

ဆိုင်သည် ပြီးခဲ့သည့် အစိုးရ လက်ထက်၌ တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုးတက်ရန်ဆိုသည့် ဝန်ကြီးဌာနကို တာဝန်ခံကိုင်တွယ် ခဲ့သူဖြစ်၏။ ပေကျင်းက ထိုအချိန် ကတည်းက ဆိုင်ကို မကျေနပ်ခဲ့ ပေ။ အဘယ်ကြောင့်ဆိုသော် ဆိုင်က လုပ်ငန်းကို လွတ်လပ်စွာ လုပ်လိုသည့် လက္ခဏာများ ပြသ ခဲ့၍ ဖြစ်သည်။

သမ္မတရှီက ထင်မှတ်ခဲ့သည် မှာ သူသည်ထိုင်ဝမ်ကျွန်းမှ မဲဆန္ဒ ရှင်များကို ဆွဲဆောင်နိုင်မည်ဟု ယုံ ကြည်ထားသည်။ သို့သော် သူ သည်သာ တန်ပြန်အလုပ်ခံခဲ့ရ သည်။ အချို့သော မဲဆန္ဒရှင်များ က တရုတ်ပြည်မကြီးနှင့် ဆက်ဆံ ရေးကို  ယခင်အတိုင်းရှိလိုခဲ့ သည်။ အချို့ကလည်း ထိုင်ဝမ်ကျွန်းအ ပေါ် ပေကျင်း၏ လွှမ်းမိုးလာမှုကို စိုးရိမ်ကြသည်။ ထိုကြောင့်ပင် သမ္မတ မာရင်ဂျောင်း၏ ပါတီမှ သမ္မတ အရွေးခံရမည်ကိုပင်စိုးရိမ် နေ၏။

သို့ဖြစ်၍ နှစ်နိုင်ငံခေါင်း ဆောင်များသည် အလွန် သိမ်မွေ့ သော အပြုအမူ၊ လုပ်ရပ်များဖြင့် နှစ်နိုင်ငံတွေ့ဆုံမှုကို မျှော်လင့်ထား ကြသည်။ ထိုင်ဝမ်သမ္မတ မာ၏ ရုံးကလည်း မည်သည့် သဘောတူ ညီချက်မှ လက်မှတ်မထိုး၊  နှစ် နိုင်ငံ ပူးတွဲကြေညာချက်လည်း ထုတ်ပြန်မည် မဟုတ်ဟု သတင်း ထုတ်ပြန်သည်။

သမ္မတ မာက ရှီနှင့် စင်ကာပူ တွင် တွေ့ဆုံပြီး လေးရက်အကြာ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်သည်။ ဆွေးနွေးပွဲ၌ သူဆုံးဖြတ်ချက်ချ ထားသည့် အရာများကို ထုတ်ပြန် သည်။

အချက်အားလုံးသည် ထိုင်ဝမ်ကျွန်း၏ ကိစ္စရပ်များနှင့် ပတ်သက်၍ သူမျှော်လင့်ထားသည့် ကိစ္စရပ်များ ကို အသေးစိတ်ဖော်ပြ ထားခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ Xinhua သတင်း ဌာနက နှစ်ဘက်နိုင်ငံများကြား အမြင်ချင်းဖလှယ်ပြီး နှစ်နိုင်ငံ ရေ လက်ကြား ငြိမ်းချမ်းစွာ နေထိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ် နိုင်ငံဆက်ဆံရေး ကိစ္စရပ်များဖြစ် သည်ဟု ဖော်ပြခဲ့သည်။

၂ဝ၁၄ ခုနှစ်က ထိုင်ဝမ်နိုင်ငံ မှ ကျောင်းသူ ကျောင်းသားများက တရုတ်နှင့် ကုန်သွယ်မှု သဘောတူ ညီချက်အပေါ် မကျေနပ်ကြ၍ ဆန္ဒပြခဲ့ကြသည်ကို သတင်းဌာန များက ဖော်ပြသည်။

 ပေကျင်းအခြေစိုက် BBC သတင်းသမား ဂျွန်ဆုဝပ်က ဖော် ပြသည်မှာ နှစ်နိုင်ငံဆက်ဆံမှုအ တွက် ထူးခြားသော လက္ခဏာ တစ်ခု အဖြစ် မြင်တွေ့ရမည့် ရှည် ကြာသော သံတမန် ဆက်ဆံရေး ၏ ထူးခြားမှုတစ်ခုဟု ဆို၏။

ဘက်နှစ်ဘက်ကြား ဆက်ဆံ ရေးများအားလုံး အကန့်အသတ် နှင့် ဖြစ်သည်။ တရုတ်နိုင်ငံက မည်သို့သော အကြောင်းကြောင့် မသိ၊ ထိုင်ဝမ်ကို တန်းတူသဘော မျိုးမထားနိုင်သည်ကို တွေ့ရသည် ဟု သတင်းသမားက ဖော်ပြသည်။
ခေါင်းဆောင် နှစ်ဦးလုံးက မိန့်ခွန်း ပြောကြသည်။  မစ္စတာရှီနှင့် မစ္စတာ မာဟူ၍သာ ဖော်ပြသည်။ သမ္မတဟူသော စကားလုံးကို မသုံး ခဲ့ပေဟု တရုတ်အစိုးရ တာဝန်ရှိသူ တစ်ဦးက သုံးသပ်၏။

ထိုဖြစ်ရပ်များအပေါ် အမေရိ ကန် သမ္မတအိမ်ဖြူတော်မှ ပြော ရေးဆိုခွင့်ရှိသူ ဂျို့စ်ဘာနက်က အမေရိကန်နိုင်ငံအနေနှင့် တင်း မာမှုများ လျော့ကျရေးအတွက် မည်သို့သော ခြေလှမ်းဖြစ်စေ၊ အမေရိကန်နိုင်ငံက ကြိုဆိုသည်။ ထို့ပြင် နှစ်ဘက်ဆက်ဆံရေး တိုး တက်ခြင်းအတွက်လည်းဖြစ်သည်။          

''ကျွန်တော်တို့အနေနဲ့ စောင့် ကြည့်နေတာကတော့ ဒီတွေ့ဆုံမှုမှာ ဘာတွေက အမှန်တကယ် ထွက် ပေါ်လာမလဲ ဆိုတာပါ ပဲ''ဟု ပြော ခဲ့၏။

ပြောင်းပြန်လှန်ပစ်မည့် သမ္မတလောင်း ဒေါ်နယ်ထရန့်

 နိုဝင်ဘာလ ရွေးကောက်ပွဲ၌ ဒီမိုကရက်တစ်ပါတီမှ သမ္မတ ကလင်လန်၏ ဇနီး၊ လက်ရှိသမ္မတ အိုဘားမားနှင့် ယှဉ်ပြိုင်သမ္မတ အရွေးခံခဲ့သူ၊ သမ္မတ အိုဘားမား လက်ထက်၌ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် တာဝန်ယူခဲ့သူ၊ အမေရိ ကန်နိုင်ငံ၏ ရှေ့နေလောက၌ အထင်ကရ ရှေ့နေကြီးတစ်ဦးဖြစ် သူ စသည့် ဂုဏ်ပုဒ်များနှင့် ပြည့် နေသည့် ဟီလာရီကလင်တန်ကို ယှဉ်ပြိုင်ခဲ့သည့် ရီပတ်ပလိကင် ပါတီမှ သူကြွယ်ကြီးလည်း ဖြစ်၊ အရာရာကို လွယ်လွယ်ကူကူ ဆုံးဖြတ်၊ လွယ်လွယ်ကူကူ စကား ပြောသည့်သူ၊ အခြား အခြားသော နိုင်ငံရေး သမားများနှင့် လုံးဝ လုံးဝ မတူသည့် စီးပွားရေး သမားကြီး ဒေါ်နယ်ထရန့်တို့နှစ်ဦး ယှဉ်ပြိုင် သည့် အမေရိကန် သမ္မတ ရွေး ကောက်ပွဲကြီးက အလွန်ကြည့် ကောင်းသည့် ပွဲဖြစ်ခဲ့သည်။

သူကြွယ်ကြီး ထရန့်က စီးပွား ရေးသမားပီပီ၊  စကားကို ထင်ရာ ပြောသည်။ ပြောသင့် မပြောသင့် ချင့်ချိန်မနေသူ၊ စိတ်ထဲရှိရာပြော သည်။ သူ့စကားလုံးများက တုံးတိ တိ။

ဟီလာရီက သမ္မတက တော်လည်းဖြစ်ဖူးသူ၊ နိုင်ငံခြားရေး ဝန်ကြီးရာထူးဖြင့် သမ္မတ သက် တမ်းတစ်ခုကြာ တာဝန်ယူဖူးသူ ဖြစ်၍ အကြောင်းအရာကို ရွေး သည်။ စကားလုံး ရွေးသည်။ ချင့် ချိန်ပြောသည်။ အရာရာ သတိ ကြီးစွာ ထားပြောသည်။

 ထိုသမ္မတလောင်းနှစ်ဦး၏ ပြိုင်ပွဲသည် တစ်ဖက်သတ်မဖြစ်။

 ဒေါ်နယ်ထရန့်၏ စကားလုံး များက ဗုံးဖောက်သည့်နှယ် ကြားရ သူတိုင်း မျက်လုံးပြူး မျက်ဆံပြူး အံ့သြကြသည်။ ဟီလာရီကလင် တန်က ရှေ့နေ ပီပီ စကားလုံး ရွေး သည် အကြောင်းအရာရွေးသည်။ သို့သော် ထိမိသည်။

သို့သော် ပြည်သူနှင့် ဆင်းရဲသားအများစုက ထရန့်ကို နှစ် သက်သည်။ သူတို့ဘဝနှင့် နီးစပ် သည့် စီးပွားရေးသမားကုန်သည် ဖြစ်နေ ၍ လူအများနှင့် စကားပြော ရန် ထရန့်က ရင်း နှီးပြီးဖြစ်သည်။

သမ္မတလောင်း ထရန့်၏ အ ပြောအဆို အပြုအမူများသည် ယခင့် ယခင် အမေရိကန် သမ္မတ များနှင့် လုံးဝမတူ။ ဤသို့ မတူကွဲ ပြား တစ်မျိုး တစ်ဘာသာဖြစ်နေ ခြင်းကြောင့်ပင် သူ၏ ရွေးကောက် ပွဲ မဲဆွယ်ပွဲများ၌ လုံးဝထင်ရှား လာခဲ့သည်။

ယခု သမ္မတအဖြစ် အရွေးခံ ရပြီး သမ္မတအဖြစ် ကျမ်းပင်မ ကျိန်ဆိုရသေး၊ သမ္မတအဖြစ် တရားဝင် ရာထူးမခန့်အပ်ခံရသေး မီမှာပင် ထရန့်သည် အမေရိကန် သမ္မတများ အဆက်ဆက် ပြုလုပ် ခြင်းမရှိသည့် အပြုအမူ တစ်ခု ပြုလုပ်ပြလိုက်ပြန်သည်။

ထိုအရာမှာ တရုတ်နိုင်ငံ က နိုင်ငံစာရင်းထဲ၌ပင် မထည့် သွင်းသော၊ ကုလသမဂ္ဂ အဖွဲ့ဝင် အဖြစ်မှ နုတ်ပယ်ခြင်းခံထားရ သော ထိုင်ဝမ်ကျွန်းမှ ခေါင်း ဆောင်၊ တရုတ်ပြည်မကြီးနှင့် ဆီ နှင့် ရေပမာ ကွာခြားသော ခေါင်း ဆောင်၊ တရုတ်ခေါင်းဆောင်များ က ကြည့်မရသော ထိုင်ဝမ်ခေါင်း ဆောင် ဆိုင်ထံ ဖုန်းဆက်လိုက် ခြင်းကြောင့် ကမ္ဘာတစ်လွှားမှ နိုင်ငံ အားလုံး အံ့အားသင့်သွားကြ သည်။ ထရန့်အစိုးရသစ်သည် တရုတ် ပြည်မကြီးနှင့် ဆက်ဆံနေရာမှ လမ်းလွှဲသွားပြီလားဟုပင် တွေးဆ စရာ ဖြစ်လာရတော့သည် ဟု အိန္ဒိယနိုင်ငံမှ နိုင်ငံတကာဆိုင် ရာများ အထူးပြုလေ့လာသည့် Jmdal ကျောင်းမှ ဌာနအကြီးအကဲ ပါမောက္ခ Sreeram Chaulia က Nikkei Asia Review ၌ ဆောင်း ပါးတစ်ပုဒ်ရေးခဲ့သည်။

ပါမောက္ခ Sreeram Chaulia က ရေးသားရာ၌ 'ထရန့်၏ ယင်း သို့သော အပြုအမူသည် အမေရိ ကန် အစိုးရသစ်သည် မူသစ်တစ်ခု သို့ ပြောင်းသွားပြီဆိုသည်ကို ပြသ လိုက်ခြင်းဖြစ်သည်။ ပေကျင်း အ စိုးရသည်လည်း ထိုနေ့ညက တုန် လှုပ်သွားပုံရသည်။ အမေရိကန် နိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေး လမ်းကြောင်းသည် ပြောင်းသွား၍ သာ ထိုင်ဝမ်သမ္မတဆိုင်းထံသို့ တိုက်ရိုက် ဆက်သွယ်ခြင်းဖြစ်သည်။ ထို့ပြင် သမ္မတ ဆိုင်း၏ နိုင်ငံသည် နိုင်ငံတကာက အသိအ မှတ်ပြုထားသော နိုင်ငံတစ်ခု ၏ ခေါင်းဆောင် အဖြစ် လည်း ပြောဆို ခဲ့သည်'ဟု ဖော်ပြထား၏။

တိုင်ပေနှင့် ပေကျင်းအစိုးရ နှစ်ခုကြား ဆက်ဆံရေး အဖုအ ထစ်ရှိခဲ့သည်မှာ ၁၉၇ဝ ခုနှစ်များ ကတည်းက ဖြစ်သည်။ ဝါရှင်တန် ကလည်း ထိုစဉ်ကတည်းက တိုင် ပေနှင့် ဆက်ဆံရေး ပြတ်တောက် သွားခဲ့သည်။

အထက်ပါ ထရန့်၏ အပြုအ မူသည် အမေရိကန် သမ္မတသစ် ဖြစ်လာမည့် ထရန့်အပေါ် တရုတ် နိုင်ငံက ယုံကြည်ထားမှုများကို ထိုး နှက်လိုက်သည့် အလား။ အမေရိ ကန် သမ္မတ တစ်ယောက်၊ သူတို့ အနေနှင့် ယှဉ်ပြိုင်ဘက်နိုင်ငံမှ သမ္မတသည် ကိုင်တွယ် ရလွယ်ကူ သည်ဟု ထင်ထားသမျှ ရေစုန် မျောသွားခဲ့ပြီဖြစ်ကြောင်း ပြသ လိုက်ခြင်းပင်။

တရုတ်ကွန်မြူနစ်ပါတီအ နေနှင့် သူတို့၏ အသည်းနှလုံးထဲ သံမှိုစွဲထားသည့် ပမာရှိနေသည့် အရာနှစ်ခုရှိပါ၏။ ထိုနှစ်ခုမှာ ထိုင်ဝမ်နှင့် တိဘက် အရေးကိစ္စ များဖြစ်သည်။ ယင်းကိစ္စနှစ်ခုက လည်း တရုတ်နိုင်ငံကို သမိုင်းတွင် စေသော သင်္ကေတနှစ်ခုဖြစ် သည်။ နိုင်ငံတစ်ခု၏ နယ်မြေပိုင်ဆိုင်မှု နှင့်လည်း ပတ်သက်ဆက်နွယ်နေ သည်။

 ပေကျင်းအစိုးရသည် နိုင်ငံ တကာ ဆက်ဆံရေးများ၌  အခြား နိုင်ငံ တစ်ခုခုက ထိုင်ဝမ်နိုင်ငံ အပေါ် အသိအမှတ်ပြုဆက်ဆံ လာသည့်အခါ၊ တိဘက်နိုင်ငံအ ရေးအပေါ် ပြောဆိုလာသည့်အခါ များ၌ ဆတ်ဆတ်ထိမခံ။ ထိုင်ဝမ် ဆိုသည်မှာ ရေပြင်ခြား ၍ ခေတ္တခဏ အလှမ်းကွာဝေးနေသည့် တရုတ် နိုင်ငံပိုင်၊ တိဘက်ဆိုသည်မှာ တရုတ်နှင့် တစ်ပေါင်းတည်း၊ မည် သို့မှ ခွဲခြားမရသည့် အရပ်ဒေသ၊ တရုတ်နိုင်ငံပိုင်နယ်မြေ စသည့် စကားလုံးများသုံး၍ ဖြေရှင်းလေ့ ရှိသည်။

သမ္မတလောင်း ထရန့်ပြသ လိုက်သော အပြုအမူသည် အမေ ရိကန်နိုင်ငံခြားရေး မူဝါဒဖြစ် သော၊ တရုတ်နိုင်ငံ၏ အလွန်အကဲ ပါသော ကိစ္စများနှင့် ပတ်သက်၍ မတို့မထိရေး မူဝါဒဖြစ်သော တရုတ်တစ်နိုင်ငံတည်းမူကို မေး ခွန်းထုတ်နေခြင်းဖြစ်၏။

သို့ဖြစ်၍ အမေရိကန်နှင့် အာရှဒေသရှိ နိုင်ငံခြားရေး မူဝါဒ ကျွမ်းကျင်သူများပင် ထိုင်ဝမ်မှ သမ္မတ ဆိုင်းထံ ထရန့်က ဖုန်း ဆက်လိုက် သည့်ဖြစ်ရပ်ကို ကြားရ သည်နှင့် ရုတ်ခြည်းအံအားသင့် ကာ တုန်လှုပ် သွားကြရခြင်းဖြစ် သည်။

တစ်ဆက်တည်း၌ပင် ထရန့် က အမေရိကန်အနေနှင့် ထိုင်ဝမ် နိုင်ငံကို အဆင့်မြင့် စစ်ရေးနည်း ပညာပါ ရောင်းချပေးမည်ဟု ပြော ခဲ့ခြင်းကလည်း တစ်ကြောင်းဖြစ် နေပါ၏။

ထရန့်အနေနှင့် ဆိုင်ထံ ဖုန်း ဆက်၍ သတင်းစကားပြောခြင်း သည် တရုတ်နိုင်ငံကို တုံ့ပြန်လိုက် ခြင်းဖြစ်သည်။ မည်သူနှင့်မှ စကား ပြောရမည်။ မည်သူ့ကို စကားမ ပြောရဆိုသော အမူအကျင့်မျိုးလာ ၍ ညွှန်ကြား၍မရကြောင်း၊ ပေ ကျင်းသည် မိမိသတ်မှတ်ထား သောနေရာ၊ စည်းဝိုင်းအတွင်းထဲ၌ သာနေ၊ ဘာမဟုတ်သည့် အရာ များ လာရောက် ပြောဆိုခြင်းမျိုး ရှောင်ရှားရန် သတိပေးခြင်းလည်း ဖြစ်ကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်သည်ဟု ဝါရှင်တန်ရှိ ခွဲခြမ်း စိတ်ဖြာ လေ့လာသုံးသပ်သူများ အ ပါအဝင် အာရှဒေသမှ သုတေသီ များကပါသုံးသပ်ကြသည်။

ထိုအကြောင်းအရာထဲ၌ ထရန့် ပြသလိုက်သည်မှာ ထရန့် အနေနှင့်  တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားကို လက်ခံမည့် ကိစ္စမျိုး၌ တရုတ်က ပါဝင် စွက် ဖက်ခြင်း မပြုရန်လည်း ကြိုတင် ပိတ်ဆို့လိုက်ဟန် တူနေသည်။

ထရန့်က ပြသလိုက်သည့် နောက်အချက်တစ်ခုမှာ သံတမန် တို့လိုက်နာလေ့လိုက်နာအပ်သော၊ အလွန်တိကျသေချာ သပ်ရပ်မှုများ ၏ အပြင်ဘက်၌ သူရှိနေကြောင်း၊ တရုတ်နိုင်ငံနှင့် ဆက်သွယ်ရန်မှာ အလွန်သပ်ရပ်လှပသည့် တည်ငြိမ် တိကျမှုများဆိုသည့် စည်းမျဉ်းစည်းကမ်းကိုလည်း ဆွဲဖြဲပစ်လိုက်သည့်ပမာ၊ သူ့ပြုလုပ်ချက်သည် တရုတ်နှင့် တည်ငြိမ်အေးချမ်း သော နှစ်နိုင်ငံ ဆက်ဆံရေး ကို တန့်သွားစေရန် ဖြစ်သည်။

တရုတ်နိုင်ငံကို သူပေးလို သည့် သတင်းစကားမှာ သူ့အနေ နှင့် သူအလိုရှိသည့်အခါ ပေကျင်း ကိုလည်း ဆန့်ကျင်ကောင်းဆန့် ကျင်မည်ဆိုသည့် သတင်းစကား ဖြစ်ပါ၏။

စိုးမင်းဦး
Source; Nikkei Asia Review BBC. Reuters Bloomberg News AP. AFP.

စိုးမင်းဦး
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.