19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
အဂတိလိုက်စားမှု တိုက်ဖျက်ရေး လွတ်လပ်သော တရားစီရင်ရေး ရှိမှ အောင်မြင်မည်

ကြားသိရသော နောက်ဆုံး သတင်းများအရ အဂတိလိုက် စားမှုများနှင့် ပတ်သက်ပြီး တိုင်ကြားစာပေါင်း ၂၄၇၈ ရှိသည်ဟု သိရသည်။ ယင်းတိုင်ကြားစာများထဲတွင် အများဆုံးတိုင်ကြားမှု ဖြစ်ပေါ်သည့် ဒေသသည် ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး အစိုးရ ဌာနဆိုင်ရာများကို အများဆုံးတိုင်ကြားထားခြင်းလည်းဖြစ်သည်။ ထို့ပြင် ယင်းတိုင်ကြားစာများအနက် အုပ်ချုပ်ရေးဆိုင် ရာ လွဲမှားဆောင်ရွက်ခြင်းများနှင့် မြေယာကိစ္စများကို အများဆုံးတိုင်ကြားထားသည့် တိုင်ကြားစာများ ပါဝင်နေသည်ဟု လည်း မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ဒီဇင်ဘာလအတွင်း နောက်ဆုံး ထုတ်ပြန်ချက်အစီရင်ခံစာအရ သိရ သည်။

ထုတ်ပြန်ချက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော် မရှင် စတင်ထူထောင်ချိန်မှ ၂ဝ၁၆ ခုနှစ် အောက်တိုဘာကုန် အထိ တိုင်ကြားစာပေါင်း ၂၄၇၈ စောင် ရရှိရာတွင် ဌာနဆိုင်ရာ ကိစ္စများကို တိုင်ကြားမှု ၆၉၃ စောင်အထိ ရှိပြီး၊ အဂတိလိုက် စားကြောင်း ဖော်ပြတိုင်ကြားခြင်း (တာဝန်ပေးခြင်း အပါအဝင်) က ၅၅ စောင်အထိ ရှိသည်ဟုဆိုသည်။ ထို့ပြင် အုပ်ချုပ်ရေး ဆိုင်ရာ၊ စီမံခန့်ခွဲရေးဆိုင်ရာ လွဲမှားဆောင်ရွက်မှုကို တိုင်ကြားမှု ၄၉၈ စောင်ရှိပြီး၊ မြေယာကိစ္စ (လယ်ယာမြေ စီမံခန့်ခွဲရေး အပါအဝင်) တိုင်ကြားမှုက ၄ဝ၂ စောင်အထိရှိသည်။ သည့် ပြင်လည်း မြေယာသိမ်းဆည်းခံရမှုနှင့် ပတ်သက်ပြီး တိုင်ကြားမှု ၁၃ဝ စောင်၊ တရားမမှု ၁ဝ၇ စောင် ၊ ပြစ်မှုဆိုင်ရာနှင့် ပတ် သက်ပြီး အစောင် ၇ဝ၊ တရားစီရင် ရေးနှင့် ပတ်သက်သည့် တိုင်ကြားမှု ၂၉၂ စောင်၊ အလွဲသုံးစားမှုနှင့် ပတ်သက်ပြီး ၅၄ စောင်၊ ပုဂ္ဂိုလ် ရေးဆိုင်ရာနှင့် ပတ်သက်ပြီး ၁၆၄ စောင်နှင့် တိုင်ကြားပြီးမှ ပြန်လည် ရုပ်သိမ်းသော တိုင်ကြားစာ ၁၃ စောင်ရှိသည်ဟု ဖော်ပြထားသည်။ ဆက်လက်ပြီး ယင်းတိုင်ကြား စာ ပေါင်း ၂၄၇၈ စောင်တွင် ရန်ကုန် တိုင်းဒေသကြီးက တိုင်ကြားမှု ပေါင်း ၆၆၁ စောင်ဖြင့် အများဆုံး တိုင်ကြားထားပြီး၊ မန္တလေးတိုင်း ဒေသကြီးက တိုင်ကြားစာ ၄၂ဝ စောင်၊ မကွေးတိုင်းဒေသကြီးက ၇၇ စောင်၊ စစ်ကိုင်းတိုင်းဒေသကြီးက ၂၅၉ စောင်၊ တနင်္သာရီတိုင်း ဒေသကြီးက ၁၇ စောင်၊ ပဲခူးတိုင်း ဒေသကြီးက ၂၈၄ စောင်၊ ဧရာဝတီ တိုင်းဒေသကြီးက ၂၇၁ စောင်၊ နေပြည်တော် ကောင်စီနယ်မြေက ၈၄ စောင်ရှိသည် ဟု ဖော်ပြထားသည်။ ယင်းနောက် ပြည်နယ်အလိုက်တိုင်ကြားမှုကို ဖော်ပြထားရာတွင် ကချင်ပြည်နယ်က ၂၈စောင်၊ ကယားပြည် နယ် က ငါးစောင်၊ ကရင်ပြည်နယ်က ၂၄ စောင်၊ ချင်း ပြည်နယ်က ၁၉ စောင်၊ မွန်ပြည် နယ်က ၁၂၉ စောင်၊ ရခိုင်ပြည် နယ်က အစောင် ၄ဝ၊ ရှမ်းပြည် နယ်က အစောင် ၁၆ဝ အထိ ရှိခဲ့ သည်။

ယင်းထုတ်ပြန်ချက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် ထပ်မံအသိ ပေးထားချက်ကိုလည်း ဖော်ပြထား ပါသေးသည်။

အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ကော်မရှင်သို့ တိုင်ကြားရာတွင် နစ်နာသူများအနေဖြင့် တိုင်ကြားမှု များထိရောက်စေရန် တိုင်ကြားစာ ၌ မဖြစ်မနေပါဝင်ရမည့် အချက် များ မပါမဖြစ်ပါဝင်အောင် ထည့် သွင်းတိုင်ကြားကြရမည်ဖြစ်ကြောင်း၊ မိမိတို့ တိုင်ကြားမည့် အဂတိလိုက် စားမှုသည် ၂ဝ၁၃ ခုနှစ် စက် တင်ဘာ ၁၇ ရက်၏ နောက်ပိုင်း ဖြစ်သော အဂတိလိုက်စားမှုဖြစ် စဉ်များ သာ ဖြစ်ရမည်ဖြစ်ကြောင်း၊ လိုအပ်သည့် စုံစမ်းမှုများ ပြုလုပ်ရာ တွင် အထောက်အကူဖြစ်စေရန် အဂတိလိုက် စားကြောင်း ပြင်ပ တွင် ကြားသိနေရသည့် ပြင်ပသိ၊ ပတ် ဝန်းကျင်တွင် လူအများပြောနေကြ သည့် သတင်းကြားအသိတို့ဖြင့် တိုင်ကြားခြင်းမပြုရန် လိုကြောင်း၊ အရေးကြီးသည့် သက်သေခံချက် များ ပါရှိရန်လိုကြောင်း၊ စုံစမ်းစစ် ဆေးရမည့် ကိစ္စပါဝင်ပါက အမှန် တကယ်နစ်နာသူ ဟုတ်မဟုတ်၊ သိရှိနိုင်ရန်နှင့် လိုအပ်ပါက ခေါ်ယူ ဆက်သွယ်မေးမြန်းနိုင်ရန်၊ အခြားသူ အမည်အား အလွဲသုံးစားပြုလုပ် တိုင်ကြားခြင်းမှ ကြိုတင် ကာကွယ်နိုင်ရန် တိုင်ကြားသူ၏ လက်မှတ်၊ အမည်၊ မှတ်ပုံတင် အမှတ် (နိုင်ငံသား စိစစ်ရေး ကတ် ပြား အမှတ်) နှင့် မိတ္တူတို့ မဖြစ်မ နေ ထည့်သွင်းဖော်ပြတိုင်ကြားရန် လိုကြောင်း၊ ကော်မရှင်သို့ မိတ္တူ ပေးပို့ တိုင်ကြားခြင်း မပြုရန်လည်း လိုကြောင်း၊ တိုင်ကြားစာကို ကော် မရှင်သို့ တိုင်ကြားရာတွင် မိတ္တူ သာ ပေးပို့ပါက ကော်မရှင်အနေ ဖြင့် အရေးယူဆောင်ရွက်နိုင် မည် မဟုတ်သဖြင့် တိုင်ကြားစာမူရင်း ကိုသာ ကော်မရှင်သို့ လိပ်မူပြီး တိုက်ရိုက်တိုင်ကြားရန်လိုကြောင်း ထပ်မံအသိပေးနှိုးဆော် ထားသည်။

ဆိုလိုသည်မှာ နိုင်ငံတော် သမ္မတရုံး သို့မဟုတ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဝန်ကြီး ရုံးသို့ ဦးတည်တိုင်ကြားထား ပြီး ကော်မရှင်သို့ မိတ္တူပေးပို့ခြင်းကို လက်မခံ၊ အရေးယူ ဆောင်ရွက် ပေးခြင်းမရှိဟု ဆိုလိုခြင်းဖြစ်သည်။ ကျန်သည့် အချက်များ ကတော့ ကော်မရှင် သို့ ဦးတည်တိုင်ကြား စာရေးပို့တော့မည်ဆိုလျှင် တိုင် ကြားသူက မဖြစ်မနေလိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များဟု နားလည်နိုင်သည်။ အဂတိ လိုက်စားမှုနှင့် ပတ်သက်ပြီး တိုင် ကြားနိုင်ရန် တိုင်ကြားစာများ လက်ခံရာဌာန အဖြစ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မ ရှင်ရုံးကို သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် ၂ဝ၁၄ ခုနှစ် မတ် ၁ဝ ရက် ကတည်းက နေပြည်တော် ဝဏ္ဏသိဒ္ဓိရပ်ကွက် အားကစား တည်းခိုရေးစခန်း (ယခု နေပြည် တော် အားကစားလေ့ကျင့်ရေး စခန်း) အုပ်စု (၁) တွင် ဖွင့်လှစ်ခဲ့ ပြီးဖြစ်သည်။ ၂ဝ၁၄ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့စွဲဖြင့် ၂ဝ၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၃၂ အဖြစ် ထုတ်ပြန်ကြေ ညာခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင် သည့် ဥပဒေအရ နိုင်ငံတော် သမ္မတက ၂ဝ၁၄ ခုနှစ် သြဂုတ် ၄ ရက်တွင် အမိန့်အမှတ် ၁၉/ ၂ဝ၁၄ဖြင့် လာဘ်ပေးလာဘ်ယူ မှုပပျောက်ရေး ကော်မရှင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖြစ် အမည်ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းသို့ ကော်မရှင်၏ အမည်ကို ပြောင်းလဲ လိုက်ခြင်း သည် အ ကြောင်းရှိသည်။ လာဘ်ပေးလာဘ် ယူခြင်းဟူသည် အကြောင်းကိစ္စ ကျဉ်းမြောင်းသည်။ လာဘ်ပေး ခြင်း၊ လာဘ်ယူခြင်းထက်စာလျှင် အဂတိလိုက်စားခြင်းဟူသည်က အကြောင်းကိစ္စအစုံပါဝင်သွားပြီး အဓိပ္ပာယ်လည်း ပိုမိုပြည့်စုံကျယ် ဝန်းသွားသည်။ ပို၍လည်း ထိ ရောက်လေးနက်သွားသည်ဟု ယူ ဆပြီး 'လာဘ်ပေးလာဘ်ယူခြင်း'မှ 'အဂတိလိုက်စားခြင်း' အဖြစ် အ သုံးအနှုန်းပြောင်းလိုက်ခြင်းဖြစ်သည်။

ပိုမိုလေးနက်ပြည့်စုံသော အမည်ပြောင်းလဲလိုက်သော်လည်း ကော်မရှင်၏ လုပ်ဆောင်ချက်သာ အဓိကကျပါသည်။ ကော်မရှင်၏ စွမ်းဆောင်ချက်သည်သာ ကော်မရှင်အပေါ် ပြည်သူလူထုယုံကြည် အားထားမှု ခိုင်မြဲပါမည်။ သို့သော် ကော်မရှင်သည် စတင် ဖွဲ့စည်းပြီး ကတည်းက အများပြည်သူ ဝေဖန် မှုများခံခဲ့ရသည်။ ကော်မရှင်အား သမ္မတဦးသိန်းစိန်အစိုးရလက် ထက်တွင် ဥပဒေနှင့် အညီ သမ္မတ ဦးသိန်းစိန်က အမြင်ရှင်းရှင်း ဖွဲ့ စည်းပေးထားခဲ့သော်လည်း ကော် မရှင်တွင် အများစု အဖွဲ့ဝင်များမှာ တပ် မတော် အရာရှိဟောင်းကြီး များဖြင့် ဖွဲ့စည်းထားသည့်အတွက် အစိုးရ ဌာနဆိုင်ရာများ၏ အဂတိ လိုက်စားနေမှုများကို ဟန့်တားနိုင် ပါမည်လား သို့မဟုတ် ထိထိ ရောက်ရောက် အရေးယူနိုင်စွမ်း ရှိပါ့မလားဟူသည့် သံသယများ ဖြစ်ပေါ်ခဲ့သည်။

မည်သို့ဆိုစေ၊ ကော်မရှင် ဖွဲ့စည်းပြီး ခြောက်လအကြာမှာ တော့ ကော်မရှင်က သတင်းထုတ် ပြန်ချက်တစ်ရပ်ထုတ်ပြန်ပေးခဲ့ပါ တယ်။ ယင်းသတင်းထုတ်ပြန်ချက် အရ သူတို့ အလုပ်လုပ်နေပါသည် ဆိုသည့် အကြောင်းကို ပြည်သူသို့ အသိပေးထားခြင်း ဖြစ် သည်။ ကော်မရှင်သည် သက်တမ်း ခြောက်လအတွင်း ၂ဝ၁၄ မတ် ၁၂ ရက်မှ ၂ဝ၁၄ သြဂုတ် ၂၁ ရက်အထိ ပြည်သူတို့၏ တိုင်ကြားစာ ၅၃၃ စောင် လက်ခံရရှိခဲ့ ကြောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသော တိုင်ကြားစာ သုံး စောင်ကို စုံစမ်းစစ်ဆေး တရားစွဲဆို အရေးယူခဲ့ပြီးဖြစ်ကြောင်း၊ တိုင် ကြားစာများတွင် မြေယာကိစ္စ ၁၇ဝ၊ တရားစီရင်ရေး ကိစ္စ ၉၅  ၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စ ၂၃၈ နှင့် အထွေထွေကိစ္စ ၃ဝ တို့ဖြစ် ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ကော်မရှင်သည် တိုင် ကြားစာများနှင့် ပတ်သက်ပြီး လေ့ လာတွေ့ရှိချက်များကိုလည်း ဖော် ပြသေးသည်။ ဤကော်မရှင်က တိုင်ကြားစာများကို စိစစ်ရာတွင် အချို့မှာ အဓိကကျသော ခိုင်လုံ သည့် အထောက်အထား၊ အရေး ကြီးသော သက်သေခံချက်များ မပါရှိခြင်း၊ တိုင်ကြားသူ၏ အမည်၊  နိုင်ငံသား စိစစ်ရေးကတ်ပြား မိတ္တူ၊ ဆက်သွယ်ရန် လိပ်စာ ဖုန်းနံပါတ် တို့ မပါရှိဘဲ ပစ်စာ သဘောမျိုးဖြစ် နေခြင်း၊ အချို့မှာ တရားရုံးတွင် အမှုစွဲဆိုဖြေရှင်းရမည့် ကိစ္စရပ်များ ဖြစ်နေခြင်း၊ အချို့မှာ ပုဂ္ဂိုလ်ရေး ငွေပေးငွေယူကိစ္စ အပေါ် မကျေနပ်၍ တိုင်ကြားမှုဖြစ်နေခြင်း၊ အ ချို့မှာ ဌာနဆိုင်ရာအရ အရေးယူ ပြီးဖြစ်သော်လည်း ထောင်ဒဏ်ချ မှတ်သည့် ပြစ်ဒဏ် မျိုးဖြင့် အရေး ယူခြင်းမရှိ၍ တိုင်ကြားခြင်း၊ အချို့ မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနများ နှင့် တိုင်းဒေသကြီး ပြည်နယ်အစိုး ရများက ဖြေ ရှင်းဆောင်ရွက်ရမည့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ ဖြစ်နေခြင်းများ ဖြစ်နေကြောင်း လေ့လာတွေ့ရှိရသည်ဟု ဆိုသည်။ သို့ဖြစ်ပါ၍ ဤကော်မရှင်သည် အဂတိလိုက်စားမှု  တိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်း ချက်များအတိုင်း လေးစားလိုက်နာ ဆောင်ရွက်ရ သည့်အတွက် ဤဥပဒေနှင့် သက် ဆိုင်ရာ အကျုံးဝင်ခြင်း၊ ကိုက်ညီ ခြင်း၊ မရှိသည့်ကိစ္စရပ်များကို အ ရေးယူဆောင်ရွက်ပေးနိုင်မည် မ ဟုတ်ပါကြောင်းဟု သတင်းထုတ် ပြန်ထားသည်။

မည်သို့ဖြစ်စေ၊ ကော်မရှင်၏ သက်တမ်း ခြောက်လတာကာလအတွင်း တိုင်ကြားစာ ၅၃၃ စောင် လက်ခံရရှိခဲ့ရာ စည်းကမ်းချက် များ နှင့် ကိုက်ညီသော တိုင်ကြားစာ သုံးစောင်ကိုတော့ အရေးယူနိုင်ခဲ့ သည့်အတွက် တော်သေးသည်ဟု မှတ်ယူရပါမည်။ ထို့နောက်တွင် ကော်မရှင်သည်လည်း သူ့အလုပ် သူလုပ်ကာ နေပြည်တော်တွင် အေးဆေးသက်သာ ရုံးထိုင်နေ သည်။ ဌာနဆိုင်ရာ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာများရှိ အဂတိလိုက် စားမှုများသည်လည်း ပိုနေမြဲကျား နေမြဲဖြင့် တိုးတိုးကြိတ်ကြိတ် လက် သိပ်ထိုးလုပ်နေ ကြပါတော့သည်။ ပြည်သူလူထု ကတော့ နိုင်ငံနှင့် အ ဝန်းထူပြောနေသော အဂတိလိုက် စားမှုများ ပပျောက်အောင် မ ဆောင်ရွက်နိုင်သရွေ့ မြန်မာနိုင်ငံ ဘယ်တော့မှ နာလန်မထူနိုင်ဟု တိတိလင်းလင်း ပြောနေကြသည်။

ဤသို့ဖြင့် NLD အစိုးရတက် လာသောအခါ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် လည်း အုပ်ချုပ်စီမံခန့်ခွဲမှု အရိပ် အောက်ခိုလှုံရန် ရောက်ရှိလာ သည်။ သို့သော် NLD အစိုးရက တော့ ယခုအချိန်အထိ ယင်းကော် မရှင်ကို လူလည်းမပြောင်း၊ မူ လည်းမပြောင်းသေးဘဲ လက်ခံ ထားပါသည်။ ယခုအခါ သမ္မတ ဟောင်း ဦးသိန်းစိန်ဖွဲ့စည်းပေးခဲ့ သော တပ်မတော် အရာ ရှိဟောင်းကြီးများ အများစုပါဝင်ထားသည့် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် NLD အစိုးရ လက်ထက် တွင် အ အပြောင်းအလဲမရှိ ဆက်လက် တည်မြဲနေဆဲ ကော်မရှင်များထဲက ကော်မရှင်တစ်ခုအဖြစ် ဆက် လက်ရပ်တည်နေပါသည်။

 နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က လည်း အဂတိလိုက်စားမှုများနှင့် ပတ်သက်ပြီး ရဲရဲဝံ့ဝံ့တိုင်ကြားကြ ရန် ပြည်သူလူထုအား ၂ဝ၁၆ အောက်တိုဘာ ၂၂ ရက်က ပြုလုပ် ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် တွေ့ဆုံပွဲ တွင် တိုက်တွန်းနှိုးဆော်ခဲ့သည်။ ''ကြောက်ရွံ့မှုရှိဖို့ မလိုဘူး။ ဘယာ ရှိဖို့ မလိုဘူးလို့ ပြောခြင်းဟာ အခု ဒီမိုကရေစီစနစ်ကို ထူထောင်တဲ့ အခါမှာ အဂတိလိုက်စားမှုရှိရင် ပြည်သူပြည်သားများက ပွင့်ပွင့် လင်းလင်း သတ္တိရှိရှိနဲ့ တိုင်လို့ရပါ တယ်။ ဒီကိစ္စကို အစိုးရပိုင်း၊ ဌာန ဆိုင်ရာပိုင်းကို အသိပေးလို့ရပါ တယ်။ ဒီလိုအသိပေးလို့ ဘာမှ ကိုယ့်အတွက် အန္တရာယ်မရှိဘူးဆို တာကို ကျွန်မအနေနဲ့ အာမခံ ချက်ပေးပါတယ်။ သို့သော်ငြား လည်း ပစ်စာတွေကို အားပေးတာ မဟုတ်ပါဘူး။ တိုင်ရဲရင် တာဝန် ခံရဲရမယ်။ ကျွန်တော် ဘယ်သူပါ၊ ကျွန်မ ဘယ်သူပါ၊ ကျွန်မတို့ အ မျိုးသား မှတ်ပုံတင်က ဘယ် လောက်ပါ၊ ဘယ်လို အဂတိလိုက် စားမှုမျိုးနဲ့ ကြုံတွေ့ရပါတယ်ဆိုတဲ့ သက်ဆိုင်ရာဌာနများ ကျွန်မတို့ ဝန်ကြီးဌာနဖြစ်တဲ့ အတိုင်ပင်ခံ ဝန်ကြီးဌာနရုံးကို ရေးလို့ရပါတယ်။ ဒီလို ရေးလို့၊ တိုင်လို့ရအောင်လည်း အားလုံးကို ဘယ်လို ဆက်သွယ် ရမလဲဆိုတာကို သတင်းဖြန့်ချိပေး မှာ ဖြစ်ပါတယ်။ အားလုံးမှာ တာ ဝန်ရှိပါတယ်။ အောက်က လူတွေ က ကျွန်မကို ပြောတယ်၊ ဝန်ကြီး တွေကတော့ သန့်ရှင်းပါတယ်။ အောက်က လူတွေက အရင်အ တိုင်းပဲတဲ့။ အရင်အတိုင်းပဲဆိုရင် ဝန်ကြီးတွေကို သတိပေးရမယ်။ ဝန်ကြီးအောက်ကဖြင့် ဘယ်သူ၊ ဘယ်နေရာမှာဖြင့် ဘယ်လိုလုပ် နေပါတယ်လို့ သတ္တိရှိရှိနဲ့ အသိ ပေးပါ။ တိုင်တဲ့ သူတွေရဲ့ နာမည် ကို ထုတ်ဖော်ပြမှာ မဟုတ်ပါဘူး။သို့သော်ငြားလည်း ပစ်စာဆိုတာ ကို လက်မခံတာကြောင့် နာမည် တော့ ခံရမယ်''ဟု ဆိုခဲ့သည်။           

 ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ပြောကြားပြီး မကြာမတင် မှာပင် နိုင်ငံပိုင် သတင်းစာများ၌  နိုင်ငံတော်၏ စီးပွားရေး အလျင် အမြန် တိုးတက်ရေး၊ အဂတိလိုက် စားမှု အန္တရာယ်ကင်းရှင်းရေးအ တွက် ပြည်သူပြည်သားများ အသိ ပေးတိုင်ကြားရန် လိပ်စာနှင့် စည်း ကမ်းချက်များ ဖော်ပြပါရှိလာသည်။

 အောက်ဖော်ပြပါ အချက် အလက်များ ပြည့်စုံစွာ ဖော်ပြ လျက်ဒုတိယဝန်ကြီး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ရုံးအ မှတ် ၂ဝ၊ နေပြည်တော်သို့ လိပ်မူ ၍ မှတ်ပုံတင်စာဖြင့် ဖြစ်စေ၊ email-compt.MSCO @ gmail.com သို့ ဖြစ်စေ၊ ဖက်စ်အမှတ် ဝ၆၇-၄ဝ၉၂၉၂ သို့ ဖြစ်စေ တိုင် ကြားနိုင်သည်ဟု ဖော်ပြထား သည်။ တိုင်ကြားရာတွင် ပါဝင်ရ မည့် အချက်များမှာ တိုင်တန်းသူ ၏ အမည်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား မိတ္တူ၊ အမြဲတမ်း နေရပ် လိပ်စာ၊ ဆက်သွယ်ရမည့် လိပ်စာ အပြည့်အစုံ (ဖုန်း၊ လက်ကိုင်ဖုန်း၊ ဖက်စ်နှင့် အီးမေးလ်တို့ရှိလျှင် ဖော် ပြရန်) နှင့် တိုင်တန်းသူသည် အစိုး ရပိုင်၊ ဌာနပိုင်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်၏ အဂတိလိုက်စားမှု မမှန်မကန်လုပ်ဆောင်ခဲ့မှုများကို အထောက်အထားအချက်အလက် များဖြင့် ပူးတွဲလျက်ပြည့်စုံစွာ ဖော် ပြရန် လိုသည်ဟု ဆိုသည်။

ထို့ပြင် တိုင်တန်းသော အ ကြောင်းအရာသည် ပြည်သူအ များ ထိခိုက်နစ်နာသော အစိုးရ ပိုင်း၊ ဌာနပိုင်းဆိုင်ရာ တာဝန်ရှိသူ များ၏ အဂတိလိုက်စားမှုများကို အဓိကထား၍ တိကျပွင့်လင်းစွာ အသိပေးတင်ပြရမည်။ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနသည် လက်ခံရရှိသော တိုင်တန်းချက် များကို ပေါက်ကြားခြင်းမရှိစေရန် စီစဉ်ထားသည်။ ထို့ကြောင့် စိုးရိမ် ပူပန်မှု ကင်းစွာဖြင့် တိုင်တန်းနိုင် သည်။ သို့သော် တရားရုံးတစ်ရပ် ရပ်သို့ အမှုဖွင့်တိုင်ကြားထားပြီး အမှုများ၊ တရားရုံးတစ်ရပ်ရပ်က စစ်ဆေးဆဲနှင့် ဆုံးဖြတ်ချက်ချပြီး ကိစ္စရပ်များကိုတော့ တိုင်တန်းခြင်း မပြုရန် မေတ္တာရပ်ခံအပ်သည်ဟု ဖော်ပြထားသည်။

ယခုအထိတော့ နိုင်ငံတော် အတိုင်ပင်ခံရုံးသို့ တိုင်ကြားစာ မည်မျှရောက်လာ၍ မည်သို့ စစ် ဆေးအရေးယူထားပြီလဲ သတင်း ထုတ်ပြန်ခြင်းမရှိသေးသဖြင့် အ ခြေအနေကို မသိရသေးပါ။ သို့ သော် မြန်မာနိုင်ငံတွင် အဂတိ လိုက်စားမှုနှင့် ပတ်သက်ပြီး တိုင် ကြားစရာနေရာနှစ်ဌာနရှိလာပြီ ဖြစ်သဖြင့် စားနေကျဝါးနေကျ ကြောင်ဖားကြီးငယ်များ လက်တံ အတန်ငယ်ရပ်သွားသည်ဟု ကြား သိရသည်။

ယင်း၏ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် အစိုးရပိုင်း၊ ဌာန ပိုင်းဆိုင်ရာနှင့် သက်ဆိုင်သည့် ကိစ္စရပ်အချို့တွင် ယခင်က လာဘ်ပေး၍ သို့မဟုတ် လက် ဆောင်ပစ္စည်း။ ကန်တော့ပစ္စည်း ပေးကမ်းလမ်းခင်း၍ အလျင်အ မြန်အချိန်တိုအတွင်း ဆောင်ရွက် ပြီးစီးခဲ့သော အမှုကိစ္စများသည် ယခုအခါ လာဘ်ယူခြင်းတိုင်ကြား ခံရတော့မည်စိုး၍ ကြန့်ကြာလာ သည်။ အချိန်ဆွဲလာသည်၊ ပညာ ပြလာသည်။ အင်တင်တင်ဖြင့် ထစ်ထစ်ငေါ့ငေါ့လုပ်လာကြသည် ဟု ပြောသံဆိုသံကြားနေရပါသည်။ဒေါ်အောင်ဆန်းစုကြည် ကတော့ စင်ကာပူနိုင်ငံသို့ သုံးရက်ကြာ ချစ်ကြည်ရေးခရီးသွားခဲ့ရာတွင် စင် ကာပူနိုင်ငံ၏ အကျင့်ပျက် အဂတိ လိုက်စားမှု စုံစမ်းစစ်ဆေးရေးဌာန သို့ ဒီဇင်ဘာ ၁ ရက်က သွားရောက် လေ့လာခဲ့သည်။ ယင်းသည် မကြုံ စဖူး ထူးခြားသော ကိစ္စဖြစ်သည်။

ယခင်က မြန်မာခေါင်းဆောင်အချို့ စင်ကာပူသို့ သွားရာတွင် ယင်း ဌာနသို့ တစ်ခါဖူးမျှ သွားရောက် လေ့လာခဲ့ဖူးခြင်း မရှိ ခဲ့။ ဒေါ်အောင် ဆန်းစုကြည် သွားရောက်လေ့လာ ရာတွင် စင်ကာပူ တာဝန်ရှိ ပုဂ္ဂိုလ် များက စင်ကာပူ နိုင်ငံ၏  အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အခြေ အနေများကို ရှင်းပြခဲ့ကြသည်။ စင် ကာပူ အစိုးရအဖွဲ့နှင့် အစိုးရရုံး များသည် ပွင့်လင်းမြင်သာမှုရှိပြီး အဂတိ လိုက်စားမှု အနိမ့်ဆုံးဖြစ် ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ပွင့် လင်းမြင်သာမှုအဖွဲ့၏ ၂ဝ၁၅ ခုနှစ် စစ်တမ်းအရ နိုင်ငံပေါင်း ၁၆၈ နိုင်ငံ တွင် စင်ကာပူနိုင်ငံက အဆင့် (၈) တွင် ရှိ၍ အဂတိလိုက်စားမှု အနည်းဆုံးနိုင်ငံဖြစ်ကြောင်း၊ စင် ကာပူတွင် အဂတိလိုက်စားမှုများ မှာ အဖွဲ့အစည်းပုံစံမဟုတ်ဘဲ သီး ခြား အနေဖြင့်သာ တွေ့ရကြောင်း၊ တိုင်ကြားမှု၏ ၇၅ ရာခိုင်နှုန်းမှာ တစ်သီးပုဂ္ဂလိတိုင်ကြား မှုများဖြစ် ကြောင်း၊ ၂ဝ၁၅ ခုနှစ်တွင် တိုင်ကြားမှု ၁၁ မှုသာရှိကြောင်း၊ စင် ကာပူ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ထိရောက်အောင်မြင် ရ ခြင်းမှာ အစိုးရ၏ ထိရောက်စွာ ကိုင်တွယ်ခြင်း၊ ထိရောက်သည့် ဥပဒေရှိပြီး ဥပဒေအား တိကျစွာ လိုက်နာ ကျင့်သုံးမှုရှိခြင်း၊ လွတ် လပ်သော တရားစီရင်မှုရှိခြင်းနှင့် ပြည်သူများက ပူးပေါင်းပါဝင်မှုရှိ ခြင်းတို့ကြောင့်ဖြစ်ကြောင်း ရှင်းပြ ခဲ့သည်ဟု သိရသည်။

 မြန်မာနိုင်ငံကတော့ အပြည် ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာ အဖွဲ့ ၏ လေ့လာမှု စစ်တမ်းအရ နိုင်ငံ ပေါင်း ၁၆၈ နိုင်ငံတွင် အဆင့် ၁၄၇ ဖြင့် အဂတိလိုက်စားမှု အ ဆိုးရွားဆုံး အဆင့်နိုင်ငံဖြစ်နေသေး သည်။ မြန်မာနိုင်ငံ၏ အောက် တွင် ကမ္ဘောဒီးယားနိုင်ငံသာရှိ သည်။ အာရှတွင်လည်း အဆိုးရွား ဆုံးဖြစ်နေသေးသည်။ အာဆီယံ နိုင်ငံများတွင်လည်း အဆိုးရွားဆုံး ဖြစ်နေသည်။ ယခု စင်ကာပူနိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက် ရေး နည်းနာများကို လေ့လာသိရှိ ခွင့်ရခြင်းသည် မြန်မာနိုင်ငံအ တွက် များစွာ အကျိုးရှိ သည်။ နိုင်ငံ တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က လည်း သူ၏ အစိုးရလက်ထက် တွင် အဂတိလိုက်စားမှုကြီးထွား နေဆဲ အခြေအနေကို ထိထိ ရောက်ရောက်ကိုင်တွယ်ဖြေရှင်း သွားမည်ဟု သိရသည်။

 ဒေါ်အောင်ဆန်းစုကြည် သည် စင်ကာပူနိုင်ငံ အကျင့်ပျက် အဂတိလိုက်စားမှု စုံစမ်းစစ်ဆေး ရေးဌာနသို့ သွားရောက်လေ့လာပြီး  ယင်းနေ့ညနေပိုင်းတွင် စင်ကာပူ ရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ အဂတိ လိုက်စားမှုနှင့် ပတ်သက်၍ မည်သို့ စီစဉ်ဆောင်ရွက်မည်ကို မြန်မာမိသားစု အချို့၏ မေးမြန်းမှုအား ထပ်မံ၍ ရှင်းလင်းဖြေကြား ခဲ့ ပါသေးသည်။

''လာဘ်ပေးလာဘ် ယူကိစ္စနဲ့ ပတ်သက်လို့ ကျွန်မတို့ အစိုးရ လက်ထက်သက်တမ်းကိုးလသာပဲ ရှိတယ်ဆိုပေမယ့် ကျဆင်းသွား တယ်လို့ ကျွန်မပြောရဲပါတယ်။ ကျွန်မအများပြည်သူဘက်က ကြားတဲ့စကားက ဘာလဲဆိုတော့ ဝန်ကြီးတွေကတော့ လာဘ်မစား တော့ဘူးတဲ့။ ဒါပေမယ့် အောက် ကလူတွေကတော့ လုပ်တုန်းပဲ    လို့ ပြောတာတွေရှိပါတယ်။ ဒီ တော့ ကျွန်မတို့ ကတော့ အောက်က အရာရှိတွေရဲ့ လာဘ်ပေး လာဘ်ယူလုပ်လို့ရှိရင် တိုင်ကြား ဖို့ဆိုပြီးတော့ ဖုန်းနံပါတ်တွေ၊ အီးမေးလ် လိပ်စာတွေ အွန်လိုင်းမှာ တင်ထားတာရှိပါတယ်။ တိုင်နိုင် ပါတယ်။ တိုင်ဖို့လည်း လိုပါတယ်။ ဒါကိုယ့်ရဲ့ တာဝန်ကိုယ်သိတာ နော်။ ဝန်ကြီးတွေက လာဘ်မစား ဘူးဆိုပေမယ့်လည်း ဝန်ကြီးတွေက လည်း ဝိဇ္ဇာတွေတော့ မဟုတ်ပါ ဘူး။ အောက်က ဘယ်သူတွေ လာဘ်စားနေတယ်ဆိုတာ အား လုံးတော့ သိမှာမဟုတ်ဘူး။ တင်ပြ မှပဲ သိမှာ။ တိုင်မှပဲ သိမှာ။ ဒါ ကြောင့် ကျွန်မပြောချင်တာက သတ္တိရှိရှိနဲ့တိုင်ပါ။ ကိုယ်ကနေပြီး တော့ မလွှဲသာလို့ ဒါမှမဟုတ် အ လျင်လိုလို့ဆိုပြီးတော့ပေါ့နော်၊ နည်းနည်းလေးလာဘ်လေးထိုး လိုက်တယ်ဆိုလို့ရှိရင် ကိုယ့်မှာ လည်း အပြစ်ရှိတာတော့ အမှန်ပဲ။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြော ပါ။ ကျွန်တော်တော့ မြန်မြန် ရချင်တာနဲ့ ဘယ်သူ့ကိုတော့ ဘယ် လောက်ပေးလိုက်ရတယ်ဆိုရင် အ ရေးယူပေးပါ့မယ်။ မတိုင်ရဲဘူးဆို လို့ရှိရင် ကျွန်မတို့ ဘယ်လို အရေး ယူမလဲ။ ဒါကြောင့် သတ္တိလေးက တော့ ရှိရမယ်။ ကျွန်မတို့တတ်နိုင် သလောက် လုပ်ပေးပါမ့ယ်။ ဒါပေ မယ့် အားလုံး ဘာဖြစ်နေသလဲဆို တာကတော့ တစ်ချိန်တည်းမြင်နိုင် ဖို့ဆိုတာကတော့ လက်တွေ့ကျကျ မဖြစ်နိုင်ပါဘူး''ဟု ပြောကြားခဲ့ သည်။

 မြန်မာနိုင်ငံသည် အဘက် ဘက်က ချွတ်ခြုံကျနေရခြင်းမှာ ယင်းအဂတိလိုက်စားမှုမြင့်မားနေ ခြင်းကလည်း တစ်ကြောင်းပါဝင် သည်ကို ပြည်သူပြည်သားအပေါင်း သိကြပြီးဖြစ်သည်။ ယခင်ခေတ် အဆက်ဆက်၊ အစိုးရဆက်ဆက် ကတည်းက အဂတိ လိုက်စားမှု ကြီးထွားအောင်၊ အဂတိလိုက်စား တတ်အောင် မွေးမြူဖန်တီးခဲ့ကြ သော တရားခံများကိုလည်း တစ် နိုင်ငံလုံးက သိပြီးဖြစ်သည်။ သိပင် သိသော်ငြား ¤င်းတရားခံကြီးငယ် များကိုတော့ နောက်ကြောင်းပြန် အရေးယူခွင့်မရှိတော့ချေ။ ပြည်သူ အများ ကတော့ ဒေါ်အောင်ဆန်းစု ကြည် နှိုးဆော်မှာကြားသည့်အ တိုင်း သတ္တိရှိရှိတိုင်ကြားခြင်းဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး တွင် ပူးပေါင်းပါဝင်မည်မှာ သေချာသည်။ သို့သော် မသေချာသည် ကတော့ လွတ်လပ်သော တရား စီရင်ရေးစနစ်ဖြစ် သည်။ မြန်မာ နိုင်ငံ တွင် လွတ်လပ်သော တရား စီရင်ရေးစနစ်မရှိသေးချေ။ လွတ် လပ်သော တရားစီရင်ရေး စနစ် မရှိသေး၍လည်း  တစ်နိုင်ငံလုံး အနှံ့ အဂတိလိုက်စားမှုများက ထူပြော နေခြင်းဖြစ်သည်။ လွတ် လပ်သော တရားစီရင်ရေးနှင့် ထိ ရောက်သော အဂတိလိုက်စားမှု  တိုက်ဖျက်ရေး ဥပဒေမရှိသမျှ ကာ လပတ်လုံး ပြည်သူတို့ မည်မျှပင် တိုင်တိုင်၊ တိုင်ကြားစာများ မည်မျှပင် ပို့ပို့ အဂတိလိုက်စားမှု များကတော့ ပန်းပန်နေဆဲ အခြေ အနေတွင် ရှိနေပါမည်။

ထို့ကြောင့် အဂတိ လိုက်စား မှုများ အထိုက်အလျောက် ပပျောက်စေချင်ပါလျှင် ပြည်သူတို့ အား တာဝန်ခံစိတ်ရှိရှိ၊ သတ္တိရှိရှိ ဖြင့် ရဲရဲဝံ့ဝံ့တိုင်ကြားကြရန် နှိုး ဆော်ခြင်းနှင့်အတူ လွတ်လပ် သော တရားစီရင်ရေးစနစ် ပေါ် ထွန်းရေး၊ ထိရောက်စွာ အပြစ်ပေး အရေးယူနိုင်သည့် ဥပဒေဖြစ်စေ ရေးတို့ကိုလည်း တစ်ပါတည်း လုပ် ကိုင်ဆောင်ရွက်သင့်ပါကြောင်း လက်ရှိအစိုးရအား တိုက်တွန်းနှိုး ဆော်လိုက်ရပါသည်။

မောင်လွင်ပြင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.