23 - 2 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ချင်းတွင်းရေကြောင်း ကျပ်တည်းလာမှုကြောင့် ခရီးသွားလာသူနည်းပါး
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1002
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
ဗီဇခြေရာ အဖြေရှာ ရက်စက် ကြမ်းတမ်းသူတွေဟာ မှားယွင်းတဲ့ မျိုးရိုးဗီဇကြောင့်လား

အသက် ၂၅ နှစ်အရွယ် စတီဖန် မော်ဘလေ (Stephen Mobley) သည် မွေးရာပါ လူသတ်သမား ဂုဏ် အင်္ဂါနှင့် ပြည့်စုံ သူ ဖြစ် သည်။

လူလတ်တန်းစား အမေရိကန် မိသားစုမှ မွေးဖွားဆင်း သက်သည်။

ကလေးဘဝတွင် နှိပ်စက်ကလူအပြုခံရခြင်းမရှိ။ စိတ်ဖိစီးမှု ခံစားရခြင်းလည်းမရှိ။  

အရွယ်ရောက်လာသည့်အခါ သူသည် ကြမ်းတမ်း လာသည်။ အသက် ၂၅ နှစ် အရွယ် ၁၉၉၁ ခုနှစ်တွင် ပီဇာဆိုင် ထဲသို့ လျှောက်ဝင်သွားကာ ဆိုင်မန်နေဂျာကို ပစ် သတ်လိုက်သည်။ ရောင်းရငွေများကို လုယက်သည်။

''ကျုပ်လစ်လပ်သွားတဲ့ မန်နေဂျာနေရာကို အလုပ် လျှောက်မယ်'' ဟု ဆိုင်အတွင်းရှိ လူများ ရှေ့တွင်ပြက်လုံး ထုတ်လိုက် သေးသည်။

ယခုအခါ သူသည် သေဒဏ်ကျခံရန် ဂျော်ဂျီယာ အ ကျဉ်းထောင် ကြိုးတိုက်တွင် စောင့်ဆိုင်းလျက်ရှိသည်။ လူသတ်မှု ကျူးလွန်ခဲ့ခြင်း သည် သူ၏ စိတ်သဘောအ တိုင်း ကျူးလွန်ခဲ့ခြင်း မဟုတ်ဘဲ  မှားယွင်းသော မျိုးရိုးဗီဇ သူ့ထံတွင် ရှိနေခြင်းကြောင့် ဖြစ် သည်ဟု ရှေ့နေက နောက်ဆုံးအယူခံတွင် တင်ပြသည်။ စတီဖန်သည် မွေးက တည်းက လူသတ်သမားဖြစ်ရန် ဗီဇပါလာသည် ဟု ရှေ့နေ က လျှောက်လဲသည်။

သူ၏ အဒေါ်က တရားရုံးတွင် ထွက်ဆိုရာ၌ စတီဖန် ဆင်းသက်လာသော  မျိုးဆက်လေးဆက်တွင် အများအ ပြားသည် ကြမ်းတမ်း ရက်စက်သူ၊ ရန်လိုသူနှင့် ရာဇဝတ်ကောင်များဖြစ်ကြောင်း၊ မည်သည့်အတွက် ယင်းသို့ဖြစ်ရ သည်ကို မသိကြောင်း၊ ၄င်းတို့သည် ငယ်ရွယ်စဉ် အခါက နူးညံ့သိမ်မွေ့ သူများဖြစ်ကြောင်း ပြောဆိုသည်။

စတီဖန်၏ ရှေ့နေ ဆမ်း မားက ''ဥပဒေကြောင်းအရ သူ့ကို ကာကွယ်လျှောက်လဲဖို့ မဖြစ်နိုင် ဘူး။ သူ့ဆွေစဉ်မျိုးဆက်ရဲ့ နောက် ခံ သမိုင်းကြောင်းက ပြစ်ဒဏ်ကို အနည်းငယ် သက်သာရာ သက် သာကြောင်း ဖြစ်စေနိုင်မယ်။ သူ ကျူးလွန်ခဲ့ခြင်းဟာ သူ့ရဲ့ သာမန် သဘောဆန္ဒ သက်သက်ကြောင့် မဟုတ်ဘူးဆိုတာ သက်သေပြဖို့ ကြိုးစားခြင်းပါပဲ။ သူ့ဆွေမျိုးတွေ ထဲမှာ လူသတ်သမား၊ ဓားပြ၊ မုဒိမ်းသမား၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့လူအများအပြား ရှိ တယ်''

နယ်သာလန်တွင် ဆောင်ရွက် ခဲ့သော မျိုးရိုးဗီဇ သုတသန စာ တမ်းတစ်စောင်ကို ဖတ်ရှုခဲ့ပြီး နောက် ရှေ့နေဆမ်းမားသည် စတီ ဖန်၏ အမှုကို လက်ခံခဲ့ခြင်း ဖြစ် သည်။ အချို့သော ဒတ်ခ်ျ (နယ် သာလန်) မိသားစုများရှိ မျိုးရိုးဗီဇ အပြောင်းအလဲကြောင့် ဦးနှောက် အတွင်း ဓာတုပြောင်းလဲမှုများ ဖြစ် စေကာ  ရက်စက်စွာ ပြုမူခြင်းများ ကို သုတေသနက တွေ့ရှိခဲ့သည်။

မျိုးရိုးဗီဇ အထောက်အထား ကို တရားရုံးတွင် သက်သေအဖြစ် တင်ပြရန်မှာ မဖြစ်နိုင်ပေ။ မျိုးရိုး ဗီဇကို သက်သေခံအဖြစ် တရားရုံး များက လက်ခံရန် အသင့်မဖြစ် သေးပေ။ သို့စဉ်တိုင် အချို့သော ကိစ္စရပ်များတွင် တရားရုံးက မျိုးရိုး ဗီဇ အထောက်အထားကို ထည့် သွင်းစဉ်းစားပေးရေး အတွက် မျိုး ရိုးဗီဇ ပညာရှင်များက ကြိုးပမ်း လျက်ရှိသည်။

ရာဇဝတ်ကောင် အချို့တို့ သည်  မွေးကတည်းက ဗီဇ၏ ပြဋ္ဌာန်းမှုကိုခံရသူများ ဖြစ်သည် ဆိုသောအချက်မှာ အသစ်အဆန်း မဟုတ်ပေ။ လူ၏ အပြုအမူသည် ပတ်ဝန်းကျင်ကြောင့် သို့မဟုတ် ဗီဇကြောင့်ဖြစ်သည်ဆိုသော အ ငြင်းပွားမှုကလည်း အဆုံး မသတ် နိုင်သေး။

 ပြစ်မှု ကျူးလွန်ခြင်းသည် ဗီဇ ကြောင့် ဖြစ်ရသည်ဟု ဆိုပါက ၄င်း ကိုယ်တိုင်နှင့် ၄င်းအား သွန် သင်ဆုံးမခဲ့သူ မိဘဆရာသမား များတွင် လုံးဝတာဝန်မရှိဘူးလား ဟုမေးစရာရှိသည်။ သို့စေကာမူ ဗီဇက အဆိုးဘက်တွင် အား ကောင်းလွန်းသဖြင့် ကျူးလွန်သူ ကိုယ်တိုင် ဘာမျှမတတ်နိုင်သော အနေအထားမျိုးရှိတတ်သည်က အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် သု တေသီများနှင့် ဥပဒေပညာရှင် များ က မည်သည့် အခြေအနေတွင် ဗီဇ၏ ဆိုးကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားသင့်သည်ကို အ ဖြေရှာနေကြ သည်။

ဤကိစ္စသည် ဥပဒေနှင့် လူမှုရေး မိုင်းကွင်းဖြစ်နေသည်။ အရေးကြီးသည် မှန်သော်လည်း အ ထူးသတိထား စဉ်းစားရမည့် ကိစ္စ ဖြစ်သည်။ သိပ္ပံနှင့် နည်းပညာ သည် ရာဇဝတ်သား မျိုးရိုးဗီဇကို အသေအချာ ခွဲခြားဖော်ထုတ်နိုင် လာသည့် တစ်နေ့တွင် အငြင်းပွား စရာ နောက်ဆက်တွဲ ပြဿနာ တစ်ပုံတစ်ပင် ပေါ်ပေါက်လာမည်။ သန္ဓေသားတွင် ရာဇဝတ်သားဗီဇ ပါဝင်နေသည်ကို အသေအချာသိ ရှိပြီဆိုပါက ယင်းသန္ဓေသားကို မည်သို့လုပ်မည်နည်း။ ရာဇဝတ် သားဗီဇဖြင့် မွေးဖွားလာသူကို မည် သို့ ကိုင်တွယ်ဆောင်ရွက်မည်နည်း စသည့် မေးခွန်းများအတွက် အဖြေ သည် ယခုအချိန်အထိ မရှိသေး ပေ။

၁၈၇ဝ ပြည့်နှစ် မျိုးရိုးဗီဇ သိပ္ပံ မထွန်းကားသေးသော ကာလ တွင် အီတလီ ဆရာဝန် ဆီဇာ လွန်ဘရိုဆိုသည် တောပုန်းဓားပြ တစ်ယောက်၏ ဦးခေါင်းကို လေ့လာနေစဉ် သူ၏ အတွင်း စိတ်၌ သိမှုတစ်ခုပေါ်လာသည်။ ကြီးမားသော မေးရိုး၊ မျက်ပေါက် ကျယ်ကျယ်၊ လေးထောင့်နားရွက် တို့သည် လူရိုင်းများနှင့် တော တိရစ္ဆာန်များတွင် တွေ့ရတတ် သော ရုပ်လက္ခဏာဖြစ်သည်ကို သတိရမိသည်။ ထိုကဲ့သို့ ရုပ် လက္ခဏာမျိုး လူသားတွင် ရှိနေပါ က ထိုလူသည် ရာဇဝတ်သားဖြစ် ရမည်ဟူသော ကောက်ချက် ကို ဒေါက်တာ ဆီဇာက အလိုအ လျောက်ချမိသည်။  ၄င်း၏ အ ယူအဆကို နှစ်ဆယ်ရာစု တစ် လျှောက်လုံး ဆက်လက် သုတေ သနပြုလုပ်သူများ ရှိသော်လည်း ရေရာသော ကောက်ချက် ချနိုင် ခြင်း မရှိခဲ့ပေ။

မျိုးရိုးဗီဇပညာ ပေါ်ထွက်လာ ပြီး နောက်ပိုင်း ၁၉၆၈ ခုနှစ်တွင် သုတေသနပြုမှု တစ်ခုမှ ဝိုင်ခရိုမို ဆုမ်းအပိုနှင့် စိတ်ရောဂါတို့ ဆက် စပ်နေကြောင်း အထောက်အထား ရရှိလာသည်။ ရှေ့နေများက တရား ရုံးတွင် အထောက်အထားအဖြစ် အသုံးပြုရန်ကြိုးစားကြရာ အတော် အသင့် အောင်မြင်မှုရသည်။

မျိုးရိုးဗီဇ သုတေသနပြုရာ တွင် ဒိန်းမတ်နိုင်ငံသည် သုတေသီ များက စိတ်အဝင်စားဆုံး ဖြစ် သည်။ ဒိန်းမတ် နိုင်ငံသားများ သည် မျိုးနွယ် တစ်မျိုးတည်းမှ ပေါက်ဖွားလာကြသူများ ဖြစ်သည့် အပြင် ပြည်သူ့ကျန်းမာရေးစနစ် မှာလည်း တိုင်းသူပြည်သားအားလုံး အတွက် တစ်ပြေးညီ ပြုစုကုသပေး သည့် စနစ်ဖြစ်သည်။ မှတ်တမ်း မှတ်ရာ ထိန်းသိမ်းရာတွင် တိကျ သေချာသူများလည်းဖြစ်ကြ သည်။ ၁၈၇ဝ ခုနှစ်မှ စလျက် ယခုအချိန် အထိ အမြွှာမွေး သားချင်းများကို ပြုစုထားသော စာရင်းအတိအကျ ရှိသည်။ အလားတူပင် ရာဇဝတ် ကောင်များကို စနစ်ကျစွာ စာရင်း ပြုစုထားသည်။

ထိုစာရင်းများမှ တွေ့ရှိချက် အရ မျိုးဥတစ်လုံးအမြွှာ(identical twin)  အနက် တစ်ဦးသည် ရာဇ ဝတ်မှတ်တမ်းရှိပါက အခြားတစ်ဦး သည် ရာဇဝတ်ကျူးလွန်နိုင်ခြေ ငါးဆယ်ရာခိုင်နှုန်းရှိသည်။ သီးခြား မျိုးဥတစ်လုံးစီမှ ပေါက်ဖွားလာ သည့် အမြွှာတွင် တစ်ဦးသည် ရာဇဝတ်ကျူးလွန်ထားပါက ကျန် တစ်ဦးသည် ရာဇဝတ်သားဖြစ်ရန် အလားအလာ  ၁၅ မှ ၃ဝ ရာခိုင် နှုန်း ရှိသည်ဟု ဆိုသည်။

မျိုးဥတစ်လုံးအမြွှာ၏ မိဘ သည် ရာဇဝတ်သားဖြစ်နေပါက အမြွှာနှစ်ယောက် စလုံးသည် ရာဇ ဝတ်သားဖြစ်ရန် အလားအလာ များ ရှိနေသည်။ အမြွှာနှစ်ယောက် အနက် တစ်ယောက်ကို အခြားသူ က မွေးစားခဲ့သဖြင့် သီးခြားပတ် ဝန်းကျင်တွင် ကြီးပြင်းလာရသော် လည်း ရာဇဝတ်သားဖြစ်နိုင်ခြေ အလားအလာရှိနေဆဲဖြစ်သည်ဟု ကာလီဖိုးနီးယား တက္ကသိုလ်မှ စိတ် ပညာ ပါမောက္ခ မက်ဒနစ်က ဆို သည်။

ဗီဇနှင့် ပတ်ဝန်းကျင် အနက် မည်သည်က လူ၏ အပြုအမူကို လွှမ်းမိုးထားသနည်း ဆိုသည့် အမေးကို တိတိကျကျဖြေဆိုရန် ခက်ခဲနေဆဲ ဖြစ်သည်။  မျိုးရိုးဗီဇ ကြောင့် ဖြစ်ပွားသောရောဂါအချို့ ကို ဆေးဝါးကုသခြင်းဖြင့် ပျောက် ကင်းနိုင်သည်ကို တွေ့ရသည့် အတွက် ဗီဇကိုပြုပြင်၍ ရနိုင်သလော ဆိုသည့် အမေးရှိလာသည်။ ရောဂါကို ကုသနိုင်သော်လည်း အပြုအမူကို ကုသရန် ဆိုသည် မှာ များ စွာခက်ခဲမည်ဖြစ်သည်။ တစ်နည်း စဉ်းစားမည်ဆိုပါက ဗီဇကြောင့် ဖြစ်ပေါ်လာသော အချို့အပြုအမူ များသည် ဦးနှောက် အတွင်း ဓာတု ပစ္စည်း အပြောင်းအလဲ၏ သြဇာ သက်ရောက်မှုကြောင့် ဖြစ်သည်။   

 မော်လီကျူးဇီဝဗေဒ၏ နည်း စနစ် အသစ်များက ဒီအန်အေ တွင် မျိုးရိုးဆက်ခံထားသည့် ချို့ ယွင်းသော အပိုင်းကို ဖော်ထုတ် လာနိုင်သည်။ မျိုးရိုးတစ်ခုအ  တွင်းရှိနေသည့် ရှုပ်ထွေးသည့် ဗီဇ ကြောင့် အကြမ်းဖက်သော အပြု အမူ ဖြစ်ပေါ်စေနိုင်သည်ကို တွေ့ ရှိရသော်လည်း တရားရုံးတွင် သက်သေခံအဖြစ် အသုံးပြုနိုင်ရန် ခိုင်မာခြင်း မရှိသေးပေ။

မျိုးရိုးဗီဇ ချွတ်ယွင်းမှုသည် ခန္ဓာကိုယ်အတွင်း အင်ဇိုင်းဓာတ် ကောင်းမွန်စွာ အလုပ်မလုပ်နိုင် စေရန် တားဆီးသည်။ ယင်းသို့ တားဆီးထားမှုကြောင့် ဦးနှောက် အတွင်းရှိ အာရုံပို့လွှတ်ကြောများ အပေါ်ဖိစီးမှု (build up of neurotransmitters)  ဖြစ်ပေါ် လာသည်။ ထိုအခါ အာရုံကြောများကို မတန် တဆလှုံ့ဆော်ပေးခြင်းဖြင့် အပြု အမူကို မထိန်းသိမ်းနိုင် ဖြစ်ရသည် ဟု ယူဆရသည်။

ဆွီဒင် ကာလိုလင်စကာ သိပ္ပံ မှ ပညာရှင်တို့က ဖင်လန်နိုင်ငံမှ ရာဇဝတ်သား ၈၉၅ ဦး၏ မျိုးရိုးဗီဇ ကို သုတေသနပြုသည်။ ဖင်လန် နိုင်ငံတွင် ပြစ်မှုကြီးများကို ကျူး လွန်သူ၏ ဆယ်ရာနှုန်းတွင် မျိုးရိုး ဗီဇ ချွတ်ယွင်းမှု ရှိနေသည်ဟု သုတေသီတို့က ဆိုသည်။

လူသတ်သမားများတွင် မျိုးရိုး ဗီဇမျိုးကွဲနှစ်ခုကို တွေ့သည်။ မိုနာ မိုင်း အောက်ဆီဒေ Monoamine oxidase A (MAOA)  နှင့် ကက် ဒါရင်း၁၃ cadherin 13 (CDH 13) တို့ကို လူသတ်သမား များတွင် တွေ့ရသည်။

A (MAOA)  သည် စိတ် ပျော်ရွှင်ကျေနပ်မှုကို ပေးသည့် ဒြပ် ပေါင်း ဖြစ်သည်။ (CDH13).မှာမူ ကိုယ်နှုတ်အမူအရာထိန်းချုပ်မှုနှင့် သက်ဆိုင်သည်။ ထိုဒြပ် ပေါင်း နှစ်ခုသည် ရက်စက်ကြမ်းကြုတ်မှု နှင့် ဆက်စပ်နေသည်ဟု ယူဆရ သည်။

မျိုးရိုးဗီဇကြောင့် ပြစ်မှု ကျူး လွန်သည့် အမှုများ ရှိသည်ကို ပညာရှင်များက လက်ခံသော် လည်း ကျူးလွန်သူသည်  အပြစ် ပေး ခံရခြင်းမှ ကင်းလွတ်ခွင့် ရမည် ကို ပညာရှင်များ အပါအဝင် အ များအပြားက လက်မခံနိုင်ကြပေ။

မည်သည့် မျိုးရိုးဗီဇကြောင့် အကြမ်းဖက်မှု ဖြစ်ပွားရသည်ကို အသေအချာ သက်သေပြနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ယင်း ကိစ္စ သည် ဆက်လက် အငြင်းပွားဖွယ် ဖြစ်နေဦးမည်သာ ဖြစ်သည်။

အေးထွန်းမင်း
[email protected]
Ref: Do your genes make you a criminal.

အေးထွန်းမင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.