23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
အချိန်ထက် တန်ဖိုးကြီးသော နာရီများ

ဒစ်ဂျစ်တယ်နာရီများသည် ဈေးချိုသည်၊ အလွန်တိကျသည်။ သို့စဉ်တိုင် မည်သည့်အတွက် တန်ဖိုးကြီး လက်တံ နာရီများ သည် ဈေးကွက်တွင် လူကြိုက်များနေရသနည်း။

၂ဝ၁၆ ခုနှစ် ဇွန်လ။ ဆွစ်ဇာလန်နိုင်ငံ ဘာဆဲလ်မြို့ ကမ္ဘာ့နာရီပြပွဲတွင် ဘရစ်တလင်း နာရီ ကုမ္ပဏီက ကြီးကျယ် ခမ်းနားသော ပြခန်းတစ်ခုကို ဖွင့်လှစ်ခဲ့သည်။  Avenger Hurricane ဟု အမည်ပေးထားသော ပေါင် ၆၅ဝဝ တန် ဖိုးရှိ နာရီကို ဘရစ်တလင်း ကုမ္ပဏီက ပွဲထုတ်လာသည်။ အနက်နှင့် အဝါစပ် ပေါ်လီမာအိမ်ဖြင့်တည်ဆောက်ထား သည်။  ခက်ခဲ ကြမ်းတမ်းသော ရာသီဥတုနှင့် သဘာဝ ပတ် ဝန်းကျင်ကိုလည်းကောင်း၊ တောင်တက်ခြင်း၊ ရွက်လှေပြိုင် ခြင်းတို့ကဲ့သို့သော အကြမ်း ပတမ်း အခြေအနေများကို အေးဆေးစွာ တောင့်ခံနိုင်စွမ်းရှိသည်ဟု ဆိုသည်။ စွန့်စားမှု ကို ခုံမင်သူတို့အတွက် ရည်ရွယ် ထုတ်လုပ်ထားခြင်းဖြစ် သည်။ နောက်တစ်လုံးဖြစ် သည့် Superocean Chronograph M2000 သည် ရေအောက်မီ တာ ၂ဝဝဝ ရှိ ဖိအားကို ခံနိုင်ရည် ရှိသည်။ ဈေးနှုန်းမှာ ဒေါ်လာ ငါးထောင်နီးပါး ဖြစ်သည်။ အလားတူ နာရီအမျိုးပေါင်း ၆ဝ ကျော်ကို ဘရစ် တလင်း ကုမ္ပဏီ၏ ပြခန်းတွင် ပြသထားသည်။

 နှစ်စဉ် ၈ ရက်ကြာ ကျင်းပလေ့ရှိသော ဘာဆဲလ် နာရီ ပြပွဲသို့ လူပေါင်းတစ်သိန်းခွဲကျော်လာရောက်ကြသည်။ စတု ရန်းမီတာ ၁၄ဝဝဝဝ ရှိသော မြေအကျယ်တွင် နာရီ အမှတ်တံဆိပ် ပေါင်း ၁၈ဝဝ ကျော်ပြသကြသည်။ ပြပွဲ ဝင်ကြေးမှာ ဆွစ်ဖရန့် ၆ဝ ( ဒေါ် လာ ၅ဝ နီးပါး) ဖြစ်သည်။ အမေရိကန်လုပ်အတော်အသင့် 'တိုင်းမက်' နာရီ တစ်လုံး ဝယ်နိုင်သော ငွေကြေးပမာဏ ဖြစ်သည်။  

လာရောက်သူများ၏ အာရုံကို ဆွဲဆောင်နိုင်ရန် ပြခန်း တိုင်းသည် အလှပဆုံး တည်ဆောက် မွမ်းမံထားသည်။ TAG Hauer နာရီ ကုမ္ပဏီသည် ဖော်မြူလာဝမ်း ကားပြိုင်ပွဲ ချန်ပီယံများကို စပွန်ဆာပေးသူဖြစ်သည့်အတိုင်း ဖော်မြူ လာဝမ်းပြိုင်ပွဲပုံများဖြင့် ပြခန်းကို ပုံဖော်ထားသည်။ ချော မောလှပသော မိန်းမပျို၊ ယောက်ျားပျိုများသည် လာရောက် သူများကို ဆွဲဆောင် အရောင်းမြှင့် တင်နေကြ သည်။ ချေနဲလ် (Chanel)၊ ဂူချီ(Gucci) နှင့် ချိုပါ့ (Chopard)တို့သည် ကျောက် မျက်ရတနာစီခြယ်ထားသော နာရီ များကို ဈေးကွက် တင်သော ကုမ္ပဏီ များ ဖြစ်သည်။

နာရီ သို့မဟုတ် အချိန်ကို တိုင်းတာဖော်ပြပေးသည့် ကိရိယာ များကို လက်ရာမြောက်စွာ ပြုလုပ် သည့် နာရီဝိဇ္ဇာဓိုရ်များ၏ စွမ်းရည် ပြပွဲလည်းဖြစ်သည်။  နှစ်ပေါင်း များစွာ လေ့လာသင်ကြားပြီးမှ လှပ တိကျသောနာရီများကို တည် ဆောက်နိုင်စွမ်းရှိလာသူ များဖြစ် သည်။  

တစ်ဖက်မှ ကြည့်လျင် ထိုနာရီများ သည်တန်ဖိုးအရ လွန်ကဲလွန်းသည့် အပြင် အသုံးဝင်မှု တန်ဖိုးမှာ ဒေါ် လာ ၅ဝ တန် နာရီများနှင့် သူမ သာ ကိုယ်မသာပင်ဖြစ်သည်။

နာရီတွင် ထည့်သွင်းထား သော စွမ်းဆောင်ရည်အချို့မှာ ကြွားဝါရုံသက်သက်သာ ဖြစ်ပြီး အသုံးမဝင်ဟုပင်ဆိုနိုင်သည်။နှစ် ပေါင်း တစ်ထောင်အထိ ပြက္ခဒိန်ကို ပြင်ရန် မလိုသောနာရီ၊ ကမ္ဘာပေါ် ရှိ ပထဝီဒေသ အသီးသီး ( Time Zone) တွင် ဖြစ်ပေါ်နေသော လပြည့်လကွယ် အခြေအနေကို ဖော်ပြနိုင်သည့် နာရီတို့ကဲ့သို့နာရီ များ၏ အသုံးတည့်မှုမှာ ရယ်ဖွယ် ပင်ကောင်းနေသည်။ ဖရင့်မူလာ Franck Muller က ထုတ်လုပ် သော Aeternitas Mega 4  သည် အစိတ်အပိုင်းပေါင်း ၁၄၈၃ ခုပါ ဝင်ပြီး ၁၅ မိနစ်တစ်ကြိမ် လန်ဒန် မြို့ရှိ ဘစ်ဘန် နာရီကြီး တီးခတ် သည့်အတိုင်း တီးခတ်ပေးသည်။ ထုတ်လုပ်ခဲ့သမျှနာရီများ အနက်  ထိုနာရီ သည်  အရှုပ်ထွေးဆုံးနှင့် လက်ရာအမြောက်ဆုံး ဖြစ်သည် ဟု ကုမ္ပဏီက ဆိုသည်။

ယနေ့ခေတ်တွင် နာရီ မလို အပ်တော့ပေ။ မိုဘိုင်းဖုန်း အပါ အဝင် အခြားသော အချိန်ကို ညွှန်ပြနိုင်သည့် ဒစ်ဂျစ်တယ် ကိရိ ယာများသည် ဆွစ်ဇာလန်တွင် လုပ်သော နာရီများထက် ပိုမို တိ ကျစွာ အချိန်ကို ဖော်ပြပေးနိုင် သည်။

ကမ္ဘာ့မြို့ကြီးများ၏ အချက် အချာလမ်းမကြီးများတွင် အိုမီဂါ၊ ရိုးလက်စ်စသည့် နာမည်ကျော်နာရီ ဆိုင်ကြီးများက တခမ်းတနားနေရာ  ယူထားသည်။ သတင်းစာနှင့် မဂ္ဂဇင်းများကိုလည်း နာရီကုမ္ပဏီ ကြီးများ၏ ကြော်ငြာခက ထောက် ပံ့ပေးထားသည်။ လေဆိပ်များ သည်လည်း နာရီကြော်ငြာ သာမ ရှိပါက အကြည့်ရ ဆိုးနေပေမည်။

၂ဝ၁၄ ခုနှစ်တွင် ဆွစ်ဇာလန် မှ နာရီအလုံးပေါင်း ၂၉ သန်း တင်ပို့ရောင်းချခဲ့သည်။ ထိုပမာဏ သည်  တစ်ကမ္ဘာလုံးတွင် ရောင်း ချသည့် နာရီ အရေအတွက် ၏ ၁ ၃ ဒသမ ၇ ရာခိုင်နှုန်းသာရှိ သည်။ သို့သော် တန်ဖိုးအားဖြင့် တစ်ကမ္ဘာလုံး နာရီရောင်းချငွေ၏ ၅၈ ရာခိုင်နှုန်း ရှိသည်။ အလုံးအ ရေအတွက် နည်းသော်လည်း တန် ဖိုးမှာကြီးမားကြောင်း ညွှန်ပြခြင်း ဖြစ်သည်။

အရှေ့အာရှမှ နာရီ ဝယ်လို အားကျဆင်းသည့်အတွက် ၂ဝ၁၅ ခုနှစ် ဆွစ်နာရီ အရောင်း ၃ ဒသမ ၃ ကျဆင်းခဲ့သည်။ သို့စဉ်တိုင် လွန်ခဲ့သော ခြောက်နှစ်နှင့် နှိုင်း ယှဉ်ပါက ၆၂ ဒသမ ၉ ရာခိုင်နှုန်း တက်လာသည်။ ၂ဝ၁၅ ခုနှစ်တွင် ဒေါ်လာ ၁၇  ဘီလျံဖိုးရှိ ဆွစ်နာရီ အလုံးပေါင်း ၂၈ ဒသမ ၁ သန်း ကို ကမ္ဘာအရပ်ရပ်သို့ တင်ပို့ ရောင်းချနိုင်ခဲ့သည်။

ကမ္ဘာ့စီးပွားရေးတုံ့ဆိုင်းမှု၊ ယန်းနှင့် ရူဘယ်ငွေတို့ မတည် ငြိမ်မှုနှင့် အက်ပဲလ် နာရီများ ခေတ်စားလာမှုတို့သည် ဆွစ်နာရီ တန်ဖိုးအပေါ် မည်သို့မျှ သက် ရောက်မှု မရှိခဲ့ပေ။ မည်သည့် စီး ပွားရေး အခြေအနေများ ဖြစ်ပျက် နေသည်ဖြစ်စေ ဆွစ်နာရီများ ကို ဈေးလျှော့မရောင်းသလို ဝယ်သူ များလည်း တိုးပွားနေဆဲ။ ယင်းသို့ ဖြစ်ပျက်နေသည်မှာ လူ၏ အတ္တ မာနက တစ်စိတ်တစ်ပိုင်း ပယော ဂ ပါအားပေးနေသည်။ ငါက အပေါစားမသုံးဘူး၊ ဈေးနည်းလျှင်  အရည်အသွေးမရှိဘူး၊ ယုတ်လျော့ သည်၊ ငါလိုလူမျိုးက အကောင်းစား ပဲ သုံးတယ်ဟူသော မာနရှိသည့် သုံးစွဲနိုင်သူများက ဆွစ်နာရီများ ကို ဝယ်ယူမြဲဝယ်ယူနေကြသည်။

ရိုးလက်စ်၏ Oyster Perpetual Day-Date 40 နာရီ ကိုယ် ထည်သည် ပလက်တီနမ်ဖြင့်ပြု လုပ်ထားပြီး ' သြဇာအကြီးမားဆုံး ပုဂ္ဂိုလ်များအတွက် နာရီ' ဟု ကြော် ငြာသည်။  ဒေါ်လာ ၅၂ ၅၄၉  ဖြင့် ရောင်းချသည်။

ပတက်ဖိလစ်၏ နာရီ Patek Philippe Split-Seconds Chronograph သည် 'တိကျမှုကို အလေးအနက်ထားသူများအတွက်' ဟု ဆိုကာ ဒေါ်လာ နှစ်သိန်းကျော် ဖြင့်ရောင်းချသည်။ တန်ဖိုးကြီးနာရီ စုဆောင်းသူများအဖို့ နာရီတစ်လုံး ၏ အနိမ့်ဆုံးတန်ဖိုးမှာ ဒေါ်လာ တစ်သန်း သတ်မှတ်ထားကြသည်။ သာမန်လက်လုပ်လက်စားတစ် ယောက်၏  တစ်သက်စာ လုပ်အား ခနှင့် နှိုင်းယှဉ်လျှင် တန်ဖိုးမြင့် နာရီများသည် အချိန်ထက်ပင် တန်ဖိုးရှိနေသည်ဟု ဆိုရမလို။

နာရီစုဆောင်းသူများအ  တွက် နာရီများ။ ထိုနာရီမျိုးကို အ လုံးရေ အကန့်အသတ်ဖြင့်သာ ထုတ်လုပ်ကြသည်။ ထိုနာရီမျိုး ကိုဝယ်ယူမည်ဆိုလျင် အမည်စာ ရင်းပေးလျက် စောင့်ဆိုင်းရသည်။ နာရီဝိဇ္ဇာများသည် လိုအပ်သ လောက် အရေအတွက်ကို  အချိန် နှင့် တစ်ပြေးညီ လပိုင်းအတွင်း ထုတ်လုပ်ပေးနိုင်ခြင်း မရှိပေ။ သူ တို့သည် အချိန်နှင့် ပတ်သက်လျင် အားလုံးလုပ်နိုင်သည်ဟု ကြွားဝါ ထားသည်။ သို့သော် တစ်ရက်ကို ၂၄ နာရီထက်တိုးအောင်တော့ မစွမ်းနိုင်ကြ။

လွန်ကဲအဆင့်ဆင့် ထပ် ပေါင်း နည်းပညာ (Over Engineered) ဖြင့်နှင့် အလွန်အကျွံ အမွှန်း တင်ထားသော တန်ဖိုးမြင့် နာရီများ ကို မည်သည့်အတွက် လူတွေက ဝယ်ယူနေသနည်းဆိုသည့် အချက် မှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။ အ ချိန်ကို ဖော်ပြသည့် ကိရိယာ အများအပြားကို ဈေးချိုသာစွာ ဝယ်ယူနိုင်ပါလျက် တန်ဖိုးမြင့် နာရီ များကို ဝယ်ယူနေခြင်းမှာ ရူးသွပ် ခြင်း တစ်မျိုးဟု ပင်ဆိုရမည်။ စက်နာရီများသည် ဒစ်ဂျစ်တယ်ခေတ်ကို မည်သို့ အနိုင်ယူနေသနည်း ဆိုသည်မှာလည်း ဆွေးနွေးငြင်းခုံ ဖွယ်ရာဖြစ်နေ သည်။

နာရီသည် ပတ်ထားသူကို အချိန်ကို ပြောပြပေးရုံမျှမက ပတ် ထားသူသည် မည်သို့သော လူမျိုး ဖြစ်သည်ကို ပြောပြနိုင်သည့် အ ချက်က အရေးပါသောအချက် တစ်ချက်ခု ဖြစ်သည်။ နာမည် ကို ပတ်ခြင်းမဟုတ် ကုန်အမှတ် တံ ဆိပ်ကို ပတ်ခြင်းဟု ဆိုနိုင်သည်။

သဘာဝလွန် အချင်းအရာ များကို စွဲလမ်းခြင်း၊ ငါလိုလူ ဆို သည့် အတ္တလွန်ကဲခြင်းနှင့် လက် ရာမြောက် အရာဝတ္ထုများကို တပ်မက်ခြင်းတို့သည် တန်ဖိုးကြီး နာရီများတွင်ကျယ်စေရန် အား ပေးနေသည်။ ယနေ့ခေတ်လူများ အလုပ်အလွန်များလာခြင်းနှင့် သက်ဆိုင်လိမ့်မည်ဟု လူမှုရေး ပညာရှင်များကဆိုသည်။ နာရီများကို စတင်တီထွင်ခဲ့စဉ်က တစ် နေ့လုံး လုပ်ကိုင်စရာ များဖြင့် ပြည့်နေ သည်ဟု မရှိ။ သက်သောင့် သက်သာ အေးအေးဆေးဆေး ဘဝသာဖြစ်သည်။ မဖြစ်မနေ ပြီး အောင်လုပ်ရမည်ဟု အချိန် ရက် သတ်မှတ်ချက်ကလည်း ရှားရှား ပါးပါး။ ထိုအချိန် ထိုကာလက အချိန်သည် လူသားများအပေါ် ထိန်းချုပ်မှု သိပ်မရှိလှ။ သို့သော် ယနေ့ခေတ်တွင် အချိန်သည် အရာရာ ဖြစ်လာသည်။ အထူးသဖြင့် နိုင်ငံရေးသမား၊လုပ်ငန်းရှင်များမှ အစ ပုပုရွရွ အသက်မွေး မှုပြု နေ ကြသူများအထိ အချိန်သည် အ ရေးအကြီးဆုံးဖြစ်လာသည်။ နာရီ သို့မဟုတ် အချိန်ကို သတ်မှတ် ဖော်ပြသော ကိရိယာသည်လည်း မရှိမဖြစ်။

ထိုအခါ တတ်နိုင်သူများက တန် ဖိုးမြင့် နာရီကို ဝယ်ယူကြသည်မှာ မဆန်းပေ။ နာရီကို ပတ်ထားခြင်း ဖြင့် အချိန်ကို စေစားနေသူ၊ စီမံ ခန့်ခွဲနိုင်သူအဖြစ်ခံစားရသည်။ သို့ သော် ထိုခံစားမှုသည် အမှန်မ ဟုတ်ပေ။

လန်ဒန်မြို့ရှိ ပတက်ဖိလစ် နာရီဆိုင်ကို ကြေးနီနှင့် စကျင် ကျောက်များဖြင့် ခမ်းနားစွာ တန် ဆာဆင်ထားသည်။  ရောင်းချနေ သော နာရီများတွင် ဈေးအနိမ့်ဆုံး ဒေါ်လာ ၆၃ဝဝ မှ ဈေးအမြင့်ဆုံး Grandmaster Chime Ref 6300   ဒေါ်လာ ၂ ဒသမ ၁ သန်း အထိ ရှိသည်။ အဝင် ဟိုက်ဒရောလစ် လေလုံတံခါးမကြီးသည် အနုစိတ် အနုပညာလက်ရာများကို အလေး အမြတ်မထားသူများ မဝင်နိုင်စေ ရန် ပိတ်ပင်ထားသလို နာရီဖိုး မချေဘဲ ထွက်မသွား နိုင်စေရန် ဟန့်တားထားသည်။ စတုရန်း မီ တာ လေးရာကျော် ရှိသဖြင့် လန်ဒန် မြို့တွင် အကြီးဆုံးနာရီဆိုင် ဖြစ် သည်။ လန်ဒန်ရှိဆိုင်သည် ပါရီ နှင့် ဂျီနီဗာရှိဆိုင်များထက် ပိုမို ခေတ်မီသည်။ သုံးဆိုင်စလုံး၏ အငွေ့အသက်ကို တစ်ပုံစံတည်း ဖန်တီးထားသည်။ ၁၉၅ဝပြည့်လွန် နှစ်မှ တေးသီချင်းများကို တိုးတိတ် ညင်သာစွာ ဖွင့်ပေးထားသဖြင့် ထိုခေတ်က မော်နာကို၊ ပါရီမြို့ ကဲ့သို့ ဥရောပမြို့ပြ၏ အငွေ့အ သက်ကို သတိတရ ခံစားစေသည်။ အနည်းငယ် ကွဲပြားမှုတော့ရှိသည်။ လန်ဒန်မြို့ ပတက်ဖိလစ် ဆိုင်တွင် ဧည့်သည်ကို ကော်ဖီနှင်အတူ ဘီစကွတ်ဖြင့် ဧည့်ခံသည်။ ဂျီနီဗာ ဆိုင်တွင် ကော်ဖီနှင့် ချောကလက် ကို တွဲဖက်တည်ခင်းသည်။ နာရီ ဖိုးချေပြီးသည်နှင့်  ရှမ်ပိန် ဖန်ခွက် က ရောက်လာသည်။

မီးရောင်ဖျော့ဖျော့ ထွန်းထား သည့်အခန်းတွင် ဝယ်ယူလိုသော နာရီကို အချိန်ယူ စူးစမ်းလေ့လာ နိုင်သည်။ နာရီပြခန်းတစ်ခန်း လုံးတွင် ခေတ်ပေါ်ဒစ်ဂျစ်တယ် ပစ္စည်းများ ဖြစ်သည့် အိုင်ပက်၊ ငွေရေတွက်စက် စသည်တို့ မရှိ စေပေ။ ဒစ်ဂျစ်တယ်နှင့် ပတ် သက်သမျှကို အဆက်ဖြတ်ထားသည်။  အရောင်းဝန်ထမ်းများကို  သင်တန်းတက်ပြီးမှ ခန့်ထားသည်။ လက်ရေးကို လှပစွာရေးနိုင်စေရန် လေ့ ကျင့်ပေးထားသည်။ ငွေရပြေ စာနှင့် အာမခံစာရွက်စာတမ်းများ ကို စနစ်တကျ ကျွမ်းကျင် သေ သပ်စွာ ရေးသွင်းပေးကြသည်။

တန်ဖိုးကြီးနာရီများကို ရောင်း ချရာတွင် ပါးနပ်သောနည်းစနစ် များကို အသုံးပြုသည်။ ဝယ်ယူလို သူ၏ လိုအပ်ချက်ကို ဦးစွာမေးမြန်း ပြီး သင့်တော်မည့် နာရီ အမျိုး အစားများကို ထုတ်ပြသည်။ နောက်ဆုံးအဆင့်တွင်မှ ဈေးစကား ပြောသည်။ နာရီများသည် တန် ဖိုးကြီးသည် မှန်သော်လည်း ယောက်ျားသားတစ်ယောက်အနေဖြင့် ဝတ်ဆင်နိုင်သော တစ်ခုတည်း သော လက်ဝတ်ရတနာမှာ နာရီ သာလျှင်ဖြစ်ကြောင်း အရောင်း ဝန်ထမ်းများက တိုက်တွန်းပြောဆို လေ့ရှိသည်။

ပတက်ဖိလစ်နာရီ ကုမ္ပဏီ သည် ဂျီနီဗာရှိ တစ်ခုတည်းသော မိသားစုတစ်စုတည်းပိုင် ကုမ္ပဏီ ဖြစ်သည်။ ထိုအချက်ကို ပတက် ဖိလစ်က များစွာဂုဏ်ယူသည်။ ၁၉၃၂ ခုနှစ်တွင် 'စတန်း' မိသားစု လက်ဝယ်သို့ ရောက်ရှိလာသည်။ တယ်ရီစတန်းသည် ကုမ္ပဏီ၏ လက်ရှိ ဥက္ကဌဖြစ်ပြီး ဖခင်ဖြစ်သူ ဖိလစ်ထံမှ ကုမ္ပဏီကို ၂ဝ၁ဝ ပြည့်နှစ်က ဆက်ခံရယူခဲ့သည်။

''အခုခေတ်မှာ အချိန်ကို ဖော်ပြနိုင်တဲ့ ကိရိယာ အများအ ပြားပေါ်နေတယ်။ ဒါပေမယ့် အဲဒီ ကိရိယာတွေမှာ ဝိညာဉ်မပါဘူး။ ဒစ်ဂျစ်တယ်နာရီ၊ တက်ဘလက် စတဲ့ ကိရိယာတွေဟာ အချိန်ကို ဖော်ပြပေးတာ မှန်ပေမယ့် မောင်း နှင်လှုပ်ရှားနေတဲ့အစိတ်အပိုင်း မပါဘူး။ အထဲမှာ လျှပ်စီးပတ်လမ်း တွေ စီးဆင်းနေတာပဲရှိတယ်။ လူ သားနဲ့ ရင်းနှီးတဲ့ အဆက်အသွယ် မရှိဘူး။ ဒီအချက်ဟာ အရေးကြီး တယ်။ ဘာကြောင့် တန်ဖိုးကြီး နာရီ တွေကို ဝယ်ရသလဲဆိုတဲ့ မေးခွန်း ရဲ အဖြေတစ်စိတ်တစ်ပိုင်းဟာ အဲဒီ အချက်ပဲ'' သူက ရှင်းပြသည်။

''နာရီဆိုပေမယ့် ယောက်ျား သားတွေအတွက် တစ်ခုတည်း သော လက်ဝတ်ရတနာပဲ။ ပြီး တော့ အနုပညာလက်ရာ တစ်ခု လည်း ဖြစ်တယ်။ ကိုယ့်မိသားစု ဝင်တွေကို ဒစ်ဂျစ်တယ် နာရီကို  မွေးနေ့လက်ဆောင်ဆိုပြီး ကမ္ပည်း ထိုးပေးတယ်ဆိုပါစို့။ ဒါပေမယ့် နောက်နှစ်ကျတော့ ဒစ်ဂျစ်တယ် နာရီ အသစ်တွေ ပေါ်နေပြန်ရော။ ဒစ်ဂျစ်တယ် နာရီပဲ ထပ်ပေးမ လား'' စတန်းက ဆိုသည်။ တန်ဖိုး မြင့် နာရီများကို မရိုးနိုင်သော အနုပညာလက်ရာသဖွယ် ပြုလုပ် ရောင်းချခြင်းဖြင့် ဈေးကို ထိန်းထား နိုင်ခြင်းဖြစ် သည်။

ကမ္ဘာ့ အီလက်ထရွန်နစ်မြို့ တော်ဟု ဆိုရမည့် စီလီကွန်တောင် ကြားမှ လုပ်ငန်းရှင်များနှင့် မကြာ သေးမီက မစ္စတာစတန်း တွေ့ဆုံ ရာတွင် ထိုလုပ်ငန်းရှင်များ အားလုံးသည် အီလက်ထရွန်နစ်နာရီများ မဟုတ်ဘဲ တန်ဖိုးကြီး ဆွစ်နာရီများ ပတ်ထားသည်ကို တွေ့ရ သဖြင့် သူ က မေးမြန်းရာ ၄င်းတို့က ''ဒစ်ဂျစ် တယ် ကမ္ဘာထဲမှာပဲ နေရတာများ တော့ စက်နာရီပတ်ရတာ မြေပြင် ပေါ် ကို ပြန်ရောက် လာသလို ခံစား ရတယ်'' ဟု ဖြေကြသည်။

လွန်ခဲ့သော ခြောက်နှစ်အ တွင်း ပတက်ဖိလစ်နာရီ ထုတ်လုပ် မှုကို အလုံးရေ လေးသောင်းမှ ခြောက်သောင်းအထိ တိုးတက် ထုတ်လုပ်ခဲ့သည်။ သို့သော် ထို ပမာဏသည် တစ်နှစ်လျင် နာရီ အလုံးရေ ခုနစ်သိန်း ထုတ်လုပ်နေ သည့် ရိုးလက်စ် ကုမ္ပဏီကို မမီ သေးပေ။ တန်ဖိုးမြင့် နာရီလောက တွင် အရေးအကြီးဆုံးအချက်မှာ သူမတူဘဲ သီးခြားဖြစ်မှုသည် အ ရေးအကြီးဆုံးဟု စတန်းက ဆို သည်။ အလုံးရေ အကန့်အသတ် ဖြင့် ထုတ်လုပ်ခြင်းသည် နာရီ၏ ဈေးကို ထိန်းထားရာတွင် အ ထောက်အကူဖြစ်စေ သည်။

၁၈၅ဝ ပြည့်လွန်နှစ်များတွင် ပတက်ဖိလစ်သည် နာရီစတင် ထုတ်လုပ်ကတည်းက ဈေးချိုသော နာရီ မထုတ်လုပ်ခဲ့။ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်များနှင့် အား ကစားအကျော်အမော်တို့ဖြင့် မ ကြော်ငြာ သို့စဉ်တိုင် ထိုပုဂ္ဂိုလ် များသည် ပတက်ဖိလစ် နာရီ ပတ် ကြသည်ကို တွေ့ရသည်။

ပတက်ဖိလစ်၏ ကြော်ငြာ ကြွေးကျော်သံမှာ ''ပတက်ဖိလစ်နာရီ သင်ပိုင်ဆိုင်ထားခြင်း မဟုတ် ပါ၊ နောက်မျိုးဆက် အတွက် စောင့် ရှောက်ထိန်းသိမ်းပေးထားခြင်းသာ ဖြစ်သည်''။

ထိုစကားစု အတိုင်း ကြော်ငြာ လာသည်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော်ရှိပြီ ဖြစ်သည်။ ကြော်ငြာရုပ်ပုံများတွင် သာမန် မိသားစု တစ်စု၏ သာယာပျော်ရွှင် ကြည်နူးပျော်ရွှင်နေကြပုံကို ဖော် ညွှန်းသည်။ မိသားစု အပေါ် တာ ဝန်ယူမှု ၊ မျိုးရိုးစဉ်ဆက် ထိန်းသိမ်း ကာကွယ်မှုတို့ကို တွေ့ထိခံစားမိ စေသည်။

လွန်ခဲ့သည့်ရာစုနှစ်တွင် အ ချိန်ကို တိကျစွာ တိုင်းတာ သတ် မှတ်ပေးသည့် ကိရိယာအများ အပြား ပေါ်ပေါက်ခဲ့သော်လည်း ဆွစ်ဇာလန်၏ နာရီလုပ်ငန်းကို မထိခိုက်စေနိုင်ခဲ့ပါ။

ဒုတိယ ကမ္ဘာစစ်ကာလတွင် ဥရောပ စီးပွားရေး ချွတ်ခြုံကျနေ ချိန်တွင်ပင် ဆွစ်နာရီများ အ ရောင်းသွက်ခဲ့သည်။ သို့စဉ်တိုင် ပထမဆုံး စက်နာရီသည် ဆွစ် ဇာလန်နိုင်ငံတွင် စတင်ခဲ့ခြင်း မဟုတ်ပေ။ ပထမဆုံး စက်နာရီကို ၁၅ဝ၁ ခုနှစ်တွင် ကြီးမားသော လည်ဆွဲအဖြစ် စတင်အသုံး ပြု လာသည်။ စက်ဝိုင်းပုံ၊ ဘဲဥပုံနာရီ ကြီးများကို ဂျာမဏီ၊ နယ်သာလန်၊ ပြင်သစ်နှင့် အီတလီစသည့် နိုင်ငံ များတွင် လည်ပင်း၌ ဆွဲကြသည်။ နှစ်အနည်းငယ် အကြာတွင် ဂျီနီ ဗာ၌ နာရီလုပ်သော ပန်းထိမ်ဆိုင် လေးများပေါ်လာသည်။ ၁၆ ရာစု နှောင်းပိုင်း ဂျီနီဗာမြို့တွင် ရွှေပန်း ထိမ် ၁၇၆ ဆိုင်ရှိသည်ဟု မှတ် တမ်းများက ဆိုသည်။ သူတို့သည် ကြီးမားနေသော နာရီများ ကို တဖြည်းဖြည်းသေးငယ်စေရန် တီ ထွင်လာကြသည်။ ဖိနှိပ်ခံရသဖြင့်  ပြင်သစ်မှ ဆွစ်ဇာလန်သို့ ထွက် ပြေးလာရသော ပရိုတက်စ် ဘာ သာဝင်များ (Huguenot) တွင် အနုပညာစိတ် လက်မှုပညာရှင် အ များအပြားပါဝင်လာသည်။ ၄င်းတို့ သည် ဆွစ်နာရီ တိုးတက်ဖြစ်ပေါ် မှုတွင် များစွာအထောက်အကူပြု သည်။

အမှန်စင်စစ် ဂျာမဏီနှင့် ပြင်သစ်တို့သည် အနုစိတ်ပညာ တွင် ထူးချွန်ကြသော်လည်း ဆွစ် ဇာလန်သည် အနုစိတ်နာရီများ ပြုလုပ် ရာတွင် လက်ရာမြောက်ရ သည်မှာ ပဟေဠိဖြစ်သည်။ ဆွစ် နာရီများသည် ၂ဝ ရာစု ရောက်မှ ကျော်ကြားလာသည်။ ပါရီမြို့တွင် Breguet, Cartier   နှင့် Lip တို့ အပြင် ဂျာမဏီရှိ အလားတူ လုပ် ငန်းငယ်များသည် တန်ဖိုးကြီးလက် ဝတ်ရတနာနှင့် နာရီကို ဂျီနီဗာ ထက်စောစွာ ထုတ်လုပ်ကြသူများ ဖြစ်သည်။ သို့သော် ၂ဝ ရာစု အစောပိုင်းမှ စလျက် ဆွစ်နာရီ အရည်အသွေးကို ထိုလုပ်ငန်း လေးများက အမောတကော အမှီ လိုက်ကြရသည်။

ဆွစ်နာရီလုပ်ငန်းသည် ရှေ့မှ ပြေးလျက် အရည်အသွေးရှိသော ဥရောပ နာရီကုမ္ပဏီများကိုလည်း ဝယ်ယူလျက် လုပ်ငန်းကို ပိုမိုကြီး ထွားစေသည်။ ၁၉ ရာစုတွင် အိတ်ဆောင်နာရီ ခေတ်စားနေ သည်မှ  လက်ပတ်နာရီများကို ဆွစ်ကုမ္ပဏီက အစားထိုးထုတ်လုပ် လာသည်။ ထိုစဉ်က နာရီကို သံ ပတ်ပေးလျင် သော့တံလေး အသုံး ပြုနေခြင်းမှ သော့သီးကို အစားထိုး လာနိုင်ခဲ့သည်။

ဆွစ်အရည်အသွေးဟူသော သတ်မှတ်ချက်ကို ဥပဒေနှင့် အတိ အကျ သတ်မှတ်လာနိုင်သည် အ ထိ ဆွစ်လုပ်ငန်းရှင်များက ကြိုးစား သည်။  ဆွစ်နာရီများတွင် Swiss Made သို့မဟုတ် Swiss ဟုဖော်ပြ သည်။ Made in Switzerland ဟု မဖော်ပြပေ။ Swiss Made ဟူ သော ကမ္ပည်းထိုးနိုင်ရန် ဆွစ်နာရီ ထုတ်လုပ်သူများ ဖက်ဒရေးရှင်း Fédération de l’Industrie Horlogère Suisse FH ၏ စံသတ်မှတ်ချက်များနှင့် ကိုက်ညီရ သည်။

နာရီအတွင်းရှိ ကလီစာများ သည် ဆွစ်ဇာလန်တွင် ထုတ်လုပ်ရ မည်။ နာရီ ကိုယ်ထည်ကိုလည်း ဆွစ်ဇာလန်တွင် ထုတ်လုပ်ရမည်။ ယင်းသို့ထုတ်လုပ်ထားသော နာရီ ကို ဆွစ်ဇာလန် နာရီ ထုတ်လုပ်သူ များ ဖက်ဒရေးရှင်း၏ အသိအမှတ် ပြု စာရွက်စာတမ်းပါရှိရမည်။ သို့မှ သာ Swiss Made သို့မဟုတ် Swiss ဟု နာရီပေါ်တွင် ဖော်ပြခွင့် ရှိသည်။

၂ဝ ရာစု ထက်ဝက်ကျော် ကမ္ဘာ့နာရီ ဈေးကွက်ကို ဆွစ် နာရီ များက လွှမ်းမိုးထားခဲ့သည်။ ၁၉၇ဝ ပြည့်လွန်နှစ် ရောက်သည့် အခါ အီလက်ထရွန်နစ်နာရီဟု ခေါ်ဆိုနိုင်သော ကွဇ်နာရီများပေါ် ပေါက်လာသည်။ တစ်စက္ကန့်၏ အစိတ်အပိုင်းအထိ တိုင်းတာ ဖော် ပြနိုင်သော ကွဇ် နာရီသည် ယခင် က ဓာတ်ခွဲခန်းများတွင်သာ ရှိနေ ရာမှ အများသူငါသုံးပစ္စည်း အ ဖြစ်ပေါ်ထွက်လာသည်။ ဆွစ်နာရီ လောက တစ်ခုလုံး တုန်လှုပ် ချောက်ချားသွားသည်။ ၁၉၇ဝ ပြည့်နှစ်မှ ၁၉၈၃ ခုနှစ်အတွင်း ဆွစ်နာရီအရောင်းသည် ၅ဝ ရာ ခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ ပြုတ် ကျသွားသည်။ နာရီအလုပ်သမား တစ်ဝက်ကျော် အလုပ်ပြုတ်သွား သည်။

ကြံရည်ဖန်ရည်နှင့် တီထွင် ဥာဏ် မြင့်မားသော ဆွစ်လူမျိုးတို့ သည် ဒစ်ဂျစ်တယ် နာရီများကို ဒစ်ဂျစ်တယ်နာရီဖြင့်ပင်ပြန်လည် တုံ့ပြန်သည်။ ပလပ်စတစ် ကိုယ် ထည်နှင့် ကွဇ်နာရီ  Swatch ကို ဈေးကွက်တင်သည်။ ဈေးပေါသည် ဆိုသော်လည်း အနိမ့်ဆုံး မဟုတ် သော ဈေးဖြင့် ရောင်းချသည်။ နာရီကို အရောင်စုံစုံ၊  လူငယ် ကြိုက် ဒီဇိုင်းဖြင့် ရောင်းချသည်။ နှစ်အနည်းငယ် အတွင်း  Swatch နာရီများ အံ့မခန်း အရောင်းတက် လာသည်။ ယခုအခှါတအေခ့ ကုမ္ပဏီသည်  ကမ္ဘာ့အကြီးဆုံးနာရီ လုပ်ငန်းဖြစ်နေပြီး နာမည်ကြီးနာရီ ကုမ္ပဏီများ ဖြစ်သည့် Longines, Blancpain, Rado နှင့် Breguet ကုမ္ပဏီတို့ကို ပိုင်ဆိုင်ထားသည်။

 ရောင်းတန်း ကွဇ် နာရီများ သည် တစ်စက္ကန့်၏ တစ်ရာပုံ တစ် ပုံအထိတိုင်းတာဖော်ပြနိုင်လာ သည့်အခါ အချိန်အလွန်အမင်း တိကျမှုသည် လက်ပတ်နာရီ ဈေး ကွက်တွင် မလိုအပ်တော့သလို ဖြစ်လာသည်။ အမေရိကန် နာရီ မဂ္ဂဇင်း WatchTime က တန်ဖိုး ကြီးနာရီ အချို့ကို စမ်းသပ်တိုင်း တာကြည့်သောအခါ တစ်နေ့လျှင် ၁ ဒသမ ၆ မှ ၄ ဒသမ၃ စက္ကန့် အထိ အနှေးအမြန် ရှိသည်ကို တွေ့ရသည်။ ယင်းသို့ဆိုလျှင် မည် သည့်အတွက် တန်ဖိုးမြင့် နာရီများ ကို ပတ်နေကြသနည်း ဆိုသည့် အမေးသည် ပိုမို စိတ်ဝင်စားဖွယ် ကောင်းလာသည်။

နာရီသည် အချိန်တစ်ခုတည်း ကိုသာမဟုတ် ပတ်ထားသူ၏ အ ဆင့်အတန်းကို ဖော်ပြသော အ မှတ်အသား ဖြစ်လာသည်။ မည်သို့ သော ဝင်ငွေရှိသူ ဖြစ်သည်။ ထို ဝင်ငွေကိုရရှိရန် မည်သို့သော အောင်မြင်မှုများကို ရယူထား သည်။ ထို့ပြင် အနုပညာ လက်ရာ မြောက်သော ပစ္စည်းများကို အ လေးအနက်ထားသူ၊ သိနားလည် သူအဖြစ် ပတ်ထားသော နာရီက သွယ်ဝိုက်သောနည်းဖြင့် ဖော်ပြ ခြင်းကို ခံရသည်။ ယင်းသို့ နာရီမှ တစ်ဆင့်ဖော်ညွှန်း ချက်များသည် မှန်သော်မှ မှန်မည်ဖြစ်သော်လည်း ပတ်ထားသူကို စိတ်နေမြင့်စေ သည်။ ကျေနပ်စေသည်။  

ဆွစ်နာရီကို စိန်ခေါ်မှု တစ်ခု ပေါ်ပေါက်လာနေသည်။ အက် ပဲလ်မှ ထုတ်လုပ်သော  Apple Watch သည် လက်ကိုင်ဖုန်းနှင့် တွဲဖက် အသုံးပြုနိုင်သည်။ လက် ကိုင်ဖုန်းနှင့် တွဲဖက် အသုံးပြုနိုင်ရုံ မျှနှင့် ဆွစ်နာရီများကို မခြိမ်း ခြောက်နိုင်ပေ။ သို့သော် လွန်ခဲ့ သော လပိုင်းက ရွှေသားကိုယ် ထည်ဖြင့် ပြုလုပ်ထားသော Apple Watch ကို စတင်ရောင်းချလာ သည်။ တန်ဖိုးမှာ ဒေါ်လာထောင် ချီရှိသည်။ တန်ဖိုးမြင့် နာရီဈေး ကွက်အတွင်းသို့ ထိုးဖောက်လာ ခြင်း ဖြစ်သည်။ ဗြိတိသျှ တော် ဝင်နန်းသုံး ပစ္စည်းများ ပေးသွင်း ရသော ဟမ်းစ် ကုမ္ပဏီက Apple Watch  အတွက် ဒေါ်လာ ၁၈၆ဝ ဈေးနှုန်းသတ်မှတ်ထားသည့် လက် ပတ်ကြိုး စတင်ရောင်းချလာခြင်း သည် ဆွစ်နာရီ လောကအဖို့ ကျောချမ်းစရာ ဖြစ်လာသည်။

Breitling က မည်သည့် လက်ကိုင်ဖုန်း အမျိုးအစားနှင့် မဆို ချိတ်ဆက် အသုံးပြုနိုင်သော  Exospace B55 ကို ဈေးကွက်သို့ မိတ်ဆက်သည်။ အလားတူပင် TAG Hauer ကုမ္ပဏီကလည်း Connected Smart Watch ကို ဈေးကွက်တင်သည်။ ဝိုင်ဖိုင်ဖြင့် သီချင်းနားထောင်ခြင်း၊ ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်နေစဉ် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များကို စောင့်ကြည့် မှတ်တမ်း တင်ပေးနိုင် ခြင်း တို့ ပြုလုပ်နိုင်မည်ဟု ဆို သည်။ Connected Smart Watch ကို ''ခေတ်သစ်၏ ပထမ ဆုံး လက်ပတ် ကွန်ပျူတာ'' ဟု ကြော်ငြာသည်။

ကွန်ပြူတာ ဟူသည် တွက် ချက်ပေးသော ကိရိယာဟု ယေဘု ယျအားဖြင့် ဆိုနိုင်သည်။ အချိန် ကို တွက်ချက်ပေးသော နာရီ သည် လည်း ပင်ကိုယ်သဘောအရ ကွန် ပျူတာ ပင်ဖြစ်သည်။ ထို့ကြောင့် လက်ပတ်ကွန်ပြူတာဆိုသည်မှာ အဆန်းမဟုတ်ပေ။ စိတ်ဝင်စား ဖွယ်အချက်မှာ သမားရိုးကျ စက် နာရီများသည် နည်းပညာ အသစ် နှင့်အတူ မည်သို့ လိုက်ပါ မည် နည်း ဆိုသည့်အချက်ပင် ဖြစ် သည်။

အေးထွန်းမင်း
[email protected]
Ref: Still ticking: The improbable survival of the luxury watch business by Simon Garfield.

အေးထွန်းမင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.