6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
တရုတ်ကြောင့် မြန်မာ့ဆန်ဈေးနှုန်းများ ပြုတ်ကျရခြင်းလား

ယခုနှစ် စပါးရိတ်သိမ်းရာသီတွင် ထိုင်းနိုင်ငံ၌ ဆန်ဈေးနှုန်း များ ကျဆင်းနေသဖြင့် ထိုင်းလယ်သမားများ အကျပ်တွေ့နေကြ သည်။ ထို့ကြောင့် ထိုင်းစစ်အစိုးရက ဖွဲ့စည်းထားသည့် ဆန်စပါး စီမံခန့်ခွဲရေးကော်မတီက လယ်သမားများအား ချေးငွေ အမေရိ ကန် ဒေါ်လာ တစ်ဘီလီယံ ထုတ်ချေးပေးမည်ဟု အောက်တိုဘာ ၃ ရက်က ထုတ်ပြန်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြ သည်။   

၂ဝ၁၄ ခုနှစ် မေလတွင် ထိုင်းစစ်အစိုးရက အာဏာ လွှဲပြောင်းမယူခင် ရာထူးက ဖြုတ်ချခံခဲ့ရသော ဝန်ကြီးချုပ် ဟောင်း ယင်လတ် ရှင်နာဝပ်သည် လယ်သမားများအားနိုင်ငံ တော် ဘဏ္ဍာငွေ ဒေါ်လာဘီလီယံနှင့်ချီပြီး အရှုံးခံစပါး ဝယ်ယူ ခြင်းဖြင့် ထောက်ပံ့ ကူညီ သည့် အစီအစဉ်ပြုလုပ်ခဲ့သည်။ ယင်း အစီအစဉ်ကို အကြောင်းပြုပြီး ဝန်ကြီးချုပ်ဟောင်း တရားစွဲဆို ခံခဲ့ရသည်။ မကြာသေးမီက ယင်းအမှုတွင် သူမအား ဒဏ်ငွေ ဒေါ်လာ တစ်ဘီလီယံပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ရသည်။ ယင်းသို့ ပြစ်ဒဏ်ချပြီး မကြာခင်မှာပင် ထိုင်းစစ်အစိုးရက လယ်သမားများအား ချေးငွေထုတ်ချေးပေးမည့် ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု သတင်းက ဆိုသည်။

ထိုင်းစစ်အစိုးရ၏ ချေးငွေအစီအစဉ်သည် ဝန်ကြီးချုပ် ဟောင်းပေးဆောင်ရမည့် ဒဏ်ကြေးငွေကို ပြန်လည်ထုတ် ချေးပေးခြင်းဟု ယူဆနိုင်စရာရှိပြီး စစ်အစိုးရကတော့ ယင်း ကိစ္စရှင်းရှင်းလင်းလင်း ထုတ်ပြန်ပြောကြားခြင်းမရှိပေ။ စစ်အစိုးရသည် စပါးအဓိက စိုက် ပျိုးသည့် ဒေသများရှိ လယ်သမား များ၏ အခက်အခဲများကို သက် သာစေရန် ရည်ရွယ်ပြီး အိမ် ထောင်စုနှစ်သန်းအား ချေးငွေများ ထုတ်ချေးပေးမည်ဟု ပြောကြားခဲ့ သည်။

ထိုင်းနိုင်ငံသည် လက်ရှိ ကာလတွင် စပါးရိတ်သိမ်းရာသီ ကျရောက်နေပြီး ၂ဝ၁၆-၂ဝ၁၇ ခုနှစ်အတွက် ဆန်တန်ချိန် ၂၅ သန်းကျော် ထုတ်လုပ်နိုင်မည်ဟု လည်း ခန့်မှန်းထားသည်။ သို့ရာ တွင် လက်ရှိအချိန်မှာတော့ ထိုင်း ဆန်ဈေးကွက်၌ ဈေးနှုန်းများ ကျ ဆင်းနေသည်။ ထိုင်းနိုင်ငံ၏ အ ရည်အသွေးမြင့် ဆန်တစ်မျိုးဖြစ် သည့် စံပယ်ဆန်သည် ဈေးထိုးကျ နေသည်ဟု သိရသည်။ ယင်း စံပယ်ဆန်သည် ၂ဝ၁၂-၂ဝ၁၃ ခုနှစ်က တစ်တန်လျှင် အမေရိ ကန်ဒေါ်လာ ၁၂ဝဝ ရှိခဲ့ရာ ယခု ၂ဝ၁၆-၂ဝ၁၇ တွင် ဒေါ်လာ ၈ဝဝ အောက်သို့ ကျဆင်းနေ ကြောင်း ထိုင်းဆန်တင်ပို့သူများ အသင်းက ဆိုသည်။

ထိုင်းစစ်အစိုးရ၏ ချေးငွေ အ စီအစဉ်နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး အပီရာဒီတန်ထရာပွန်း ပြောကြား သည်ကတော့ ချေးငွေဒေါ်လာ တစ်ဘီလီယံ စီမံကိန်းကို ထိုင်း အစိုးရပိုင် စိုက်ပျိုးရေးနှင့် စိုက်ပျိုး ရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက် ရေးဘဏ် Bank for Agriculture and Agricultual Cooperatives (BAAC) က အကောင်အထည် ဖော်မည်ဖြစ် ပြီး၊ ဈေးကွက်အတွင်း အရည်အသွေးမြင့် စံပယ်ဆန်များ ရောင်းလိုအား ပိုလျှံနေမှုကို လျှော့ ချရန် ရည်ရွယ်ထားကြောင်း ပြော ဆိုသည်။ ထို့ပြင် ''စံပယ်ဆန်ကို ဈေးတင်နိုင်ရင် တခြားဆန်တွေ လည်း ဈေးတက်လာမှာပါ''ဟု လည်း ဝန်ကြီးအပီရာက ပြောကြား ပါသေးသည်။ သည့်ပြင်လည်း ဆန်ဈေးများ ပြန်လည်မြင့်တက် လာစေရေး အခြားနည်းလမ်းများ အသုံးပြုသွားမည်ဟုလည်း ဆိုပါ သေးသည်။

ထိုင်းစံပယ်ဆန်သည် ယခု နှစ်အတွင်း ထိုင်းဆန် တင်ပို့ကုန် စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်း ခန့် ရှိထားသည်ဟုလည်း ထိုင်းဆန် တင်ပို့သူများအသင်းက ဆိုသည်။ ချေးငွေနှင့် ပတ်သက်ပြီး ထိုင်းစစ် အစိုးရကတော့ စည်းကမ်းချက် ထုတ်ထားသည်။ ချေးငွေရရှိမည့် လယ်သမားများသည် ဆန်ဈေးနှုန်း များ ပြန်လည်မြင့်တက်စေရေး ရောင်းလိုအားကို ထိန်းထားသည့် အနေဖြင့် မိမိတို့၏ စပါးများအား ကြိတ်ခွဲခြင်းမပြုဘဲ ခြောက်လတာ မျှ သိုလှောင်ထားရမည်ဖြစ်သည်။ ဝေဖန်သူများကတော့ ထိုင်းစစ် အစိုးရ၏ ချေးငွေ အစီအစဉ် သည် ယခင်ဝန်ကြီးချုပ်ဟောင်း ယင် လတ်၏ ကမ္ဘာ့ဆန်ဈေးနှုန်း မြင့် တက်ရန်ကြိုးပမ်းခဲ့သော လုပ်ရပ် နှင့် အလားတူနေသည်ဟု ဆို သည်။ သို့သော် ထိုင်းစစ်အစိုးရက တော့ ယင်လတ်ကဲ့သို့ လယ်သမား များအား အရှုံးခံပြီး နိုင်ငံတော် ဘဏ္ဍာငွေဖြင့် စိုက်ထုတ် ဝယ်ယူ ခြင်းမျိုးမဟုတ်ဘဲ လယ်သမားများ အား ချေးငွေထုတ်ပေးခြင်းသာဖြစ် သဖြင့် နည်းနည်းတော့ မူကွဲသည် ဟု ဆိုသည်။ သို့သော် မည်သို့ ဝေဖန်မှုများရှိပါစေ၊ စစ်အစိုးရ၏ ချေးငွေ အစီအစဉ်သည် မည်ကဲ့သို့ ပြန်ဆပ်ရမည်ဆိုသည့် စည်းကမ်း ချက်များ မသတ်မှတ်ရသေးသလို၊ ချေးငွေပြန်မဆပ်နိုင်ပါက မည် သည့်အရေးယူမှုပြစ်ဒဏ်များ ချ မှတ်မည်ကိုလည်း ထုတ်ပြန်ထား ခြင်း မရှိသေးကြောင်း သိရသည်။

ထိုင်းနိုင်ငံကဲ့သို့ပင် မြန်မာ နိုင်ငံသည်လည်း လက်ရှိမိုးစပါး ရိတ်သိမ်းချိန်အစမှာပင် စပါးဈေး များထိုးကျနေသည်။ စပါးဈေးထိုး ကျမှုကြောင့် မြန်မာလယ်သမား များ အခက်ကြုံကာ ရတက်ပွေနေ ရသည်။ ထုတ်လုပ်စရိတ်ပင်ပြန်မ ရနိုင်သည့် အခြေဆိုက်နေ သဖြင့် စိုက်ဘဏ်ချေးငွေများ မည်သို့ပြန် ဆပ်ရမည်နည်းခေါင်းခဲနေကြသည်။ စပါးဈေး ကျဆင်းခြင်းနှင့် ပတ် သက်ပြီး မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက် တာစိုးထွန်းက မီဒီယာသို့ ယခုလို ရှင်းပြထားသည်ကို ဖတ်လိုက်ရ သည်။

''အခုမိုးစပါးပေါ်ချိန်မှာ အ ရင်နှစ်ထက်စာရင် စပါးဈေးက  ကျပါတယ်။ ဈေးကျရတဲ့ အ ကြောင်းရင်းကလည်း ပြည်ပကို တင်ပို့မှုက မနှစ်ကထက်စာရင် များတယ်။ တရုတ်နယ်စပ်က လည်း အဖမ်းအဆီးတွေရှိတာ လည်းပါတယ်။ ကျွန်တော်တို့ဆီမှာ လက်ကျန် ကျန်နေတာလည်း ပါ တယ်။ နောက်တစ်ခုက စပါးရိတ် ခါနီး ပင်လယ်မှာ မုန်တိုင်းရှိလို့ အချိန်အခါမဟုတ် မိုးရွာတာလည်း  ပါတယ်။ ရာသီဥတုက မကောင်း၊ မိုးကရွာသွားတော့ စပါးတွေ မိုးစို သွားတယ်။ အဲဒီမှာ စိုထိုင်းဆများ တော့ အရည်အသွေးပိုင်းမှာ မကောင်းဘူးဖြစ်သွားတယ်။ ဝယ် တဲ့သူတွေလည်း ဒါကို တွက်ချက် ပြီး ဝယ်တော့ စပါးဈေးက (တင်း ၁ဝဝ) ကျပ် သုံးသိန်း၊ သုံးသိန်းခွဲ လောက်ဖြစ်သွားတာပါ။ အဲဒီအတွက်ကြောင့် စပါးဈေးကျလို့ တောင်သူတွေခံစားနေရတာပါ။ အခုဆိုရင် စပါးဈေးကောင်း ဖို့ အစိုးရက စီမံချက်တစ်ရပ် လုပ် ဆောင်မယ်ဆိုတာကလည်း လုပ် ဆောင်သင့်ပါတယ်။ အခုအချိန် ကတော့ စပါးတင်မဟုတ်ပါ ဘူး။ ပြောင်း၊ ဖရဲတွေလည်း ဈေးကျနေ တဲ့ အပိုင်းတွေရှိပါတယ်။ အစိုးရ အနေနဲ့ အခုလိုလုပ်ဆောင်ပေး မယ်ဆိုတာကို ကျွန်တော်တို့ ကြိုဆို ပါတယ်။ ဒါက လောလောဆယ် ရေတိုနည်းပါ။ ရေရှည်နည်းလမ်း ကတော့ တောင်သူလယ်သမား တွေအနေနဲ့ ထုတ်လုပ်မှု ကုန်ကျ စရိတ်တွေမြင့်နေတာကြောင့် တွက်ခြေမကိုက်ဖြစ်နေတာပါ''ဟု ဆိုသည်။

ယင်းနှင့် ပတ်သက်ပြီး မကွေး တိုင်းဒေသကြီး မိုးစပါးစိုက်ပျိုး တောင်သူများ စပါးဈေးနှင့် ရာသီ ဥတုဘေးကြောင့် ထိခိုက်နစ်နာရမှု ကိုလည်း ယခုလိုကြားသိလိုက်ရပါ သေးသည်။ မကွေးတိုင်းဒေသကြီး အတွင်း မိုးစပါးစိုက်ပျိုးရာသီတွင် ရေကြီးရေလျှံမှုကြောင့် လယ်ဧက ၃၈ဝဝ ကျော် ပျက်စီးခဲ့ပြီး အောက် တိုဘာလလယ်ပိုင်း မိုးစပါး ရိတ် သိမ်းစတွင် ရာသီပေါ် စပါးဈေး ကျဆင်းမှုကြောင့် လယ်သမားများ အရှုံးပေါ်ခဲ့ကြောင်း သိရသည်။ ဇူလိုင်လကုန်ပိုင်းက ရေကြီးရေလျှံ မှုကြောင့် မကွေးတိုင်းအတွင်း ဧရာဝတီမြစ်နှင့်မြစ် အတွင်း စီးဝင် သည့် ချောင်းကမ်းနံဘေး မိုးစပါး စိုက်ခင်းများ ရေဝင်ပျက်စီးခဲ့ ကြောင်း၊ စလင်း၊ ပွင့်ဖြူ၊ မင်းဘူး၊ စကုမြို့နယ်များအတွင်း လယ်ဧက ပေါင်း ၃၈ဝဝ ကျော် ပျက်စီးခဲ့ ကြောင်း၊ အောက်တိုဘာ အလယ် ပိုင်းတွင် မကွေးနှင့် တောင်တွင်း ကြီး မြို့နယ်တို့အတွင်း မိုးစပါးများ ရိတ်သိမ်းခဲ့ကြောင်း၊ တစ်ဧကလျှင် တင်း ၁ဝဝ ကျော် ထွက်ရှိသော် လည်း စပါးဈေးက ယမန်နှစ်က တင်း ၁ဝဝ ကျပ် ငါးသိန်းခွဲပေါက် ဈေးရှိခဲ့သော်လည်း ယခုနှစ်တွင် ကျပ်သုံးသိန်းခွဲသာ ပေါက်ဈေးရှိခဲ့ သဖြင့် တောင်သူများ ကုန်ကျ စရိတ်နှင့် လုပ်အားခများ ဆုံးရှုံးရှိ ခဲ့ကြကြောင်း ဒေသခံသတင်းရင်း မြစ်များက ဆိုသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်တွင် လည်း စပါးဈေးကျမှုနှင့် ဝယ် လက်မရှိမှုတို့ကြောင့် လယ်သမား များ အခက်တွေ့နေကြကာ စိုက်ပျိုး စရိတ်ချေးငွေများ ပြန်ဆပ်ရန် အခက်အခဲဖြစ်နိုင်ကြောင်းလည်း သိရပါသေးသည်။ ယခုအခါ ပြည် ခရိုင်အတွင်း မိုးစပါးရိတ်သိမ်းမှု များ စတင်နေပြီဖြစ်ရာ ရောင်းချ ရာတွင် စပါးဈေး အဆမတန် ကျ ဆင်းနေမှုနှင့် ဝယ်ယူမည့် သူမရှိ ခြင်း၊ အချိန်အခါမဲ့ မိုးရွာသွန်းနေ ခြင်းများကြောင့် ရိတ်သိမ်းရန် ခက်ခဲခြင်း၊ စပါးလှန်းရန် ခက်ခဲ ခြင်းတို့ကြောင့်  ရိတ်သိမ်းပြီး စပါးများ အစိုပြန်၊ အညှောင့်ပေါက် ခြင်းများနှင့် ရင်ဆိုင်နေရကြောင်း၊ ယခုနှစ် စပါးပေါက်ဈေးသည် လည်း သွင်းအားစုများ၏ စရိတ်ပင် ကာမိခြင်းမရှိခဲ့ကြောင်း၊ ယင်းအ တွက် လာမည့်ရာသီ စိုက်ပျိုးစရိတ် ချေးငွေ ပြန်လည်ဆပ်ချိန်တွင် ပေး ဆပ်ရန် အခက်အခဲ ဖြစ် လာနိုင် ကြောင်း ဒေသခံတောင်သူများက ပြောကြားသည်ဟု သိရသည်။

 ပြည်ခရိုင်၊ ဇီးတောကျေးရွာမှ  တောင်သူတစ်ဦးကတော့ ''ဒီနှစ် အဆိုးဆုံးပဲ။ ပြီးခဲ့တဲ့နှစ်က အခုလို အချိန်မျိုးမှာ စပါးဈေးက ကျပ်ငါး သိန်းခွဲကနေ ခြောက်သိန်းဈေးအ ထိ ပေါက်တာ။ ပြီးမှ တဖြည်းဖြည်း ကျလာတော့ အနိမ့်ဆုံး ကျပ်လေး သိန်းခွဲဈေးနဲ့ ရသေးတယ်။ ကျွန် တော်တို့ တောင်သူတွေအနေနဲ့ စပါးတစ်ဧကအတွက် ကုန်ကျ စရိတ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် စပါး ဈေးတင်း ၁ဝဝ ကို ကျပ်လေးသိန်းရမှ အရင်းပဲရှိသေးတယ်။ အခု ကျပ်သုံးသိန်းခွဲဈေးဆိုတော့ တောင် သူတွေ အရှုံးပေါ်ပြီ။ နောက်ထပ် သီးနှံစိုက်ဖို့ အတွက် အရင်းအနှီးက လည်း လိုသေးတယ်။

ဒီဈေးအတိုင်းသာဆိုရင် နောက်နှစ် တွေ စပါးစိုက်ဖို့ မလွယ်ဘူး''ဟု ဆို သည်။

ထို့ပြင် ပျဉ်းမအိုင်ကျေးရွာမှ တောင်သူတစ်ဦးကလည်း ''စပါး ဈေးကျဆင်းလို့ တောင်သူတွေ အခက်ကြုံရတာကို အစိုးရပိုင်း က ဖြေရှင်းပေးတာ မရှိသေးဘူး။ ပြီး တော့ တောင်သူအတွက် နှစ်ရှည် ချေးငွေတွေ လိုအပ်တယ်။ အစိုးရ ပိုင်းကတော့ လုပ်ပေးမယ် ပြောပြီး အခုထိတော့ မရသေးဘူး။

အခု သီးနှံဈေးတွေကျနေတဲ့အတွက် စိုက်ဘဏ်က ချေးထားတဲ့ ပိုက်ဆံ တွေပြန်ဆပ်ဖို့ အသာထားဦး၊ ကိုယ့် အချင်းချင်းမပြေလည် လို့ ချေးယူ စားသုံးထားတဲ့ ပိုက်ဆံတွေတောင် ပြန်ဆပ်ဖို့ခက်နေပြီ''ဟုလည်း ဆို ပါသေးသည်။ ထို့ပြင်လည်း ဧရာ ဝတီတိုင်းဒေသ ကြီး ဟင်္သာတမြို့ နယ်ဘက်က လယ်သမားတစ်ဦး၏ အသံကိုလည်း ကြားရပြန်ပါသေး သည်။ ¤င်းလယ်သမားက ''စပါး ဈေး ကတော့ ကျွန်တော်တို့ လယ် သမားတွေ အခက်တွေ့နေပါ တယ်။ စပါးဈေးကို အများကြီး တက်စေချင်တာလည်း မဟုတ်ပါ ဘူး။ မိုးတွင်းတုန်းကလည်း လယ် တွေရေမြုပ်ထားတော့ ဆုံးရှုံးမှုတွေ လည်း ရှိထားတယ်။ အခုလို စပါး ဈေးက ထပ်ကျတယ်ဆိုတော့ အမောပြေစရာအကြောင်းမရှိ တော့ဘူး။

နောက်ပြီးတော့ ကျွန် တော့်တို့ဘက်ကလည်း စပါးအ ချော အစိုက်နည်းတော့ ဈေး ကောင်းကောင်း မရဘူး။ ဒီကြားထဲ ပိုးကကျရင် အရှုံးပဲ။ ဘာတွေ ကြောင့် တက်နေ၊ ကျနေလဲ မသိ ပါဘူး။ လယ်လုပ်စားရတာ အ တော်စိတ်ညစ်လာပြီ။ သေချာတာ ကတော့ စပါးဈေးကျရင် ကျွန် တော်တို့ လယ်သမားတွေ အခက် အခဲဖြစ်တာ အသေအချာပဲ''ဟု ဆိုပါသည်။

 မြောင်းမြမြို့ နယ်ထဲက လယ် သမားတစ်ဦး၏ ရင်ဖွင့်သံကိုလည်း ယခုလိုကြားရပြန်ပါသေးသည်။ ''လယ်သမားတွေ တွက်ခြေ မကိုက်တာ ကြာပါပြီ။ တောင်သူတော် တော်များများလည်း အြေ<ွကးလည် ပင်းနစ်နေကြပြီ။ စပါးပေါ်တဲ့ အ ချိန်ကျတော့ စပါးဈေးက မ ကောင်း။ အရည်အသွေးက မ ကောင်းလို့ စပါးပွဲစားတွေ၊ ကုန် သည်တွေက ဈေးနှိမ်ဝယ်နဲ့၊ လယ် အလုပ်တောင် မလုပ်ချင်တော့ ဘူး။ ရွာတွေမှာလည်း လူငယ်တွေဆို တာ မရှိတော့ဘူး။ မြို့တက် အ လုပ်လုပ်တဲ့ သူနဲ့ နိုင်ငံခြားသွားတဲ့ သူနဲ့ ရွာထဲမှာအလုပ်သမားတွေ ရှားကုန်ပြီ။ လယ်ပိုင်ရှင်တွေလည်း စာရင်းငှား (သူရင်းငှား) ပြန်ငှားရ တာနဲ့ ဘာနဲ့က ဘယ်လိုမှ တွက် ခြေမကိုက်၊ ကိုယ့်အတွက် မကျန် တော့ဘူး။ တစ်နှစ်နှင့်တစ်နှစ်က စပါးပေါ်ငွေပေါ်ချိန်မှာဆိုရင် ပိုက် ဆံက ဟိုလှည့်ဒီလှည့်နဲ့ လက်ထဲ ကျန်တယ်ဆိုတာမရှိတော့ဘူး။ ဒီ နှစ်လည်း စပါးဈေးက ကျပြန်ပြီ။ အရင်နှစ်ကမှ နည်းနည်းကောင်း သေးတယ်။ ဒီနှစ်က လယ်သမား တွေ တော်တော်စိတ်ဓာတ်ကျကုန် ပြီ။ အစိုးရက အခုစပါးဈေးကောင်း ဖို့ကို အခြေခံဈေးနှုန်းတစ်ခုနဲ့ စပါး ဝယ်ယူရေး စီမံချက် လုပ်ဆောင် ပေးမယ်လို့တော့ ကြားတယ်။ ဒီစီမံချက်သာ အကောင်အထည်ပေါ် လာရင် လယ်သမားတွေ အတွက် တော်တော်လေး အဆင်ပြေသွား ပါမယ်''ဟု ဆိုသည်။

စပါးဈေး ကျဆင်းနေခြင်းနှင့် ပတ်သက်၍ ဆန်စက်ပိုင်ရှင် အ ချို့ကလည်း ယခုနှစ်တွင် တရုတ် နိုင်ငံက ဆန်အဝယ်ရပ်ထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း လုံး တီးဆန်များ ဝင်နေကြောင်း၊ ပြီးခဲ့ သည့် နွေစပါးကို ကြိတ်ခွဲထားမှု မှာလည်း အရောင်းအေးနေသည့် အတွက် မိုးစပါးများ ဝယ်ယူကြိတ် ခွဲရန် မဖြစ်နိုင်သေးကြောင်း၊ ယခင် ကလည်း ယခုအဖြစ်အပျက်မျိုး တစ်ကြိမ်ဖြစ်ဖူးပြီး ဆန်စပါးကုန် သည်များ အသင်းက ဝင်ရောက် ထိန်းညှိဝယ်ယူခဲ့ဖူးကာ ယခုနှစ် တွင် မည်ကဲ့သို့ ဆောင်ရွက်သွားဦး မည်လဲ မကြားသိ ရသေးကြောင်း သဘောထားများ ပေါ်ထွက်ခဲ့ သည်ဟု သိရသည်။ ထိုနည်းတူစွာ မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်းက လည်း စပါးဈေးကျဆင်း မှုကြောင့် လယ်သမားများ အရှုံး ပေါ်နေရသည့် အနေအထားကို ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် အသံများ ပေါ်ထွက် လာခဲ့ပါသေး သည်။ ယင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်း အတွင်းရေးမှူး ဦးအောင် မြင့်က ယခုလို မီဒီယာသို့ ပြော ကြားချက်ကို ဖတ်လိုက်ရပါသည်။

''စပါးဈေးတွေက ဒီနှစ်မှာ စိုက်ပျိုးစရိတ်နီးနီးလောက်ပဲ ရတယ်။ တချို့နေရာတွေဆိုရင် စိုက်ပျိုးစရိတ်ကိုတောင်  ပြန်ပြီး စိုက်ထည့်နေရ တာတွေ ရှိတယ်။ အဲဒီအတွက် လယ်သမားတွေ မ ကိုက်တော့ဘူး။ လယ်သမားတွေ ကို ထိုက်သင့်တဲ့ ဈေးလေးတော့ ရစေချင်တယ်။ ဒါပေမယ့်လည်း နောက်တစ်ခုက မြန်မာပြည်မှာက စိုက်ပျိုးစရိတ်က တခြားနိုင်ငံတွေ ထက်ပိုပြီး ဈေးကြီး (အကုန်အကျများ) နေတယ်။

အဲဒီအတွက် ရေရှည်ပြန်လုပ်မှရမယ်။ ရေတိုဆိုရင် တော့ အဆင်မပြေနိုင်ဘူး။ တစ်နှစ်၊ နှစ်နှစ်လောက်ပြန် လုပ်ရုံနဲ့ မရဘူး။ စိုက်ပျိုးစရိတ်တွေက ထိုင်းတို့၊ ဗီ ယက်နမ်တို့ထက်စာရင် များတယ်။ အဲဒီအတွက် အစိုးရအပြင် တခြား အဖွဲ့အစည်းတွေနဲ့ နိုင်ငံခြား အကူ အညီတွေပါ ယူသင့်တယ်။ အဲဒီ လိုမှ မလုပ်ဘူးဆိုရင် တောင်သူ တွေအတွက် စပါးပြန်ရောင်းတဲ့ အချိန်မှာ စိုက်ပျိုးစရိတ်ထက် ပိုပြီး နည်းနေဦးမှာပဲ။ အဓိကက စိုက် ပျိုးကုန်ကျစရိတ်ကို ချပေးမှပဲရ မယ်။ အရင်းကို လျှော့ ပေးရမယ်။ ဒါမှ ထွက်တဲ့နှုန်းတွေ ပိုလာမယ်။ အဲဒါမှ တောင်သူတွေ တွက်ခြေ ကိုက်လာမှာပါ''ဟု ဆိုထားသည်။

 မြန်မာ့စပါးဈေးနှုန်းများ ကျ ဆင်းနေရခြင်းသည် မြန်မာနိုင်ငံက ဆန်များ တရုတ်သို့ တင်ပို့ရောင်း ချရခြင်း ဆိုင်းငံ့သွားခြင်းကြောင့် လည်း တစ်ကြောင်းပါဝင်နေ ကြောင်း ပြောဆိုသုံးသပ်မှုများ ရှိ ပါသေးသည်။ ယင်းကို ဆက်စပ် လေ့လာကြည့်သောအခါ မြန်မာ့ ဆန်ပြည်ပတင်ပို့မှု၏ ၈၅ ရာခိုင် နှုန်းကျော်သည် တရုတ်ဈေးကွက် တစ်ခုတည်းကိုသာ အားထားတင် ပို့နေရကြောင်း တွေ့ရသည်။ ထို့ပြင် တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းတင်ပို့မှုနှင့် နယ် စပ်ဖြတ်ကျော်တင်ပို့မှုဟူ၍ရှိရာ နယ်စပ်ဖြတ်ကျော်တင်ပို့မှု က ပမာဏ အများဆုံးဖြစ်နေကြောင်း လည်း သိရသည်။ နယ်စပ်ဖြတ် ကျော် တင်ပို့သည်ဆိုရာတွင်လည်း တရားဝယ် နယ်စပ် ကုန်သွယ်ရေး လမ်းဖြင့် တင်ပို့ခြင်း မဟုတ်ဘဲ မှောင်ခိုတရားမဝင်လမ်းကြောင်း များဖြင့် တင်ပို့နေရခြင်းသာ ဖြစ် သည်။ ထို့ကြောင့် နယ်စပ်တွင် အ ဖမ်းအဆီးများလျှင် မြန်မာ့ဆန် ဝယ်ယူခြင်းများ ရပ်ဆိုင်းသွားပြီး ပြည်တွင်း၌ ဆန်များအိပ်နေကာ စပါးကြိတ်ခွဲမှုများ လည်း တန့်သွား ၍ ပြည်တွင်းစပါးဈေးနှုန်းများ ကျဆင်းနေရခြင်းဖြစ်သည်ဟု သုံး သပ်နေကြခြင်းဖြစ်သည်။

ယခုအခါ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနသည် မြန်မာ့ဆန်ကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရေး လုံးပမ်းနေ ရာ တရုတ်တို့က ခွဲတမ်းစနစ်ဖြင့် တင်ပို့မှသာ  တရားဝင် တင်ပို့နိုင် မည်ဖြစ်သဖြင့် တရုတ်တို့ထံမှ ခွဲတမ်းရရှိရေး သံတမန် နည်းဖြင့် ဆောင်ရွက်နေသည်ဟုသိရသည်။

သို့ဖြစ်ရာ တရုတ်သို့ ပင်လယ်ရေ ကြောင်းမှ ဆန်တန်ချိန် နှစ်သိန်း နယ်စပ်ကုန်သွယ်ရေး မှ ဆန်တန် ချိန်နှစ်သိန်း စုစုပေါင်းလေးသိန်း ကို တရားဝင်တင်ပို့ ခွင့်ရရန် ဆောင်ရွက်နေသည်ဟု ဆိုသည်။ ထို့ပြင် လွန်ခဲ့သော အချိန် တစ်ချိန်က တရုတ်နိုင်ငံသို့ မြန်မာ့ ဆန်တန်ချိန် တစ်သိန်းကို ခွဲတမ်း စနစ်ဖြင့် တင်ပို့ခွင့်ရထားပြီးဖြစ် ရာ၊ ယခုအချိန်ကာလတစ်နှစ် ကျော်လာချိန်တွင် တန်ချိန် ခုနစ် သောင်းကျော် တင်ပို့ထားပြီး ကြောင်းလည်း သိခဲ့ရသည်။ လက်  ရှိအချိန်တွင် မြန်မာ့ဆန်ပြည်ပ တင်ပို့မှုကို လေ့လာကြည့်ရာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် အောက်တိုဘာလဝက်အထိ နိုင်ငံ ပေါင်း ၃၃ နိုင်ငံသို့ အမေရိကန် ဒေါ်လာ ၁၄၅ သန်းကျော်ဖိုး တင် ပို့နိုင်ခဲ့ပြီး အများစုဖြစ်သော ၈၅ ရာခိုင်နှုန်းကျော်မှာ တရုတ် နိုင်ငံသို့ တင်ပို့ထားခြင်းဖြစ်သည်။ တန်ဖိုး အားဖြင့် ပင်လယ်ရေကြောင်း ကုန် သွယ်ရေးက ဒေါ်လာ ၇ ဒသမ ၁၆၄ သန်းဖိုးရှိပြီး၊ နယ်စပ်လမ်း ကြောင်းက ဒေါ်လာ ၁၁၅ သန်းဖိုး ရှိကာ စုစုပေါင်း ဒေါ်လာ ၁၂၃ သန်းကျော်ဖိုး ရရှိထားကြောင်း အကောက်ခွန်ဦးစီးဌာန စာရင်း များအရ သိရသည်။

ယခုအခါ စပါးဈေးကျဆင်းမှု ကြောင့် မြန်မာလယ်သမားများ အရှုံးပေါ်နေမှုကို စိုက်ပျိုးစရိတ် ကာမိရေးအတွက် ယာယီအစီအ စဉ်တစ်ခုကို ဆောင်ရွက်မည်ဖြစ် ကြောင်း သတင်းများ ပေါ်ထွက်လာသည်။ ယင်းယာယီအစီအစဉ် မှာ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနသည် ဆန် စပါး အသင်းအဖွဲ့များ၊ ပြည်ပဆန် တင်ပို့သည့် ကုမ္ပဏီများကို ဦး ဆောင်ညှိနှိုင်းပြီး ယခုနိုဝင်ဘာအ တွင်း အချိန်ကာလတစ်ခုသတ် မှတ်ကာ တန်ချိန်အကန့်အသတ် ဖြင့် စပါးအတိုင်း ပြည်ပသို့တင်ပို့ ရောင်းချခွင့်ပေးမည့် အစီအစဉ် ဖြစ်သည်။

ဝန်ကြီးဌာနသည် တောင်သူတို့၏ လက်ထဲတွင်ရှိ သော စပါးများယာယီဈေး သတ် မှတ်ကာ ရောင်းချရေးရည်ရွယ်ပြီး စပါးကုန်သည် ဆန်ကုန်သည်နှင့် ကုမ္ပဏီအဖွဲ့အစည်းများအား မြန် မာ့စပါးကို ပြည်ပသို့ စပါးချည်းသီး သန့်အတိုင်း တင်ပို့ခွင့် (တန်ချိန် အကန့်အသတ်ဖြင့်) ပေးမည့် အစီအစဉ်ဖြစ်သည်။ ယင်းအစီ အစဉ်အပြင် အစိုးရက အခြေခံ ဈေး သတ်မှတ်ကာ စပါးဝယ်ယူရ မည့် အစီအစဉ်တစ်ခုကလည်း ရှိသေးရာ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဗဟို ကော်မတီ က အဆင့်ဆင့်ဖွဲ့စည်း ထားသော ကော်မတီများ၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတာဝန်ရှိသူများ၊ သက် ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရတို့ ပူးပေါင်းပြီး အစိုးရ ဈေးနှုန်း အတိုင်း စပါးဝယ်ယူပေး ရမည် ဖြစ်သည်ဟု သိရပါသေး သည်။ ထို့ပြင် မြန်မာနိုင်ငံ ဆန် စပါး အသင်းချုပ်အသင်းဝင်ကုန် သည်များ၊ အိတ်စပို့တာများနှင့် ဆန်စက်ပိုင်ရှင်များကလည်း မြန် မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတ်မှတ်ပေးသည့် ဈေးနှုန်းအ တိုင်း စပါးများ ဝယ်ယူဦးမည် ဖြစ် သည်။ ယင်းသို့ ဝယ်ယူရရှိသော စပါးများကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ပြည်ပသို့ တင်ပို့ရောင်းချခွင့်ရမည်ဖြစ် သည်။ ပြည်ပ သို့ တင်ပို့ရာတွင် မည်သည့်နိုင်ငံ၊ မည် သည့်ဒေသနှင့် တန်ချိန် ပမာဏ မည်မျှရောင်းချခွင့်ရမည်ကတော့ ထုတ်ပြန်ထားခြင်း မရှိသေး ပါ။

လယ်သမားများ အခက်အခဲ ကို ယာယီဖြေရှင်းရေးအတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် က ဦးဆောင်ပြီး ဝယ်ယူမည့် အ ခြေခံ စပါးဈေးနှုန်းများကိုတော့ နိုဝင်ဘာ ၇ ရက်က ထုတ်ပြန် လိုက်ပြီဖြစ်သည်။ အသင်းချုပ် အသင်းဝင် ကုန်သည်များ၊ ဆန် စက်ပိုင်ရှင်များ၊ ကုမ္ပဏီများ ပေး ဝယ်ရမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဈေးနှုန်းများမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း တွင် ပေါ်ဆန်း စပါးဟောင်း တင်း ၁ဝဝ လျှင် ကျပ်ရှစ်သိန်းခွဲမှ ကိုး သိန်းအထိလည်းကောင်း၊ မနော သုခစပါး တင်း ၁ဝဝ လျှင် ကျပ် လေးသိန်းနှစ်သောင်း၊ ဆင်းသုခ စပါးတင်း ၁ဝဝ လျှင် ကျပ်လေး သိန်းနှစ်သောင်း၊ မှော်ဘီ ၂၊ မှော်ဘီ ၃၊ ဆင်းသွယ်လတ်၊ ဆင်းသုခ စပါး တင်း ၁ဝဝ လျှင် ကျပ်လေးသိန်း နှစ်သောင်း၊ သီးထပ်ရင် စပါးအ ဟောင်း တင်း ၁ဝဝ လျှင် ကျပ် လေးသိန်း ခွဲ၊ ရွှေဘိုပေါ်ဆန်း (ပထမ တန်းစား စပါးဟောင်း) တင်း ၁ဝဝ လျှင် ကျပ် ၁၂ သိန်းခွဲ ဈေးများဖြင့် ဝယ်ယူရန် သတ်မှတ်ထားပြီး ဝယ် ယူနေကြပြီဖြစ်သည်။ ပဲခူးတိုင်း ဒေသကြီးတွင် ရတနာတိုးစပါး တင်း ၁ဝဝ လျှင် ကျပ် သုံးသိန်းခွဲ၊ မနောသုခ စပါးတင်း ၁ဝဝ လျှင် သုံးသိန်းခြောက်သောင်း၊ ဆင်းသုခ စပါးတင်း ၁ဝဝ လျှင် ကျပ်သုံး သိန်း ရှစ်သောင်း၊ ရတနာတိုး စပါး အဟောင်းတင်း ၁ဝဝ လျှင် ကျပ် လေးသိန်း၊ ဆင်းသုခ စပါးအ ဟောင်း တင်း ၁ဝဝ လျှင် ကျပ်သုံး သိန်းခုနစ်သောင်းခွဲမှ ကျပ်လေး သိန်း သုံးသောင်း၊ ကရင်မထိပ် ဆောင်း စပါးတင်း ၁ဝဝ လျှင် ကျပ်သုံးသိန်းရှစ်သောင်းခွဲ ဈေး အသီးသီး သတ်မှတ်ပြီး ဝယ်ယူနေ သည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသ ကြီးတွင်လည်း ဧည့်မထစပါးတင်း ၁ဝဝ လျှင် ကျပ်လေးသိန်းလေး သောင်း၊ ရာကျော်စပါးတင်း ၁ဝဝ လျှင်၊ ကျပ်လေးသိန်းခုနစ်သောင်း၊ ဆင်းသုခစပါး တင်း ၁ဝဝ လျှင် လေးသိန်းလေးသောင်း၊ မနောသုခ စပါး တင်း ၁ဝဝ လျှင် ကျပ်လေး သိန်း ခုနစ်သောင်း ဈေးအသီးသီး သတ်မှတ်ကာ ဝယ်ယူနေကြပြီဖြစ် ကြောင်း သိရသည်။

ယခုနှစ် စပါးပေါ်ချိန်တွင် ထိုင်းနိုင်ငံ၌ ဆန်ဈေးနှုန်းများ ကျ ဆင်း၍ ထိုင်းလယ်သမားများ အ ကျပ်အတည်းတွေ့ရ သည်။ မြန်မာ နိုင်ငံတွင်လည်း စပါးဈေးများ ထိုး ကျပြီး မြန်မာလယ်သမားများ အြေ<ွကးသံသရာထဲ နစ်မြဲနစ်နေဆဲအ ဖြစ်နှင့် ရင်ဆိုင်ရသည်။ ထိုင်းမှာ တော့ သူတို့ အစိုးရက ထိုင်းလယ် သမားများကို ဆန်ဈေးအတက်ကို ဆက်လက်တောင့်ခံနိုင်ရေး ချေး ငွေ အစီအစဉ်ဖြင့် ထောက်ပံ့ခြင်း ကို စီစဉ်ဆောင်ရွက်နေသည်။ မြန် မာနိုင်ငံမှာလည်း စပါးဈေးကြောင့် မြန်မာလယ်သမားများ ဆုံးရှုံးနစ် နာနေရမှုများကို အစိုးရနှင့် သက်ဆိုင်ရာ အသင်းအဖွဲ့များက စပါး ဈေးများ သင့်တင့်အားလျော်စွာ သတ်မှတ်ပြီး အသက်ရှူပေါက် ဖွင့် ပေးနေ ကြ သည်။

ယင်းတို့သည် ယာယီအခိုက် အတန့်များသာဖြစ်သည်ဟု နား လည်မိသည်။ မြန်မာလယ်သမား များ စပါးဈေးကြောင့် ဆက်လက် ထိခိုက်နစ်နာမှု မရှိစေရေး ရေရှည် အစီအမံများ ဆက်လက်လုပ် ဆောင်ပေးရပါလိမ့်ဦးမည်။ လုပ် ဆောင်ပေးကြလိမ့်ဦးမည်ဟု လည်း မျှော်လင့်မိသည်။ အကြောင်းမှာ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံ၍ စီးပွားရေး ပြန်လည် ဖွံ့ဖြိုးဦးမော့လာစေရန် အစိုးရ သစ်က ရည်မှန်းထားပြီး စီးပွားရေး မူဝါဒ ၁၂ ရပ်တွင် လည်း အခိုင် အမာ ရေးဆွဲထားခြင်းကြောင့် ဖြစ် သည်။ ထို့ပြင် မြန်မာ့ ဆန် ပြည်ပ တင်ပို့ရောင်းချခြင်းတွင် တရုတ် နိုင်ငံ ဈေးကွက်တစ်ခုတည်းကိုသာ အားထားနေရသည့်အဖြစ်ကိုလည်း ရုန်းထွက်ကြရပါ ဦးမည်။ မြန်မာ့ ဆန်သည် ဝယ်သူဈေးကွက် အခြေ အနေမှ ရောင်းသူဈေးကွက် အ ခြေအနေမျိုးရရှိနိုင်အောင် ဖန်တီး ရေးကိုလည်း အားထုတ်ရပါဦးမည်။ ယင်းအတွက် အစိုးရသစ်၊ သက် ဆိုင်ရာဝန်ကြီးဌာန၊ ဆန်စပါး အ သင်းအဖွဲ့များ၊ စိုက်ပျိုးရေး ပညာ ရှင်များ စီးပွားရေး ပညာရှင်များ ဥပဒေပြုသူများ ပူးပေါင်းညီညွှတ် ကြပြီး နိုင်ငံတကာ အကူအညီရ ယူကာ ဆောင်ရွက်သွားကြလိမ့် မည်ဟု ယုံကြည်မိပါကြောင်း လေ့ လာရေးသားတင်ပြလိုက်ရပါသည်။

မောင်လွင်ပြင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.