19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
အာရှဒေသမှ မဟာမြို့ကြီးများ ရေရှားပါးလာတော့မည်

အာရှဒေသ၌ရှိသော မြို့ကြီးများအားလုံးသည် ပေါက်ကွဲအံ့ဆဲဆဲ ဘောလုံးကြီးများသဖွယ် ဖြစ်လာနေ၏။ ယင်းအခြေအနေတွင် ထပ်မံရင်ဆိုင်နေရသည့် ပြဿနာမှာ ရေသုံးစွဲမှုနှင့် စွန့်ပစ်ပစ္စည်းများ မြို့ရွာ အနှံ့၌ တစ်ပုံတစ်ပင်ဖြစ်လာခြင်းများ။ ထိုအနေအထား က သဘာဝပတ်ဝန်းကျင် ယိုးယွင်းလာစေရေးကို ထပ် မံ၍ ဖိအားပေး လိုက်သည့်နှယ်။

ကမ္ဘာ့မြို့ပြ လူဦးရေ၏ ၅၃ ရာခိုင်နှုန်းတို့သည် ယင်းမြို့ကြီးများ၌ နေထိုင်လျက်ရှိကြသည်။ အာရှ တိုက်သည် ကမ္ဘာပေါ်ရှိ မဟာ မြို့ကြီးများထဲ၌ လူဦးရေ ထူထပ်မှုအမြင့်မားဆုံးဖြစ်နေပါ၏။ ပမာအားဖြင့် ရှန်ဟဲ၊ တိုကျို၊ ကရာချိနှင့် ပေကျင်းမြို့ကြီးများဖြစ် သည်။

အာရှတိုက်မှ မြို့ကြီးများသည် မြို့ပြထုထည်ကြီး မားခြင်း၌သာ မှတ်တမ်းဝင်သည်မဟုတ်။ လူဦးရေ ပြည့်ကျပ်လာခြင်း၊ လေထု ညစ်ညမ်းခြင်း၊ မသန့်ရှင်း ခြင်းများ၌လည်း မှတ်တမ်းဝင်နေသည်။

 မြို့ပြလူဦးရေ ပေါက်ကွဲမှု ပုံသဏ္ဌာန်၌ သန့်ရှင်း သော ရေလိုအပ်မှုနှင့် ရေဆိုးများ၊ အမှိုက်များ ဒေသ တွင်း၌ စုပုံနေခြင်းကလည်း စိန်ခေါ်မှုဖြစ်လာနေသည် ကို ယင်းဒေသ၌ မြင်တွေ့နေရခြင်းဖြစ်သည်။

သမိုင်းအချက်အလက်များနှင့် ပြန်ပြောင်းသုံး သပ်ကြည့်သောအခါ ထိုဒေသတွင်း၌ ရေရင်းမြစ်များ ကို အဓိကကျသောမြို့ကြီးများက မည်သို့သုံးစွဲရမည်၊ မည်သို့ ခွဲဝေဖြန့်ဖြူးမည်စသဖြင့် စီမံခန့်ခွဲမှု အပိုင်းများ ၌ ကောင်းမွန်သော ရေရှည်အစီအမံများမရှိခဲ့ကြောင်း ကို တွေ့ရသည်။

 ရေရှည် စီမံကိန်း မရှိခဲ့ရုံမျှသာမက အာရှဒေသ တစ်ခွင်၌ ရေသုံးစွဲမှုပုံစံစနစ်နှင့် ပတ်သက်၍ မြို့ရွာ များ လက်ရှိ ၁ဝ စုနှစ်များအတွင်း ဖွံ့ဖြိုးလာပါက မည် သို့ ရှိမည်ကို မခန့်မှန်းနိုင်သည်သာမက ရေတို စီမံကိန်းများကိုပင် ကြိုတင် ချမှတ်ထားခြင်းမျိုးလည်း မရှိခဲ့ပေ။

အာရှဒေသ၌ ရှိသော ရေထုတစ်ခုလုံး၏ ပမာဏသည် အခြားသော တိုက်ကြီးများထက် မနည်းနေခြင်းကလည်း မှတ်သားဖွယ်ဖြစ် ၏။

စီးပွားရေး တိုးတက်မှု အလွန်လျင်မြန်လာခြင်းနှင့် မြို့ပြ လူနေမှု ပုံစံများ ပြောင်းလဲသွားခြင်းသည် မြို့ရွာတည် ဆောက်ခြင်း ကို နှစ်ဆမျှ အကျိုးယုတ်စေ၏။ ထို့ပြင် အ ခြေအနေ အရပ်ရပ်ကိုလည်း ပို၍ ဆိုးရွားသွားစေတော့ သည်။

၂ဝ၁၂ ခုနှစ်မှစ၍ မြို့ပြ၌ နေထိုင်သော ကမ္ဘာ့လူဦးရေသည် ကမ္ဘာကြီး တစ်ခုလုံး လူဦးရေ၏ နှစ်ဆထက်ပင် အနည်းငယ်ပိုနေ သေး ၏။

၂ဝ၅ဝ ခုနှစ် ရောက်လာ သည့်အချိန်အခါ၌ မြို့ပြနေလူဦး ရေသည် လက်ရှိနှုန်း နှစ်ဆထက် ကျော်ကာ သုံးပုံနှစ်ပုံအထိ ခုန် တက်သွားပေလိမ့် မည်။ ထိုသို့ဖြစ် ပေါ်လာမည့် အခြေအနေကိုလည်း အာရှဒေသအတော်များများ၌ မြင် တွေ့နေကြရပြီဖြစ်ပါ၏။

မြို့ပြနေ လူဦးရေ ပိုတိုးလာ သည်နှင့်အမျှ ရေလိုအပ်ချက်သည် လောင်စာ လိုအပ်ချက်ကဲ့သို့ အရေးကြီးသည့် အနေအထား သို့ ရောက်လာသည်။ ယင်းလိုအပ် ချက်သည် ကုန်ထုတ်လုပ်မှုလုပ် ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်း ပမာဏနှင့် တန်းတူဖြစ်လာခဲ့သည်။

လူတို့၏ စားသောက်နေထိုင် မှုပုံစံကလည်း ပြောင်းလဲသွား သည်။ အထူးသဖြင့် ရေပမာဏ အ မြောက်အမြား အသုံးပြုရသည်။ အစားအစာ၌ အသားထုတ်လုပ်မှု တွင် ရေသည် အဓိကဖြစ်နေသည်။ ရေကို အမြောက်အမြား အသုံးပြု ကြရသည်။ သို့ဖြစ်၍ ရေ သည် လူသားတို့ကို စိန်ခေါ်သည့် အနေ အထားသို့ ရောက်နေပြန်၏။

အာရှဒေသအနေနှင့် စိုက်ပျိုး ရေးလုပ်ငန်းအတွက် ရေသည် အ လုံအလောက်ရှိရသည့် နည်းတူ၊ မြို့ရွာများ တည်ဆောက်မှု၌လည်း မရှိမဖြစ် ပစ္စည်းတစ်ခုအ ဖြစ် ရပ်တည်နေသည်။

အချို့သော မဟာမြို့ကြီးများ ဖြစ်သော၊ ပေကျင်း၊ မနီလာ၊ ဂျကာတာနှင့် ဒါကာမြို့များ၌ ရေ ကို များစွာအသုံးပြုရလွန်း၍ အဓိက ပြဿနာ ပစ္စည်းတစ်ခုအ ဖြစ်သို့ ရောက်ရှိနေသည်။

အာရှဒေသ၌ ရေလွှမ်းမိုးမှုနှင့် အညစ်အကြေးများစုပုံနေမှုများ ကြီး ထွားလာနေ၍ သန့်ရှင်းသော သောက်ရေသန့် လိုအပ်မှုသည် လည်း စိန်ခေါ်မှုတစ်ခုဖြစ်နေပြန် သည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ အာရှဖွံ့ဖြိုးရေးဘဏ် Asia Development Bank ADB ၏ အစီရင်ခံ စာ၌ ဖော်ပြထားသည်မှာ အာရှ၊ ပစိဖိတ်ဒေသသည် အာဖရိက ဒေသထက် သဘာဝဘေးအန္တရာယ် ဆိုးရွားမှုကို လေးဆပိုခံစားရပြီး ဥရောပနှင့် မြောက်အမေရိက တိုက် ထက် ၂၅ ဆ ပိုအန္တရာယ်ကြီး သည်ဟု ဆိုထား၏။

အာရှဒေသရှိ မဟာမြို့ကြီး များဟု သတ်မှတ်သော မြို့များ သည် ပင်လယ်ဆိပ်ကမ်းများ၌ ရှိတတ်၍ ကမ္ဘာကြီးပူနွေးလာမှုကို လည်း အပြင်းအထန်ခံစားကြရ ကာ သမုဒ္ဒရာရေပြင်မြင့်တက်လာ မှုကိုလည်း ခံစားနေကြရသည်။

အာရှဒေသတစ်ခွင်ရှိ မြို့ကြီး အားလုံးသောက်ရေသန့်ဖြန့်ဖြူးမှုအ တွက် အပြင်းအထန် ရုန်းကန်နေ ကြရ၏။ ထိုမြို့များ၌ နေထိုင်သူ လူအများစုသည် ရေကို ပုလင်းများ နှင့် ပြောင်းလဲအသုံးပြုနေကြရ သည့် အဆင့်သို့ ရောက်နေသည်။

ယင်းသောက်ရေသန့်ကို ဘူး နှင့် သောက်ရသည့် အလေ့အထ သည် စီမံခန့်ခွဲမှု၌ အသုံးမကျမှု ညံ့ဖျင်းမှု ပြဿနာများရှိနေခြင်း၏ သရုပ်သကန်ပင်ဖြစ်သည်။

စွန့်ပစ်ပစ္စည်းများ ပြန်လည် အသုံး ပြုရမည်ဖြစ်သော်လည်း ပြန်လည်း အသုံးပြုရန် အရည်အ သွေး နိမ့်ကျသည့် ထိုပလပ်စတစ် ပစ္စည်းကြောင့် ကမ္ဘာမြေအတော် များများသည်လည်း မြေဆီလွှာ ပျက်စီးရပြန်လေသည်။

အချို့သော မြို့ကြီးများသည် ပလပ်စတစ် ပုလင်းဘူး အမှိုက်များ ကြောင့် မြေနေရာအတော်ဆုံးရှုံး သွားကြရသည်။

ထိုအခါ၌ ပတ်ဝန်းကျင် သန့် ရှင်းမှုကို ပျက်စီးစေရသည့် အ ကြောင်းတရားများ ထပ်မံတိုးလာ တော့သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုသည် ထိုနေရာ၌ နိဂုံးချုပ် မသွားပေ။ တရုတ်နိုင်ငံ၏ အလွန် ကြီးမားကျယ်ပြန့်လှသည့် မြစ်ဝ ကျွန်းပေါ်ဒေသပြုပြင် ထိန်းသိမ်း ရေးအတွက် အဓိက ပြဿနာ တစ်ခုမှာ တရုတ်နိုင်ငံ ကိုယ်တိုင် က မြစ်အထက်ဘက်နေရာဒေသ များ၌ မြစ်များကို ပိတ်ဆို့၍ ဆည် များ ဆောက်လုပ်နေခြင်းဖြစ်ပါ၏။ အဓိကမှာ တိဘက် ကုန်းပြင်မြင့် တစ်လျှောက်၌ ဆည်များဆောက် လုပ်ထားခြင်းဖြစ်သည်။ တရုတ်တို့က တိဘက်နိုင်ငံကို မတရားသိမ်းယူပြီး မိမိတို့ သဘောကျလုပ်ချင်ရာလုပ်နေခြင်းဖြစ်သည်။ ထိုသို့ ဆည်များ ဆောက် လုပ်ခြင်းကြောင့် ပုံမှန်ရေစီးမှုကို အတားအဆီး ဖြစ် လာပြီး နှစ်ပေါင်းများစွာ ကြာလာ သည့်အခါ ပြဿနာကြီးများ ကြီး ထွားလာ ရတော့၏။

သိပံ္ပနည်းကျ လက်တွေ့လေ့ လာမှုများမှ ထွက်ပေါ်လာသော အစီရင်ခံစာများအရ မြစ်အထက် အညာ၌ ကြီးမားသော ဆည်ကြီး များ ဆောက်လုပ်လိုက်ခြင်းဖြင့် ရေစီးရေလာကို တားဆီး၊ နှောင့် ယှက်သကဲ့သို့ဖြစ်ကာ မြစ်ဝများ၌ အနယ်ထိုင်ပြီး ပိတ်ထား သကဲ့သို့ ဖြစ်စေသည်။ ထိုဖြစ်ရပ်သည် အာ ရှဒေသ၏ ကြီးမားသော မြစ်ဝ ကျွန်းပေါ်ဒေသကို ဖြစ်စေ၏။ ထို နေရာများ၌ နှစ် ပေါင်း များစွာ ကြာ လာသည့်အခါ မြို့ကြီးများအဖြစ် ပေါ်ပေါက်လာခဲ့ရသည်။ တျန်း ဇင်း၊ ရှန်ဟဲ၊ ဂွမ်ဇူး၊ ဘန်ကောက်၊ ကိုးလ်ကတ္တားနှင့် ဒက္ကာ ကဲ့သို့ မဟာ မြို့တော်ကြီးများကို မွေးဖွားပေး သည်။ ယင်းသို့ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေသကဲ့သို့ ပင်လယ်ရေများ ဆိပ်ကမ်းမြို့ အတွင်းသို့ ဝင်ရောက် သောကြောင့် သန့်စင်သော ရေ များကို ပျက်စီးစေပြန်သည်။ မြို့ တော် စည်ပင်သာယာ လုပ်ငန်း၏ အစီအစဉ် များ ရေဖြန့်ဖြူးမှုစနစ် များ ထိခိုက်စေသည်။

အထက်ဖော်ပြပါ အာရှဒေသ နိုင်ငံများ ရင်ဆိုင်ခံစားနေရသော၊ အပျက်ဘက်သို့ ဦးတည်နေသော  ရေနှင့် ပတ်သက်သည့် ပြဿနာ အရပ်ရပ်ကို ယခု အတိုင်းထား လိုက်မည်ဆိုပါက၊ နေမြဲအတိုင်း ဆက်လက်နေကြမည်ဆိုပါက ရေ အရင်းမြစ်ရှားပါးမှု အခက်အခဲ သည် ထိုနေရာနေ လူအများကို ဒုက္ခပြဿနာများဖြင့် လွှမ်းခြုံပစ် လိုက်တော့မည်သာ ဖြစ်သည်။ နောင်တစ်ချိန်၌ မမျှော်လင့်သော ပြဿနာ များ က တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာ ဦးမည်ဖြစ်သည်။

ယခုအခါ၌ အချို့သောနိုင်ငံ များက အထက်ပါ ဖြစ်စဉ်များကို သဘောပေါက်၍ ကြီးမားသော စိန်ခေါ်မှု သတ်မှတ်ကာကြိုတင် ပြင် ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ အထူးသဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ၊ စီမံ ကိန်းများ ဖြစ်ပါ၏။ ပမာအားဖြင့် တရုတ်နိုင်ငံ တောင်မြောက်ရေပြု ပြင်ရေး စီမံကိန်း (China's South North water Transfer Project)  ဖြစ်သည်။ ယင်း စီမံကိန်းသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဟိုက် ဒရောလစ်စနစ် စီမံကိန်းဖြစ်သည်။

အိန္ဒိယနိုင်ငံကလည်း ယခုအ ခါ အရေးပါသော မြစ်များနှင့် ပတ် သက်၍ ပြုပြင်ပြင်ဆင်ရန် အစီရင် ခံစာများ တင်သွင်းပြီး ပြုလုပ်နေ ပြီဖြစ်သည်။

အထက်ဖော်ပြပါ အကြီးမား ဆုံး လုပ်ငန်းကြီးကို တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၆၂ ဘီလျံ အကုန်အကျခံ၍ ဆောက်လုပ်နေ ပြီဖြစ်သည်။ တောင်ဘက်ဒေသမှ ရေများကို ခြောက်သွေ့သော မြောက်ဘက်ဒေသသို့ တွန်းပို့မည့် ပေကျင်းမြို့နှင့် တျန်းဂျင်းမြို့များ ထဲသို့ ဖြစ်၏။

သို့သော် သဘာဝပတ်ဝန်း ကျင်အတွက် ကုန်ကျစရိတ်ကား မြင့်မားလွန်းလှ၏။ စွမ်းအင်လိုအပ် ချက်ရရှိရန်နှင့် ရေဓာတ် လိုအပ် နေ သည့် အပင်များ သန့်စွမ်းရေးအတွက် ယင်းခရီးတစ်လျှောက်ရေ လိုအပ်မှု မှန်သမျှဖြည့်ဆည်းပေး ရေးနှင့် ညစ်ညမ်းမှုများ သန့်စင် ရေး အတွက်ဖြစ်သည်။ အကယ်၍ ရေ၏ အရည်အသွေးကျဆင်းသွား သည့်အခါ၌ ပမာအားဖြင့် ယန်စီ မြစ်ကဲ့သို့ဖြစ်သွားနိုင်သည်။ ထို အခါတွင် စွမ်းအင်ထုတ်လုပ်မှုက လိုအပ်လာမည်။ သဘာဝပတ်ဝန်း ကျင်သည် ထိခိုက်မည်။ ထိုအခါ တရုတ်နိုင်ငံသည် ရေဆိုး ကို ရေ သန့်ဖြစ်စေရန် ပြုပြင်၍ ပြန် လည်သုံးစွဲသည့် ပုံစံကို ကျင့်သုံးရ မည်။

အာရှဒေသရှိ နိုင်ငံအတော် များများသည် ထုံးတမ်းစဉ်လာ မဟုတ်သော ပုံစံဖြင့် ရေများကို ဖြန့်ဖြူးကြသည်။ တစ်ခုသော နည်းလမ်း မှာ ပြုပြင်ပြန်သုံး၍ရ သော ရေမျိုးဖြစ်၏။

ဤနည်းလမ်းမှာ စင်ကာပူ နိုင်ငံက ပြုလုပ်လျက်ရှိသော နည်းဖြစ်၏။ ကုန်ပစ္စည်းဈေးကွက် ၌ ရေကိုပင် ပြန်ရောင်း ချနိုင်သည်။ ဓာတုဗေဒနည်းစနစ်တစ်ခု အသုံး ပြု၍ ရေဆိုးကို ရေသန့်ဖြစ်စေ သည်။

 ရေရှားပါးသော  စင်ကာပူ အဖို့ ထိုနည်းလမ်းကို တွေ့ရှိခြင်း သည် ပင်လယ်ရေကို အငန်ဓာတ် ပျောက်စေရန် ပြုလုပ်သောနည်း ထက် ပိုသက်သာသောနည်းလမ်း ဖြစ်၏။

 ရေပိုက်ခေါင်းခလုတ်မှ ရေ ထုတ်ယူအသုံးပြုသော စနစ်ကို လူ လိုက်ပါသော အာကာသယာဉ်မှူး များအထိ အသုံးပြုနေကြပြီဖြစ် သည်။ သို့သော် လူအများစုကမူ ရေငန်ကို ပြန်လည်သန့်စင်ထား သည့် ရေကိုသာ ပိုနှစ်သက်ပြီး ရေဆိုးမှ သန့်စင်ထားသည့် ရေကို သုံးစွဲရန် ဆိုသည်ကလည်း အခက် အခဲကြီး တစ်ခုဖြစ်နေပါ၏။

ယင်းသို့သော ခေတ်မီလွန်း သော အခြေအနေကို ရုတ်ခြည်း လက်သင့်မခံနိုင်သည့် ပြည်သူများ အတွက် လက်သင့်ခံနိုင်သည့် အစီ အစဉ်ကိုတော့ သတ်မှတ်ပေးရမည်။

ပမာအားဖြင့် စင်ကာပူကဲ့သို့ ပင် လန်ဒန်နှင့် စန်ဒီယာဂိုမြို့ များ၌ ရေနှစ်မျိုးကို ရောစပ်၍ မြို့ လူထုအသုံးပြုနိုင်ရန် ဖြန့်ဖြူးထား ရသည်။

ယင်းသို့ ဖြန့်ဖြူးပေးသော ရေများ သုံးစွဲရာ၌ ကန့်သတ်မှုများကလည်း ထားပေးရ၏။ ပမာအားဖြင့် ပန်းခြံရေဖျန်းခြင်း၊ အဝတ်လျှော် ခြင်း ၌ ရေသုံးခြင်း။ စသဖြင့် တား မြစ်ရခြင်းမှာ မြို့တော်နိုင်ငံ၌ ရေ ရှားပါးမှုကို သတိပြုမိရန်ဖြစ်၏။

အာရှဒေသရှိ မြို့တော်များ များအတွက် ပုဂ္ဂလိကလုပ်ငန်းများ က ရင်းနှီးမြှုပ်နှံခြင်းဖြင့် ရေဖြန့်ဖြူး မှု ထိန်းသိမ်းရေးကိုလည်း မြှင့် တင် ပေး သည်။ ADB ၏ အဆိုအရ ၂ဝ၁၁ ခုနှစ်၌ ရေဖြန့်ဖြူးမှုစနစ် အတွက် အမေရိကန်ဒေါ်လာ သန်း ၉ဝဝဝ ကူညီခဲ့သည်ဆို၏။

အာရှဒေသနိုင်ငံများ၏ အ ခြားသော ရေထိန်းသိမ်းသည့်နည်း စနစ်တစ်ခုမှာ မည်သည့်ရင်းနှီးမြှုပ် နှံမှုမှ မကုန်သည့် ၉ ရာစု ၁ဝ ရာစု က အသုံးပြုခဲ့သည့် မိုးရွာစဉ် မိုး ရေကို ခံယူ၍ သိုလှောင်ထားသည့် စနစ်ဖြစ်သည်။

အဆိုပါ နည်းစနစ်ကို အချို့ သော နိုင်ငံများ၌ ယနေ့ထက်တိုင် အသုံးပြုနေဆဲဖြစ်သည်။ အိန္ဒိယ နိုင်ငံ ဘဒါလိုနှင့် ချိနှိုင်းမြို့များရှိ တိုက်သစ်လူနေအိမ်များ၊ စီးပွားရေး အဆောက်အအုံများ၌ဖြစ်သည်။

အာရှနိုင်ငံအတော်များများ၌ မုတ်သုံရာသီကာလ၌ မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိ၍ ထိုမိုးရေကို နွေရာသီအထိ အသုံးပြုနိုင်ရန် သို လှောင်ထားခြင်း မျိုးဖြစ်သည်။

အထက်ပါဖြစ်စဉ် အချက်အ လက်များကို ထောက်ရှုခြင်းအား ဖြင့် ရေရှားပါးမှုကို အာရှဒေသရှိ နိုင်ငံအားလုံးလိုလိုက ကာကွယ် မှုများ ပြုလုပ်ရတော့မည်ဖြစ်သည်။ သို့မဟုတ်ပါက ရေကြောင့်ဖြစ်လာ နိုင်သည့် ပြဿနာကို မွေးထား သလို ဖြစ်လာပြီး နိုင်ငံ ဖွံ့ဖြိုးရေး၊ စီးပွားရေးပါ ထိခိုက်ပြီး နိုင်ငံအများ အကျပ်အတည်းတွေ့နိုင်သည်။

 နိုင်ငံအချင်းချင်းယှဉ်ပြိုင်မှု၊ မြို့ရွာအချင်းချင်း ယှဉ်ပြိုင်နိုင်မှု များတွင် စိုက်ပျိုးမွေးမြူရေးမှအစ စက်မှုလုပ်ငန်းများအထိ ရေသုံးစွဲမှု ကို စည်းစနစ်တကျ ချွေတာကန့် သန့် သုံးစွဲခြင်းဖြင့် ယှဉ်ပြိုင်ကြ ရန်လည်း အကြံပေးလှုံ့ဆော်ကြ ရမည်။

စိန်ခေါ်မှု အသွင်ဆောင်လာ သော အဆိုပါ ရေရှားပါးမှုပြဿနာ အား ကျွမ်းကျင်မှုများဖြင့် ရင်ဆိုင် ဖြတ်ကျော်ကြရမည်။ နည်းပညာ များ၏ အကူအညီလည်း ရယူပြီး ကောင်းမွန်သော အစီမံခန့်ခွဲမှုဖြင့် ချဉ်းကပ် ဆောင်ရွက်ကြရမည်။

ဤဆောင်းပါးရေးသားသူ Brahma Chellancy - ဘရာမာ ချာလာနီသည် ကမ္ဘာ့မြေသားဆိုင်ရာ မဟာဗျူဟာ ပညာရှင် တစ် ယောက်ဖြစ်ပြီး Water,Peace and War ဆိုသော စာအုပ်ရေးသားခဲ့ သူဖြစ်ပြီး "Water Asia's New Battleground" စာအုပ်ဖြင့် ဆုရ ခဲ့သူ ဖြစ်၏။

စိုးမင်းဦး
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.