29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
မြန်မာ့အနာဂတ်နှင့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ

လွန်ခဲ့သော မတ်လတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သော အစိုးရတက်လာသည်။ ယခင်အစိုးရက ဆိုးမွေအဖြစ်ပေး ခဲ့သော ပြဿနာ သောင်းခြောက်ထောင်အနက် အခက်ခဲဆုံး ပြဿနာသုံးရပ်က အစိုးရနှင့် တကွ ပြည်သူတို့၏ အေးချမ်းသာယာမှုနှင့် ဖွံ့ဖြိုးစည်ပင်ရေးကို ခြိမ်းခြောက် လျက်ရှိသည်။

ရာစုနှစ်တစ်ဝက်ကျော် ညံ့ဖျင်းစွာ စီမံခန့်ခွဲမှုနှင့် ပိတ်ဆို့ကန့်သတ်မှုများ ကြောင့် ချွတ်ခြုံကျနေသော စီးပွားရေး၊ ဘာသာရေး ပဋိပက္ခနှင့် အသက်ငွေ့ ငွေ့သာကျန်တော့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့သည် ဆက်ခံရသော ဆိုးမွေများပင်ဖြစ်သည်။

ရခိုင်ပြည်နယ်အရေးက အမှန်ပင်စိတ်မအေးဖွယ်ဖြစ်သည်။ အောက်တို ဘာလ ၉ ရက်နေ့က နယ်ခြားစောင့်ရဲစခန်းများကို ဝင်ရောက် တိုက်ခိုက်ခြင်းသည် ကြီးမားသော ပဋိပက္ခ၏ နိဒါန်းပင်လောဟု စိုးရိမ်မကင်းဖြစ်ကြရသည်။  လူ၂ဝဝ ကျော် သေဆုံးပြီး တစ်သိန်းခွဲ နီးပါး ဒဏ်ရာရခဲ့သည့် ၂ဝ၁၂ ခုနှစ်က ဘာသာရေး ပဋိပက္ခကဲ့သို့ တောက်လောင်လာလေမည်လားဟု အများက စိုးရိမ်ခဲ့ကြသည်။

 မြန်မာနိုင်ငံ၏ ခေတ်သစ် သမိုင်းတစ်ခုလုံးလို လက်နက်ကိုင် ပဋိပက္ခများ ဖြင့် ပေပွနေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေး ရရှိရေးအ တွက် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည်။

မကြာသေးမီ အချိန်အထိ အမေရိကန်က ကျင့်သုံးနေသည့်  ပေါ်လစီ သည်  အစိုးရသစ်ကို ထောက်အကူပြုရန် လုံလောက်မှု မရှိ ခဲ့ပေ။  လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်က ရွေးချယ်တင်မြှောက်ခံ အစိုးရအား အာဏာလွှဲမပေး ခဲ့သည့်အတွက် ချမှတ်ခဲ့သော အမေရိကန်၏ ပိတ်ဆို့ကန့်သတ်မှုကြောင့် မြန်မာ-အမေရိကန် ဆက်ဆံရေး သည် တင်းမာသော အနေအထား တွင် ရှိခဲ့သည်။ ၂ဝ၁၆ ခုနှစ် နှစ်ဦး ပိုင်းတွင် စတင်ရရှိလာသော ဒီမိုက ရေစီ အခြေအနေများကို အခိုင်အ မာ ဖြစ်စေရေးတွင် ကန့်သတ်ပိတ် ဆို့မှုများ က အဟန့်အတားဖြစ်နေ သည်။              

 အောက်တိုဘာလ ၇ ရက်နေ့ တွင် အိုဘားမားက သမ္မတ၏ အမိန့်အာဏာဖြင့် ကန့်သတ်ပိတ်ဆို့မှုကို ဖယ်ရှားပေးခဲ့သည်။ ထို ဆောင်ရွက်မှုသည် အမေရိကန်က မြန်မာနိုင်ငံအပေါ် အလေးအနက် ထားမှုကို ပြသလိုက်ပြီး NLD အစိုးရ အနေဖြင့် စိန်ခေါ်မှု များ ကို ရင်ဆိုင်ဖြေရှင်းရာတွင် အထောက် အကူဖြစ်စေမည် ဖြစ်သည်။

၂ဝ၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ခြေလှမ်းများအတွက် ကုန်သွယ်မှုနှင့် ရင်းနှီး မြုပ်နှံမှု ကန့်သတ်မှုအချို့ကို ဖယ် ရှားပေး ခဲ့သည်။ အကျိုးဆက်အဖြစ် နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးသည် သုံးနှစ်အတွင်း ဒေါ်လာ ၁ဝ သန်း မှ ၁၈၅ သန်းသို့ မြင့်တက်လာ သည်။

၂ဝ၁၅ ခုနှစ်၊ ဇွန်လတွင် အမေရိကန် စီတီကော်ပိုရေးရှင်း ဘဏ်က အရေးကြီးသော အချက် တစ်ချက်ကို ထောက်ပြလာသည်။ ဆက်လက် ပိတ်ဆို့ကန့်သတ်ခံရ ဆဲ လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီ ၁၁၁ ဦး အနက် တစ်ဦးဖြစ်သူ ပိုင်ဆိုင် သော ကုန်တင်ကုန်ချဆိပ်ကမ်းကို စီတီကော်ပိုရေးရှင်းက ငွေပေးချေ နိုင်မည် မဟုတ်ကြောင်း ထောက် ပြလာသည်။ ထိုလူပုဂ္ဂိုလ်နှင့် အဖွဲ့ အစည်းများသည် အာဏာ သိမ်း စစ်အစိုးရကို ထောက်ခံခဲ့သည့်အတွက် အထူးသတ်မှတ်ချက် (Specially Designated Nationals-SDN) အရ ကန့်သတ် ပိတ်ဆို့ခံ ရခြင်း ဖြစ်သည်။

အမေရိကန် ကုမ္ပဏီများသည် အဆိုပါ ဆိပ်ကမ်းသို့ ငွေမ ပေးချေနိုင်ကြောင်း စီတီကော်ပို ရေးရှင်းက သတိပေးထောက်ပြ ခဲ့ခြင်းဖြစ် သည်။ ခြောက်လအကြာတွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကုမ္ပဏီများအား ငွေပေးချေနိုင်ကြောင်းခွင့်ပြုချက် ထုတ်ပေးခဲ့ သည်။ သတ်မှတ်ကန့် သတ်ခံထားရသော သူများကို အမေရိကန် ကုမ္ပဏီများသည် အ မှတ်တမဲ့ ငွေပေးငွေယူ လုပ်မိနိုင် သည့် အနေ အထားကို စီတီကော် ပိုရေးရှင်း ညွှန်ပြခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်း စစ်အစိုးရနှင့် ၄င်း၏ အပေါင်းပါများကို ဒဏ်ခတ် သည့်အနေဖြင့် အထူးသတ်မှတ် ထားသူများ စာရင်းကို အမေရိကန် အသုံးပြုခြင်းဖြစ်သည်။ မြန်မာ နိုင်ငံ၏ စီးပွားရေးကဏ္ဍ အများစုကို  လူတစ်စုကသာ ချုပ်ကိုင် ဆောင်ရွက်နေသဖြင့် စာရင်းမှ ကင်းလွတ်သူ မိတ်ဘက်၊ လုပ်ငန်း ရှင်တို့ကို ရင်းနှီးမြုပ်နှံသူများက ရှာမတွေ့ ဖြစ်ရသည်။ မြန်မာအပါ အဝင် ကန့်သတ်ပိတ်ဆို့ခံ ရသော နိုင်ငံများဖြစ်သည့် ကျူးဘားနှင့် အီရန်တို့နှင့် ဆက်ဆံမိခြင်းအ တွက် အနောက်နိုင်ငံဘဏ်များ သည် လွန်ခဲ့သော သုံးနှစ် အတွင်း ဒဏ်ကြေး ဒေါ်လာ ဘီလျံနှင့် ချီ ပေးခဲ့ရသည်။ အမေရိကန် အစိုးရ က ချမှတ်ထားသော ရှုပ်ထွေးပြင်း ထန်သည့် ကန့်သတ် ပိတ်ဆို့မှု အောက်တွင် ရောက်နေသော နိုင်ငံများနှင့် ဆက်ဆံရန် ဘဏ်တိုက်များက ထိတ်လန့်ကြောက်ရွံ့ ကြသည်။ ကန့်သတ် ပိတ်ဆို့မှု ကြောင့် မြန်မာအစိုးရသည် နိုင်ငံတကာမှ ငွေချေးငှားမရနိုင်သလို အမေရိကန် ရင်းနှီးမြုပ်နှံသူများ အနားမကပ်နိုင်ဖြစ်ခဲ့ရ သည်။ ယင်းသို့ ဖြစ်ပျက်ခြင်းသည် ခရိုနီ များက ပြည်တွင်း ဈေးကွက်ကို ပိုမို အုပ်စီးထားနိုင်သည့် အနေအထား သို့ ရောက်ခဲ့ရသည်။

ခိုင်မာသော သန္နိဌာန်ဖြင့် ဒီမိုကရေစီ နိုင်ငံတော်တည် ဆောက်ရေးအတွက် ပေါ်ထွန်းလာ သော NLD အစိုးရကို ထောက်ကူ သော အားဖြင့် သမ္မတ အိုဘားမား ၏ အမိန့်အာဏာဖြင့် ကန့်သတ် ပိတ်ဆို့မှု စာရင်းကို ပယ်ဖျက်ပေး ခဲ့သည်။ ထိုဖြစ်ပေါ် တိုးတက် မှု ကြောင့် အမေရိကန် လုပ်ငန်းများ သည် မြန်မာနိုင်ငံတွင် လုပ်သာ ကိုင်သာ ရှိလာမည်။

ကန့်သတ်ပိတ်ဆို့မှု ဖယ်ရှား ပေးခြင်းကို လူ့အခွင့်အရေး ကာ ကွယ်ရေးအဖွဲ့ အချို့နှင့် အမေရိ ကန် ကွန်ဂရက်အမတ်မင်း အချို့ က ကန့်ကွက်ခြင်းများရှိသည်။ လက်ရှိ ဖွဲ့စည်းပုံအရ ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေး၊ ပြည် ထဲရေးနှင့် နယ်စပ်ဒေသ ဝန်ကြီး များ ကို စစ်တပ်က သာရွေးချယ်ခွင့် ရှိနေခြင်း၊ လွှတ်တော်တွင် တပ်မ တော်သား ၂၅ ရာခိုင်နှုန်းပါဝင် နေခြင်း အချက်တို့ကို ထောက် ပြ လျက် ဝေဖန်ကြခြင်းဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော် အာဏာ အများစုကို ဆုပ်ကိုင်ထား သည်ဟု သူတို့က ဆိုသည်။ တပ် မတော်သား မဲဖြင့် ပြုပြင်ပြောင်းလဲရေး အလျဉ်ကို ဟန့်တားနိုင် သောသတ်မှတ်ချက်များ ဖွဲ့စည်းပုံထဲတွင် ရှိနေသည်။ ထို့ကြောင့် မြန်မာနိုင်ငံအပေါ် ကန့်သတ် ပိတ်ဆို့မှုများ ဆက်လက်ထား ရှိသင့်သည် ဟု ကန့်ကွက်သူများ က ဆိုသည်။

 ဆောင်ရွက်ရန် ကိစ္စအများအ ပြားရှိနေသေးသည်ကို ဒေါ်အောင် ဆန်းစုကြည်နှင့် အိုဘားမားတို့က လက်ခံထားကြသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီ ထွန်းကားရေးကို အဟန့်အတား ဖြစ်စေခဲ့သော်လည်း လောလော ဆယ်တွင် လမ်းပိတ် ထားသည့် အ နေအထားမျိုးမဟုတ်ပေ။ လွှတ် တော်နှစ်ရပ်စလုံးတွင် ကိုယ်စား လှယ် အများစုရရှိထားသော NLD အစိုးရသည် အရေးကြီးသော အာဏာပိုင်အဖွဲ့အစည်းများနှင့် ဝန်ကြီးနေရာများတွင် စိတ်ကြိုက် ခန့်အပ်ခွင့်ရှိလာခြင်း ၊ ဥပဒေပြု ရေးနှင့် တရား စီရင်ရေးတို့တွင် လုပ်ပိုင်ခွင့်ရလာခြင်းတို့သည် အ ခြေအနေကောင်းများ အဖြစ်သုံး သပ်နိုင်သည်။ သို့စဉ်တိုင် ဖွဲ့စည်း ပုံပြင်ဆင်ရေး သည် အလှမ်းဝေး နေဆဲ ဖြစ်သည်။

ဒုတိယအကြိမ် လွှတ်တော်များစတင်ချိန်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်သော ဆောင်ရွက်မှုများရှိခဲ့သော်လည်း အဓိက ပြင်ဆင်မှုများမှာ မအောင် မြင်ခဲ့။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် NLD က လွှတ်တော်အတွင်း ကြိုးပမ်းမှုကို မည်သည့် အတိုင်း အတာအထိ တပ်မတော်က ကြည့် နေမည်မှာ မရှင်းလင်းသေးပေ။ ဖွဲ့ စည်းပုံပြင်ဆင်ရေးကို တပ်မတော် အနေဖြင့် ခွင့်ပြု သင့်သလို အမေရိ ကန်ကလည်း ဗိုလ်ချုပ်များကို တွန်း အားပေး သင့်သည်။ သို့သော်  ကန့်သတ်ပိတ်ဆို့မှုများ ပြန်လည် ချမှတ်လျှင်မူ အမှားကြီး မှားသွား ပေလိမ့်မည်။

 မြန်မာနိုင်ငံတွင် ငွေကြေး ဖောင်းပွမှုနှင့် အိမ်ခြံ မြေ ဈေး မတန်တဆမြင့်မားနေသည်။ စည်းကမ်းတကျမဖြစ်သေးသလို တရား စီရင်ရေး သည်လည်း မရေ ရာသေးပေ။ ထိုပြဿနာများသည် ကန့်သတ်မှုများဖယ်ရှားလိုက်ရုံမျှ နှင့် ပြေလည်သွားမည် မဟုတ်ပေ။ NLD ပါတီက ယင်းပြဿနာများ ကို မည်သို့ မည်ပုံဖြေရှင်းမည်ကို အကြမ်းဖျင်းအားဖြင့် ထုတ်ဖော် ပြောဆိုပြီးဖြစ်သည်။

စီးပွားရေး ပြဿနာအပြင် အခြား အရေးအကြီးဆုံး ကိစ္စမှာ ငြိမ်းချမ်းရေး ရရှိရေး ဖြစ်သည်။ အဓိက လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရကတည်းက နည်းမျိုးစုံဖြင့် အစိုးရကို တိုက်ခိုက်ခဲ့သည်။ လူမျိုးရေး တင်းမာမှုနှင့်  ခွဲထွက်ရေး လေ စိမ်းများကို လျော့ပါး ချုပ်ငြိမ်းစေရန် ဒေါ်အောင်ဆန်းစုကြည်က ကြိုး ပမ်းရမည်ဖြစ်သည်။ ထိုအချက် သည် အရေးအကြီးဆုံးဖြစ်သည်။

လူဦးရေ၏ ၈၇ ရာခိုင်နှုန်း သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ ဘာသာရေးသည် ဗမာလူမျိုးအတွက် အရေးပါစွာ ထိန်းသိမ်း ရမည့် ဝိသေသဖြစ်သည်။ ကာလ အတန်ကြာကတည်းက နေထိုင်ခဲ့ သော မွတ်ဆလင်ဘာသာဝင်များ လည်း တိုင်းပြည်တွင် ရှိသည်။ သူတို့သည် လူဦးရေ၏ ၄ ရာခိုင် နှုန်း ရှိသည်။ အပြင်မှ အလုံးအ ရင်း ဝင်ရောက် လာမည့် မွတ်ဆ လင်ဘာသာဝင် များကြောင့် ဗုဒ္ဓ ဘာသာဝင်များက အနည်းစု ဖြစ်သွားမည်ကို စိုးရိမ်တကြီး ပြောဆိုမှုများရှိသည်။ ထိုစိုးရိမ်မှုမှတစ်ဆင့် ၂ဝ၁၃ ခုနှစ်တွင် ဘာသာရေး ကို အခြေခံသော သွေးထွက်သံယို တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ထိုစဉ်က အစိုးရနှင့် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တို့က တစ်ဖက်ဖက်သို့ ထောက်ခံ ခြင်း၊ ကန့်ကွက်ခြင်း မပြုဘဲနေခဲ့သည့်အတွက် နှစ်ဖက်စလုံးမှ ဝေ ဖန်မှုများ သောသောညံ ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က မဘသ မလိုအပ် ကြောင်း စင်ကာပူတွင် ဇူလိုင်လ အတွင်း ပြောကြားခဲ့သည့်အတွက် ၄င်းပြန်လာလျင် ဆန္ဒပြ ကန့်ကွက်မည်ဟု စည်းရုံးလှုံ့ဆော်မှုများရှိခဲ့သည်။ ဝန်ကြီးချုပ်အပြန် လေ ဆိပ်တွင် ဆန္ဒပြသူ ဆယ်ဦးခန့်သာ ရှိသဖြင့် သူတို့ အဖွဲ့အပေါ် လူထု ထောက်ခံမှု မည်မျှရှိသည်ကို သိ သွားသည်။

၂ဝ၁၅ ခု နှစ် နှောင်းပိုင်းတွင် အမေရိကန် ငွေကြေးထောက်ပံ့မှု ကို စိစစ် ကန့်သတ်သည့် ဥပဒေ ကို ကွန်ဂရက်က ပြဋ္ဌာန်းလိုက် သည်။ မြန်မာနိုင်ငံတွင် ခွဲခြား ဆက်ဆံမှုဖြင့် အကြမ်းဖက်မှု ဖြစ် ပွားစေသော မည်သည့်အဖွဲ့အ စည်းကိုမျှ အမေရိကန်က ထောက် ပံ့ခြင်းမပြုရန် ထိုဥပဒေက ကန့်သတ်လိုက်သည်။ အကြမ်းဖက်မှုကို လှုံ့ဆော်ပေးသည့် အဖွဲ့အစည်း မည်သူဖြစ်သည်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သတ်မှတ်ရ မည်ဖြစ်သည်။ ထိုဥပဒေသည် မဘသကို တိုက်ရိုက်ရည်ညွှန်းမှန်း သိသာသည်။

ဘာသာခြားအပေါ် ရှုတ်ချ ပြောဆိုခြင်းနှင့် ဘာသာရေးကို အ ခြေခံသော ပဋိပက္ခများသည် တည် ငြိမ်မှုကို ခြိမ်းခြောက်လျက်ရှိ သည်။

လွန်ခဲ့သော သြဂုတ်လက မန္တလေးတွင် ဗုဒ္ဓဘာသာခေါင်းဆောင်များကို သတင်းထောက်က တွေ့ဆုံမေး မြန်း သည်။ ခေါင်းဆောင် များက ၄င်းတို့သည်အကြမ်းဖက်မှုကို အားမပေးကြောင်း၊ ဘာသာမတူသူများ လက်တွဲ ညီညွတ်ရန်နှင့် မြန်မာ နိုင်ငံ သည် အပြည်ပြည်ဆိုင်ရာ၏ အသိအမှတ်ပြုမှု လိုအပ်နေသည် ကို ၄င်းတို့က နားလည်ကြောင်း ပြောဆိုသည်။

 နိုင်ငံ၏ အနောက်ပိုင်းတွင် နယ်ခြားရဲစခန်းများကို ဝင်ရောက် တိုက်ခိုက်ခြင်းကို ထိန်းထိန်းချုပ် ချုပ်ဖြင့် တုံ့ပြန်ရန် လိုအပ်သည်။ လုံခြုံရေးတပ်ဖွဲ့များကို ပြုပြင် ပြောင်းလဲခြင်းဖြင့်လည်းကောင်း၊ ဒေသခံ ဘာသာခြားများအကြား နှစ်ဖက် ညှိနှိုင်းဆွေးနွေး ကြခြင်း ဖြင့် လည်းကောင်း ဆောင်ရွက်ရ ပေမည်။ ထိုလုပ်ငန်းစဉ်သည်  အချိန်အတော်အသင့်ယူမည်ဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပေးခဲ့ သည့် အတွင်းရေး မှူးချုပ် ကိုဖီအာနန် ခေါင်းဆောင် သော ကော်မရှင်သည် မှန်ကန် သော လမ်းကြောင်းပေါ်သို့ စတင် လျှောက်လှမ်းသော ခြေလှမ်းဖြစ်သည်။ ရခိုင်အရေး ပြေလည်စေ ရေးသည် မြန်မာ-အမေရိကန် ဆက်ဆံရေးတွင် များစွာ အရေးပါ ကြောင်း အမေရိကန်က မြန်မာ ခေါင်းဆောင်များကို အသိပေးနေ ရန် လိုအပ်သည်။ နှစ်နိုင်ငံဆက် ဆံရေး တိုးတက်လာ သည်နှင့်အမျှ စစ်ဘက်ဆိုင်ရာအပိုင်းတွင် ထဲထဲ ဝင်ဝင် ပူးပေါင်းနိုင်မည်ဆိုသည်ကို လည်း မြန်မာစစ်ခေါင်းဆောင်များ ကို သိထားစေသင့်သည်။

သမိုင်းပညာရှင် သန့်မြင့်ဦး က ''ဗြိတိသျှတို့ဆီက လွတ်လပ် ရေးရတဲ့ ၁၉၄၈ ခု ကတည်းက မြန်မာနိုင်ငံကို စိန်ခေါ်နေတဲ့ အ ရေးကြီး ဆုံးအချက် တစ်ချက်ရှိ တယ်။ များစွာသော မတူခြားနား သည့် တိုင်းရင်းသား လူမျိုးစုအား လုံးက လက်ခံနိုင်မယ့် အစိုးရပုံစံ တစ်ခုကို ရှာဖွေ ဖော်ထုတ်ရေးပဲ ဖြစ်တယ်''ဟု သုံးသပ်သည်။

ပဋိပက္ခများ ရှိနေသည်မှာ ရခိုင်တစ်နေရာတည်း မဟုတ်ပေ။ အစွန်အဖျားရှိ တိုင်းရင်းသားအ များစု နေထိုင်သည့် ဒေသများကို အစိုးရက ထိန်းချုပ်ရန် အင်အား နှင့် ကြိုးစားလျှင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်လာနိုင်သည်။ တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့ များ သည် ကျောက်မျက်ရတနာ၊ သစ်လုံးနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးခြင်းနှင့် လူကုန်ကူးခြင်းကိုပါ လုပ်ဆောင် လျက် ရန်ပုံငွေရှာ ကြ သည်။  ထို နည်းဖြင့် အရသာတွေ့နေကြသော လက်နက်ကိုင်အဖွဲ့များသည် လက် နက်စွန့်ရန် ဝန်လေးနေကြသည်။

အထူးသဖြင့် ဝတပ်ဖွဲ့ (UWSA) ကို ဖိအားပေးရန်လိုအပ် သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ ပြိုကွဲပြီးနောက် ကျန်ရစ်သော UWSA တပ်ဖွဲ့သည် တရုတ်မြန်မာ နယ်စပ်တွင် ၁၉၈၉ ခုနှစ်မှ စတင် လျက် လှုပ်ရှားနေသည်။ UWSA သည် အင်အားအကောင်း ဆုံးဖြစ် သလို အခြား လက်နက်ကိုင် အဖွဲ့ များကိုလည်း လက်နက် ထောက်ပံ့ နေသော အဖွဲ့ဖြစ်သည်။ UWSA သည်လည်း အခြား လက်နက်ကိုင် အဖွဲ့များကဲ့သို့ ဖွဲ့စည်းပုံပြင်ဆင် ရေးကို တောင်းဆိုနေသူ ဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း ပြုလုပ် ခဲ့သော ငြိမ်းချမ်းလုပ်ငန်းစဉ်များ တွင် UWSA အဖွဲ့က ဖျက်မြင်း ဖြစ်နေခဲ့သည်။

UWSA သည် အပစ်အခတ်ရပ်စဲ ရေးကို လက်မှတ်မရေးထိုးဘဲ အ ခြားအဖွဲ့များကိုလည်း မရေးထိုးရန် သွေးထိုးနေသူ ဖြစ်သည်။

လက်နက်ကိုင်အဖွဲ့များ  သည် လက်နက်ကိုစွန့်လျက် ပုံမှန် စီးပွားရေးလုပ်ငန်းများတွင် ပါဝင် ခွင့်ရလာစေရန် အမေရိကန်က အခွင့်အလမ်းများ ဖန်တီးပေးနိုင် သည်။ အမေရိကန်က ပယ်ဖျက် ပေးခဲ့သော ကန့်သတ်ပိတ်ဆို့ခံရ သူများ စာရင်းတွင် UWSA တပ်ဖွဲ့ နှင့် ဆက်နွယ်နေသူ ၃၂ ဦး မပါ ဝင်ပေ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် UWSA အဖွဲ့သည် သိသာ ထင်ရှားစွာ ပူးပေါင်း ပါဝင်လာ မည် ဆိုပါက ၄င်းကိုယ်တိုင်နှင့် ၄င်းနှင့် ပတ်သက်နေသူများကို ကန့်သတ်မှု ပိတ်ဆို့မှု စာရင်းမှ ပယ်ဖျက်ပေး မည်ဆိုသော မက်လုံး မျိုး အမေရိ ကန်က ပေးနိုင်သည်။

 မြန်မာနိုင်ငံ အနာဂတ်အ တွက် အရေးအကြီးသော အဖြစ် အပျက်တစ်ရပ်သည် ကမ္ဘာ့အ နောက်ခြမ်း တစ်နေရာတွင် ဖြစ် ပေါ် လာတော့မည်။ အမေရိကန် သမ္မတ ရွေးပွဲပင်ဖြစ်သည်။ ဒေါ် နယ်ထရမ့် က အရှေ့တောင်အာရှ နှင့် ပတ်သက်၍ မဲဆွယ်ပွဲတွင် မည်မည်ရရ ထည့်မပြောသေးပေ။ သမ္မတလောင်း နောက်တစ်ဦးဖြစ် သော ဟီလာရီ ကလင်တန်သည် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် များစွာ ရင်းနှီးသူဖြစ်သည်။ ထိုင်း နိုင်ငံသည် အမေရိကန်၏ လက် ဟောင်းမဟာမိတ်ဖြစ်သော်ငြား လည်း ဟီလာရီ အနေဖြင့် ထိုင်း ဗိုလ်ချုပ်များနှင့် ဆက်ဆံရသည် ထက် ဒေါ်အောင်ဆန်းစုကြည်နှင့် ပိုမို နွေးနွေးထွေးထွေးရှိသည်။

ယခင်က တရုတ်နှင့် နီးနီး ကပ်ကပ်ရှိနေခဲ့သော မြန်မာနိုင်ငံ သည်ယခုအခါ အတန်ငယ် ဝေး ကွာစပြုလာသည်။ ထိုအချိန်တွင် ထိုင်း ဗိုလ်ချုပ်များသည် တရုတ် နှင့် ဖက်လဲတကင်း ရှိလာသည်။ ထိုအခြေအနေသည် ဒေသတွင်း မဟာဗျူဟာမြောက် မိတ်ဘက် တစ်ဦး တိုးပွားလာရန် အမေရိကန် အတွက် အခွင့်အလမ်းပင်ဖြစ် သည်။

''အာရပ်နွေဦးဟာ အရှေ့အ လယ်ပိုင်းမှာ ညှိုးခြောက်သွားတဲ့ အချိန်မှာ အာဏာရှင် စနစ်ကနေ ဒီမိုကရေစီကို ကူးပြောင်းတော့ မယ့် မြန်မာနိုင်ငံဟာ ကမ္ဘာအတွက် မျှော်လင့်စရာ ဖြစ်လာတယ်'' ဟု ဟီလာရီက ဆိုသည်။

 ဒေါ်နယ်ထရမ့်၏ အရှေ့ တောင်အာရှ ပေါ်လစီကို သေသေချာချာ မသိရှိကြပေ။

ဟီလာရီသမ္မတဖြစ်လာပါက ဝါရှင်တန် နှင့် နေပြည်တော် အကြား ပူးပေါင်း ဆောင်ရွက်မှု တိုးတက်လာပြီး အ မေရိကန်နှင့် ထိုင်းတို့ ဆက်ဆံရေး လျော့ကျလာမည်ဖြစ်ကြောင်း အာရှရေးရာ ကျွမ်းကျင်သူ ဘာတီးလ် လစ်တနာက ရေးသားထား သည်။

 ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သော အစိုးရတက်လာသည့်အခါ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေမည့် အလားအ လာများ ပေါ်ထွန်းလာသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်တင်မြှောက်ခံရရုံမျှမက ကမ္ဘာ ကလည်း ထူးချွန်ပြောင် မြောက်သော ခေါင်းဆောင် အဖြစ် အသိအမှတ်ပြုထားသည်။ ငြိမ်း ချမ်းရေး  ဆွေးနွေးမှုများသည် ခက်ခဲကြာမြင့်မည် ဖြစ်သော်လည်း  ဒေါ်အောင်ဆန်းစုကြည်သည် ရရှိထားသောအနေ အထားအရ ပိုမို ထိရောက်စွာ ဆောင် ရွက်နိုင် မည် ဟုမျှော်လင့်နိုင်သည်။

ကျင်းပခဲ့သော ၂၁ ရာစု ပင် လုံညီလာခံ လက်နက်ကိုင်အဖွဲ့ အားလုံးနီးပါး တက်ရောက်လာခဲ့ ခြင်းသည်  လက်နက်ကိုင် အဖွဲ့ အစည်းများက  ဒေါ်အောင်ဆန်းစု ကြည်အပေါ် မည်မျှ အလေးအ နက် ထားသည်ကို ပြသလိုက်ခြင်း ပင်ဖြစ်သည်။ ပြဿနာများကို ညီလာခံက ဖြေရှင်းနိုင်ခြင်း မရှိ သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ပြန်လည်စတင်နိုင်ခြင်းသည် က အောင်မြင်မှုဟု ဆိုရပေ မည်။

စီးပွားရေး ကန့်သတ်ပိတ် ဆို့မှုများ ဖယ်ရှားပေးလိုက်ပြီဖြစ် သဖြင့် အဓွန့်ရှည်သော ငြိမ်းချမ်း ရေးသာရရှိပါက မြန်မာနိုင်ငံ၏ တိုင်းရင်းသားဒေသများသည်လည်း လျင်မြန်စွာ ဖွံ့ဖြိုးလာမည်ဖြစ် သည်။  

အေးထွန်းမင်း
[email protected]
Ref: Myanmar’s Road Ahead: Growth, Peace, and U.S. Sanctions. By Aaron L. Connelly

အေးထွန်းမင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.