1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
Social Media နဲ့ ဒစ်ဂျစ်တယ်သတင်းလောက ရိုက်ခတ်မှု

Digital ခေတ်မှာ အဆက်မပြတ်ဆိုသလို ကြီးထွားလာတဲ့ သတင်းကမ္ဘာထဲမှာ ဒစ်ဂျစ်တယ် သတင်းကဏ္ဍအတွက် အလုပ်အကိုင် အရေအတွက်ပေါင်း ၅ဝဝဝ ကျော်နဲ့ ဒစ်ဂျစ်တယ်သတင်းတွေကို ဖြန့်ချိလျက်ရှိနေပါတယ်။ အဲဒီ ၅ဝဝဝ ကျော်ရှိနေတဲ့ ဒစ်ဂျစ်တယ် သတင်းဌာနတွေဟာ ပုံနှိပ်ကော၊ ဒစ်ဂျစ် တယ်ပုံစံနဲ့ကော ထုတ်ဝေတတ်ပေမယ့် တချို့သတင်းဌာနတွေကတော့ ဒစ်ဂျစ်တယ်ပုံစံနဲ့သာ သီးသန့်ထုတ်ဝေကြပါတယ်။ Pew Research ရဲ့ သုတေသနလေ့လာမှုအရ  အဆိုပါ ၅ဝဝဝ ကျော်ထဲက ၃ဝဝဝ ကျော်ဟာ ဒစ်ဂျစ်တယ်ပုံစံနဲ့ပဲ ထုတ်ဝေတဲ့သတင်းဌာနတွေ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ် သတင်းမီဒီယာ ပိုင်းနဲ့ပတ်သက်လို့ Online News Association ဆိုတဲ့အဖွဲ့ဟာ မီဒီယာအနာဂတ်ကို ပုံဖော်မယ့် ဒစ်ဂျစ်တယ်သတင်းသမားတွေ အချင်းချင်းချိတ်ဆက်နိုင်ဖို့၊ ကွန်ရက် တည်ဆောက်ထားနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းတည်ထောင်ထားကာ နှစ်စဉ်နှစ်တိုင်း ဒစ်ဂျစ်တယ် သတင်းသမားများတွေ့ဆုံပွဲကို ၂ဝဝဝ ခုနှစ် ကတည်းက ကျင်းပခဲ့ပါတယ်။ အမေရိကန်အခြေစိုက်ဖြစ်တဲ့ Online News Association (ONA) ဟာ အဲဒီနှစ်စဉ်တွေ့ဆုံပွဲတွေမှာ Online Journalism Awards Banquet ဆိုတဲ့ သတင်းဆုတွေကိုလည်း ချီးမြှင့်ပေးပါ တယ်။

အဲဒီလို နှစ်စဉ်တွေ့ဆုံပွဲတွေမှာ ဒစ်ဂျစ်တယ်သတင်းလောကရဲ့ ထုတ်လုပ်သူတွေ၊ Content editors တွေ၊ နည်းပညာရှင်တွေ၊ ပရိုဂရမ်မာတွေ၊ ဒီဇိုင်နာတွေ၊ မီဒီယာဈေးကွက် စီစဉ် ညွှန်ကြားသူတွေ၊ သီးခြားပုဂ္ဂလိက ဝက်ဘ်ဆိုက်တွေနဲ့ ပညာရှင် အသိုင်းအဝိုင်းတွေပါ တက်ရောက်ကြပါ တယ်။

အဲဒီ ဒစ်ဂျစ်တယ်သတင်းဌာန၊ ဒစ်ဂျစ်တယ်မီဒီယာတွေဟာ ပရိသတ်ဆီကို သတင်းတွေပို့ဆောင် ပေးဖို့၊ တင်ဆက်ပေးဖို့အပြင် ပရိသတ်နဲ့ ချိတ်ဆက်ဆက်သွယ်ဖို့အတွက်ပါ Social Media ကို အာရုံ စိုက်လျက်ရှိပါတယ်။ Social Media နဲ့ သတင်းများရဲ့ဆက်စပ်မှု အကြောင်းတွေကို Pew Research Center က သုတေသီတွေက အဆိုပါ Online News Association (ONA) ရဲ့ တွေ့ဆုံပွဲမှာ ဒစ်ဂျစ်တယ်သတင်း စာဆရာတွေနဲ့ တွေ့ဆုံမေးမြန်းထား ပါတယ်။

တွေ့ဆုံမေးမြန်းမှုမှာ Social Media ဝက်ဘ်ဆိုက်တွေဟာ ဘာကြောင့် သတင်းအစုအဝေးတစ်ခု ဖြစ်လာတာလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး သတင်းစာဆရာတွေရဲ့ အယူအဆကို စတင်ဆွေးနွေးထားပါတယ်။

Social Media တွေကို အသုံးပြုနေတဲ့ လူဦးရေပမာဏနဲ့ Social Media ပေါ်ကနေ သတင်းရယူနေတဲ့ လူဦးရေပမာဏ နှစ်ခုစလုံးကို ထည့်သွင်းစဉ်းစားတဲ့အခါမှာ Facebook ဟာ Social Media တွေထဲမှာ အင်အားအကြီးဆုံး သတင်းရင်းမြစ်ကြီးတစ်ခု ဖြစ်လာပါတယ်။ အမေရိကန် က အရွယ်ရောက်သူ ၆၄ ရာခိုင်နှုန်း (၃ ပုံ ၂ ပုံခန့်ပမာဏ)ဟာ Facebook ကို သုံးစွဲနေကြပြီး တစ်ဝက်လောက်ကတော့ အဲဒီကနေ သတင်းတွေကို ရယူဖတ်ရှုနေကြပါတယ်။ အဲဒီလူဦးရေဟာ တစ်နိုင်ငံလုံးဦးရေရဲ့ ၃ဝ ရာခိုင်နှုန်းခန့်ရှိပါတယ်။

Social news ကဏ္ဍမှာ နောက်ကလိုက်နေတာကတော့ Youtube ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသား ထက်ဝက်လောက်ဟာ Youtube သုံးစွဲသူများဖြစ်ကြပြီး ငါးပုံတစ်ပုံက အဲဒီကနေ သတင်းတွေရယူကြတယ်လို့ဆိုပါတယ်။ သဘောကတော့ အရွယ်ရောက်လူဦးရေ ပမာဏရဲ့ ၁ဝ ရာခိုင်နှုန်းဟာ Youtune ပရိသတ်တွေ ဖြစ်တယ်ဆိုတာပါပဲ။ ဒါ့အပြင် သူတို့ဟာ Twitter ပေါ်ကနေ လည်း Youtube သတင်းတွေကို မျှဝေသူများ ဖြစ်တတ်ပါတယ်။ Social Media တွေထဲမှာ Twitter ကတော့ အမေရိကန် ၁၆ ရာခိုင်နှုန်းဆီကို ထိုးဖောက်ရောက်ရှိထားပြီး အဆို ပါ ၁၆ ရာခိုင်နှုန်းရဲ့ ထက်ဝက်ကျော် (၈ ရာခိုင်နှုန်း) က Twitter ကနေ သတင်းတွေကို ရယူတယ်လို့ ဆိုပါတယ်။

Social Media အသုံးပြု သူထက်ဝက်လောက်ဟာ  သတင်းဆောင်းပါးတွေ၊ ဓာတ်ပုံတွေနဲ့ ဗီဒီယို တွေကို မျှဝေတတ်ကြပါတယ်။ ၄၆ ရာခိုင်နှုန်းနီးပါးက သတင်းတစ်ခုခုအပေါ်မှာ သို့မဟုတ် အကြောင်း ကိစ္စတစ်ခုခုအပေါ်မှာ ဝေဖန်ဆွေးနွေးနေ တတ်ကြတာကိုလည်း တွေ့ရပါတယ်။ Facebook ပေါ်မှာ တခြားသတင်းတွေကို တင်ကြရုံမက အဲဒီလိုတင်သူတွေကိုယ်တိုင်က သူတို့ ကိုယ်ပိုင်ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို တင်ခြင်းအားဖြင့် သူတို့ဟာလည်း သတင်းဖြစ်လာတတ်ပါတယ်။ အဲဒီ ပမာဏက အနည်းငယ်သာရှိတတ်ပါတယ်။ Pew Research Center ရဲ့ ၂ဝ၁၄ ခုနှစ်က လေ့လာမှုမှာ Social Media User ၁၄ ရာခိုင်နှုန်းဟာ Social Networking Site တွေမှာ သတင်းဖြစ်နိုင်တဲ့ အကြောင်းအရာနဲ့ပတ်သက်တဲ့ ကိုယ်ပိုင်ဓာတ်ပုံတွေကို တင်တတ်ကြတယ်ဆိုတာ တွေ့ရှိခဲ့ပါ တယ်။ ၁၂ ရာခိုင်နှုန်းကတော့ ဗီဒီယို တွေ တင်ပေးတာဖြစ်ပါတယ်။

Social Media user တွေဟာ သတင်းတွေကို ဘယ်လိုရှာဖွေလဲ၊ ဘယ်လိုတွေ့ရှိကြလဲဆိုတာနဲ့ ပတ် သက်တဲ့မေးခွန်းအောက်မှာလည်း ဒစ်ဂျစ်တယ်သတင်းစာဆရာတွေရဲ့ အဖြေတွေနဲ့ Pew Research Center တို့ရဲ့ လေ့လာချက်တွေကို ပူးတွဲဖော်ပြထားပါတယ်။

Facebook ဟာ သတင်းဌာန တော်တော်များများအတွက် (ရည်ညွှန်း) ဝက်ဘ်ဆိုက် သတင်းရင်းမြစ် တွေဆီ ရောက်သွားနိုင်ဖို့ အရေးပါတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Facebook ကတစ်ဆင့် သတင်းရင်းမြစ် ဝက်ဘ်ဆိုက်တွေဆီကို ရောက်လာသူတွေဟာ Facebook ကမဟုတ်ဘဲ တိုက်ရိုက်ရောက်လာသူတွေလောက် အဲဒီသတင်းရင်းမြစ်မှာ အချိန်မပေးတတ်ကြတာကိုလည်း တွေ့ရပါတယ်။ အဲဒီနှစ်မျိုးနှစ်စားမှာ တူညီတဲ့တစ်ချက်ကတော့ အားလုံးဟာ Search ကနေ တစ်ဆင့် ရောက်လာတာပဲဖြစ်ပါတယ်။ သတင်းမီဒီယာ ဝက်ဘ်ဆိုက်ကို တိုက်ရိုက်သွား ကြည့်သူတွေနဲ့ Facebook ကတစ်ဆင့် သို့မဟုတ် Search ကတစ်ဆင့် သတင်းမီဒီယာဝက်ဘ်ဆိုက်ကို ရောက်လာသူတွေရဲ့ အချိန်ပေးမှုကို နှိုင်းယှဉ်ကြည့်တဲ့အခါ တိုက်ရိုက် သွားကြည့်သူတွေက အချိန်သုံးဆခန့် အကြမ်းဖျင်းပိုပေးကြတယ်ဆိုတာကို တွေ့ရပါတယ်။ အဲဒီအချက်က သတင်းအဖွဲ့အစည်းတွေ အနေနဲ့ ပုံမှန်ပရိသတ် သို့မဟုတ် အမြဲအား ပေးတဲ့ပရိသတ်ကို ထိန်းထားနိုင်ဖို့ Digital Subeription တွေကို ဆောင်ရွက်ရာမှာ အသုံးဝင်နိုင်ပါတယ်။

Pew Research Center ရဲ့ လေ့လာမှုနောက်ထပ်တစ်ခုမှာ Social Media တွေဟာ သတင်းတွေ အပေါ်မှာ ဘယ်လိုသက်ရောက်မှုပေးသလဲဆိုတဲ့အခါ တကယ်အရေးပါတဲ့ အကြောင်းအရာတွေအကြောင်း ဆွေးနွေးရာမှာတော့ Facebook က သိပ် အများကြီးမလုပ်ပေးနိုင်ဘူးဆိုတာကို တွေ့ရပါတယ်။

ဥပမာအားဖြင့် Snowden နဲ့ NSA ကိစ္စလို အကြောင်းအရာမျိုးတွေမှာ အမေရိကန်ပြည်သူတွေ အနေနဲ့အပြင်မှာ ဆုံတွေ့ပြောဆိုရတာထက် Social Media ပေါ်မှာ သူတို့ရဲ့အမြင်တွေကို ပြသပြောဆိုဖို့ သိပ်ဆန္ဒမရှိကြတာကို တွေ့ရပါတယ်။ မျက်နှာချင်းဆိုင် ဆုံတွေ့မှုတွေမှာ သူတို့ရဲ့ ထင်မြင်ချက်၊ သုံးသပ်ချက်တွေကို ပိုမိုပြောဆိုလိုတဲ့ သဘောပါပဲ။

အဲဒီအချက်ဟာ Facebook ပေါ်မှာသာမက Twitter ပေါ်မှာလည်း တွေ့ရတတ်ပါတယ်။ အထူး သဖြင့် သူတို့ရဲ့ မိတ်ဆွေ၊ ပရိသတ်၊ အသိုင်းအဝိုင်းက သူတို့ရဲ့ ထင်မြင်ချက်နဲ့ သဘောထားကွဲလွဲနိုင်တယ်လို့ ယူဆတဲ့အခါမျိုးမှာ ဖြစ်ပါတယ်။

 

ကလျာအိအိလွင်

 

Ref: www.journalists.org/conference,www.pewresearch.org/fact-tank/2014/09/24/how-social-media-is-reshaping-news/

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.