1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
2018 Android Security အတွက် အကောင်းဆုံး အရံအတားများ

Mobile ဖုန်းခေတ်ဖြစ်နေတဲ့ အချိန်မှာ Mobile ဖုန်းတွေနဲ့ ပတ်သက်ပြီး အခြေခံအကျဆုံးဖြစ်တဲ့ ဗိုင်း ရပ်စ်ကာကွယ်ဖို့ အသင့်တော်ဆုံးဆိုတဲ့ Applications တွေအကြောင်း ကို ရေးသားလိုပါတယ်။

Mobile ဖုန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေတဲ့ အချိန်မှာ OS အနေနဲ့ပြောရရင် Android ကတော့ ကမ္ဘာပေါ်မှာ အများဆုံးအသုံးပြုနေကြတဲ့ Operation System တစ်ခု ဖြစ်ပါတယ်။ လူသုံးအများဆုံးဖြစ်တဲ့ OS ဖြစ်တဲ့အလျောက် Application တွေလည်း များပြားသည်ထက် များ ပြားလာပြီး အဲဒီထဲမှာ Android Malware တွေကလည်း ပိုပိုပြီးတော့ များပြားလာပါတယ်။

ကိုယ့်မိုဘိုင်းဖုန်းထဲမှာ ဘယ်လိုဆော့ဖ်ဝဲတွေပဲ ထည့်ထားပြီးသုံးသုံး၊ Antivirus လို ဆော့ဖ်ဝဲမျိုးနဲ့ Security ဆော့ဖ်ဝဲတွေကိုတော့ တစ်ခုခုဖြစ်ဖြစ် ထည့်ထားသင့်ပါတယ်။ ဒီတော့ ဗိုင်းရပ်စ်အန္တရာယ် ပိုမိုဖြစ်လာနိုင် ခြေရှိတဲ့ကာလမှာကာကွယ်ဖို့ အကောင်းဆုံးဆိုတဲ့ Applications တွေကို ဖော်ပြပေးလိုပါတယ်။ ၂ဝ၁၈ အတွင်းမှာ အကောင်းဆုံး အကာအကွယ်တွေ ဖြစ်လာနိုင်ခြေရှိတဲ့ Antivirus  ဆော့ဖ်ဝဲတွေကို Tech Radar မဂ္ဂဇင်းက ဖော်ပြပေးထားတာဖြစ်ပါတယ်။

အဆိုပါ ဆော့ဖ်ဝဲအများစုဟာ Automatic Scan အလုပ်ထက်ပိုပြီး အများကြီးလုပ်ပေးနိုင်ကြပါတယ်။ Web pages တွေမှာ သံသယဖြစ်ဖွယ်အရာတွေကို Detect လုပ်ပေးနိုင်ပြီး ကြိုတင်ကာကွယ်မှုတွေလည်း ပြုလုပ်ပေးနိုင်ပါသေးတယ်။ အဲဒီလို အန္တရာယ်ရှိတဲ့ Web page တွေကတစ်ဆင့် ဝင်ရောက်လာနိုင်တဲ့ ဒေါင်းလုတ်ဖိုင်တွေကို ဖွင့်ရာမှာကော ဒေါင်းလုတ်ပြုလုပ်ရာမှာကော ကြိုတင်ကာကွယ်ပေးပါသေးတယ်။

Android Antivirus ဆော့ဖ်ဝဲတွေထဲမှာတော့ Avast က ထိပ်ဆုံးကဖြစ်ပါတယ်။ ဒီစာရင်းကတော့ Tech Radar က စိတ်ကြိုက်ရွေးချယ်ထားတဲ့ စာရင်းဖြစ်ပါတယ်။

Avast Mobile Security

fAvast Mobile Security ဆော့ဖ်ဝဲဟာ မိုဘိုင်းဖုန်းကို ဗိုင်းရပ်စ်၊ Malware စတဲ့ အန္တရာယ်တွေကနေ ကာကွယ်ပေးရုံမကဘဲ Call blocking လည်းပြုလုပ်နိုင်ပြီး မိုဘိုင်းဖုန်းပျောက်တဲ့အခါ ပြန်ပြီးခြေရာခံနိုင်မယ့် Anti-theft တာဝန်ကိုလည်း ဆောင်ရွက်ပေးနိုင်ပါသေးတယ်။ ပြောစရာတစ်ခုပဲရှိပါတယ်။ ကြော်ငြာတွေကတော့ ကပ်ပါလာတတ်ပါတယ်။ ဒါပေမယ့် Ad Supported ဖြစ်တဲ့ဗားရှင်းက အခမဲ့ဗားရှင်းဖြစ်တာလည်း ပါပါတယ်။ စတင်ထုတ်တုန်းကတော့ Paid Software အနေနဲ့စတင်ခဲ့ပြီး အခုတော့ Free ဖြစ်သွားတာပါ။ ဒါပေမဲ့ In-Apps Locking လို Feature တွေကတော့ ငွေထပ်ပေးဝယ်မှ အသုံးပြုနိုင်ပါတယ်။

Bitdefender antivirus free

Security နယ်ပယ်မှာတော့ Bitdefener က နာမည်ကြီးပါပဲ။ သူ့ရဲ့အားသာချက်က Free Antivirus ပရိုဂရမ်တွေက Lightweight ဖြစ်တဲ့အချက်ပါ။ Background မှာလည်း Run မနေတဲ့အတွက် ဖုန်းရဲ့ System Resources တွေကို ဖြုန်းတီးရာမရောက်ဘဲ Battery Life ကိုလည်း ချွေတာပြီးသား ဖြစ်ပါတယ်။

Background မှာ Run မနေတဲ့အတွက် Automatic Scan မဖြစ်ဘဲ မိမိလိုအပ်တဲ့အခါမှ Schedule Scan ပြုလုပ်ထားနိုင်ပါတယ်။ ဖုန်းထဲကို ဒေါင်းလုတ်ဆွဲလိုက်တဲ့ App မှန်သမျှကို အလိုအလျောက် Scan ပြုလုပ်ပေးတဲ့ Feature လည်း ပါဝင်ပါတယ်။ အခမဲ့ဗားရှင်းထက် ပိုသုံးချင်တယ်ဆိုရင်တော့ ထုံးစံအတိုင်း ငွေပေးဝယ်နိုင်တဲ့ Feature တွေလည်းရှိပြီး ၁၄ ရက် Trial နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ငွေပေးရတဲ့ဗားရှင်းမှာတော့ Nifty Privacy Adviser လို Feature နဲ့ မိမိဖုန်းကို အထူးကာကွယ်ပေးပြီး Wear On နည်းပညာကတော့ ဖုန်းကိုတစ်နေရာရာမှာ ကျန်ရစ်ခဲ့မယ်ဆိုရင် Alert ပေးမယ့် Feature တွေပါ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

AVL

AVL ကလည်း မိုဘိုင်းဖုန်းတွေကို အမြင့်မားဆုံးကာကွယ်ပေးနိုင်ပါတယ်။ Lightweight လည်း ဖြစ်ပြီး Call-Blocking Feature လည်း အသုံးပြုနိုင်ပါသေးတယ်။ မိုဘိုင်းဖုန်းတွေကို အကာကွယ်ပေးနိုင်ဆုံးဆု အမျိုးအစားဖြစ်တဲ့ AV-Test ဆုရရှိဖူးတဲ့ Antivirus အမျိုးအစား ဖြစ်ပါ တယ်။ Antivirus တွေအားလုံးမှာ ပါဝင်တဲ့ Antivirus Database ချည်းမဟုတ်ဘဲ မိမိဖုန်းထဲကို ရောက်လာနိုင်မယ့် အန္တရာယ်ပေးနိုင်တဲ့ဖိုင်တွေကိုပါ စိစစ်ပေးမယ့် Scanner လည်းပါဝင်ပါတယ်။

နောက်ထပ် Feature ကတော့ သူ့မှာလည်း Call-blocker ပါဝင်တာပါပဲ။ Call-blocker က သံသယဖြစ်ဖွယ် ဖုန်းနံပါတ်တွေကို အလိုအလျောက် ပိတ်ပေးမှာဖြစ်ပါတယ်။ သူလည်း Lightweight ဖြစ်လို့ Battery ချွေတာနိုင်ပြီး System Resource တွေကို ပိုမိုသုံးစွဲခြင်းကနေ ကင်းဝေးနိုင်ပါတယ်။

McAfee Security & Power Booster

Free ဆော့ဖ်ဝဲတစ်ခုဖြစ်တဲ့ McAfee Security & Power Booster ကတော့ ထပ်မံတိုးမြှင့်ထားတဲ့ Anti-Theft Feature ကြောင့် ပိုမိုအမှတ်ရသွားတာဖြစ်ပါတယ်။ ဒေတာတွေကို စုံစမ်းစိစစ်ပေးမယ့် Feature ကိုလည်း အသုံးပြုနိုင်ပါတယ်။ အခမဲ့ဗားရှင်းတွေထုံးစံအတိုင်း ကြော်ငြာလေးတွေတော့ ကပ်ပါလာတတ်ပါတယ်။ Android တွေအတွက်တင်မကဘဲ McAfee ကလည်း ကွန်ပျူတာတွေအတွက်ပါ နာမည်ကောင်းရထားတဲ့ Software လည်း ဖြစ်ပါတယ်။

Kaspersky Mobile Antivirus

Kaspersky ကတော့ မြန်မာပြည်ပရိသတ်ကြားမှာ နာမည်အကြီးဆုံးလို့ ပြောနိုင်ပါတယ်။ Android တွေအတွက်လည်း Malware Detection Feature မှာ အကောင်းဆုံးလို့ ဆိုပါတယ်။ Malcious Sites တွေ Links တွေအားလုံးကို အလိုအလျောက် ပိတ်ပေးပါတယ်။ အခမဲ့ရတဲ့ Free Feature တွေမှာလည်း တော်တော်လေးအသုံးဝင်တဲ့ Feature တွေပါဝင်လို့ သုံးပျော်တဲ့အမှတ် တံဆိပ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ သူလည်း အန္တရာယ်ဖြစ်စေနိုင်မယ့် Link တွေ၊ Web Page တွေကို ပိတ်ထားပေးပြီး Site အသစ်တွေကိုသွားတဲ့အခါမှာလည်း ပိုမိုအလုပ်လုပ်ပေးပါတယ်။

ခြုံငုံပြီးဆိုရရင်တော့ Antivirus အားလုံးဟာ အခမဲ့ Feature အဆင့်မှာကို အတိုင်းအတာတစ်ခုအထိ လုံခြုံတဲ့တာဝန်တွေကို ထမ်းဆောင်ပေးနိုင်ပြီး နောက်တစ်ဆင့်ကတော့ User ရဲ့ အထူးသုံးစွဲလိုမှုအပေါ် မူတည်ပြီး Feature တစ်ခုချင်းအလိုက် ဝယ်ယူသုံးစွဲနိုင်တာမျိုး ဖြစ်ပါတယ်။ အခမဲ့ဗားရှင်းတွေမှာတော့ အလိုအလျောက် Scan ပြုလုပ်ပေးခြင်း၊ အလိုအလျောက်မဟုတ်လည်း လိုအပ်တဲ့အချိန်မှာ ပြုလုပ်နိုင်ခြင်း၊ မလိုလားအပ်တဲ့ဆော့ဖ်ဝဲတွေ၊ ဖိုင်တွေကို စိစစ်ပေးခြင်း၊ အန္တရာယ်ပေးနိုင်တဲ့ Web Pages တွေကို စုံစမ်းစစ်ဆေးပေးပြီး သတိပေးခြင်း၊ အလိုလိုပိတ်ပေးခြင်း စတာတွေကိုတော့ ယေဘုယျပြုလုပ် ပေးပါတယ်။ ဒါကြောင့် အခမဲ့ Feature တွေနဲ့တင် တော်တော်လေး လုံလောက်သင့်သလောက် လုံလောက်နေပြီလို့လည်း ဆိုနိုင်ပါတယ်။

ကလျာအိအိလွင်

http://www.techradar.com/news/best-security-apps-and-antivirus-for-android

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.