1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
Social Media ပေါ်က ၀ိရောဓိများနဲ့ 2018 အလားအလာ

၂ဝ၁၈ နှစ်စပိုင်းကိုရောက်လာတော့ Social Media နဲ့ တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေရတဲ့ လူတွေဟာ ၂ဝ၁၈ ခုနှစ်မှာကော Social Media က ဘယ်လားရာကို ရွေ့ဦးမလဲဆိုတာကို လေ့လာခန့်မှန်းလျက် ရှိပါတယ်။

အဲဒီလို ခန့်မှန်းကြရာမှာလည်း ကိုယ်အားသန်ရာချဉ်းကပ်မှုအမျိုးမျိုး နဲ့ ခန့်မှန်းကြပြီး ဒီဆောင်းပါးမှာတော့ ၂ဝ၁၈ ခုနှစ်ထဲမှာ ဖြစ်နိုင်ခြေရှိတဲ့ Social Media လမ်းကြောင်းတွေထဲက ထိပ်တိုက်တွေ့နိုင်တဲ့၊ တွေ့လည်း တွေ့လျက်ရှိနေကြတဲ့ တိုက်ပွဲဆန် ဆန်အနေအထား တချို့အကြောင်း တင်ပြလိုပါတယ်။ ထိပ်တိုက်တွေ့နိုင်တဲ့ အနေအထားကတော့တစ်ခု ထက်ပိုရှိနေပါတယ်။

မူရင်းစာရေးသူက Social Media ပေါ်မှာ ၂ဝ၁၇ ခုနှစ်အတွင်းက ကြုံတွေ့ခဲ့ကြတဲ့ဖြစ်ရပ်တွေအပေါ် အခြေခံပြီး ဝိရောဓိဖြစ်ခဲ့တဲ့အချက် ၂ ချက်ဖော်ထုတ်ထားပါတယ်။

အဲဒါတွေကတော့ ပထမတစ် ချက်အနေနဲ့ Social Media  နဲ့ အမှန်တရားဖြစ်ပြီး နောက်တစ်ချက်ကတော့ Social Media နဲ့ သတင်းများဖြစ်ပါတယ်။

Social Media ဟာ လူမှုရေးအရသာမက တခြားနယ်ပယ်တွေ အတွက်ပါ ကောင်းကျိုးတွေကို သယ် ဆောင်လာပေးခဲ့ပေမယ့် နောက်ဆက်တွဲမလိုလားအပ်တဲ့ ပြဿနာတွေကိုလည်း အတူသယ်ဆောင်ပေးပါတယ်။ အသုံးချသူတွေရဲ့ သဘောသဘာဝအပေါ် မူတည်ပြီး Social Media ဟာ ကောင်းကျိုးနဲ့ ဆိုးကျိုးကို တစ်ပြိုင်နက်တည်းပေးနေတဲ့ နေရာတစ်ခု ဖြစ်လာတာပါ။

၂ဝ၁၇ ခုနှစ်အတွင်းမှာ Social Media Users အရေအတွက်ဟာ များပြားလာလိုက်တာ ကမ္ဘာ့လူဦးရေ ၇ ဒသမ ၆ ဘီလျံရဲ့ သုံးပုံတစ်ပုံဟာ Social Media Users တွေဖြစ်လာတဲ့ အထိပါပဲ။ အဲဒီပမာဏရဲ့ လေးပုံတစ်ပုံမှာတော့ Facebook Account တွေ အသီးသီးရှိကြပါတယ်။

ဒါဟာ ၂ဝ၁၆ ခုနှစ်ကနေ ၂ဝ၁၇ ခုနှစ်ကို ကူးပြောင်းမှ ရုတ်တရက်တိုးတက်လာတာတော့ မဟုတ်ပါဘူး။ ရုတ်တရက် ပြောင်းလဲ လာခြင်းမဟုတ်ပေမယ့် Social Media က ကမ္ဘာကြီးကို ကြီးမားစွာပြောင်းလဲလိုက်တယ်ဆိုတာတော့ သေချာပါတယ်။

Social Media နဲ့ အမှန်တရားဆိုတဲ့ ခေါင်းစဉ်ကို ပြန်ကောက်ရရင်တော့ အမှန်တရားဆိုတာ လက်တွေ့လောကမှာ လူတွေကြုံရဆုံရတဲ့ အတွေ့အကြုံကို ဆိုလိုတာဖြစ်ပါတယ်။ ဒါပေမယ့် Social Media ကတော့ ထုံးစံအတိုင်း Virtual ဖြစ်တဲ့ လေထဲက လောကထဲမှာ ပြုမူကြုံတွေ့ရတာတွေဖြစ်တော့ အမှန်တရားဆိုတာနဲ့ အနည်းနဲ့အများတော့ ဝိရောဓိဖြစ် စေမှာအမှန်ပါ။ ဥပမာအားဖြင့် ပြောရရင် Social Media ပေါ်က ဘဝတွေဟာ ပိုကီမွန်ဇာတ်ကောင်လေး တွေကို လိုက်ရှာရသလိုပါပဲ။

ဒီလိုပဲ Social Media ပေါ်က နိုင်ငံရေးပိုင်းကိုကြည့်မယ်ဆိုရင်လည်း အမေရိကန်သမ္မတ ရွေးကောက်ပွဲ၊ Brexit ဖြစ်ရပ်နဲ့ ဗြိတိန်ရွေးကောက်ပွဲတို့ဟာ ၂ဝ၁၇ ကို လွှမ်းမိုးခဲ့ပြီး အဆိုပါ ဖြစ်ရပ်ကြီးများဟာ Social Media က တစ်နည်းအားဖြင့် ဖန်တီးခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။ Donal Trump နဲ့ Hillary Cliton တို့ဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုအတွက် Facebook ကြော်ငြာတစ်ခုတည်းအတွက်ကို အမေရိကန်ဒေါ်လာ ၈၁ သန်းသုံးစွဲခဲ့တာဟာ Social Media လွှမ်းမိုးမှုရဲ့ သက်သေတစ်ခုလိုပါပဲ။ ဗြိတိန်မှာလည်း အလားတူပဲ လေဘာ ပါတီဟာ Social Media ပေါ်က Marketing စွမ်းအားနဲ့ မျှော်လင့်ထားတဲ့ရလဒ်ထက် အများကြီးပို ကောင်းတဲ့ရလဒ်တွေ ရရှိခဲ့ပါတယ်။ နိုင်ငံရေးလေ့လာသူ တချို့အတွက်လည်း Social Media ဟာ နိုင်ငံရေး ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ ထည့်သွင်းစဉ်းစားလေ့လာတဲ့ အချက်တစ်ခုဖြစ် လာပါတော့တယ်။

Social Media နဲ့ သတင်းဆိုတဲ့ ထိပ်တိုက်တွေ့မှုအပိုင်းကတော့ ၂ဝ၁၇ မှာ ပိုမိုအမြင့်ဆုံးရောက်လာတယ်လို့ ဆိုနိုင်ပါတယ်။ ''Google ဟာ အစွန်းရောက်သမားတွေကို ငွေကြေးထောက်ပံ့ပေးတယ်''၊ ''Facebook မှာ Fake news တွေ အများကြီး ပျံ့နှံ့နေတယ်''၊ ''Twitter ပေါ်မှာ Hate Speech တွေ ပျံ့နှံ့နေတယ်''၊ ''Bots တွေဟာ ရွေးကောက်ပွဲတွေကို ဖျက်ဆီးတယ်''၊ ''Youtube ကတော့ ကုန်အမှတ်တံဆိပ် (brand) တွေကို ဖျက်ဆီးနေတယ်'' စသည်ဖြင့် ပြောစမှတ်တွေဖြစ်လာတာ ၂ဝ၁၇ မှာ ပိုမိုအသံကျယ်လာပါတယ်။ ဒီလိုပဲ ဒီနေ့ Social Media လောကကို ကြည့်လိုက်ရင်လည်း ဘယ်သူ့ကို ရာနှုန်းပြည့်ယုံကြည်ရမယ်ဆိုတာက အိပ်မက်လိုဖြစ်နေပါတယ်။ ပြီးတော့ ဘယ်လိုပေတံနဲ့ တိုင်းတာရမလဲ၊ ဘယ်လိုအဖြေရှာရမှာလဲဆိုတာတွေကလည်း ခုထိမေးခွန်းအဖြစ်သာ ရှိ သေးတဲ့ပြသနာတွေပါ။

ဒီတော့ ၂ဝ၁၈ ခုနှစ်မှာ ဘာတွေကြုံလာကြဦးမလဲလို့ Social Media နဲ့ သက်ဆိုင်သူတွေက ထပ်မံ မေးခွန်းထုတ်ပါတယ်။ Social Media ဟာ စတင်ပေါ်ပေါက်ခါစ အချိန်တွေကလို စာတွေ၊ ဓာတ်ပုံတွေချည်း တင်နေတဲ့နေရာတစ်ခုမဟုတ်တော့ပါဘူး။ စာတွေ၊ ဓာတ်ပုံတွေအပြင် ဗီဒီယိုဖိုင်တွေပါ တင်လာကြတာ ယခင်နှစ် ၂ဝ၁၇ ခုနှစ်လောက်က ပိုမိုများပြားလာခဲ့ပါတယ်။ Social TV လို့ အမည်တပ်ရတော့မယ့်အထိကို Video ဖိုင်တွေ ပလူပျံလာတဲ့အခါ သမားရိုးကျအသံလွှင့်လုပ်ငန်းတွေဟာ အခက်အခဲတွေ့လာပါတယ်။ Netflix တို့၊ Amazon တို့က အစဉ်အလာနဲ့လုပ်ကိုင်ခဲ့တဲ့ ရုပ်သံလွှင့်လုပ်ငန်းတွေကို ခေါင်းကိုက်စေခဲ့ပါတယ်။ စိန်ခေါ်လာခဲ့ပါတယ်။ Facebook, Twitter နဲ့ Snapchat တို့ကတော့ အဲဒီလိုရုပ်သံလွှင့်လုပ်ငန်းတွေကိုပါ လိုက်လံဝယ်ယူလျက်ရှိနေပါပြီ။ ဒီလို မှမဟုတ်လည်း သူတို့ကိုယ်တိုင် ထုတ်လုပ်ဖန်တီးဖို့ စတဲ့လုပ်ငန်းတွေအတွက် ရေရှည်စီမံကိန်းတွေ ဆွဲလို့နေပါပြီ။

ဒီနှစ်အတွက် Social Media အမျိုးမျိုးထဲက ရှေ့တန်းကို ပိုမိုရောက်လာနိုင်ခြေရှိတဲ့ Social Media ကလည်း ဘာဖြစ်နိုင်တယ်ဆိုတာကိုပါ ခန့်မှန်းထားပါတယ်။ Social Media တွေထဲက ပေါ်ပြူလာအဖြစ်ဆုံးနဲ့ အောင်မြင်မှုတွေဆက်ဆက်ရထားတဲ့ Facebook ကို ထည့်မတွက်ပဲပြောရရင် Instagram ဟာ ၂ဝ၁၈ ခုနှစ်ထဲမှာ ရှေ့ရောက်လာမယ့် Social Media ဖြစ်နိုင်ခြေရှိပါတယ်။

လတ်တလောကိန်းဂဏန်းတွေအရ Instagram ကို နေ့စဉ်ဝင်ရောက်သူပေါင်းဟာ သန်း ၃ဝဝ ကျော်ရှိနေပါပြီ။ ဒီအရေအတွက်ဟာ Snapchat ကို ဝင်ရောက်သူ အရေအတွက်ထက် ၅ဝ ရာခိုင်နှုန်းပိုများပါတယ်။ Facebook နဲ့ချိတ်ဆက်မှု အထောက်အပံ့မျိုးကတစ်ဆင့် ကြော်ငြာဈေးကွက်အတွက် ပိုပြီးဖြစ်လာမယ့် Instagram ဟာ ကြော်ငြာတွေကနေ ဝင်ငွေပိုရှာပေးနိုင်လာမယ့် Social Media တစ်ခု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါကြောင့်မို့ ဒီ ၂ဝ၁၈ ခုနှစ်အတွက် Social Media Trand ကတော့ Social TV တွေ ဖြစ်လာမှာဖြစ်ပြီး Social Winners တွေကတော့ Facebook အပြင် Instagram လည်း ပါဝင်လာနိုင်ပါကြောင်း ခန့်မှန်းချက်များကို တင်ပြလိုက်ပါတယ်။

 

ကလျာအိအိလွင်

Ref: https://www.campaignlive. Co.uk/artivle/lies-ahead-social-media-2018/1453812#yIL5R Me PorFHBsTt.99.

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.