1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
Twitter အကြောင်း စပ်မိစပ်ရာ Social Media ကိန်းဂဏန်းများ

Social Media တွေထဲမှာ Facebook ပြီးရင် ဒုတိယလူသုံး အများဆုံးဖြစ်တဲ့ Twitter နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဂဏန်းနံပါတ်တွေကို ဒီနှစ် ၂ဝ၁၈ ခုနှစ်ရဲ့ အစပိုင်းမှာ Omnicore Agency ဆိုတဲ့ ဗြိတိန်အခြေစိုက် Digital Marketing Agency တစ်ခုက လေ့လာထုတ်ပြန်ခဲ့ပါတယ်။ Social Media Trend နဲ့ဆက်စပ်ပြီး ယှဉ်တွဲလေ့လာသင့်တဲ့ ကိန်းဂဏန်းတွေ ဖြစ်တာကြောင့် ဖော်ပြပေးလိုက်ပါတယ်။

Twitter ဆိုင်ရာ ကိန်းဂဏန်းများ

၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ Twitter ကို အသုံးပြုနေကြတဲ့ လစဉ် သုံးစွဲသူဦးရေဟာ သန်း ၃၃ဝ ရှိနေပါတယ်။ အဆိုပါကိန်းဂဏန်း ဟာ Active Users အရေအတွက်ပါ။

Twitter ပေါ်မှာ နေ့စဉ်တက်နေတဲ့ Tweet အရေအတွက်ကတော့ တစ်ရက်ကို Tweet ပေါင်း သန်း ၅ဝဝ ရှိတယ်လို့ သိရပါတယ်။

မိုဘိုင်းဖုန်းတွေပေါ်ကတစ်ဆင့် Social Media ကို သုံးစွဲသူ တစ်စတစ်စ များပြားလာတဲ့အခါလည်း ဖြစ်တာကြောင့် မိုဘိုင်းဖုန်းပေါ်ကနေ Twitter ကို ဝင်ရောက်သုံးစွဲသူ ပမာဏကို လေ့လာလိုက်တဲ့အခါ စုစုပေါင်း Twitter User များရဲ့ ၈ဝ ရာခိုင်နှုန်းဟာ မိုဘိုင်းဖုန်းကနေ သုံးစွဲတာဖြစ်ပါတယ်။

နေ့စဉ်နဲ့အမျှ သုံးစွဲလျက်ရှိတဲ့ User အရေအတွက်ကတော့ သန်း ၁ဝဝ ရှိနေပါတယ်။ ဒါကလည်း Active User အရေအတွက်ကိုသာ တွက်ထားတာဖြစ်ပါတယ်။

Twitter နဲ့ သက်ဆိုင်တဲ့ ကျား /မ၊ အသက်အရွယ်ဆိုင်ရာ ကိန်းဂဏန်းတွေအကြောင်း ဆက်လက်ကြည့်မယ်ဆိုရင် အင်တာနက် သုံးစွဲသူစုစုပေါင်း အရေအတွက်ရဲ့ ၂၄ ရာခိုင်နှုန်းဟာ Twitter သုံးစွဲသူတွေ ဖြစ်ကြပါတယ်။ အင်တာနက်သုံးစွဲသူ အမျိုးသမီးဦးရေ စုစုပေါင်းမှာတော့ ၂၁ ရာခိုင်နှုန်းသော အမျိုးသမီးများဟာ Twitter သုံးစွဲကြတာကို တွေ့ရပါတယ်။

Twitter ဟာ အမေရိကန်ပြည်ထောင်စုမှာ အခြေတည်ထားတဲ့ Social Media တစ်ခုဖြစ်တာကြောင့် အမေရိကန် ပြည်ထောင်စုနဲ့ နှိုင်းယှဉ်တဲ့ကိန်းဂဏန်းကို ပြသထားပါသေးတယ်။ အမေရိကန် ပြည်ထောင်စု ပြင်ပကနေ Twitter ကို သုံးစွဲသူ အရေအတွက်ဟာ ၇၉ ရာခိုင်နှုန်းထိ ရှိနေပါတယ်။ အမေရိကန် ပြည်ထောင်စုတွင်းကနေ Twitter သုံးစွဲ သူပမာဏကတော့ ၂၁ ရာခိုင်နှုန်း ရှိနေတယ်ဆိုတဲ့ သဘောပါပဲ။ အဆိုပါ ၂၁ ရာခိုင်နှုန်းကို အရေအတွက်နဲ့ လေ့လာမှုအရတော့ လူဦးရေ ၆၇ သန်းကျော်ဖြစ်ပါတယ်။

လေ့လာမှုကို ပြုလုပ်ခဲ့တဲ့ အဖွဲ့အစည်းကတော့ ဗြိတိန်နိုင်ငံက ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံတွင်းမှာတော့ Twitter ကို သုံးစွဲသူဦးရေဟာ ၁၃ သန်းရှိနေပါတယ်။

Twitter သုံးစွဲသူဦးရေ စုစုပေါင်းကို လေ့လာလိုက်တဲ့အခါမှာ ၃၇ ရာခိုင်နှုန်းဟာ အသက်အရွယ် ၁၈ နှစ်ကနေ ၂၉ နှစ်ကြား လူငယ်များဖြစ်ကြပြီး ၂၅ ရာခိုင်နှုန်းကတော့ အသက် ၃ဝ နဲ့ ၄၉ နှစ်ကြားအရွယ်တွေ ဖြစ်ကြတယ်လို့သိရပါတယ်။

Twitter Account ပိုင်ရှင်တွေရဲ့ ဝင်ငွေကို ပျမ်းမျှတွက်ချက်လိုက်တဲ့ အခါမှာ Twitter သုံးစွဲသူများရဲ့ ၅၄ ရာခိုင်နှုန်းဟာ တစ်နှစ်ကို ဝင်ငွေအမေရိကန် ဒေါ်လာ ၅ သောင်းခန့် ရရှိထားကြပါတယ်။

Twitter ကို ကမ္ဘာအနှံ့အပြားမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲကြတဲ့အလျောက် သုံးစွဲသူလူဦးရေ အများဆုံး ထိပ်ဆုံး သုံးနိုင်ငံကတော့ ဘရာဇီး၊ ဂျပန်နဲ့ မက္ကစီကိုနိုင်ငံတို့ ဖြစ်ပါတယ်။ ဘရာဇီးမှာ Twitter သုံးစွဲသူပေါင်း ၂၇.၇ သန်း၊ ဂျပန်နိုင်ငံမှာ ၂၅.၉ သန်းနဲ့ မက္ကစီကို နိုင်ငံမှာတော့ ၂၃.၅ သန်းနဲ့ အသီးသီးသုံးနေကြတာပါ။

Twitter ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေကို လေ့လာရာမှာတော့ ၂ဝ၁၆ ခုနှစ် တတိယလေးလပတ်ကာလမှာ တွက်ချက်မှုအရ Twitter ရဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၆၁၆ သန်းရှိခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ် တတိယလေးလပတ်ကာလမှာ တိုင်းတာချက်အရ Twitter ရဲ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၅၉၅ သန်းရှိတဲ့အတွက် တစ်နှစ်ထက်တစ်နှစ် ဝင်ငွေစုစုပေါင်းဟာ ၆၁ ရာခိုင်နှုန်းတက်လျက် ရှိတယ်ဆိုတဲ့ သဘောပါပဲ။ ယခင်ခန့် မှန်းချက်တွေမှာတော့ Twitter အနေနဲ့ ၂ဝ၁၅ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၄၇ဝ သန်းနဲ့ ၂ဝ၁၆ ခုနှစ်မှာ ၄၈၅ သန်းထိ ရရှိမယ်လို့သာ မျှော်မှန်းခဲ့တာဖြစ်တဲ့အတွက် မျှော်မှန်းပမာဏထက်များစွာ မြင့်တက်နေတာကိုလည်း တွေ့နိုင်ပါတယ်။ ဒါဟာလည်း Social Media Trend ရဲ့ အားကောင်းလာမှုကြောင့် အဓိက တိုးတက်လာခြင်းလည်း ဖြစ်ပါတယ်။

Twitter ရဲ့ ဝင်ငွေထဲမှာ အဓိကရင်းမြစ်အဖြစ် ပါဝင်တဲ့ ကြော်ငြာကဏ္ဍကနေ ရရှိခဲ့တဲ့ဝင်ငွေကို ဖော်ပြရရင်တော့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၄၅ သန်းရှိတယ်လို့ သိရပါတယ်။ အဲဒီပမာဏဟာ အမေရိကန် တစ်နိုင်ငံတည်းကနေရရှိတဲ့ ပမာဏအနေနဲ့ ၃၇၄ သန်းရှိနေပြီး အခြားနိုင်ငံတွေကနေ ရရှိတဲ့ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၂၄၂ သန်းရှိနေပါတယ်။ တစ်နှစ်ထက်တစ်နှစ် ၆ ရာခိုင်နှုန်းပမာဏ တိုးတက်လျက်ရှိတဲ့ ပမာဏလည်း ဖြစ်ပါတယ်။

Twitter ကုမ္ပဏီတစ်ခုလုံးရဲ့ တန်ဖိုးကို ခန့်မှန်းတွက်ချက်ကြည့် မယ်ဆိုရင်တော့ လတ်တလောမှာ အမေရိကန်ဒေါ်လာ ၁၆ သန်းတန် ကြေးရှိနေတယ်လို့ ခန့်မှန်းကြပါ တယ်။

Twitter နဲ့သက်ဆိုင်တဲ့ funfacts အချက်အလက်တချို့ကို ဆက်လက်ဖော်ပြရရင် Twitter ဟာ User ပေါင်းများစွာရဲ့အကောင့်တွေ ကိုထိန်းသိမ်းထားနိုင်အောင် ကြိုးစားလျက်ရှိရာမှာ user account ပေါင်း 18,446,744,073,709,551,615 အတွက် နေရာတွေဖန်တီးထားတယ်လို့ ဆိုပါတယ်။

နောက်တစ်ချက်ကတော့ ၂ဝ၁၅ ခုနှစ်အတွင်းက Twitter သုံးစွဲသူများရဲ့ Tweet တွေထဲမှာ Tweet ပေါင်းသန်း ၁ဝဝ ကျော်မှာ GIF ဖိုင်တွေနဲ့ Tweet ခဲ့ကြတာကို တွေ့ရပါတယ်။

ယနေ့ခေတ်မှာ Social Media ဆိုတာနဲ့ Facebook က ပထမဖြစ်ပြီး Twitter တို့ Pinterest ဆိုတာ နောက်မှကပ်လိုက်ရတဲ့ Social Media တွေဖြစ်ပေမယ့် ဆော်ဒီအာ ရေဗျနိုင်ငံကတော့ အဲဒီလိုမဟုတ်ဘဲ Twitter ပေါ်မှာ Active Users အများဆုံး  Internet User များ ရှိထားတာကို တွေ့ရပါတယ်။

၂ဝ၁၄ ခုနှစ်ထဲမှာတော့ Twitter ရဲ့ Timeline ကို ဝင်ကြည့်ကြတဲ့ အကြိမ်အရေအတွက်ကအကြိမ် ပေါင်း သန်း ၂ဝဝ ရှိခဲ့ပါတယ်။

ကုလသမဂအဖွဲ့အစည်းထဲမှာ ပါဝင်တဲ့အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လေ့လာရာမှာတော့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံပေါင်း ၉၃ နိုင်ငံမှာ ၈၃ ရာခိုင်နှုန်းသော နိုင်ငံတွေမှာ Twitter ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလျက်ရှိတယ်လို့သိရပါတယ်။

နောက်ဆုံးတစ်ချက်အနေနဲ့ Twitter ရဲ့ဝင်ငွေကိုခန့်ထားတဲ့ ဝန်ထမ်းအရေအတွက်နဲ့ နှိုင်းယှဉ်ပြသထားချက်ကို တွေ့ရပါတယ်။ အဲဒါကတော့ ဝန်ထမ်းတစ်ဦးကို အမေရိကန်ဒေါ်လာ ၄၈၈၉၁၃ စီ Twitter အတွက် ဝင်ငွေရှာပေးနိုင်တယ်ဆိုတာကို သိရပါတယ်။

ကလျာအိအိလွင်

Ref: http://www.omnicoreagency.com/twitter-statistics.

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.