25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
2018 ကို စိုးမိုးထားမယ့် Social Media အသွင်သဏ္ဍာန်များ

နှစ်သစ်ကစပြီး ၂ဝ၁၈ ခုနှစ်တစ်ခုလုံးမှာ Social Media တွေကို ဘယ်လိုသုံးကြမလဲလို့ စီစဉ်နေသူတွေကတော့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးစတဲ့ ရည်ရွယ်ချက်မျိုးစုံနဲ့ စီစဉ်နေတာ ဖြစ်ပါတယ်။ မိမိရည် ရွယ်ချက်က ဘာလဲဆိုတာ သေချာသိပြီးရင်တော့ ၂ဝ၁၈ ခုနှစ်အတွက် Social Media ရေစီးကြောင်း ဖြစ်နိုင်ခြေကို တစ်ချက်လေ့လာပြီး စီစဉ် လို့ရပါပြီ။

၂ဝ၁၇ ခုနှစ် မကုန်ခင် ပြီးခဲ့တဲ့အပတ်ထဲမှာတော့ Social Media လေ့လာသူတွေ အနေနဲ့ ၂ဝ၁၈ ခုနှစ်မှာဖြစ်နိုင်မယ့် Social Media စီးကြောင်းတွေအကြောင်း၊ လားရာတွေ အကြောင်း၊ ဖြစ်နိုင်ခြေတွေကို လေ့ လာခန့်မှန်းခဲ့ကြပါတယ်။ အများစုကတော့ Social Media ရေစီးကြောင်းဟာ အရှိန်မလျော့သေးဘဲ စီးပွားရေးအပိုင်းမှာ ပိုမိုအရှိန်ရလာမယ်ဆိုတာကို ခန့်မှန်းကြတဲ့အတွက် စီးပွားရေးလုပ်ငန်းများအတွက် Social Media တစ်ခုခုကို အကျိုးရှိရှိ အသုံးချလိုသူတွေအတွက်ကော၊ Social Media သုံးသူအားလုံးအတွက်ပါ ၂ဝ၁၈ Social Media Trend အကြောင်းကို ရေးသားဖော်ပြလိုပါတယ်။

အင်တာနက်ကမ္ဘာမှာ အရာအားလုံးဟာ စွမ်းအားပြင်းထန်လှပါ တယ်။ ၂ဝ၁၈ ခုနှစ်မှာလည်း အံ့သြမှင်တက်ဖွယ်ရာ အင်တာနက် ရေစီးကြောင်းတွေကို ဆက်လက်တွေ့မြင်နေရဦးမယ်လို့ မျှော်လင့်နေကြဆဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ခေတ်သစ်စာသင်သားတွေဟာ အင်တာနက်ပေါ်ကတစ်ဆင့် ပညာရပ်ပေါင်းများစွာကို အလွယ်တကူသင်ယူနိုင် တာမျိုးနဲ့ TV ချယ်နယ်တွေမှာ ကြည့်နိုင်တာတွေကို Netflix, YouTube နဲ့ Amazon Prime စတာတွေပေါ်မှာ ကြည့်ရှုနိုင်လာတာမျိုး ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ Mobile TV တွေလို့ ခေါ်ဆိုနိုင်မှာပါ။ Users တွေအနေနဲ့ နှစ်သက်ရာ အစီအစဉ်တွေ၊ ရုပ်ရှင်တွေကို ကြိုက်တဲ့အချိန်မှာ Sign in ပြုလုပ်ဝင်ကြည့်နိုင်လာတဲ့အတွက် အဆိုပါ Social Media App တွေဟာ TV တွေ ရုပ်ရှင်တွေကို အစားထိုးလာတဲ့အရာလည်း ဖြစ်ပါတယ်။ ယခင်က TV Presenter တွေနေရာမှာ Social Media influencer တွေက နေရာယူလာပါတော့မယ်။ Social Media influencer တွေဟာ Professional အလုပ်အကိုင်တစ်ခုအဖြစ် ရောက်လာတော့မှာဖြစ်ပြီး followers ပေါင်းများစွာနဲ့ brand တွေရဲ့ ဈေးကွက်ချဲ့ထွင်ရေး ကြားခံတစ်ခု (Medium of Marketing) အဖြစ် ရပ်တည်လာတော့မှာ ဖြစ်ပါတယ်။

အဲဒီလို Marketing Medium အဖြစ် ရပ်တည်လာခြင်းဟာ ခုမှစမှာတော့ မဟုတ်ပါဘူး။ မြန်မာပြည် Social Media လောကမှာလည်း Brand တွေရဲ့ကြော်ငြာအဖြစ် Social Media ပေါ်က သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ်တွေကသာမက သာမန်ပြည်သူတွေထဲကနေ Social Media influencer ဖြစ်လာသူတွေကလည်း Marketing Medium များအဖြစ် ရပ်တည်မှုဟာ စတင်နေပြီ ဖြစ်ပါတယ်။

Social Media ပေါ်မှာ ရုပ်သံလိုင်းတွေကို မပြတ်ထိတွေ့ ကြည့်ရှုနိုင်တာဟာ TV ရုပ်သံမီဒီယာကနေ ဖုန်းဆီကို ကူးပြောင်းလာမှုတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ရုပ်သံကိုအားကိုးခဲ့ရတဲ့ စီးပွားရေးလုပ်ငန်း ကြော်ငြာတွေကလည်း ရုပ်သံလိုင်းကနေ အသွင်ပြောင်းလဲခဲ့ခြင်းပါ။ လူသားတွေ ဘယ် Platform ကို ရွေ့နေလဲဆိုတာကို မပြတ်စောင့် ကြည့်ပြီး လူသားတွေကြားက ပေါ်ပြူ လာပလက်ဖောင်းတွေမှာ ကြော်ငြာတွေက မဖြစ်မနေဝင်တိုးရတဲ့ ဖြစ်ရပ်ပါပဲ။

ဒီတော့ Social Media influencer သို့မဟုတ် Blogger တွေရဲ့ အဆက်အသွယ်၊ ရောက်ရှိနိုင်မှု အတိုင်းအတာတွေ အပေါ်မှာ Brand တွေဟာ မှီခိုလာရပြီး ဆိုင်ရာဆိုင်ရာ ဈေးကွက်တွေဆီရောက်ဖို့ သူတို့အကူအညီကို မဖြစ်မနေ ယူလာရပါတယ်။ ၂ဝ၁၈ ခုနှစ်ကတော့ အဲဒွှီမနညိ ပိုကြီးထွားလာမယ့် နှစ်တစ်နှစ်လို့ ခန့်မှန်းထားကြပါတယ်။

အင်တာနက်ကို လူတွေသုံးစွဲမှု မြင့်တက်လာတာနဲ့အမျှ ဒေသတွင်းနေထိုင်သူများနဲ့ ဆက်သွယ်နိုင်မှုဟာ မြင့်တက်လာပြီး ဟိုအစွန်အဖျားက ပရိသတ်ကိုပါ ချိတ်ဆက်နိုင်လာခဲ့ပါတယ်။ ချိတ်ဆက်မှုမှာ အဓိကကျ လာတဲ့ကြားခံကတော့ ခုနကပြောခဲ့တဲ့ Social Media influencer တွေ သို့မဟုတ် Blogger တွေ ဖြစ်ပါတယ်။ သူတို့ဟာ Brand ကြော်ငြာတွေအတွက် အနုပညာရှင်တွေနဲ့အတူ ခေတ်စားလာတဲ့ ကြားခံမီဒီယာတစ်ခု ဖြစ်လာပါတယ်။

နောက်တစ်ခုကတော့ ဒေသခံဘာသာစကားနဲ့ ဖန်တီးပြုလုပ်ပေးထားတဲ့ စတစ်ကာတွေပါ။ အဆိုပါ စတစ်ကာတွေဟာ ဖန်တီးခဲ့တာကြာပြီဖြစ်ပေမယ့် ၂ဝ၁၈ ခုနှစ်ထဲမှာ ပိုမိုကျယ်ပြန့်တဲ့ရေစီးကြောင်းဖြစ်လာမယ်လို့ Social Media သုံးသပ်သူတွေက ခန့်မှန်းပါတယ်။ ပွဲတော်တွေ ပေါ်မှာ အခြေခံတဲ့ စတစ်ကာတွေ၊ ရိုးရာအပေါ်မှာ အခြေခံတဲ့ စတစ် ကာတွေဟာ ၂ဝ၁၈ ခုနှစ်မှာ ပိုမိုထွန်း ကားလာမှာဖြစ်ပြီး ဒေသခံဘာသာစကားနဲ့ အင်တာနက်ကမ္ဘာမှာ ရှင်သန်ရတာ ပိုမို သက်သောင့်သက် သာဖြစ်လာစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာအရပ်ရပ်မှာ အင်တာနက်သုံးစွဲသူအရေအတွက်ဟာ တစ်ဟုန်ထိုး တိုးတက်လာပါတယ်။ မြန်မာ နိုင်ငံလိုဒေသမျိုးမှာလည်း အင်တာနက် သုံးစွဲသူလူဦးရေဟာ အံ့သြလောက်ဖွယ် တိုးတက်များပြားလျက် ရှိနေပါတယ်။ အင်တာနက်သုံးစွဲမှု အတွက် အခြေခံအဆောက်အအုံတွေ အပြည့်စုံကြီးမဟုတ်သေးတဲ့ ဒေသမျိုးတွေမှာ အင်တာနက်သုံးစွဲမှု တိုးတက်လာတာနဲ့အမျှ သုံးစွဲသူတွေအနေနဲ့ Offline ပါ သုံးစွဲနိုင်တဲ့ App တွေကို ပြောင်းလဲသုံးစွဲလာနိုင်ပါတယ်။ အဲဒီအလားအလာဟာ ၂ဝ၁၈ မှာ ပိုမိုဖြစ်လာနိုင်တယ်လို့လည်း ခန့် မှန်းထားပါသေးတယ်။ အင်တာနက်သုံးစွဲသူတွေအနေနဲ့ ပို့စ်တွေကိုဒေါင်း လုတ်ပြုလုပ်ပြီးနောက်မှ Offline ပြန် ကြည့်ဖို့ ပိုမိုအားသန်လာမှာဖြစ်တဲ့အတွက် Offline သုံးစွဲနိုင်တဲ့ App တွေဟာ ပိုမိုတွင်ကျယ်လာလိမ့်မှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Youtube လို App မျိုး အနည်းငယ်ကသာ Content တွေကို ဒေါင်းလုတ်ပြုလုပ်ပြီး နောက်မှပြန် ကြည့်နိုင်ပါသေးတယ်။

နောက်ထပ် ပေါ်ပြူလာပိုမိုဖြစ်လာမယ့် Trend ကတော့ အပျော်တမ်း Home made ဗီဒီယိုတွေ ဖြစ်ပါတယ်။ ကိုယ်ပိုင်ဖန်တီးထားတဲ့ ဗီဒီယို Clip တွေဟာ လူထုနဲ့ ချိတ်ဆက်လာနိုင်ပါလိမ့်မယ်။ ဒီ Trend ကလည်း ခုကတည်းကခေတ်စားစ ပြုလာပေမယ့် ၂ဝ၁၈ ခုနှစ်ထဲမှာတော့ ပိုမိုထွန်းကားလာမယ်လို့ ခန့်မှန်း ထားကြတာဖြစ်ပါတယ်။ ဒီလို homemade  ဗီဒီယိုတွေ ခေတ်စားလာတာနဲ့အမျှ လူတွေဟာ ကိုယ်ပိုင်အရည် အချင်းတွေ၊ အားသာချက်တွေကို အများပြည်သူကို ချပြလာနိုင်မှာဖြစ်ကာ မျှော်လင့်တာထက်ပိုမိုပြီး အများ ပြည်သူရဲ့တုံ့ပြန်မှုတွေကိုလည်း ရလာနိုင်ပါတယ်။

မြန်မာပြည် Social Media လောကမှာလည်း ကိုယ်ပိုင်ဗီဒီယိုလေးတွေနဲ့ အောင်မြင်လာတဲ့ Social Media influencer တွေ အတော်လေးပေါ်ထွက်လာနေပြီ ဖြစ်ပါတယ်။ ခရီးသွားဗီဒီယိုတွေ၊ အတွေးအမြင်ဗီဒီယိုတွေ၊ ဟာသဗီဒီယိုတွေ၊ အလှအပရေးရာဗီဒီယိုတွေ စသည်ဖြင့် အကြောင်းအရာမျိုးစုံကို အားသန်သလို၊ ကျွမ်းကျင်သလို ဖန်တီးကာ အများပြည်သူနဲ့ ဆက်သွယ်နိုင်လာပါတယ်။ သူတို့နဲ့ အများပြည်သူရဲ့ ဆက်သွယ်မှုတွေကတစ်ဆင့် Brand တွေအတွက် အခွင့်အလမ်းတွေလည်း ပေါ်လာတာဖြစ်ပါတယ်။

ဒါကြောင့်လာမယ့် ၂ဝ၁၈ ခုနှစ်ဟာ စီးပွားရေးလုပ်ငန်းတွေရဲ့ ကြော်ငြာများအတွက် သုံးစွဲနေကျ နာမည်ကျော်အနုပညာရှင်တွေအပြင် Social Media influencer တွေ၊ Blogger တွေကိုပါ ပိုမိုချိတ်ဆက်လာရမယ့် ခုနှစ်တစ်ခု ဖြစ်ပါတယ်။

 

ကလျာအိအိလွင်

Ref: www.financialexpress.com/industry/technology/social-media-trends-that-will-rule-2018/988537/

www.forbes.com/sites/jaysond-emers/2017/12/27/7-social-media-trends-that-will-dominate-2018/2/#7c6b6df47aba.

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.