25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
လှပဆန်းကြယ် ရှုပ်ထွေးသောအရာ သို့မဟုတ် Social Media

Social Media ဆိုတာ စိတ်လက် အပန်းဖြေဖို့နဲ့ ဆက်သွယ်ကြဖို့ အသုံးပြုလာကြတဲ့ ထွက်ပေါက်တစ်ခုဖြစ်ပါတယ်။ Social Media ကြောင့် စိတ်အပန်းပြေ၊ စိတ်ပျော်ရွှင်ချမ်းမြေ့ရသလို သောကအပူတွေလည်း ခံစားရတာအမှန်ပါ။ ဒါကြောင့် Facebook, Twitter, Instragram တို့လို Social Media ကို မပြတ်ထိတွေ့ အသုံးပြုနေသူတွေအတွကှ် Social Media ကပေးတဲ့ ကောင်းတဲ့ဘက် ခြမ်းလေးတွေနဲ့ တခြားအစွန်းတစ်ဖက်အကြောင်းကို တင်ပြလိုပါတယ်။

ဒီနေ့လို အားလုံးဆက်သွယ် ကူးလူးနေကြတဲ့ခေတ်မှာ Facebook, Twitter, Instragram တို့လို Social Media တွေကို တစ်နာရီ၊ နှစ်နာရီလောက်နေမှ တစ်ခါမသုံးလိုက်ရရင်ကို မနေနိုင်လောက်တဲ့ အချိန်ဖြစ်နေပါတယ်။ သိပ်အကြာကြီးမဟုတ်တောင် Social Media  App လေးကို ခဏခဏဖွင့်ကြည့်ပြီး Notifications တွေ စစ်စစ်ကြည့်ကြမယ်တော့ ထင်ပါတယ်။ အဲဒီလျိုစ်စရာကောင်းတဲ့ Social Media များမှာ အားသာချက်ရှိသလို အားနည်းချက်တွေလည်း ရှိကောင်းရှိနိုင်တာကြောင့် www.theodysseyonline.com မှာ ရေးသားထားတဲ့ Thr Pros and Cons of Social Media Outlets ဆိုတဲ့ ဆောင်းပါးကို မှီငြမ်းပြီးဖော်ပြလိုက်ပါတယ်။ ဆောင်းပါးထဲမှာ စာရေးသူ က ပေါ်ပြူလာ Social Media တွေဖြစ်တဲ့ Facebook, Instragram နဲ့ Twitter သုံးခုအပေါ်မှာ အခြေခံပြီး Social Media တွေ အပေါ် သုံးသပ်ထားတာကို တွေ့ရပါတယ်။

 

Facebook

Facebook အပေါ်မှာ လေ့လာထားတဲ့ စာရင်းဇယားတွေ၊ သုံးသပ်မှုတွေအရ Facebook သုံးစွဲသူပေါင်းဟာ ခုဆို တစ်ကမ္ဘာလုံးမှာ ၁ ဒသမ ၉၄ ဘီလျံကျော်ရှိနေပါပြီ။ သုံးစွဲ သူအရေအတွက်ရဲ့ တစ်ဝက်ကျော် အရေအတွက်ကတော့ အသက် ၄ဝ နှစ်နဲ့ အထက်များဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကမ္ဘာတစ်ဝန်းက ဘီလျံချီပမာဏရှိတဲ့ လူသားတွေဟာ Facebook ပေါ်မှာ ရယ်စရာပို့စ်တစ်ခုခု သို့မဟုတ် နိုင်ငံရေးဗဟုသုတ တစ်ခုခုကို ရှာဖွေနေကြတယ်ဆိုတာသိနိုင်ပါတယ်။

 

 Facebook ရဲ့ အားသာချက်များ

၁။ စီးပွားရေးလုပ်ငန်းများအတွက် customer တွေဆီ ပိုပြီးဆက်သွယ်နိုင်လာခြင်း

အသေးစားစီးပွားရေး လုပ်ငန်းပိုင်ရှင်တစ်ယောက်အနေနဲ့တော့ Facebook ဟာ သိပ်ကိုအသုံးဝင်ပြီး မဖြစ်မနေလည်း သုံးသင့်တဲ့ Marketing Tool တစ်ခုပါပဲ။ Facebook ပေါ်မှာ တစ်နေ့တစ်နေ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ကြော်ငြာတွေကို လူပေါင်း ၁ ဒသမ ၂ ဘီလျံဆီကို အမြဲ တမ်းရောက်ရှိနေအောင် ပြုလုပ်ထားပါတယ်။ အဲဒီလူပေါင်း ၁ ဒသမ ၂ ဘီလျံထဲမှာ မိမိမျှော်မှန်းထားတဲ့ပစ်မှတ် Audience ကို ရောက်ဖို့အတွက် Facebook ကို ထိုက်သင့်တဲ့ ကြော်ငြာခပေးချေပြီး အသုံးပြုကြပါတယ်။ အဲဒီလို ကြော်ငြာတွေနဲ့အတူ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သူတို့ ကိုယ်ပိုင် Page တွေကို လွတ်လပ်စွာဖန်တီးထားနိုင်ပြီး စိတ်ကြိုက်စိတ်ကူးဖန်တီးကာ မိမိရဲ့ကြော်ငြာများကို Customer များအတွက် ပြုလုပ်နိုင်ပါတယ်။ Facebook က နောက်ပိုင်းမှာ Update ပြုလုပ်ပေးထားတဲ့ messenger အသစ်ကလည်း စီးပွားရေးလုပ်ငန်းတွေအတွက် Customer တွေကို ပိုမိုထိတွေ့လာနိုင်စေဖို့ အထောက် အပံ့ဖြစ်ပါတယ်။ ဒါကြောင့် အရောင်းအဝယ် ဈေးကွက်အတွက်တော့ Facebook ဟာ ရောင်းသူ၊ ဝယ်သူများအားလုံးအဖို့ ဆက်သွယ်မှုအတွက် အသုံးဝင်လှတဲ့ နေရာတစ်ခုဖြစ်လာပါတယ်။

၂။ ကွဲကွာနေတဲ့ မိတ်ဆွေဟောင်းတွေ၊ မိသားစုဝင်တွေ ပြန်လည်ဆက်သွယ်ဆုံတွေ့တဲ့နေရာ

ငါးနှစ်လောက် မတွေ့တာကြာပြီဖြစ်တဲ့ ဝမ်းကွဲအစ်ကိုတွေ၊ အစ်မတွေနဲ့ စကားတွေ ပြန်ပြောနိုင်လာတာ Facebook ကြောင့်ပဲဖြစ်သလို ကွဲကွာနေတဲ့ တူလေးတူမလေးတွေ ကျောင်းမှာဘာတွေလုပ်နေတယ်ဆိုတာကိုလည်း Facebook ကတစ်ဆင့် သိလာရတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ငယ်ငယ်ကတည်းက ကွဲကွာခဲ့တဲ့သူ ငယ်ချင်းဟောင်းတွေကိုလည်း Facebook Search မှာ နာမည်တွေ ရိုက်ထည့်ရှာဖွေကာ တွေ့မြင်ဆက်သွယ်နိုင်ပြီလည်း ဖြစ်ပါတယ်။ ဘယ်သူ တွေနဲ့ဆက်သွယ်ချင်တယ်၊ ဘယ်လို Network မျိုး ဖန်တီးချင်တယ်ဆိုတာကတော့ Privacy မှာ စိတ်ကြိုက် Setting ချထားနိုင်ပါတယ်။

၃။ စကားပြောဆိုဖို့ Chatting နေရာကောင်း

အထက်တန်းကျောင်းတုန်းက သူငယ်ချင်းရဲ့ ဖုန်းနံပါတ်က ကိုယ့်လက်ထဲမှာ မရှိသေးပေမယ့် သူနဲ့ Facebook  Friend ဖြစ်သွားပြီဆိုရင် သူ့ကို မက်ဆေ့ခ်ျပို့ဆက်သွယ်ပြီး စကားပြောနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် Messenger app ဟာ စကားအပြန်အလှန်ပြောဆိုဖို့၊ ဖုန်းနံပါတ်တွေလဲလှယ်ဖို့ နေရာကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

 

 Facebook ရဲ့ အားနည်းချက်များ

၁။ အချိန်ကုန်စေခြင်း

ဝန်ခံလိုသည်ဖြစ်စေ၊ ဝန်မခံလိုသည်ဖြစ်စေ Facebook သုံးမိပြီဆိုတာနဲ့ Home Page က News Feed မှာ အထက်အောက်စုန်ဆန် Scrolling ပြုလုပ်ကာ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ စာသားတိုတွေကြားမှာ အချိန်ပေါင်းနာရီပေါင်းများစွာ ပေးမိတတ်ကြပါတယ်။ အကြောင်းကတော့ မိမိစိတ်ကြိုက်ဖြစ်စေတဲ့ ပို့စ်တွေကိုသာ Facebook ဘက်ကလည်း ပိုမိုဇောင်းပေးပြသတတ်တာကြောင့် မိမိကအချက်အပြုတ်၊ အစားအသောက် ဝါသနာပါတယ်ဆိုရင် အဲဒီလိုပို့စ်တွေကို Reaction အဖြစ် Like  ဖြစ်ဖြစ် ပေးမိတတ်ပါတယ်။ အဲဒီအခါမှာ Facebook ဘက်ကလည်း မိမိရဲ့ Reaction အလိုက် အဆိုပါပို့စ်တွေကိုသာ ပိုမိုဖော်ပြပေးတတ်တာကြောင့် စိတ်ဝင်စားပြီးရင်း စိတ်ဝင်စားကာ News Feed ထဲမှာ အချိန်တော်တော်ကြာ နစ်မြုပ်နေတတ်တာဖြစ်ပါတယ်။

၂။ နိုင်ငံရေးသဘောထား ကွဲလွဲမှုများ

နိုင်ငံရေးသဘောထား တင်မကဘဲ ဘယ်အရာကိုမဆို သဘောထားကွဲလွဲမှု လွယ်ကူနေတတ်တာဟာ Facebook ရဲ့အားနည်းမှု တစ်ခုလိုဖြစ်လာပါတယ်။ Social Media ဆိုတာ မိမိရဲ့သဘောထား၊ ယုံကြည်မှုတွေကို လွတ်လပ်စွာပြသ ဆွေးနွေး၊ ဝေမျှနိုင်တဲ့နေရာဖြစ်တာနဲ့အညီ ဝေမျှမှုတွေအတွက် ပေးရတာတွေလည်း ရှိတတ်ပါတယ်။ ငြင်းခုံခြင်း၊ စကားစစ်ထိုးခြင်းဆိုတာတွေက အကြောင်းအရာတိုင်းအပေါ်မှာ ရှိတတ်ပေမယ့် Facebook ပေါ်မှာတော့ နိုင်ငံရေးစကားဝိုင်းတွေက ပိုမိုပြင်းထန်နေတတ်ပါတယ်။ ဒါကတော့ ပိုမိုသွေးကွဲမှုမျိုးကိုသာ ဖြစ်စေတတ်ပြီး အလေ့အထကောင်းတစ်ခုလို့ မဆိုနိုင်ပါဘူး။

၃။ လွန်ကျူးစွာ ဝေမျှခြင်း

Oversharing လို့ခေါ်တဲ့ လွန်ကျူးစွာဝေမျှမှုတွေဟာ ပေါ်ပြူလာ Social Media နဲ့အတူပါလာတဲ့ အမှိုက်တစ်ခုဖြစ်ပါတယ်။ သတင်းတစ်ခုကို သိပြီးချိန်မှာ အထပ်ထပ်အခါခါ ဝေမျှနေတဲ့သူငယ်ချင်းတွေကြောင့် အဲဒီအကြောင်းအရာကိုပဲ အထပ်ထပ်အခါခါ ဖတ်နေရဦးမှာဖြစ်လို့ အချိန်တွေလည်း ကုန်နေရဦးမှာ ဖြစ်ပါတယ်။

ကလျာအိအိလွင်

(ဆက်လက်ဖော်ပြပါမည်)

 

Ref: www.theodysseyonline.com/ social-media-pros-and-cons?altdesign=socialux.

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.