25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
Digital ခေတ်ရဲ့ Information Overload ပြဿနာကို ဖြေရှင်းဖို့

Digital ခေတ်မှာ သတင်းအချက်အလက် (Information) ဆိုတာက ရရှိဖို့မခက်ခဲတော့ဘဲ နေ့စဉ် နဲ့အမျှ လက်လှမ်းမီနေတဲ့အရာတစ်ခု ဖြစ်လာပါတယ်။ နေ့စဉ်ပဲ ဖောဖောသီသီ လက်လှမ်းမီလာတော့လည်း စစ်မှန်မှုနဲ့ အသုံးဝင်မှုအပိုင်းက ပြဿနာဖြစ်လာပါတော့တယ်။ ဒါ့ အပြင် သတင်းအချက်အလက်တွေ ပေါများလွန်းခြင်းဆိုတဲ့ (Information overload) ပြဿနာကလည်း ကပ်လျက်လိုက်ပါလာပါတယ်။

သတင်းအချက်အလက် စစ်မှန်မှုအပိုင်းကို Fake News များအကြောင်း မိတ်ဆက်ရေးသားထားတဲ့ ယခင်ဆောင်းပါးများမှာ ဖော်ပြခဲ့ပြီး ဒီတစ်ပတ်တော့ Information Overload ဆိုတဲ့ သတင်းအချက်အလက် ပေါများလွန်းခြင်း ပြဿနာကို ဆွေးနွေးတင်ပြလိုပါတယ်။

သတင်းအချက်အလက်တွေ ပေါများနေခြင်းဟာ ပြဿနာရယ်လို့ အမည်တပ်လာနိုင်တာ Fake News တွေ Digital Campaign တွေကြောင့်လည်း ဖြစ်သလို အဲဒီ Fake News တွေ Digital Campaign တွေကြောင့်လည်း Information Overload ဆိုတဲ့ပြဿနာက ဖြစ်လာရတာဖြစ်ပြီး သတင်းအချက်အလက် အကျပ်အတည်း သံသရာလို့တောင် ဆိုနိုင်ပါတယ်။

၂ဝဝ၅-၂ဝဝ၆ ခုနှစ်လို မြန်မာနိုင်ငံမှာ အင်တာနက်စတင် ဖွံ့ဖြိုးစကာလတွေမှာတော့ Information Overload ဆိုတဲ့ ပြဿနာမရှိသေးပါဘူး။ Information တွေကို ပိုမိုလက်လှမ်းမီလာတယ်၊ ပိုမိုဝေမျှလာနိုင်တယ်၊ ပိုမိုသုံးစွဲလာနိုင်တယ်ဆိုတဲ့ အသုံးဝင်အဆင့်မှာပဲ ရှိပါသေးတယ်။ နောက်ပိုင်း အင်တာနက်ဖွံ့ဖြိုးမှု အဆင့်မြင့်တက်လာတဲ့အခါမှာတော့ ဝက်ဘ်ဆိုက်တွေ၊ လူမှုမီဒီယာတွေ အစုံအလင် မြန်မာနိုင်ငံတွင်းကို အလျှိုလျှိုဝင်ရောက်လာပြီး Digital ခေတ်ကို အပီအပြင်ရောက်လာကာ သတင်းအချက်အလက်တွေလည်း ပိုလျှံများပြားလာမှုပါ ဖြစ်ပေါ်လာပါ တော့တယ်။

အမေရိကန်နိုင်ငံ အခြေစိုက် Pew Research Center က ၂ဝ၁၅ ခုနှစ်မှာ ပြုလုပ်ထားတဲ့ လူမှုမီဒီယာ ဆာဗေးတွေအရ အလုပ်သမားတွေဟာ နေ့စဉ်နဲ့အမျှ အီးမေးလ်စစ် ခြင်းအလုပ်ကို ၆ နာရီကျော်ကြာ ပြု လုပ်နေရတယ်လို့ ဆိုပါတယ်။ ဒီနှစ် ၂ဝ၁၇ ရဲ့ အစပိုင်းမှာတော့ Facebook ရဲ့ အစီရင်ခံစာမှာ Facebook သုံးသူတွေဟာ နေ့စဉ် မိနစ် ၅ဝ ခန့်ကို Facebook ပေါ်မှာ  အချိန်ကုန်တယ်လို့ ဆိုပါတယ်။ Facebook App နဲ့ Messenger App နှစ်ခုစလုံးအပေါ်မှာ တိုင်းတာထားတာဖြစ်ပါတယ်။

အမေရိကန်လို နိုင်ငံမျိုးမှာတော့ ၂ဝဝ၅-၂ဝဝ၆ ခုနှစ်အချိန်က Information Overload ပြဿနာက အကြီးကျယ်ဆုံးအချိန် ဖြစ်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာတော့ Information Overload ပြဿနာဟာ ၂ဝ၁ဝ ခုနှစ်နောက်ပိုင်းမှာ ပိုမိုကြီးထွားလာတယ်လို့ ထင်ပါတယ်။ ဒါကြောင့် Information Overload ဖြစ်မှုတွေ၊ သတင်းစစ်မှန်မှုနဲ့ အရည်အသွေးတွေကို တိုင်းတာဆုံးဖြတ်နိုင်မယ့် Internet User တွေရဲ့ Digital Literacy အတိုင်းအတာကလည်း အရေးပါလာပါတယ်။ အောက်ဖော်ပြပါ အ ချက်အလက်တွေကတော့ သတင်းစစ်မှန်မှုနဲ့ Information Overload ပြဿနာတွေကို အနည်းနဲ့အများ ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းအချို့ဖြစ်ပါတယ်။

 

(၁) Notification လို  Alert တွေကို ရှောင်ရှားပါ

Social Media နဲ့ အီးမေးလ် App တွေက Notification တွေကို ပိတ်ထားခြင်းအားဖြင့် မလိုအပ်တဲ့ သတင်းအချက်အလက်တွေ နှောင့်ယှက်ခြင်းကနေ ကာကွယ်နိုင်ပါတယ်။ မိမိအားလပ်ချိန်မှသာ လိုအပ်တဲ့ Application တွေထဲကို ဝင်ရောက်ကြည့်ရှုခြင်းအားဖြင့် ကျန်အချိန်တွေမှာ Notification တွေ အဆက်မပြတ်ဝင်နေခြင်းကြောင့် အနှောင့်အယှက်ဖြစ်နိုင်ခြင်းကို ကာကွယ်နိုင်ပါလိမ့်မယ်။

 

(၂) မိမိလိုချင်တဲ့သတင်းတွေကိုသာရယူနိုင်ဖို့ News Feed ကို စိတ်ကြိုက်ပြင်ဆင်ထားပါ

မလိုအပ်တဲ့ သတင်းအချက်အလက်တွေ ဆက်တိုက်ပေါ်နေခြင်းကြောင့် မိမိတကယ်လိုအပ်တဲ့ သတင်းအချက်အလက်တွေဆီရောက်ဖို့ အတားအဆီးကြီးကြီးမားမား ဖြစ်တတ်ပါတယ်။ တစ်ခါတလေ လိုအပ်တဲ့သတင်းတွေဟာ မလိုအပ်တဲ့ သတင်းတွေနောက်မှာ ပျောက်ကွယ် သွားတတ်သလို အချိန်တွေလည်း ကုန်သွားစေတာကြောင့် မိမိ News Feed မှာ လိုအပ်တဲ့ သတင်းမျိုးတွေပဲ ပေါ်နေအောင် Personalize ပြုလုပ်ထားသင့်ပါတယ်။

 

(၃) Log Off ပြုလုပ်ထားပါ

Social Media တွေကနေ Information တွေ Overload ဖြစ်တတ်ခြင်းကြောင့် Social Media တွေကို အသုံးမပြုတဲ့အချိန်မှာ Lof Off ပြုလုပ်ထားခြင်းဟာလည်း မလိုအပ်ဘဲ သတင်းအချက်အလက်တွေ တက်လာခြင်း၊ Notification ရောက်လာခြင်းနဲ့ အချိန်ပေးရတတ်ခြင်း စတာတွေကို ဖြေရှင်းပြီးဖြစ်နိုင်ပါတယ်။

 

(၄) ဦးစားပေးစာရင်းထားရှိပါ

မိမိမလိုအပ်ဘူးထင်တဲ့ အချက်အလက်တွေကို Scroll On ပြုလုပ်ခြင်း၊ မဖတ်ဘဲကျော်သွားခြင်းနဲ့ Filter ပြုလုပ်ထားခြင်းအားဖြင့်လည်း Information Overload ပြဿနာကို ကာကွယ်နိုင်ပါသေးတယ်။ အရေးပေါ် သတင်းအချက်အလက်နဲ့ အရေးကြီး သတင်းအချက်အလက်တွေကို ခွဲခြားနားလည်နိုင်ဖို့ လိုအပ်ပါတယ်။ အဓိကကတော့ မိမိလိုအပ်တဲ့ သတင်းအချက်အလက်တွေ ရရှိဖို့ပဲ ဖြစ်ပါတယ်။

 

(၅) စာအုပ်တွေကို ဖတ်ပါ

Facebook ပေါ်က မလိုအပ်တဲ့ သတင်းအချက်အလက်တွေကြားမှာ ပိတ်မိနေမယ့်အစား စာအုပ်တွေဖတ်တာက ပိုမိုအကျိုးများစေပါတယ်။ Facebook လို Social Media တွေပေါ်မှာပဲ တစ်ဝဲလည်လည်ဖြစ်မနေဘဲ E book တွေ ရှာဖွေဖတ်ရှုခြင်းဟာလည်း Information Overload ဖြစ်မှုကို တစ်နည်းအားဖြင့် အကာအကွယ်ပေးပါတယ်။

 

(၆) Unfollow ပြုလုပ်ခြင်း၊ Unsubscribe ပြုလုပ်ခြင်း

Email မှာ အရင်က ဝက်ဘ်ဆိုက်တွေကို ဝင်ဝင်ကြည့်ရင်း အမှတ်တမဲ့ Subscribe ပြုလုပ်ထား တတ်ပါတယ်။ အဲဒီလို Subscribe ပြုလုပ်ထားခြင်းကြောင့် နေ့စဉ်နဲ့အမျှ အချိန်နဲ့အမျှ အီးမေးလ်တွေဝင်ဝင် နေတတ်ပါတယ်။ အဲဒီလို အမြဲတစေဝင်လာတတ်တဲ့ မလိုအပ်တဲ့ အီး မေးလ်တွေကို ကာကွယ်ဖို့အတွက် နည်းလမ်းကတော့ Unsubscribe ပြုလုပ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ မိမိအတွက် လိုအပ်မယ်ထင်တာတွေကိုပဲ ချန်ထားပြီး မလိုအပ်တာတွေအားလုံးကို ဝင်လာတိုင်း Unsubscribe ပြုလုပ်လိုက်ပါ။ Social Media တွေ ပေါ်မှာတော့ မလိုအပ်တဲ့ သတင်းအချက် အလက်တွေလို့ထင်တဲ့ သတင်းရင်းမြစ်အားလုံးကို Unfollow ပြုလုပ်လိုက်ပါ။ မလိုအပ်တဲ့ သတင်း အချက်အလက်တွေဆိုရာမှာ Fake News ပုံစံတွေကော၊ တစ်ဖက်သတ် Campaign  ဆန်တဲ့ Page တွေကော၊ သတင်းသမားကျင့်ဝတ်နဲ့ မကိုက်ညီတဲ့သတင်း Page တွေကော အကုန်ပါဝင်ပါတယ်။ တစ်ဦးလိုအပ်ချက်နဲ့ တစ်ဦးတူညီမှာတော့ မဟုတ်တဲ့အတွက် Unsubscribe ပြုလုပ်ခြင်းနဲ့ Unfollow ပြုလုပ်ခြင်း အလေ့အထနဲ့ Content တွေကိုတော့ အတိအကျပြောဖို့ရာ ခက်ခဲပါတယ်။

 

(၇) သတင်းလောဘမကြီးစေဖို့

တစ်ခါတစ်ရံ ဘာပဲဖြစ်ဖြစ် ထားလိုက်ဖို့ကလည်း အရေးကြီးပါတယ်။ တစ်ရက်တစ်ရက် ဖြစ်ပျက်နေတဲ့ သတင်းတွေဟာလည်း အမျိုးစုံလင်ပါပဲ။ ဒါတွေအားလုံးကို သိချင်နေလို့လည်း တစ်ခါတလေမှာ အကျိုးရှိချင်မှ ရှိတတ်ပါတယ်။ ဒါကြောင့် သတင်းလောဘလေးကို နည်းနည်း သတ်ပြီး မနက်စာကို မိသားစုနဲ့၊ သူငယ်ချင်းတွေနဲ့ အေးအေးလူလူစား လိုက်တာကလည်း Information Overload ရန်ကနေ ရှောင်ရှားပြီးသား ဖြစ်သွားမှာပါ။

 

ကလျာအိအိလွင်

Ref: https://www.huffingtonpost.com/entry/how-to-avoid-information-overload us.

5859540ee4b03904470ab9ab.

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.