25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
Social Media စင်မြင့်ပေါ်က Facebook စာရင်းဇယားများ

ခုတလော Facebook လို ပေါ်ပြူလာအဖြစ်ဆုံး Social Media ပေါ်မှာ ဝေဖန်သံတွေကလည်း အဆူညံဆုံးကာလ ဖြစ်နေလို့ Facebook နဲ့ပတ်သက်ပြီး စာရင်းဇယားအချက် အလက်အချို့ကို ရှာဖွေတင်ပြလိုက် ပါတယ်။

Facebook ဟာ အားလုံးသိကြတဲ့အတိုင်း ဟားဗတ်ကျောင်းသား မာ့ခ်ဇူကာဘတ် (Mark Suckerberg) က ၂ဝဝ၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Social Networking ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ စတင်တည်ထောင်ဖန်တီးတုန်းကတော့ ဒီလောက်ကမ္ဘာကျော် ရလိမ့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့မဟုတ်ဘဲ ဟားဗတ်ကျောင်းသားတွေအတွက် network တစ်ခု တည်ထောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့သာ ဒီဇိုင်းဆင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ ဒီဇိုင်းဟာ တခြားကျောင်းတွေဆီကို အလျင်အမြန်ကူးစက်ရောက်ရှိသွားခဲ့ပြီး ၂ဝဝ၆ ခုနှစ်မှာ Public ဖွင့်ပေးခဲ့ရပါတယ်။ အခုလက်ရှိမှာတော့ Facebook ဟာ ကမ္ဘာမှာ အကြီးမားဆုံး လူမှုကွန်ရက် ကြီးတစ်ခု ဖြစ်နေပါပြီ။

၂ဝ၁၇ ခုနှစ် ပထမလေးလပတ်မှာ တိုင်းတာမှုအရ Facebook ကို အသုံးပြုသူစုစုပေါင်း အရေအတွက်ဟာ တစ်ကမ္ဘာလုံးမှာ ၁ ဒသမ ၉၄ ဘီလျံကျော် ရှိနေပြီလို့ဆိုပါတယ်။ အဲဒီအရေအတွက်ဟာ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းတွေပေါ်ကနေ အသုံးပြုတဲ့ အရေအတွက်စုစုပေါင်းဖြစ်ပြီး မိုဘိုင်းဖုန်းတွေကတစ်ဆင့် အသုံးပြုတဲ့ User အရေအတွက်ကတော့ ၁ ဒသမ ၇၄ ဘီလျံကျော် ရှိနေပါတယ်။

၂ဝ၁၆ ခုနှစ်မှာ Facebook ရဲ့ ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၆၄ ဘီလျံ ဒေါ်လာရရှိခဲ့ပါတယ်။ အဆိုပါဝင်ငွေ အများစုကတော့ Facebook ပေါ်က ကြော်ငြာတွေကတစ်ဆင့် ရရှိခြင်းဖြစ်ပါတယ်။ Facebook အသုံးပြုသူအရေအတွက်ဟာ နှစ်စဉ်တိုးတက်နေတဲ့အတွက် ကြောင့်လည်း Facebook ပေါ်က ကြော်ငြာလုပ်ငန်းဟာ ဝင်ငွေအစဉ် တက်နေဦးမယ့် လုပ်ငန်းတစ်ခု ဖြစ်နေပါတယ်။

Facebook ဟာ သုံးသူတိုင်းအတွက် Facebook Page တွေ အသီးသီးဖွင့်နိုင်အောင်၊ Friends တွေ ထပ်ပြီး Add နိုင်အောင်နဲ့ Personal Updates အချက်အလက်တွေ ဝေမျှနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Facebook သုံးသူတွေကို မေးမြန်းပြုလုပ်ထားတဲ့ စာရင်းဇယားတွေအရ င်္ Facebook ပေါ်က ပေါ်ပြူလာအဖြစ်ဆုံး Feature ကတော့ Like ပေးနိုင်ခြင်းပါပဲ။ Like Button လေးက စီးပွားရေးသမားတွေ၊ ဈေးကွက်ရှာဖွေသူတွေအတွက် Facebook ရဲ့ အောင်မြင်မှုကတစ်ဆင့် ရရှိလာနိုင်တဲ့ အကျိုးအမြတ်တစ်ခု ဖြစ်လာပါတယ်။

Facebook ပေါ်မှာ စီးပွားရေးလုပ်ငန်းတွေ၊ Brand တွေအနေနဲ့ စားသုံးသူပရိသတ်နဲ့ တိုက်ရိုက် ထိတွေ့နိုင်ပြီး အဲဒီအချက်ကြောင့်လည်း စီးပွားရေးလုပ်ငန်းတွေဟာ Facebook ပေါ်က ပရိသတ်နဲ့ အစဉ်မပြတ်ထိတွေ့သိကျွမ်းနေစေဖို့ ပိုမိုအားထုတ်လာတာလည်း ဖြစ်ပါတယ်။ ဒီအချက်က Facebook ရဲ့ဝင်ငွေကို တက်ပြီးရင်း တက်နေစေမယ့် အကြောင်းအချက်တစ်ခုလည်း ဖြစ်လို့နေပါတယ်။ ဒစ်စနေ၊ ကိုကာကိုလာနဲ့ နိုက်ကီတို့လို နာမည်ကျော်ကုမ္ပဏီကြီးတွေအနေနဲ့ င်္ Facebook ပေါ်မှာ ပရိသတ်ပေါင်း ဆယ်သန်းထက်မနည်း ရှိထားတာကိုလည်း ဥပမာအနေနဲ့ ကြည့်နိုင်ပါတယ်။

Facebook ရဲ့ ဝင်ငွေကို ပြန်ကြည့်မယ်ဆိုရင် ၂ဝ၁၆ ခုနှစ်မှာ Facebook အနေနဲ့ ဝင်ငွေ ၂၇ ဒသမ ၆၄ ဘီလျံဒေါ်လာ ရရှိခဲ့ပြီး အသားတင်ဝင်ငွေကတော့ ၁ဝ ဒသမ ၂ ဘီလျံဒေါ်လာလို့ ဆိုပါတယ်။ အသုံးပြုသူ အရေအတွက် အနေနဲ့ကတော့ ၂ဝ၁၇ ဇူလိုင်လမှာ ရရှိထားတဲ့ စာရင်းအရ သန်းပေါင်း ၂၄ဝ ရှိထားတယ်လို့ သိရပါတယ်။ ၂ဝ၁၆ ခုနှစ်မှာ Facebook အတွက် ဝန်ထမ်းဦးရေ ၁၇ဝ၄၈ ဦး ခန့်ထား လည်ပတ်လျက်ရှိပါတယ်။

Facebook ရဲ့ ဝင်ငွေနဲ့ အသုံးပြုသူအရေအတွက်ကို အချိုးချ တွက်ချက်ကြည့်တဲ့အခါ Facebook ဟာ အသုံးပြုသူတစ်ဦးချင်းစီကနေ ဝင်ငွေ ၁၆ ဒေါ်လာခန့်စီ ရရှိနေတာ ဖြစ်ပါတယ်။ Facebook ရဲ့ ဝင်ငွေ စုစုပေါင်းမှာ ကြော်ငြာတွေကတစ်ဆင့် ရရှိတဲ့ ပမာဏက ၉၇ ရာခိုင်နှုန်း ရှိပါ တယ်။

၂ဝ၁၇ ပထမ လေးလပတ်က စာရင်းဇယားနဲ့ တတိယလေးလပတ် စာရင်းဇယား နှိုင်းယှဉ်မယ်ဆိုရင် တောင် အလွန်ပဲကွာခြားသွားပါတယ်။ တတိယလေးလပတ်မှာ Facebook ကျနမ စုစုပေါင်း သန်းနှစ် ထောင်ကျော်သွားပြီ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းထဲကပဲ Facebook ကို သုံးစွဲသူစုစုပေါင်းဟာ ၂ဝ၁၆ ခုနှစ် စတုတ္ထလေးလပတ်ထဲမှာ ၁ ဒသမ ၁၅ ဘီလျံကျော်ရှိနေပြီး ၂ဝ၁၇ ဧပြီလမှာတော့ Facebook Messenger ကို သုံးစွဲသူ စုစုပေါင်းဟာ ၁ ဒသမ ၂ ဘီလျံကျော် ရှိနေပါတယ်။

Facebook Messenger Chat Application ကို သုံးစွဲတဲ့ အရေအတွက်ကိုပဲ ကြည့်မယ်ဆိုရင် ၂ဝ၁၄ ဧပြီလက စာရင်းဇယားမှာ Facebook Messenger ကို သုံးစွဲသူဦးရေဟာ သန်း ၂ဝဝ သာရှိပြီး သုံးနှစ်အကြာ ၂ဝ၁၇ ဧပြီမှာတော့ သန်း ၁၂ဝဝ ထိ ထိုးတက်လာတာကို တွေ့ရပါတယ်။ ဒီစာရင်းဇယားတွေအရဆိုရင် Facebook သုံးစွဲသူဦးရေကော Facebook Messenger သုံးစွဲ သူအရေအတွက်ပါ ဆက်လက် တိုးတက်နေဦးမယ်လို့ ခန့်မှန်းရပြီး တိုးတက်မှုနှုန်းရပ်တန့်သွားမယ့် Peak Point အမြင့်ဆုံးရေချိန်က ဘယ်တော့ဖြစ်လာမလဲဆိုတာလည်း သိ ချင်စရာကောင်းနေပါတယ်။

ကမ္ဘာ့နိုင်ငံတွေအလိုက် Facebook သုံးစွဲမှုကို ကြည့်မယ်ဆိုရင် ၂ဝ၁၇ ခုနှစ်၊ ဧပြီလမှာ Facebook user အများဆုံး တိုင်းပြည်အဖြစ် အိန္ဒိယက ၂၄၁ သန်းနဲ့ စံချိန်တင်ကာ အမေရိကန်ပြည်ထောင်စုက ၂၄ဝ၊ ဘရာဇီးနိုင်ငံက ၁၃၉၊ အင်ဒိုနီးရှားက ၁၂၆၊ မက္ကစီကိုနိုင်ငံက ၈၅၊ ဖိလစ်ပိုင်က ၆၉၊ ဗီယက်နမ်က ၆၄၊ ထိုင်းနိုင်ငံက ၅၇ သန်း၊ တူရကီက ၅၆၊ ဗြိတိန်က ၄၄ သန်းစီ အသီးသီး သုံးစွဲကြပါတယ်။

Facebook ကုမ္ပဏီအနေနဲ့ တခြားနည်းပညာတွေကိုလည်း ဝယ်ယူလျက်ရှိရာမှာ Instagram ကို ၂ဝ၁၂ ခုနှစ် စက်တင်ဘာလမှာ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်နဲ့ ဝယ်ယူခဲ့ပါတယ်။ ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ Whats App ကို ဝယ်ယူခဲ့ပါတယ်။ ဈေးနှုန်းကတော့ ၁၉ ဘီလျံနဲ့ဖြစ်လို့ ဈေးအကြီးဆုံးပေးဝယ်ရမှုတစ်ခု ဖြစ်လာပါတယ်။ ဒုတိယဈေးအကြီးဆုံး အနေနဲ့ Oculus VR ကို ၂ဝ၁၄ ခု နှစ်မှာ ၂ ဘီလျံနဲ့ ဝယ်ယူခဲ့ပါတယ်။ အခြားဝယ်ယူမှုတွေအနေနဲ့ အထက်မှာ ဖော်ပြခဲ့တဲ့ Instagram (၁ ဘီလျံ)၊ LiveRail ကို သန်း ၅ဝဝ (ဝ ဒသမ ၅ ဘီလျံ)၊ Onavo ကို ၂ဝ၁၃ ခုနှစ် မှာ သန်း ၁၅ဝ၊ Face.com ကို ၂ဝ၁၂ မှာ သန်း ၆ဝ၊ Bolt Peters ကို ၂ဝ၁၂ မှာပဲ သန်း ၅ဝ၊ Friend Feed ကုမ္ပဏီကို ၂ဝဝ၉ ခုနှစ်တုန်းက ၄၇ ဒသမ ၅ သန်း၊ Branch ကို ၂ဝ၁၄ ခုနှစ်မှာ ၁၅ သန်း၊ Chai Labs ကို ၂ဝ၁ဝ ခုနှစ်မှာ ၁ဝ သန်းနဲ့ အသီးသီးဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

 

ကလျာအိအိလွင်

Ref: www.statista.com/statistics.

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.