16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
နည်းပညာနှင့် စိမ်းလန်းသာယာသော ကမ္ဘာမြေဆီသို့-၆ ဂရင်း အိုင်စီတီ လှုပ်ရှားမှုနှင့် အကျိုးသက်ရောက်မှု

စွမ်းအင်အသုံးပြုမှုတွေ များလာတာနဲ့အမျှ စွမ်းအင်နည်းပါးလာ မှုနဲ့လည်း ကြုံတွေ့ရတာ မဆန်းပါ ဘူး။ အတူလိုက်ပါလာတဲ့ နောက်ဆက်တွဲ အကျိုးဆက်ဖြစ်တဲ့ သဘာဝ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုရဲ့နောက်မှာ အသိတရားရလာတဲ့ လူသားတွေဟာ သဘာဝပတ်ဝန်းကျင်ကို ရေရှည်အတွက် စီမံထိန်းသိမ်းဖို့ဆိုတဲ့ အပိုင်းကလည်း ပိုမိုအရေးပါ တယ်ဆိုတာကို သိမြင်လက်ခံလာပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စွမ်းအင်ကို တတ်နိုင်သမျှချွေတာသုံးစွဲနိုင်အောင် အခြေခံအဆောက်အအုံ အပိုင်းကိုလည်း မြှင့်တင်လာကြပါတယ်။

အဲဒီလို မြှင့်တင်ရာမှာ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီစွာအသုံးပြု နိုင်မယ့်စွမ်းအင်အမျိုးအစားတွေအပြင် အများဆုံးအကျိုးပြုနိုင်ပြီး ထိခိုက်မှု၊ ပေးဆပ်ရမှုအနည်းဆုံး ဖြစ်နိုင်မယ့် စွမ်းအင်အမျိုးအစားတွေကိုပါ ရှာဖွေ ဖော်ထုတ်သုံးစွဲလာကြပြီ ဖြစ်ပါတယ်။    

အဲဒီလို Energy Efficiency ဖြစ်စေမယ့် Hardware တွေကိုလည်း ပိုမိုထုတ်လုပ်သုံးစွဲကာ ပိုမိုကျယ်ပြန့် လက်ဆင့်ကမ်းနိုင်အောင်ပါ ကြိုးစားနေပါတယ်။ Energy Efficiency ဖြစ်စေမယ့် Hardware တွေကို ဘယ်လိုတိုင်းတာမလဲဆိုတော့ Label ကပ်ပြီး သိရှိနိုင်အောင် ပြုလုပ်လာကြ ပါတယ်။ အဆိုပါ Label တွေကတော့ US Energy Star နဲ့ European TCO Certification တို့ ဖြစ်ပါတယ်။ အဲဒီ Label တပ်ဆင်ထားတဲ့ Hardware တွေဟာ သုံးစွဲသူတွေအတွက်လည်း စွမ်းအင်ကို လိုသလောက်သုံးစွဲနိုင်မယ့်အပြင် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေရအောင်လည်း Environment Fridndly Feature တွေကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိ Hardware တွေကနေ ပတ်ဝန်းကျင်ကို ဘယ်လောက်ပမာဏထိ ထိခိုက်စေမလဲဆိုတာကိုလည်း တိုင်းတာနိုင်မှာဖြစ်ပါတယ်။ အဲဒီလို Hardware တွေအပြင် နောက်ပိုင်းမှာ စွမ်းအင် သုံးစွဲမှုနည်းပါးလာတဲ့ Hardware တွေကိုပါ ပိုမိုသုံးစွဲလာကြတာကိုလည်း တွေ့ရပါတယ်။

Green ICT တို့၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို တစ်တပ်တစ်အား ဆောင်ရွက်ချင်သူတွေအနေနဲ့ကတော့ အဲဒီလို Energy Efficient ဖြစ်စေမယ့် Hardware တွေ၊ ကွန်ပျူတာပစ္စည်းတွေကိုသာ ဝယ်ယူသုံးစွဲသင့်ကြောင်းလည်း ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။

Energy Efficient ဆိုတဲ့ စွမ်းအင်ချွေတာမှုအပြင် အခြားသော ချွေတာမှုတွေကိုပါ ရရှိနိုင်တဲ့နည်း လမ်းတစ်ခုအဖြစ် ကျွမ်းကျင်သူတွေက အင်တာနက်သုံးစွဲမှုကို အကြံပေးကြပါတယ်။ ကုမ္ပဏီကြီးတွေဟာ အင်တာနက်ကတစ်ဆင့် Cloud Space တွေကို အသုံးပြုခြင်း၊ Social Media တွေကို အသုံးပြုပြီး Data တွေကို အလဲအလှယ်အပို့အယူပြုလုပ်ခြင်း စတာတွေကို ပြီးခဲ့တဲ့ နှစ်တွေမှာ တော်တော်များများ ပြုလုပ်ခဲ့ကြပါတယ်။ ဒါတွေဟာ Energy Efficient ဖြစ်စေတဲ့အပြင် ငွေကုန်ကြေးကျလည်း သက်သာစေတာကို တွေ့ရပါတယ်။

ဒါ့အပြင် ကွန်ပျူတာနဲ့ ဆက်စပ်နေတဲ့လုပ်ငန်းတွေဟာ စွမ်းအင်ချွေတာနိုင်မယ့် ဒေတာစင်တာတွေကို ပိုမိုတည်ဆောက်ဖို့အပေါ် ပိုမိုအာရုံစိုက်လာတဲ့အပြင် Virtualisation နည်းလမ်းတွေကိုလည်း ပိုမိုသုံးစွဲလာစေဖို့၊ Power Supply နဲ့ အအေးပေးစနစ် (Cooling System) တွေကိုမျှတအောင် ပြုလုပ်သုံးစွဲဖို့ စတဲ့စနစ်တွေကိုလည်း ဒေတာစင်တာတွေအတွက် အားစိုက်ထုတ်ကြိုးပမ်းလာပါတယ်။ ဒေတာစင်တာတွေရဲ့ အလုပ်လုပ်နိုင်စွမ်းကိုလည်း မထိခိုက် မလျော့ကျစေရအောင်၊ စီးပွားရေးအရလည်း မထိပါးစေရအောင်၊ သဘာဝပတ်ဝန်းကျင်နဲ့လည်း လိုက်လျောညီထွေဖြစ်အောင်  စွမ်းအင်ကို အစွမ်းကုန်ချွေတာနိုင်စေဖို့ အာရုံစိုက်လာကြပါတယ်။

အဲဒီအပိုင်းမှာ Cloud Computing ဆိုတဲ့ အွန်လိုင်းမှာ ဒေတာတွေ သိမ်းဆည်းတဲ့စနစ်ဟာ အရေး ပါပါတယ်။ Cloud Computing စနစ်တင်မက Data Storage ကို Outsourcing ပြုလုပ်မှုတွေနဲ့လည်း ICT ဝန်ဆောင်မှုပုံစံတွေကို ပြောင်းလဲခဲ့ပါတယ်။ Data Center Energy Forecast Report 2008 အစီရင်ခံစာအရ Cloud Computing ကြောင့် ဆာဗာတွေနဲ့ ကွန်ရက်တွေကနေ စွမ်းအင်သုံးစွဲမှုပမာဏကို ၂ဝ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဂရင်းအိုင်စီတီရဲ့ အဓိက ရည်ရွယ်ချက်တွေကိုက ထုတ်ကုန်ပစ္စည်း တွေထုတ်လုပ်သုံးစွဲရာမှာ ဘေးဥပါဒ် ဖြစ်စေမှုနဲ့ စွမ်းအင်သုံးစွဲမှုတွေကို လျှော့ချချွေတာနိုင်စေဖို့  ဖြစ်ပါတယ်။ ဒါကြောင့်လည်း ထုတ်ကုန်တွေကို တစ်ဖန်ပြန်လည်သုံးစွဲနိုင်ဖို့နဲ့ စွမ်းအင်ချွေတာဖို့က အဓိကအချက် ဖြစ်လာပါတယ်။

ရေရှည်အတွက် မျှော်မှန်းတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ Green ICT ဟာ အဓိကနေရာက ပါဝင်လာပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးနည်းနိုင်သမျှနည်းစေမယ့် နည်းပညာတွေကို တီထွင်ဆန်းသစ်ခြင်းနဲ့အတူ စွန့်ပစ်ပစ္စည်းတွေကိုလည်း ဂရုတစိုက်နဲ့ တစ်ဖန်ပြန်သုံး နိုင်တာကို ပြန်သုံးပြီးပြန်လည်ပြီး အသစ်ထုတ်လုပ်နိုင်တာကို ထုတ်လုပ်ခြင်းဖြင့် ကမ္ဘာပေါ်က စွမ်းအင်အား လုံးကို ချွေတာနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။

ICT ကဏ္ဍအနေနဲ့ ကမ္ဘာကြီး စိမ်းလန်းရေးအတွက် အများကြီး အထောက်အကူပြု ဆောင်ရွက်နိုင်ပါ တယ်။ ကာဘွန် ထုတ်လွှတ်မှု လျှော့ချနိုင်မှုကစလို့ စွမ်းအင်ချွေတာမှု တွေကတော့ အိုင်စီတီကဏ္ဍရဲ့ အဓိကအရေးပါတဲ့ ကြိုးစားမှုတွေပါ။ နောက်ထပ်အရေးပါတဲ့ နှစ်ချက်လည်း ရှိပါသေးတယ်။ စွန့်ပစ်အမှိုက် လျှော့ချရေးနဲ့ ကုန်ကြမ်းပစ္စည်းတွေ ကိုပိုမိုသုံးစွဲနိုင်ရေးတို့ ဖြစ်ပါတယ်။ အဲဒီလို ကြိုးပမ်းဆောင်ရွက်နိုင်ဖို့ဆိုတာလည်း မတူညီတဲ့ကဏ္ဍတွေ၊ လုပ်ငန်းတွေအားလုံးက အတူတကွ ဆက်နွယ် လက်တွဲဆောင်ရွက်မှသာ ပိုမို အောင်မြင်နိုင်ပါလိမ့်မယ်။ 

ဂရင်းအိုင်စီတီအနေနဲ့ စွမ်းအင်ကို ချွေချွေတာတာနဲ့ ထိထိရောက်ရောက်သုံးစွဲပေးခြင်း၊ ကာဘွန်ထုတ် လွှတ်မှုလျှော့ချခြင်း၊ ဘေးဥပါဒ်ဖြစ်စေတဲ့ ပစ္စည်းတွေကို လျှော့ချသုံးစွဲခြင်းနဲ့ ပြန်လည်အသုံးပြုခြင်း၊ ပြန်လည်ထုတ်လုပ်သုံးစွဲခြင်း (Reuse and Recycle) စတဲ့နည်းလမ်းများနဲ့ သဘာဝပတ်ဝန်းကျင်ကို အကျိုးများစေမှာ ဖြစ်ပါတယ်။

ကမ္ဘာသူကမ္ဘာသားတွေ အနေနဲ့ကတော့ အိုင်စီတီထုတ်ကုန်တွေကို Green ဆိုတဲ့ အဆင့်တစ်ခုမှာထားပြီး သုံးစွဲနိုင်အောင် တရားဥပဒေအရကော၊ကိုယ်တိုင်သိမြင် နားလည်လိုက် နာတဲ့ Ethically အရကော၊ လူမှုရေးအမြင်အရကောပါ စိတ်နှလုံးမှာ နက်ရှိုင်းစွာသိမြင်လိုက်နာဖို့ အရေးကြီးလှပါတယ်။

အဲဒီလို ကြိုးစားမှုတွေဟာ နိုင်ငံတကာကို ပြန့်နှံ့အသိပညာ ပြန့်ပွားဖို့လည်း လိုအပ်လှပါတယ်။ နည်း ပညာကို စတင်မြေစမ်းခရမ်းပျိုးခါစ တိုင်းပြည်တွေမှာတော့ Green ICT ဆိုတာ ပေါ်ပြူလာ ဒီလောက် မဖြစ်သေးပါဘူး။ ဒါပေမယ့် တတ်နိုင်သလောက် တစ်ဦးကတစ်ဦး အသိပြန့်ပွားရင်းနဲ့ ကမ္ဘာမြေအတွက် စိမ်းလန်းမှုတွေကို ပြန်လည်သယ်ဆောင်လာနိုင်ကောင်းပါတယ်။

ကလျာအိအိလွင်

Ref: www.researchgate.net (Green ICT Application Towards the Achievement of Sustainable Development)

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.