19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
LinkedIn ရဲ့ ၂၀၁၇ ကိန်းဂဏန်းများ

ပြီးခဲ့တဲ့အပတ်က Facebook နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ကိန်းဂဏန်းတွေအကြောင်းကို ဖော်ပြခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ Professtional Network တစ်ခုဖြစ်တဲ့ LinkedIn နဲ့ ပတ်သက်ပြီး ၂ဝ၁၇ ကိန်းဂဏန်းတွေအကြောင်းကို ဖော်ပြလိုက်ပါတယ်။

LinkedIn ကို ၂ဝဝ၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၂ဝဝ၃ မေလမှာ ပထမဆုံးအနေနဲ့ launch ပြုလုပ်ခဲ့ပါတယ်။ လူမှုမီဒီယာ အမျိုးအစားတွေထဲမှာ LinkedIn ဟာ အဲဒီအချိန် ကစလို့ တစ်မူထူးခြား ကွဲပြားတဲ့ လုပ်ငန်းခွင်ဆိုင်ရာ လူမှုကွန်ရက်တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ဒီနေ့ကာလမှာ LinkedIn အနေနဲ့ စီးပွားရေးလုပ်ငန်းနဲ့ လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့ Social Network အများ ပြည်သူပိုင်ကုမ္ပဏီတစ်ခုအဖြစ် လည်ပတ်လျက်ရှိပါတယ်။

အောက်ဖော်ပြပါ အချက်အလက်တွေကတော့ LinkedIn နဲ့ ပတ်သက်ပြီး ၂ဝ၁၇ ကိန်းဂဏန်းတွေ၊ အချက်အလက်တွေ ဖြစ်ပါတယ်။

 

၁။ ၂ဝ၁၇ ဧပြီလမှာ  LinkedIn ဟာ Amazon အောက်က စီးပွားရေး လုပ် ငန်းတစ်ခုဖြစ်တဲ့ Alexa က ပြုလုပ်ခဲ့တဲ့စစ်တမ်းအရ တစ်ကမ္ဘာလုံးရဲ့ ပေါ်ပြူလာအဖြစ်ဆုံး ဝက်ဘ်ဆိုက်တွေထဲမှာ အဆင့် ၂၅ ချိတ်တယ်လို့ သိရပါတယ်။

 

၂။ အခုဆိုရင် LinkedIn ကို သုံးစွဲသူဦးရေစုစုပေါင်းဟာ သန်း ၅ဝဝ ကျော် ရောက်ရှိခဲ့ပြီလို့လည်း ဆိုပါတယ်။

 

၃။ Microsoft အနေနဲ့ LinkedIn ကို ဝယ်ယူဖို့အတွက် USD ၂၆.၂ ဘီလျံ ပေးချေခဲ့ရပါတယ်။

 

၎။ အဲဒီလို Microsoft က LinkedIn ကို ဝယ်ယူပြီးနောက်ပိုင်းမှာတော့ LinkedIn ရဲ့ ဝင်ငွေဟာ ပထမလေးလပတ်ကာလမှာတင် USD ၉၇၅ သန်းထိတိုင် ရောက်ရှိခဲ့ပါတယ်။

 

၅။ အခုဆိုရင် တစ်ကမ္ဘာလုံးက မြို့ပေါင်း ၃ဝ ဝန်းကျင်မှာ LinkedIn ရဲ့ အချိန်ပြည့်ဝန်ထမ်းပေါင်း တစ်သောင်းကျော် ရှိနေပြီဖြစ်ပါတယ်။

 

၆။ LinkedIn ကို အခုဆိုရင် ဘာသာ စကားအမျိုးပေါင်း ၂၄ ခုနဲ့ သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။

 

၇။ လက်ရှိမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ LinkedIn သုံးစွဲသူစုစုပေါင်းမှာ အမျိုးသားက ၅၆ ရာခိုင်နှုန်းနဲ့ အမျိုးသမီးဦးရေက ၄၄ ရာခိုင်နှုန်း ရှိနေပါတယ်။

 

၈။ LinkedIn ကို နိုင်ငံအများအပြားကနေ ဝင်ရောက်သုံးစွဲလျက်ရှိရာမှာ USA ကနေ အများဆုံး ၃၃ ရာခိုင်နှုန်းထိ ဝင်ရောက်သုံးစွဲနေပြီး အိန္ဒိယက ၈.၅ နဲ့ ယူကေက ၅.၇ ရာခိုင်နှုန်း ဝင်ရောက်တယ်လို့ သိရပါတယ်။

 

၉။ LinkedIn သုံးစွဲကြသူတွေထဲမှာ တစ်လတစ်လ Active user စာရင်းကို ကောက်ယူလိုက်တဲ့အခါမှာတော့ တစ်လကို လူပေါင်း ၁ဝ၆ သန်းက ပုံမှန် အသုံးပြုတယ်လို့ ဆိုပါတယ်။

 

၁ဝ။ Social Media တွေရဲ့ သဘောသဘာဝအတိုင်း LinkedIn ပေါ်မှာလည်း Group ပေါင်းများစွာ ရှိရာမှာ Group စုစုပေါင်း ၁.၅ သန်းကျော် ရှိလာပြီ ဖြစ်ပါတယ်။

 

၁၁။ အလုပ်ရှာဖွေသူတွေအတွက် အဓိက ဝန်ဆောင်ပေးတဲ့ LinkedIn ရဲ့ ရည်ရွယ်ချက်အတိုင်း LinkedIn ပေါ်မှာ အလုပ်ပေါင်း ၁ဝ သန်းကျော်နဲ့ အမြဲပြည့်နှက်နေတတ်တယ်လို့ သိရပါတယ်။ မိမိနဲ့ ကိုက်ညီတဲ့ အလုပ်ကို Search eigine ကနေ Key word ရိုက်ထည့်ရှာဖွေခြင်းအားဖြင့် အလွယ်တကူရှာဖွေနိုင်မှာ ဖြစ်ပါ တယ်။

 

၁၂။ LinkedIn ဟာ ဝန်ထမ်းတွေ အတွက်တင်မဟုတ်ဘဲ စီးပွားရေး လုပ်ငန်းတွေအတွက်လည်း LinkedIn အတွက် စုဆောင်းရာနေရာကောင်း တစ်ခုဖြစ်နေတာကြောင့် LinkedIn ပေါ်မှာ စီးပွားရေးလုပ်ငန်းပေါင်း ၉ သန်းကျော်ဟာ Active user အနေနဲ့ ရှိနေပါတယ်။

 

၁၃။ LinkedIn ဟာ တခြားသော လူမှုမီဒီယာများလိုပဲ သုံးစွဲသူအရေအတွက် တစ်စတစ်စ တိုးပွားလျက်ရှိရာမှာ ကျောင်းသားဦးရေ ပိုမိုတိုးမြင့်လာပြီး ပူပူနွေးနွေးဘွဲ့ရလူဦးရေက သန်း ၄ဝ ကျော်ရှိတယ်လို့ သိရပါတယ်။

 

၁၄။ LinkedIn မှာ ဖွဲ့စည်းထားတဲ့ User Group တွေထဲက ၁၃ ရာခိုင် နှုန်းဟာ အသက်အရွယ် ၁၅ နှစ်က နေ ၃၄ နှစ်အရွယ်ထိ ဖြစ်ကြပါ တယ်။

 

၁၅။ LinkedIn ကို သုံးစွဲသူအားလုံးရဲ့ အများစု ၆ဝ ရာခိုင်နှုန်းဟာ မို ဘိုင်းဖုန်းပေါ်ကနေ အသုံးပြုကြတာ ဖြစ်ပါတယ်။

 

၁၆။ LinkedIn ကို အသုံးပြုသူ အရေအတွက်ဟာ တစ်နေ့တခြား များပြားလာတဲ့ အလျောက် တစ်စက္ကန့်တိုင်းမှာ LinkedIn  Member နှစ်ဦးစီ အသစ်အသစ် တိုးပွားလျက်ရှိတယ်လို့ ဆိုပါတယ်။

 

၁၇။ LinkedIn ဝက်ဘ်ဆိုက်ကို အသုံးပြုသူအားလုံးရဲ့ အသုံးပြုချိန် ကြာချိန်ကို လေ့လာရာမှာ တစ်လကို ၁၇ မိနစ်စီ ပျမ်းမျှအသုံးပြုကြတယ်လို့ သိရပါတယ်။

 

၁၈။ LinkedIn ပေါ်မှာ တစ်ဦးနဲ့တစ်ဦး Endorsement တွေ အပြန်အလှန် ပြုလုပ်နိုင်ရာမှာ Endorsement ပြုလုပ်မှုပေါင်း ၁ဝ သန်းကျော် ရှိနေပါတယ်။

 

၁၉။ LinkedIn ပေါ်မှာ အပတ်စဉ် Publish ပြုလုပ်တဲ့ ဆောင်းပါးပေါင်းက တစ်သိန်းကျော်ရှိနေပါတယ်။

 

၂ဝ။ အခုဆိုရင် LinkedIn ကို နိုင်ငံ ပေါင်း ၂ဝဝ ကျော်မှာ သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။

 

၂၁။ LinkedIn အသုံးပြုသူများရဲ့ အများစု ၇ဝ ရာခိုင်နှုန်းဟာ အမေရိ ကန်ပြည်ထောင်စုရဲ့ ပြင်ပနယ်မြေများဆီက ဖြစ်ကြပါတယ်။

 

၂၂။ Profession ကို တိတိကျကျ ဖော်ပြပေးထားတဲ့ ကိုယ်ရေးစာမျက်နှာများဟာ ပိုမို လူကြည့်ခံတတ်ရာမှာ တခြားစာမျက်နှာတွေထက် အကြည့် ခံရနှုန်း ၁၄ ပိုများတယ်လို့ ဆိုပါတယ်။

 

၂၃။ အဲဒီထဲမှာမှ ဓာတ်ပုံတင်ထားတဲ့ ကိုယ်ရေးစာမျက်နှာတွေကို ၂၁ ကြိမ် ပိုမိုကြည့်ခံရတတ်တယ်လို့လည်း သိရပါတယ်။

 

၂၄။ LinkedIn ပေါ်မှာ အပတ်စဉ်အနေနဲ့ content အမျိုးမျိုး Share နေတဲ့ အသုံးပြုသူစုစုပေါင်းက ၃ သန်းကျော် ရှိနေပါတယ်။

 

၂၅။ LinkedIn ဟာ LinkedIn  Learning ဆိုတဲ့ အလုပ်အကိုင်ဆိုင်ရာ စွမ်းရည်တိုးတက်မှုအတွက် အထောက်အပံ့ဖြစ်စေမယ့် လေ့လာ သင်ကြားရေးဆိုင်ရာ ပရိုဂရမ်ကိုလည်း တွဲဖက်ထားပေးရာမှာ ၂ဝ၁၇ အတွင်းမှာ အဲဒီ သင်ကြားရေး ခေါင်း စဉ်တွေထဲက “Cloud and Distributed Computing” နဲ့ “Statistical Analysis and Data Mining” မှာ စာရင်းသွင်းထားသူ အရေအတွက်က အများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။

 

၂၆။ ကမ္ဘာပေါ်မှာ ရှိတဲ့ ကုမ္ပဏီတွေထဲက LinkedIn မှာ ကိုယ်ပိုင်စာမျက် နှာဖွင့်ထားတဲ့ ကုမ္ပဏီပေါင်းက ၅၇ ရာခိုင်နှုန်း ရှိနေပါတယ်။

 

 ကလျာအိအိလွင်

 (www.soravjian.com/facebooklinkedin-stats-facts-2017)

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.