21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
Facebook ရဲ့ 2017 ကိန်းဂဏန်းများ

Facebook ကတော့ အထွေအထူး မိတ်ဆက်နေစရာကို မလိုတော့တဲ့ Social Network ကြီးတစ်ခု ဖြစ်နေပါပြီ။ "Give the people the power to build community and bring the world closer together" ဆိုတဲ့ စိတ်ကူးနဲ့ ၂ဝဝ၄ ခုနှစ်က စတင်ခဲ့တဲ့ င်္ Facebook ဟာ ခုဆိုရင် ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး လူ မှုကွန်ရက်ဆိုက်ကြီးဖြစ်နေပြီ ဖြစ်ပါတယ်။

CNN ရဲ့ ထုတ်ပြန်ချက်အရ ၂ဝ၁၇ မတ်လမှာ Facebook သုံးစွဲ သူစုစုပေါင်းဟာ လစဉ် Active user ပေါင်း ၁ .၉၄ ဘီလျံ ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီကိန်းဂဏန်းဟာ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံကျော် (၂၅.၈၆ ရာခိုင်နှုန်း) ဖြစ်နေပြီး နေ့စဉ်သုံးစွဲသူ Active user အရေ အတွက်ကတော့ ၁.၂၈ ဘီလျံဖြစ်ပါတယ်။

ဒါကြောင့် Facebook အသုံးပြုသူတွေနဲ့ ပတ်သက်လို့ ၂ဝ၁၇ ကိန်း ဂဏန်းတွေနဲ့ အချက်အလက်၊ စာရင်းဇယားတွေအကြောင်း စုစည်းဖော်ပြ ပေးထားတာကို ဗဟုသုတအတွက်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းများ အနေနဲ့ မိမိတို့ ကြော်ငြာရောက်နိုင်မယ့် ပမာဏကို မှန်းဆနိုင်ဖို့ဖြစ်စေ လက်ဆင့်ကမ်း ဘာသာပြန် ဖော်ပြပေးလိုက်ပါတယ်။

 

၁။ တစ်ကမ္ဘာလုံးမှာ Facebook အသုံးပြုသူစုစုပေါင်း Active user ၂ ဘီလျံ (သန်းနှစ်ထောင်) ရှိနေပါတယ်။

 

၂။ မိုဘိုင်းဖုန်းကနေ Facebook ကို လစဉ်နဲ့အမျှသုံးစွဲသူ Active user စုစုပေါင်းက ၁.၆၆ ဘီလျံရှိပါတယ်။

 

၃။ Desktop ပေါ်ကနေ Facebook ကို နေ့စဉ်သုံးစွဲနေတဲ့ Active user စုစုပေါင်းက ၁.၁၈ ဘီလျံရှိပါတယ်။

၎။ မိုဘိုင်းဖုန်းပေါ်ကနေ Facebook  ကို နေ့စဉ်သုံးစွဲတဲ့ Active user စုစုပေါင်းက ၁.၅၇ သန်း  ဖြစ်ပါတယ်။

 

၅။ Facebook  ပေါ်က Gender ကျား/မ ကဏ္ဍကို ပြောရရင်တော့ ကျား ၄၆ ရာခိုင်နှုန်းနဲ့ မ ၅၄ ရာခိုင်နှုန်း အသုံးပြုလျက် ရှိနေပါတယ်။

၆။ အမေရိကန်ပြည်ထောင်စုမှာ ဝက်ဘ်ဆိုက်စာမျက်နှာ ငါးခုကြည့်ကြတဲ့အနက် တစ်ခုက Facebook ဖြစ်နေပါတယ်။

 

၇။ Facebook ကို နေ့စဉ်နဲ့အမျှ အသုံးပြုတဲ့သူတွေကိုကြည့်မယ်ဆိုရင်  အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံပြင်ပက သုံးစွဲသူဦးရေက ၈၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။

 

၈။ Facebook Like Button ကို ကလစ်ပြုလုပ်တဲ့အကြိမ်ရေပေါင်းဟာ ၁.၁၃ ဘီလျံကြိမ် ရှိပြီဖြစ်ပါတယ်။

 

၉။ Facebook ဖွင့်ပြီး အသုံးပြုတဲ့ အချိန်အတိုင်းအတာကို ပြောရရင် user တစ်ဦးဟာ င်္ Facebook တစ်ခါ ဖွင့်တိုင်း ပျမ်းမျှ မိနစ် ၂ဝ အသုံးပြု တတ်ပါတယ်။ တစ်လကိုတော့ နာရီပေါင်း ၆ဝဝ ကျော် ပျမ်းမျှအသုံးပြုတယ်လို့ တွက်ချက်နိုင်ပါတယ်။

 

၁ဝ။  Facebook သုံးစွဲသူဦးရေဟာ နေ့စဉ်နဲ့အမျှ တိုးတက်လျက်ရှိရာမှာ တစ်စက္ကန့်ကို ရှစ်ယောက်ဟာ Facebook account အသစ်ဖွင့်ပြီး သုံးစွဲ နေတယ်လို့ သိရပါတယ်။ ၁၅ မိနစ်တိုင်းမှာ  Facebook user ပေါင်း ၇၂ဝဝ ကျော် တိုးတက်နေတယ်ဆိုတဲ့ သဘောပါပဲ။

 

၁၁။ အင်တာနက်သုံးသူတိုင်းနီးပါး Facebook သုံးတယ်ဆိုတဲ့အချက်ကို သက်သေပြနေတဲ့ အချက်ကတော့ အင်တာနက်သုံးသူတိုင်းမှာ အမျိုးသား ၇၅ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၈၃ ရာခိုင်နှုန်းတို့ကို င်္ခေနဘသသု Facebook က တစ်ဆင့် ဆက်သွယ်လို့ရနေတဲ့ အချက်ပါပဲ။

 

၁၂။ စက္ကန့် ၆ဝ ကုန်သွားတိုင်း Facebook ပေါ်မှာ ပို့စ်ပေါင်း ၃ဝဝဝဝဝဝ ကျော်ကို Share နေကြတယ်၊ ဓာတ် ပုံပေါင်း ၂၄၃ဝဝဝ ကျော်ကို upload ပြုလုပ်နေကြတယ်၊ Like အရေအတွက်ပေါင်း ၃၁၂၅ဝဝဝ ခု တက်နေတယ်လို့ ဆိုပါတယ်။

 

၁၃။ လောလောဆယ်မှာ Facebook ကို ဘာသာစကားအမျိုးပေါင်း ၁ဝ၁ မျိုးနဲ့ သုံးစွဲနိုင်ပါတယ်။

 

၁၄။ Facebook Messenger နဲ့ Whats App တို့ကတစ်ဆင့် သွားလာနေတဲ့ မက်ဆေ့ခ်ျစုစုပေါင်းက တစ်ရက်ကို သန်း ၆ဝ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ဖုန်းနဲ့ သာမန် မက်ဆေ့ခ်ျပေးပို့တဲ့ ပမာဏထက် သုံးဆပိုများတဲ့ပမာဏလည်း ဖြစ်ပါတယ်။

 

၁၅။ Facebook user တစ်ယောက်ကို ပျမ်းမျှ မိတ်ဆွေဦးရေ ၁၅၅ ယောက် ရှိထားပါတယ်။

 

၁၆။ အသက် ၁၈ နှစ်ကနေ ၂၉ နှစ်ထိ အသက်အရွယ်အပိုင်းအခြားက အွန်လိုင်းအသုံးပြုသူစုစုပေါင်းရဲ့ ၈၇ ရာခိုင်နှုန်းဟာ Facebook အသုံးပြုသူများ ဖြစ်နေပါတယ်။

 

၁၇။ အွန်လိုင်းအသုံးပြုတဲ့ အသက် ၆၅ နှစ်အထက် လူကြီးပိုင်းတွေထဲက ၅၆ ရာခိုင်နှုန်းမှာလည်း Facebook account တွေ ကိုယ်စီကိုယ်စီ ရှိထားကြတယ်လို့ ဆိုပါတယ်။ အသက် ၅ဝ ကနေ ၆၄ နှစ်ကတော့ ၆၃ ရာခိုင်နှုန်း Facebook  ကို အသုံးပြုလျက် ရှိနေပါတယ်။

 

၁၈။ လက်ရှိမှာ  Facebook သုံးစွဲ သူတွေထဲမှာ အများစုဖြစ်တဲ့ ၆၆ ရာ ခိုင်နှုန်းဟာ သတင်းရရှိဖို့အတွက် Facebook ကို အသုံးပြုခြင်း ဖြစ်နေပါတယ်။

 

၁၉။ ၂ဝ၁၇ ပထမလေးလပတ် အကုန်မှာ ထွက်လာတဲ့ အစီရင်ခံစာ အရ  Facebook ရဲ့ ဝင်ငွေဟာ ၈.ဝ၃ သန်း (USD) နဲ့ ရပ်တည်နေပါတယ်။ အဲဒီပမာဏက နှစ်စဉ်နဲ့အမျှ ၄၉ ရာခိုင်နှုန်းစီတက်လာနေခြင်းလည်း ဖြစ်ပါတယ်။

 

၂ဝ။ Facebook ဝင်ငွေပမာဏ စုစုပေါင်းရဲ့ ၈ဝ ရာခိုင်နှုန်းဟာ ကြော်ငြာတွေကနေ ရရှိတာဖြစ်ပြီး ၂ဝ ရာ ခိုင်နှုန်းကတော့ Virtual အွန်လိုင်းဂိမ်းတွေကနေ ရရှိတာလို့ သိရပါတယ်။

 

၂၁။  Facebook ပေါ်မှာ Page ဖွင့်ထားတဲ့ စီးပွားရေးလုပ်ငန်းပေါင်းဟာ ခုဆို ၆၅ သန်းကျော်ရှိထားပြီ ဖြစ်ပါတယ်။ အထက်က ကြော်ငြာဝင်ငွေဟာ အဆိုပါစီးပွားရေးလုပ်ငန်းတွေက သူတို့ရဲ့ ပို့စ်တွေ၊ ပေ့ခ်ျတွေကို Boost ပြုလုပ်ခြင်းကနေ ရရှိခြင်းဖြစ်ပါတယ်။

 

၂၂။ Facebook အသုံးပြုသူစုစုပေါင်းရဲ့ သုံးပုံတစ်ပုံပမာဏ (၃၂ ရာခိုင်နှုန်း)ဟာ brand တွေ၊ စီးပွား ရေးလုပ်ငန်းတွေနဲ့ ပုံမှန်ချိတ်ဆက် ကြည့်ရှုမှု ရှိနေတယ်လို့ သိရပါတယ်။

 

၂၃။ Facebook ကတစ်ဆင့် ကြော်ငြာနေကြတဲ့ လုပ်ငန်းတွေထဲ က ၄၂ ရာခိုင်နှုန်းဟာ င်္ Facebook က သူတို့ရဲ့ စီးပွားရေးလုပ်ငန်းအတွက် သိပ်ကိုအရေးပါတယ်၊ မရှိမဖြစ်ပါပဲလို့ ဆိုကြပါတယ်။

 

၂၄။ Facebook ပေါ်က စီးပွားရေးလုပ်ငန်း Page တွေအနေနဲ့ Customer ရဲ့ မက်ဆေ့ခ်ျတွေကို အချိန်နဲ့အမျှ ပြန်လျက်ရှိရာမှာ Page  စုစုပေါင်းရဲ့ Response Rate နဲ့ တွက်တဲ့အခါ ၄၂ ရာခိုင်နှုန်းဟာ မိနစ် ၆ဝ တစ်ခါ Reply ပြုလုပ်လျက် ရှိတယ်လို့ ဆိုပါတယ်။ ဒါကတော့ အနည်းငယ် ယေဘုယျဆန်တဲ့ ကိန်းဂဏန်း ဖြစ်ပေမယ့် Active ဖြစ်တဲ့ ပမာဏကလည်း ကွဲပြားတဲ့အတွက် ဒီလောက်ကိန်းဂဏန်းသာ ထွက်ပေါ် လာခြင်းလည်း ဖြစ်နိုင်ပါတယ်။

 

၂၅။ စီးပွားရေးလုပ်ငန်းတွေရဲ့ ၇ဝ ရာခိုင်နှုန်းက Customer အသစ်တွေ ရရှိလာဖို့အတွက် Facebook ကို အသုံးပြုတယ်လို့ ဆိုကြပါတယ်။ ၄၇ ရာ ခိုင်နှုန်းကတော့ Social Network  တွေကတစ်ဆင့် ဝယ်လိုအားမြင့်တက်မှုတွေ ဖြစ်ပေါ်လာတယ်လို့ ဆိုကြပါတယ်။

 

ကလျာအိအိလွင်

(www.soravjain.com/facebook-linkedin-stats-facts-2017).

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.