23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
Social Media ပေါ်က စီးပွားရေးလုပ်ငန်းများအတွက် ၂၀၁၇ ဟောကိန်းများ-၂

(၃) Automation ပြုလုပ်စေခြင်း

မိမိစီးပွားရေးလုပ်ငန်းအတွက် ချိန်ရွယ်တဲ့ ပရိသတ်ဆီကိုရောက်အောင်  ပစ်နိုင်ဖို့ဆိုရင် ဒီလို အချိန်လည်းရှား၊ နည်းပညာလည်း ပေါလာတဲ့ ခေတ်မှာ နည်းပညာကို အသုံးချ ခြင်းက အသင့်တော်ဆုံး နည်းလမ်းတစ်ခုပါပဲ။ အဲဒါကတော့ Automation နည်းလမ်းကို အသုံးပြုခြင်း ဖြစ်ပါတယ်။

Social media တွေ ဆိုတာကျ ဆင်းနေတဲ့စီးပွားရေးလုပ်ငန်းတွေကို ပြန်မတင်ပေးနိုင်ဘူးလို့ ဒီဆောင်းပါးကို ရေးတဲ့စာရေးသူက ဆိုပါတယ်။ ဒါပေမယ့် ၂ဝ၁၇ ခုနှစ်မှာတော့ သူ့အဆိုကို သူပြန်ရုပ်သိမ်းရတော့မယ်လို့ပြောပြီး ၂ဝ၁၇ ခုနှစ် တစ် လျှောက်လုံးမှာတော့ စီးပွားရေးလုပ်ငန်းတွေရဲ့ ကျဆင်းနေတဲ့ အပိုင်းတွေကို Social media ကတစ်ဆင့် အဖတ်ပြန်ဆယ်နိုင်မယ့် နည်းလမ်းတွေကို သူက ဟောကိန်းထုတ်လိုက် တာလည်း ဖြစ်ပါတယ်။

အဲဒီအပိုင်းမှာ စာရေးသူက ပုံတစ်ခုပြပြီး စီးပွားရေးလုပ်ငန်း အသေးလေးတွေဟာ Automation နည်းစနစ်နဲ့ လူအစားစက်ကို အစားထိုးသုံးစွဲတဲ့ Automation ဈေးကွက်ချဲ့ထွင်မှု၊ ဈေးကွက်ရှာဖွေမှု နည်းဗျူဟာတွေကို မသိကျိုးကျွန်ပြုခဲ့တာကြောင့် လစဉ်ငွေကြေးတွေ ဆုံးရှုံးနေတယ်။ အဲဒီလို ဆုံးရှုံးနေတဲ့ လုပ်ငန်းပေါင်းက ၉၂ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဆိုပါတယ်။ (ဒီနေရာမှာ ပြောစရာရှိတာက Automate ဆိုတဲ့ စကားဟာ မြန်မာဘာသာပြန်ဆိုရင်တော့ လူအစားစက်ကို အစားထိုးလုပ်စေတယ်လို့ ဘာသာပြန်နိုင်ပါတယ်။ ဒီ Social Media ပိုင်းမှာတော့ Automate ပြုလုပ်တယ်ဆိုတာ Social Media တွေကို အလုပ်လုပ်စေတာကို ဆိုလိုတာဖြစ်ပါတယ်။)

အကယ်၍ ၂ဝ၁၇ ခုနှစ် အတွင်းမှာ မိမိကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတစ်ခုအတွက် Social Media မှာ Centent တွေကို Automate ပြုလုပ်တော့မယ်ဆိုရင် ကိုယ်က ဘာကို ပစ်မှတ်ထားချင်တာလဲဆိုတာကတော့ အသေအချာ ရှင်းရှင်းလင်းလင်း သိ ထားရမှာဖြစ်ပါတယ်။ ဒီလို Social Media Automation မှာမှ မဟုတ်ပါဘူး။ (Marketing Strategy တိုင်းဟာ ရည်ရွယ်ချက် ရှင်းလင်းရမယ်ဆိုတာတော့ အသေအချာဖြစ်ပါတယ်။)

ရည်ရွယ်ချက် ရှင်းလင်းစွာ သိထားပြီးတဲ့နောက်မှာ ဒေတာတွေကို စုဆောင်းရမှာဖြစ်ပါတယ်။ မိမိရဲ့ Tools တွေကိုသုံးပြီး ဒေတာတွေကို Analyse ပြုလုပ်ပြီးရင် ကိုယ်လိုချင်တဲ့ ရလဒ်တွေရလာဖို့အတွက် Social Media ပေါ်မှာ content တွေကို automate ပြုလုပ်လိုက်ရမှာ ဖြစ်ပါတယ်။

Automation ပြုလုပ်ဖို့ လုပ်ငန်းစဉ်အတွက် အရှင်းလင်းဆုံးကတော့ Automation  Software တွေကို အရန်သင့်အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ အဲဒါတွေကတော့ Hootsuite, Buffer, Sprout Social, Hub Spot, Social Oomph နဲ့ Social Flow စတာတွေ ဖြစ်ပါတယ်။ အဲဒီဆော့ဖ်ဝဲကုမ္ပဏီတွေကလည်း အပြိုင်အဆိုင် ကြော်ငြာမှုရှိပေမယ့် အသုံးဝင်မှုကလည်း ထိရောက်လှတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေအတွက် သုံးသင့်တဲ့ Automation ဆော့ဖ်ဝဲတွေလို့ Social Media ကျွမ်းကျင်သူတွေကတော့ တိုက်တွန်းပါတယ်။

အဲဒီလို အချက် (၃) ချက်နဲ့ Social Media Marketing အနာဂတ်ကို ဟောကိန်းထုတ်ပြီးတဲ့အခါမှာ စာရေးသူဟာ ၂ဝ၁၇ ခုနှစ်အတွက် စီးပွားရေးလုပ်ငန်းလမ်းညွှန် အနည်းငယ်ကိုလည်း ရေးသားပေး ထားပါတယ်။

၂ဝ၁၇ ခုနှစ်အတွက် စီးပွားရေးလုပ်ငန်းတွေကို ချဲ့ထွင်ဖို့ Digital Marketing လမ်းညွှန်

၂ဝ၁၄ ခုနှစ်နဲ့ ၂ဝ၁၅ ခုနှစ် ကိုယှဉ်ရင် ၂ဝ၁၅ ခုနှစ်မှာ စီးပွားရေးလုပ်ငန်းတွေဟာ Digital Marketing ဘက်ကို ၇၁ ရာခိုင်နှုန်း ပိုမိုရောက်လာတာကို တွေ့ရပေမယ့် Marketing နည်းဗျူဟာကို စနစ်တကျချမှတ်ပြီး သေသေချာချာ လုပ်ဆောင်နိုင်တဲ့ ကုမ္ပဏီအရေအတွက်ကတော့ ၁၂ ရာခိုင်နှုန်းသာ ရှိတယ်လို့ဆိုပါတယ်။

မှန်ကန်တဲ့ Digital Marketing လမ်းကြောင်းပေါ်ကို ရောက်ရှိဖို့အတွက် စာရေးသူအနေနဲ့ လမ်းညွှန်အတိုလေးတွေကို အောက်ပါ မေးခွန်းများအနေနဲ့ ဖော်ပြထားပါတယ်။

 

(၁) Digital Marketing ဆိုတာ ဘာလဲ။ အွန်လိုင်းမှာ အောင်မြင်ဖို့အတွက် Digital Marketing က ဘာကြောင့် အရေးပါတာလဲ။

 

(၂) SEO လို့ အတိုကောက် ခေါ်ကြတဲ့ Search Engine Optimisation ကို ဝက်ဘ်ဆိုက်တွေကို online ရော offline ရော ဘယ်လိုအသုံးပြုမလဲ။

 

(၃) Free Tool (အခမဲ့အသုံးပြုနိုင်တဲ့ tool) တွေကို မိမိစီးပွားရေးအတွက် အသုံးပြုမယ်ဆိုရင် SEO အတွက် Key Word ကို ဘယ်လို မှန်မှန်ကန်ကန် ရှာဖွေမလဲ။

 

(၄) Content Marketing တွေကိုကော ပြုလုပ်ပြီးပြီလား။

 

(၅) မိမိရဲ့ ကုန်ပစ္စည်းကြော်ငြာအတွက် ဆောင်းပါးဖြစ်ဖြစ်၊ စာတစ်ခုဖြစ်ဖြစ် ရေးတဲ့အခါ Story ကို ဘယ်လိုပြောပြမလဲ။

 

(၆) အွန်လိုင်းပေါ်က ရှိနေတဲ့ ၆၇ ရာခိုင်နှုန်းသော Customer တွေက ကိုယ့်ဆီက ဘာတွေများ လိုချင်တာလဲဆိုတာကို မှန်းဆကြည့်ပါ။ သူတို့ရဲ့ လက်တလော Trend တွေကိုလည်း မပြတ်သိရှိနေစေဖို့ အရေးကြီးပါတယ်။

 

(၇) နည်းပညာကမ္ဘာမှာ အကောင်းဆုံးသော အရောင်းဈေးကွက်က Social Media  Marketing သာ ဖြစ်ပါတယ်။

 

(၈) မိမိလုပ်ငန်းအတွက် Social Media ဆောင်ရွက်ချက်တွေကို ဘယ်လို တိုင်းတာမလဲ။

 

(၉) မိမိစီးပွားရေးလုပ်ငန်းအတွက် အသုံးပြုဖို့ Platform, tools နဲ့ နည်းဗျူဟာတွေကို အမြဲမပြတ်လေ့လာ သုံးသပ်နေပါ။

 

(၁ဝ) PPC ဆိုတဲ့ Pay Per Click မော်ဒယ်ကိုလည်း သိထားဖို့လိုပါတယ်။ မိမိဝက်ဘ်ဆိုက်ကို လူဝင်ကြည့်တာ များတာနဲ့အမျှ၊ မိမိကြော်ငြာကိုက လစ်နှိပ်တာနဲ့အမျှ ဝင်ငွေရနေစေမယ့် နည်းလမ်းလည်းဖြစ်ပါတယ်။

 

(၁၁) Affiliate Marketing နည်းဗျူဟာတွေကို အသုံးပြုနိုင်ဖို့အတွက်လည်း လေ့လာထားဖို့ လိုပါတယ်။

 

(၁၂) နောက်တစ်ခုက Email Marketing ဖြစ်ပါတယ်။ Email Marketing နည်းဗျူဟာကိုလည်း လေ့လာတတ်ကျွမ်းထားဖို့ လိုအပ်ပါတယ်။

 

(၁၃) အခြေခံ ဝက်ဘ်ဆိုက် စာမျက်နှာတွေလို့ ဆိုနိုင်တဲ့ Website ရဲ့ Homepage တွေကို Landing Page လို့ ခေါ်ပါတယ်။ အဲဒီ Landing Page တွေကတစ်ဆင့် မိမိလိုချင်တဲ့ လင့်ဆီရောက်သွားဖို့ နည်းစနစ်ကိုလည်း လေ့လာသင့်ပါတယ်။

 

(၁၄) ၂ဝ၁၇ ခုနှစ်မှာ Digital Marketing အစီအမံတွေကို ဘယ်လိုစီစဉ်  ချမှတ်ဆောင်ရွယ်မယ်ဆိုတာကို ကြိုတင်ချမှတ်ထားသင့်ပါတယ်။ အဲဒါနဲ့ ပတ်သက်တဲ့ အကြံဥာဏ်ကိုလည်း လိုအပ်ရင် တောင်းယူနိုင်ပါတယ်လို့ စာရေးသူက ဆိုထားပါတယ်။

 

ကလျာအိအိလွင်

http://www.business 2community.com/ social-media/future-social0media-predictions-2017  ကို ဘာသာပြန်ဆိုပါသည်။

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.