23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
Social Media ပေါ်က စီးပွားရေးလုပ်ငန်းများအတွက် 2017 ဟောကိန်း - ၁

Social Media ဆိုတာ ဘာလဲဆိုတာကို အထွေအထူးပြောပြနေစရာ မလိုတော့တဲ့ ဒီလို Social Media ခေတ်ကြီးထဲမှာ Social Media ဟာ ဘာလဲဆိုတာထက် Social Media ရဲ့ အနာဂတ်ဟောကိန်း တွေကို ပိုမိုသိသင့်တဲ့အချိန် ရောက်လာပါပြီ။

အခုဆိုရင် Social Media အသုံးပြုသူစုစုပေါင်း Active Users ၂ ဒသမ ၃ ဘီလျံရှိနေပါတယ်။ ဒီလို Social Media ခေတ်ကြီးမှာ စီးပွားရေးလုပ်ငန်းတွေကပါ Social Media ပေါ်ကို ရောက်အောင်လာကြပြီး Social Media ကို စီးပွားရေးလုပ်ငန်း ၉၁ ရာခိုင်နှုန်းကျော်က အသုံးပြုနေ ပါပြီ။ အဲဒီစီးပွားရေးလုပ်ငန်းတွေ အနေနဲ့ Social Media ကို ပုံစံမျိုးစုံအသုံးပြုရာမှာ လုပ်ငန်းတစ်ခုကို တစ်ခုထက်မနည်း အသုံးပြုနေကြတာလည်း ဖြစ်ပါတယ်။

အခု ဆောင်းပါးကို ၂ဝ၁၇ နှစ်စပိုင်းမှာ ရေးသားထားတာဖြစ်ပါတယ်။ အခုဆို ၂ဝ၁၇ နှစ်လယ်ပိုင်းကို ကျော်လွန်လာခဲ့ပြီဖြစ်လို့ Social Media ပရိသတ်တွေအနေနဲ့ လက်ရှိအနေအထားနဲ့ အဲဒီဟောကိန်း တွေကို နှိုင်းယှဉ်ကြည့်နိုင်အောင် ရေး သားလိုခြင်း ဖြစ်ပါတယ်။

၂ဝ၁၇ ခုနှစ် Social Media ရေစီးကြောင်းတွေအကြောင်းကို ဟောကိန်းထုတ်မှုတွေဟာ ၂ဝ၁၆ နှစ် ကုန်ပိုင်းနဲ့ ၂ဝ၁၇ အစောပိုင်းတွေမှာ အများအပြားထွက်ရှိလာခဲ့ပါတယ်။ အခုဆောင်းပါးကို ရေးသားသူကတော့ အဲဒီဟောကိန်း အများအပြားထဲက အနှစ်ချုပ်ပြီး သုံးချက်ကို ထုတ် နုတ်ခဲ့ပါတယ်။

 

(၁) ဒေတာ

ဒေတာလို့ဆိုရမယ့် Content တွေက Social Media မှာ ဘုရင်ပါပဲ။ Social Media မှာ ဘာတွေပါလဲ၊ ဘယ်လိုဒေတာတွေ အများဆုံးရနိုင်မလဲဆိုတာက အဓိက စိတ်ဝင်စားရာ ဖြစ်နေတဲ့ခေတ်မှာ စီးပွားရေးလုပ်ငန်းတွေအတွက် Marketing plan ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒေတာ ကောက်ယူမှုအကြောင်းကို ဆောင်းပါးရေးသူက ဖော်ပြထားပါတယ်။ Social Media ပေါ်မှာ Marketing Plan တစ်စိတ်တစ်ပိုင်း ချမှတ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သေး သေးကြီးကြီး မှတ်သားထားနိုင်မယ့် အချက်လို့ဆိုထားပါတယ်။

တစ်ယောက်ယောက်ကတော့ ဆက်သွယ်လာမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ Social Media ပေါ်မှာ တင် နေရုံနဲ့ မလုံလောက်တော့ပါဘူး။ Social Media အသုံးပြုသူ အရေအတွက်ဟာ မနှစ်က ၁၇၆ သန်း ကျော် ပိုမိုများပြားလာပါတယ်။ အဓိပ္ပာယ်ကတော့ မိမိပစ်မှတ်ထားတဲ့ ပရိသတ်က ယခင်ကထက် ပိုမို များပြားလာပြီ ဆိုတဲ့အချက်ပါပဲ။

မိမိလုပ်ငန်းကို လူတွေယုံကြည်လာစေဖို့ တစ်နည်းအားဖြင့် မိမိရောင်းမယ့်ကုန်ပစ္စည်းကို လူတွေဝယ် ယူလာစေဖို့အတွက် လိုအပ်တဲ့ ဒေတာတွေကို စုဆောင်းနိုင်၊ လေ့လာသုံးသပ်နိုင်မှ တော်ကာကျပါတော့မယ်။ TrackMaven Marketing ဆိုင်ရာ ဆော့ဖ်ဝဲတွေထုတ် လုပ်ရောင်းချတဲ့ အမေရိက ကုမ္ပဏီတစ်ခုက မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ Social Media ပေါ်က Post ပေါင်း ၅၁ သန်းကျော်ကို လေ့လာသုံးသပ်ခဲ့ရာမှာ လုပ်ငန်းအမျိုးအစားပေါင်း ၁၃ဝ ကျော်ရဲ့ အမျိုး မျိုးသော စီးပွားရေးကုမ္ပဏီပေါင်း ၄ဝဝဝဝ ကနေ တင်ထားတဲ့ ပို့စ်ပေါင်း ၅၁ သန်းကို လေ့လာသုံးသပ်ခဲ့ပါတယ်။ အဲဒီလေ့လာမှုမှာ တွေ့ရှိရတာကတော့ Instragram  က Follower ပေါင်း ၁ဝဝဝ ပြည့်တိုင်း အပြန်အလှန်ဆက်သွယ်မှုတစ်ခု ဖြစ်တယ်ဆိုတဲ့ ကဏ္ဍအတွက် ရှေ့ကနေ ဦးဆောင်နေပါတယ်။

ဒါကြောင့်မို့ မိမိလုပ်ငန်းအတွက် Social Media ကို သုံးမယ်ဆိုရင် သုတေသနပြုလုပ်ဖို့၊ လေ့လာသုံးသပ်ဖို့က အရေးကြီးဆုံးလို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါမှသာ မိမိအသုံးပြုတဲ့ Social Media ဟာ မှန်ကန်ရဲ့လား၊ လိုချင်တဲ့ပစ်မှတ်ကိုရဖို့အတွက် မှန်ကန်တဲ့ Platform ဖြစ်ရဲ့လားဆိုတာ သိလာနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို ကိုယ့်ပရိသတ်ဆီ အမှန်တကယ် ရောက်မှာလားဆိုတဲ့အချက်က ၂ဝ၁၇ အတွက် Social Media Marketing ဗျူဟာမှာ အရေးပါလာမယ့် အချက်ပါပဲ။

 

(၂) အသုံးပြုရမယ့် Tools များ

အထက်မှာ ဖော်ပြခဲ့သလိုပဲ အနာဂတ် Social Media ကဏ္ဍမှာ ဒေတာဟာ ဘယ်လိုအရေးပါလာ မယ်ဆိုတာက ပထမ ဟောကိန်းပါ ပဲ။

အဲဒီလို အရေးကြီးတဲ့ ဒေတာတွေကို စုဆောင်းသိရှိနိုင်ဖို့နဲ့ ဒေတာတွေကို မိမိအသုံးချနိုင်မယ့် အသုံးဝင်တဲ့ဒေတာအဖြစ် ပြောင်းလဲနိုင်ဖို့အတွက် စီးပွားရေးလုပ်ငန်းတွေ၊ ကုမ္ပဏီတွေအနေနဲ့ ၂ဝ၁၇ ခုနှစ် တစ်နှစ်လုံးမှာ Social Media Tools တွေကို ပိုပိုပြီး သိရှိလာရမှာဖြစ်ပါတယ်။ အဲဒီ Tools တွေဟာ တစ်ခုချင်းစီမှာ ထူးခြားတဲ့ အသုံးဝင်မှုတွေ ရှိနေတတ်တယ်ဆိုတာကလည်း အရေးကြီးတဲ့ အချက်ပါ။

၂ဝ၁၆ ခုနှစ် တစ်ခုလုံးမှာ စာရေးသူအနေနဲ့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ထုတ်လုပ်ထားတဲ့ Tools ပေါင်း ၁ဝဝ ခန့်ကို ကြိုးစားစမ်းသပ်ခဲ့ပါတယ်။ မိမိရဲ့စီးပွားရေးလုပ်ငန်း အမျိုးအစားက သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ အဲဒီလုပ်ငန်းတွေ အနေနဲ့ ဒီလောက် Tools ရာကျော်ကိုတော့ လိုက်လေ့လာနေဖို့ အချိန်ရှိမှာ မဟုတ်ပါဘူး။ အဲဒီသဘောကို Tools တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ သဘောပေါက်နားလည်ထားပြီး ပူးပေါင်းဆောင်ရွက်ဖို့  ရည်ရွယ်ချက်နဲ့ ဆားဗစ်ကို တစ်ခုထက်ပိုပေးလာ နိုင်ဖို့ ကြိုးပမ်းလာကြပါတယ်။

ဥပမာပေးရမယ်ဆိုရင်တော့ Lindedin ဟာ Lynda.com ကို ဝယ်ယူလိုက်ပါတယ်။ ဒါဟာ တခြားနည်းပညာ ကုမ္ပဏီတွေက နောက်ထပ်နည်းပညာကုမ္ပဏီတစ်ခုကို ဝယ် ယူလိုက်သလိုဖြစ်ရပ်မျိုးပဲလို့ မြင်စရာရှိပေမယ့် မဟုတ်ပါဘူး။ Lindedin ဟာ Lynda.com ပေါ်က Trainings တွေအကြောင်းကို သေချာအသုံးချခဲ့ပြီး Lindedin ထဲမှာပဲ Lindedin Learning ဆိုပြီး ဖန်တီးလိုက်ပါတယ်။ Lindedin Learning ကြောင့် Lindedin အသုံးပြုသူများဟာ တစ်ကမ္ဘာလုံးက Professional network နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့သာမကပဲ လုပ်ငန်းအတွက် မိမိလိုအပ်တဲ့ အ ရည်အသွေးတွေ၊ ကျွမ်းကျင်မှုတွေကို မြှင့်တင်နိုင်ဖို့အတွက်ပါ အကျိုးအမြတ်ရရှိလာခဲ့ပါတယ်။

နောက်ထပ် Tools တစ်ခုကတော့ အော်တိုမက်တစ်ကိရိယာတွေ၊ ခေတ်မီနည်းပညာတွေကို အသုံးပြုတဲ့ Automation စနစ် ဖြစ်ပါတယ်။ အထက်မှာဖော်ပြခဲ့သလိုပဲ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ အချိန်က အများကြီးမရတော့ပါဘူး။ ဒါကြောင့်ပဲ ကိုယ်ချိန်ရွယ်တဲ့ ပရိသတ်နဲ့ အမြဲတမ်းဆက်လက် ချိတ်ဆက်နေနိုင်ဖို့နဲ့ ကိုယ့်သတင်းတွေ သူတို့ဆီ အမြဲရောက်နေစေဖို့ နည်းလမ်းတွေကို ရှာဖွေရတော့မှာဖြစ်ပါတယ်။

 

ကလျာအိအိလွင်

(ဆက်လက်ဖော်ပြပါမည်)

http:www.business community. Com/social-media/future-social-media-predictions-2017

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.