16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
ဒစ်ဂျစ်တယ် ကမ္ဘာက လူထုချိတ်ဆက်မှုတွေ အကြောင်း - ၎

-      ၂ဝဝ၈ ခုနှစ်မှာပဲ လူမှုကွန်ရက် အသုံးပြုသူများရဲ့ ၁၂ ရာခိုင်နှုန်း (အရွယ်ရောက်သူများရဲ့ ၃ ရာခိုင်နှုန်းကို ကိုယ်စားပြုတဲ့ပမာဏ) ဟာ လူမှု ကွန်ရက်ဝက်ဘ်ဆိုက်တွေပေါ်မှာ နိုင်ငံရေးနယ်ပယ်က အမတ်လောင်း တွေနဲ့ မိတ်ဆွေဖြစ်ထားတယ်လို့ ဆိုပါတယ်။ ၂ဝ၁၂ ခုနှစ်မှာ လူမှုကွန်ရက် အသုံးပြုသူများရဲ့ ၂ဝ ရာခိုင်နှုန်းက နိုင်ငံရေးအမတ်လောင်း ဒါမှမဟုတ် နိုင်ငံရေးနယ်ပယ်က နာမည်ကျော် ပုဂ္ဂိုလ်တွေနဲ့ မိတ်ဆွေဖြစ်ထားတယ်၊ Follow ပြုလုပ်ထားတယ်လို့ ဆိုကြပါတယ်။

 

-      ၂ဝဝ၈ ခုနှစ်မှာ အရွယ်ရောက်သူ တွေရဲ့ ၃ ရာခိုင်နှုန်းကို ကိုယ်စားပြုတဲ့ လူမှုကွန်ရက်အသုံးပြုသူ ၁၃ ရာ ခိုင်နှုန်းဟာ လူမှုကွန်ရက် Group တွေမှာ စတင်ပါဝင်လာပြီး နိုင်ငံရေး၊ လူမှုရေးတွေမှာ ပါဝင်လာကြတယ်လို့ ဖြေကြားပါတယ်။ ၂ဝ၁၂ ခုနှစ် ရောက်တဲ့အခါမှာတော့ အဲဒီလို ပါဝင် လာတဲ့အရေအတွက်က ၂၁ ရာခိုင် နှုန်း (အရွယ်ရောက်သူများရဲ့ ၁၂ ရာခိုင်နှုန်း) ကို တိုးတက်လာတာကိုတွေ့ရတော့ တိုးတက်မှုနှုန်းဟာ မြန်ဆန်လှတယ်လို့ လည်း သုံးသပ်နိုင်ပါတယ်။

 

လူမှုကွန်ရက်တွေရဲ့ အကျိုးဆက်များ

သုတေသနအဖွဲ့အနေနဲ့ လူမှုကွန်ရက်တွေရဲ့ အကျိုးဆက်တွေကိုလည်း လူမှုကွန်ရက်သုံးသူတွေကို တိုက်ရိုက်မေးမြန်းခဲ့ပါတယ်။ အဓိကထားတာကတော့ နိုင်ငံရေးနယ်ပယ် ဖြစ်ပါတယ်။ အဲဒီလိုမေးမြန်းရာမှာ တွေ့ရတဲ့အချက်တွေကတော့-

 

-      လူမှုကွန်ရက် အသုံးပြုသူတွေရဲ့ ၄၃ ရာခိုင်နှုန်းရဲ့ အဖြေအရ လူမှုကွန် ရက်ဆိုက်တွေပေါ်မှာ သူတို့ဖတ်ရတဲ့ အကြောင်းအရာတွေကြောင့်နိုင်ငံရေးနဲ့ လူမှုရေးအကြောင်းအရာတွေ အကြောင်းကို ပိုမိုသိမြင်လာရတယ်လို့ သိရပါတယ်။

 

-      ၁၈ ရာခိုင်နှုန်းကတော့ အဲဒီလို ဖတ်ခဲ့သိခဲ့ရခြင်းကြောင့် ပြင်ပက နိုင်ငံရေး၊ လူမှုရေးလှုပ်ရှားမှုတွေမှာပါ ကိုယ်တိုင်ကိုယ်ကျပါဝင်လာဖို့ ဆုံးဖြတ်ဖြစ်သွားတယ် လို့ ဆိုပါတယ်။

လူမှုကွန်ရက် ဝက်ဘ်ဆိုက်တွေပေါ်က နိုင်ငံရေးအရ တက်ကြွသူတွေရဲ့ ပြင်ပလှုပ်ရှားမှုတွေဟာ နိုင်ငံရေးသာမက လူမှုရေးရာတွေမှာပါ တက်ကြွလုပ်ဆောင်လေ့ရှိတာကိုတွေ့ရပြီး အခြားသော လူထုလှုပ်ရှား မှုတွေမှာလည်း အမြဲမဟုတ်ပေမယ့် ရံဖန်ရံခါ ပါဝင်တတ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် နိုင်ငံရေးနဲ့ လူထု လှုပ်ရှားမှု ဆိုင်ရာတွေအပေါ်မှာ အင်တာနက်ရဲ့ သက်ရောက်မှုတွေ အကြောင်း ဆွေးနွေးတဲ့အခါမှာ လူမှုကွန်ရက်တွေပေါ်က နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့လူတွေဟာ လူမှုကွန်ရက် ပြင်ပလောကထဲက နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်လုပ် ဆောင်နေတဲ့သူတွေနဲ့ တော်တော်လေးကွာခြားတာကိုလည်း တွေ့ရပါ တယ်။ ဒါကတော့ သူတို့ အမေရိကန်ပြည်ထောင်စုက လူထုရဲ့ ပုံစံဖြစ်နိုင်ပါတယ်။ တွေ့ရှိချက်ထဲမှာ ဖော်ပြထားတာက အမေရိကန်ပြည်သူလူထုအနေနဲ့ နိုင်ငံရေးအရ လှုပ်ရှားမှုတွေက Online. Offline နဲ့ Social Networking နေရာတွေမှာ ဗဟိုပြုတယ် လို့ ဆိုပါတယ်။ Social Networking နေရာတွေဆိုရာမှာလည်း Facebook နဲ့ Twitter တို့မှာသာ အများအပြား တွေ့ရတာဖြစ်ပါတယ်။

ပြည်သူလူထုရဲ့ အွန်လိုင်း platform က လတ်တလောကာလမှာကို ကျယ်ပြန့်လာပြီး လူထုပါဝင်မှုကလည်း များပြားလာတယ်ဆိုပေမယ့်လည်း အမေရိကန်တွေရဲ့ နေ့စဉ် နိုင်ငံရေးစကားဝိုင်းတွေ၊ နိုင်ငံရေးလုပ်ဆောင်မှုတွေဟာ offline မှာ ပိုမိုများပြားလျက် ရှိနေဆဲဖြစ်ပါတယ်။

နိုင်ငံရဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေ၊ နိုင်ငံရေးလုပ်ဆောင်ချက်တွေဟာ အွန်လိုင်းပလက်ဖောင်းကို ပိုမိုကျယ်ပြန့်ရောက်ရှိလာတယ်ဆိုပေမယ့်လည်း ယခင့်ယခင်က အသုံးပြုခဲ့တဲ့ နည်းလမ်းဟောင်းတွေ တစ်နည်းအားဖြင့် Offline နည်းနာတွေကတော့ ပိုမိုများပြားလျက် ရှိနေဆဲဖြစ်ပါတယ်။ အဲဒီလို များပြားမှုကို တိုင်း တာလိုက်ရင်တော့ အွန်လိုင်း ပလက်ဖောင်းတွေက လှုပ်ရှားမှုတွေထက် ပြင်ပက လှုပ်ရှားမှုတွေက သုံးဆပိုမိုများပြားတာကို တွေ့ရပါတယ်။ နည်းပညာကို ပိုမိုလိုက်စားတဲ့ အသက်အရွယ်တွေဖြစ်တဲ့ လူငယ်ပိုင်းတွေ၊ ဘွဲ့ရတွေ၊ ဝင်ငွေမြင့်မားသူတွေအနေနဲ့ Online Channel တွေကို အသုံးပြုမှုများပြားတယ်ဆိုပေမယ့်လည်း Offline လုပ်ဆောင်မှုတွေကိုတော့ မမီသေးဘူးဆိုတဲ့သဘော ဖြစ်ပါတယ်။

ဒါကြောင့်လည်း နိုင်ငံရေး ကမ်ပိန်းများစွာဟာ Offline မှာ ပိုမိုဖြစ်ပွားခြင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်ကကြည့်ရင်တော့ အဲဒီလို Offline လှုပ်ရှားမှုတွေအတွက် Online လှုပ်ရှားမှုတွေက တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်တယ်ဆိုတာကိုလည်း တွေ့ရပါတယ်။ နောက်တစ်ချက်က Offline လှုပ်ရှားမှုတွေအတွက် Online ကနေ ထောက်ပံ့လှူဒါန်းမှုတွေကလည်း ပိုမို များပြားကျယ်ပြန့်လာပါတယ်။ ၂၃ ရာခိုင်နှုန်းသော နိုင်ငံရေးနဲ့ဆက်စပ်တဲ့ အလှူရှင်တွေဟာ အွန်လိုင်းကနေတစ်ဆင့် လှူဒါန်းကြပြီး ၆ဝ ရာခိုင်နှုန်းကတော့ Offline နည်းလမ်း (လူ ကိုယ်တိုင်၊ ဖုန်းနဲ့၊ စာပို့စနစ်) တွေနဲ့ လှူဒါန်းကြပါတယ်။

Online လှုပ်ရှားမှုတွေဟာ ပြည်သူလူထုရဲ့ ချိတ်ဆက်လှုပ်ရှားမှုဖြစ်စဉ်တွေမှာ ဒုတိယအခန်း ကဏ္ဍကသာ ပါဝင်နေပေမယ့် အီးမေးလ် အသုံးပြုမှုကတော့ မြင့်မား တာကို တွေ့ရပါတယ်။ နိုင်ငံရေးဆွေးနွေးမှုတွေ၊ စုစည်းမှုတွေ အပါအဝင် အလှူငွေလှူဒါန်းမှုတွေမှာပါ အီးမေးလ်က ပိုမိုအရေးပါတဲ့ကဏ္ဍ ကနေရပ်တည်နေပါတယ်။ သူတို့ရဲ့လူမှုဘဝမှာ အီးမေးလ်ကလည်း အရေးပါတဲ့နေရာမှာ ရှိနေတယ်ဆို တာကို တွေ့ရပါတယ်။

 

ယခုလေ့လာမှုအကြောင်း

ဒီလေ့လာမှုဟာ အမေရိကန်ပြည်ထောင်စုပြည်သူတွေရဲ့ အင်တာ နက်အသုံးပြုမှုအပေါ် လေ့လာသုံးသပ်ထားခြင်းဖြစ်ပါတယ်။ အင်တာဗျူးတွေကို ဖုန်းဆက်မေးမြန်း ပြု လုပ်တာဖြစ်ပြီး ဖြေဆိုသူပေါင်း ၂၂ဝဝ ကျော်၊ အသက်အရွယ် ၁၈ နှစ်ကနေအထက် အသက်အပိုင်း အခြားတွေကို မေးမြန်းခဲ့ခြင်း ဖြစ်ပါ တယ်။ ဖုန်းဆက်ရာမှာ ကြိုးဖုန်းနဲ့ လက်ကိုင်ဖုန်းနှစ်မျိုးစလုံးကို အသုံးပြုခဲ့ပြီး အင်္ဂလိပ်ဘာသာ၊ စပိန်ဘာသာ တို့နဲ့ မေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။

 

'ကလျာအိအိလွင်

Ref: www.pewinternet.org

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.