16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
ဒစ်ဂျစ်တယ်ကမ္ဘာက လူထုချိတ်ဆက်မှုတွေအကြောင်း-၃

တခြားတစ်ဖက်က ကြည့်မယ်ဆိုရင်တော့ Facebook နဲ့ Twitter တို့လို Social Networking ဆိုက် တွေကိုအသုံးပြုတဲ့ အမေရိကန် အရွယ်ရောက်ပြည်သူ ၆ဝ ရာခိုင်နှုန်းဟာ အဆိုပါလူမှုကွန်ရက်တွေပေါ်က နိုင်ငံရေးပါဝင် လှုပ်ရှားမှုအပိုင်းမှာ ဝင်ငွေကွာခြားမှုက အဓိကမကျဘဲ ဝင်ငွေနည်းတဲ့လူထုနဲ့ ဝင်ငွေများတဲ့ လူထုကြားမှာ ညီမျှစွာလှုပ်ရှားကြတာကို တွေ့ရပါတယ်။

အခြားသော လူမှုကွန်ရက် ဝက်ဘ်ဆိုက်အသုံးပြုသူအားလုံးကို သုတေသနပြုလုပ်တဲ့ အခါမှာလည်း နိုင်ငံရေးပါဝင် လှုပ်ရှားမှုတွေဟာ တစ်နှစ်ဝင်ငွေ USD တစ်သောင်းအောက်ရရှိတဲ့ အိမ်ထောင်စုဝင်တွေနဲ့ တစ်နှစ်ဝင်ငွေ USD တစ်သိန်းခွဲ အထက်ရရှိတဲ့ အိမ်ထောင်စုတွေ နှိုင်းယှဉ်တဲ့အခါမှာလည်း ကွာခြားမှုမရှိဘဲ နိုင်ငံရေးလှုပ်ရှားပါဝင်မှုတွေမှာ အတူတူဖြစ်နေတာကိုတွေ့ရပါ တယ်။

ဝင်ငွေမြင့်မားတဲ့ ပြည်သူလူထုကတော့ လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေကို ပထမဦးစားပေးနေရာကနေ အသုံးပြုတတ်တဲ့ သဘောကိုတွေ့ရတတ်ပေမယ့် လူမှုကွန်ရက်သုံးသူ တိုင်းကိုမဟုတ်ဘဲ အရွယ်ရောက်သူ တိုင်းအပေါ် တိုင်းတာတဲ့ အခြေခံတိုင်းတာမှုမှာတော့ ဝင်ငွေနဲ့ဆက်စပ်တဲ့ ကွာခြားမှုတွေကို မြင်တွေ့ရပါတယ်။

ဒါပေမယ့်လည်း ဝင်ငွေ အနည်းဆုံးနဲ့ အများဆုံးသော အုပ်စုတွေထဲက အားလုံးသော အရွယ်ရောက် လူထုအပေါ်မှာ သုတေသနပြုလုပ်မှုအရ သိရတာကတော့ အခြားသောနိုင်ငံရေးလှုပ်ရှားမှု၊ ချိတ်ဆက်မှု၊ ဆောင်ရွက်မှု နည်းလမ်းများထက် လူမှုကွန် ရက်တွေပေါ်က လှုပ်ရှားမှု၊ ဆောင်ရွက်မှု၊ ချိတ်ဆက်မှုတွေမှာ ကွာခြားချက် နည်းပါးတယ်ဆိုတာပဲဖြစ်ပါတယ်။ ဆိုလိုတာကတော့ Offline လှုပ်ရှားမှုတွေမှာသာ မတူညီတာရှိမယ်၊ Online လှုပ်ရှားမှုအပိုင်းမှာတော့ ကွာခြားချက်နည်းပါးတယ်ဆိုတာပါပဲ။ ဒါကတော့ Social Networking Trend ကျယ်ပြန့်လာခြင်းရဲ့ နောက်ဆက်တွဲ ရလဒ်တစ်ခုပဲဖြစ်ပါတယ်။

အဲဒီလို ဝင်ငွေနဲ့စပ်ဆိုင်တဲ့ ကွာခြားမှုက သိပ်မရှိလှဘူးဆိုပေမယ့် လူမှုကွန်ရက်တွေပေါ်မှာ နိုင်ငံရေး အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုလှုပ်ရှားနေသူတွေကို ကြည့်မယ်ဆိုရင် အထက်တန်းကျောင်း အဆင့်ထက် ကောလိပ်ကျောင်းအဆင့် ပညာရေးတက်ရောက်ခဲ့သူတွေက ပိုမိုများပြားတယ်လို့ ဆိုပါတယ်။

အဲဒီအချက်နှစ်ခုကို ကြည့်ခြင်းအားဖြင့် ဝင်ငွေအနည်းအများ ကွာခြားမှုထက် ပညာရေးအဆင့် အတန်းကွာခြားမှုတွေက လူမှုကွန်ရက်တွေပေါ်ကတစ်ဆင့် ပြည်သူလူထုရဲ့ နိုင်ငံရေးတွေးခေါ်လှုပ်ရှားမှု တွေမှာ ပိုမိုသက်ရောက်မှုရှိတယ်ဆိုတာကို တွေ့နိုင်ပါတယ်။

ငယ်ရွယ်တဲ့ အရွယ်ရောက် ပြည်သူလူထုတွေဟာ အသက်အရွယ်ပိုကြီးရင့်တဲ့ ပြည်သူလူထုထက်ကို နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပိုမိုချိတ်ဆက်တက်ကြွပါဝင်ကြတာကို တွေ့ရပါတယ်။ ဒါ့အပြင် လူမှုကွန်ရက် ဝက်ဘ်ဆိုက်တွေ အပေါ်မှာလည်း ပိုမိုတက်ကြွကြတာကို တွေ့ရပါတယ်။

လူမှုကွန်ရက် ဝက်ဆိုက်တွေပေါ်က အငယ်ဆုံးအသက်အရွယ်အုပ်စုက လူငယ်တွေကြားမှာ လူမှု ကွန်ရက်တွေပေါ်က နိုင်ငံရေးချိတ်ဆက်မှုတွေက ပုံစံချင်းဘုံတူညီနေတတ်တာကို တွေ့ရပါတယ်။ ဒီ သုတေသနကို ပြုလုပ်ခဲ့တဲ့ ၁၂ လ အချိန်ကာလအတွင်းမှာ အသက် ၁၈ နှစ်ကနေ ၂၄ နှစ်ရှိတဲ့ အရွယ်ရောက် အုပ်စုရဲ့ ၆၇ ရာခိုင်နှုန်းဟာ လူမှုကွန်ရက်တစ်ခုခုနဲ့ပတ်သက်ပြီး (လူမှုကွန်ရက်တစ်ခုခုပေါ်မှာ) နိုင်ငံရေး လှုပ်ရှားမှုတစ်ခုခုကို ပြုလုပ်ခဲ့သူတွေ ဖြစ်တယ်ဆိုတာတွေ့ရပါတယ်။

အဲဒီထက် အသက်အရွယ်ကြီးသူ အုပ်စုတွေကတော့ လူမှုကွန်ရက် ဝက်ဘ်ဆိုက်တွေမှာ အနည်းအကျဉ်း ဆိုတာထက် ပိုမိုတက်ကြွစွာ သုံးတတ်ကြပေမယ့် လူမှုကွန်ရက်တွေကို ပထမနေရာမှာ ဦးစားပေးသုံးကြတဲ့ အဆင့်တော့ မဟုတ်ကြပါဘူး။

တကယ်တမ်းမှာတော့ အသက်အငယ်ဆုံးပြည်သူလူထုအုပ်စုက နိုင်ငံရေးလှုပ်ရှားမှုတွေမှာ အခြား နည်းလမ်းတွေ၊ နေရာတွေထက်ကို လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေမှာ ပိုမိုချိတ်ဆက်မိနေတဲ့ သဘောလည်းရှိ ပါတယ်။ အသက် ၁၈ နှစ်ကနေ ၂၉ နှစ်အထိ အသက်အရွယ်အုပ်စုက လူထုအနေနဲ့ ဒီလေ့လာမှုမှာ တိုင်း တာမှုအဖြစ် ထည့်သွင်းထားတဲ့ လူမှု ကွန်ရက်ပေါ်က နိုင်ငံရေးအပြုအမူတွေ၊ ဆောင်ရွက်ချက်တွေ၊ လှုပ်ရှားမှု ၈ ခုအနက် ၃ ခုမှာ ပါဝင်လှုပ်ရှားကြတာကို တွေ့ရပါတယ်။ သူတို့ရဲ့ ပြင်ပအလုပ်အကိုင်တွေကလည်း ခုမှ စခါစတွေ ဖြစ်တတ်တာကြောင့် ဝင်ငွေကွာခြားမှုက သိပ်မသိသာတတ်တာကိုလည်း တစ်ဆက်တည်း တွေ့ရပါတယ်။

၂ဝဝ၈ ခုနှစ်က စတင်ပြီး လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေပေါ်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေ အဓိက တိုးပွားလာပါတယ်။ လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေပေါ်က စကားဝိုင်းတွေ၊ ဆွေးနွေးမှုတွေအနေနဲ့ နိုင်ငံ ရေးဆိုင်ရာကိစ္စရပ်တွေကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်သွားအောင် ဦးဆောင်ခေါ်ယူသွားနိုင်တာကိုလည်း တွေ့ရပါတယ်။

လတ်တလော နှစ်ကာလများအတွင်းမှာ လူမှုကွန်ရက်တွေပေါ်က နိုင်ငံရေးလှုပ်ရှားမှုပုံစံတွေ အနေနဲ့ အရေးပါအရာရောက်တဲ့ အခန်းကဏ္ဍဆီကို တဖြည်းဖြည်းရောက်ရှိ တိုးတက်လာခဲ့ပါတယ်။ လူမှုကွန်ရက်အသုံးပြုသူဦးရေဟာ ၂ဝဝ၈ ခုနှစ်မှာ အွန်လိုင်းလူဦးရေရဲ့ ၃၃ ရာခိုင်နှုန်းရှိရာကနေ ၂ဝ၁၂ ခုနှစ်မှာ အွန်လိုင်းလူဦးရေရဲ့ ၆၉ ရာခိုင်နှုန်းထိ တိုးပွားလာပါတယ်။ လူမှုကွန်ရက်ဝက်ဘ်ဆိုက် အသုံးပြု သူတွေ တိုးပွားလာတဲ့အလျောက်လည်း အဲဒီဝက်ဘ်ဆိုက်တွေပေါ်က နိုင်ငံရေး သို့မဟုတ် လူမှုရေးကိစ္စရပ် တွေကို တိုက်ရိုက် (သို့မဟုတ်) ဆက်စပ်ပြီး လုပ်ဆောင်နေတဲ့ လူမှုကွန် ရက် ဝက်ဘ်ဆိုက် အသုံးပြုသူအရေ အတွက်လည်း တိုးပွားနေပါတယ်။   ၂ဝဝ၈ ခုနှစ်က ပြုလုပ်ခဲ့တဲ့ အလားတူ မေးခွန်းတွေနဲ့ လေ့လာမှု မှာ ရရှိခဲ့တဲ့အဖြေတွေနဲ့ အခုရရှိတဲ့ အဖြေတွေကို နှိုင်းယှဉ်တဲ့အခါ တိုးပွားလာတဲ့ အဓိကအပိုင်းတွေကို အောက်ပါအတိုင်း တွေ့နိုင်ပါတယ်။

-         ၂ဝဝ၈ ခုနှစ်မှာ လူမှုကွန်ရက် အသုံးပြုသူများရဲ့ ၁၁ ရာခိုင်နှုန်းက အခြားသူတွေ ဖတ်ဖို့အတွက် နိုင်ငံ ရေးသတင်းတွေတင်ဖို့ လူမှုကွန်ရက်တွေကို အသုံးပြုတယ်လို့ ဆိုကြပါတယ်။ အဲဒီလို အသုံးပြုတဲ့လူတွေကိုကြည့်ရင် အရွယ်ရောက်သူများရဲ့ ၃ ရာခိုင်နှုန်းသာ ဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ်မှာတော့ လူမှုကွန်ရက်သုံးစွဲသူ များရဲ့ ၂ဝ ရာခိုင်နှုန်း (အရွယ်ရောက် သူများရဲ့ ၁၇ ရာခိုင်နှုန်းကို ကိုယ်စားပြုတဲ့ပမာဏ)ဟာ နိုင်ငံရေးသတင်းတွေ၊ ဆောင်းပါးတွေ၊ အကြောင်းအရာတွေကို တင်ကြတယ်လို့ ဖြေဆိုကြပါတယ်။ ၃၃ ရာခိုင်နှုန်း (အရွယ်ရောက်သူများရဲ့ ၁၉ ရာခိုင်နှုန်းကို ကိုယ်စားပြုတဲ့ပမာဏ) ကတော့ တခြားအမျိုးအစား နိုင်ငံရေးပို့စ်တွေ ကို တင်ကြတယ်လို့ ဆိုပါတယ်။

 

ကလျာအိအိလွင်

(ဆက်လက်ဖော်ပြပါမည်)

Ref: www.pewinternet.org

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.