19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
စိမ်းလန်းသော ကမ္ဘာမြေအတွက် Green ICT ဆိုင်ရာ အချက်အလက်များ - ၂ (ယခင်အပတ်မှအဆက်)

 

(၁၁) အလွန်အမင်းအသုံးပြုရတဲ့ ဆာဗာတွေ၊ အလယ်အလတ် လောက်အသုံးပြုတဲ့ ဆာဗာတွေ၊ နက်ဝေါ့ဆင်ဖို့အတွက် အသုံးပြုတဲ့ကိရိယာတွေနဲ့ ဒေတာသိုလှောင်ရေး ကိရိယာတွေဟာ ပါဝါအသုံးပြုမှု အမြင့်ဆုံးအဆင့် (၁၉၁ ရာခိုင်နှုန်း) ရှိနေကြပါတယ်။ အမြင့်ဆုံးအသုံးပြုမှုကတော့ EPA ရဲ့ စစ်တမ်းအရ ၃.၂ ဘီလျံ kWh ဖြစ်ပါတယ်။

 

(၁၂) ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့ပြင်က Uitikon မှာရှိတဲ့ မြေအောက် စစ်ကတုတ်ကျင်း ဟောင်းတစ်ခုကို ဒေတာသိုလှောင်ရေးစခန်းတစ်ခုအဖြစ်ကို ပြောင်းလဲစဉ်က GIB နဲ့ IBM ကုမ္ပဏီတို့ဟာ Datacenter နဲ့ အများသုံးရေကူးကန်တစ်ခုကြားမှာ တိုက်ရိုက်အပူကူးပြောင်းပေးခြင်း (Direct heat Exchange) ဆိုတဲ့ Function ကို ထည့်သွင်းပေးထားပါတယ်။

        အဲဒီအတွက် ရေကူးကန်ဟာ Datacenter တွေက ထုတ်လွှတ်တဲ့ အပူတွေကြောင့် နွေးနေပြီး လူတွေအဖို့လည်း အဲဒီအတွက် အခကြေးငွေပေးစရာမလိုအပ်ဘဲ Datacenter လည်ပတ်တဲ့အတွက် ထုတ်လွှတ်မယ့် ကာဘွန်အမှိုက်ပမာဏ ၁၃ တန်လောက်ကိုလည်း ထိန်းသိမ်းနိုင်တယ်လို့ သိရပါတယ်။

        (Datacenter တွေက စွန့်ပစ်ပစ္စည်းတစ်ခုဖြစ်တဲ့ အပူရှိန်တွေကို ဘယ်လိုအသုံးဝင်အောင် ပြန်လည်အသုံးချတယ်ဆိုတဲ့အကြောင်းကို  How to Put Datacenter heat weast to Good use ဆိုတဲ့ ခေါင်းစဉ်နဲ့ ရှာဖွေဖတ်ရှုနိုင်ပါတယ်)

 

(၁၃) နာမည်ကျော် Google ကုမ္ပဏီဟာ ကမ်းခြေကနေ ၃ မိုင်က နေ ၇ မိုင်လောက်ကွာဝေးနိုင်တဲ့ ကမ်းဝေးနေရာတစ်ခုမှာ ရေပေါ် Datacenter တစ်ခုတည်ဆောက်ဖို့အတွက် မူပိုင်ခွင့်ရယူထားခဲ့ပါတယ်။ အဲဒါက ၂ဝဝ၇ ခုနှစ်ကဖြစ်ပါတယ်။ တည်ဆောက်မယ့် Datacenter ဒီဇိုင်းအတွက် The Pelamis Wave Energy Converter နည်းပညာကို အသုံးပြုကာ သမုဒ္ဒရာ မျက်နှာပြင်က ရေလှိုင်းတွေကိုအသုံးပြုပြီး လျှပ်စစ်စွမ်းအင်ကို ဖန်တီးခြင်းဖြစ်ပါတယ်။ အဲဒီလုပ် ငန်းအောင်မြင်ပြီး နောက်ပိုင်းမှာ Google အနေနဲ့ စွမ်းအင်တွေကို အခမဲ့ရင်းမြစ်ကနေ  ရရှိနေတော့မှာဖြစ်ပြီး မြေခွန်၊ အဆောက်အအုံခွန် စတဲ့ကုန်ကျစရိတ်တွေကနေ သက်သာသွားမှာ လည်းဖြစ်ပါတယ်။

ကွန်ပျူတာနဲ့ ကွန်ပျူတာအပိုပစ္စည်းများအတွက်  Green IT နည်းပညာ

(၁၄) Screensaver ထားရှိတဲ့ ကွန်ပျူတာတစ်လုံးဟာ စွမ်းအင်ဝပ် ၁ဝဝ ထက်ပိုပြီး သုံးစွဲမှာဖြစ်ကာ Sleep Mode ပြုလုပ်ထားမယ်ဆိုရင် ၁ဝ ဝပ်လောက်ပဲ သုံးစွဲတော့မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ အိမ်မှာ ဒါမှမဟုတ် ရုံးမှာ ကွန်ပျူတာတွေကို အသုံးမပြုတော့တဲ့အချိန်မှာ Shutdowm ပြုလုပ်ကာ ပါဝါလုံးဝပိတ်ထားတာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်းရောက်သလို ငွေကုန်ကြေး ကျမှုကိုလည်း သက်သာစေမှာဖြစ်ပါတယ်။

 

(၁၅) အထက်ပါကိစ္စနဲ့ ပတ်သက်ပြီး ကုမ္ပဏီတွေအနေနဲ့လည်း ကွန်ပျူတာတွေကို မသုံးတဲ့အချိန် တွေမှာ Shutdown ပြုလုပ်ထားကာ ပါဝါပိတ်ထားခြင်းအားဖြင့် တစ်နှစ်တစ်နှစ်ကို လျှပ်စစ်ဖိုး ၃၅ဝဝဝ ကျပ်ကနေ တစ်သိန်းကျော်ဖိုးလောက်ထိ သက်သာစေနိုင်ပါတယ်။

 

(၁၆) လုပ်ဆောင်မှုမြင့်မားစွာ ဆောင်ရွက်ပေးနိုင်တဲ့ High-Efficiency ကွန်ပျူတာတွေနဲ့ ဆာဗာတွေဟာ သာမန်ကွန်ပျူတာ၊ ဆာဗာတွေထက် ပိုမိုပြီးကုန်ကျစရိတ်များနိုင်ပါတယ်။  Climate Saavers အနေနဲ့တော့ System တစ်ခုကို လေးသောင်းကျပ်ဝန်းကျင်လောက်ထိ ချွေတာနိုင်မယ့် တန်ဖိုးတစ်ခုကို မျှော်လင့်ထားပါတယ်။

        Climate Saver ဆိုတာကတော့ Climate Leadership ပရိုဂရပ်တစ်ခုဖြစ်ပြီး ကာဘွန်လျှော့ချ ရေး (Low-carbon economy) အပိုင်းမှာ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဦးဆောင်သူတွေ ဖြစ်လာစေဖို့ ဆောင်ရွက်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

        Climate Saver အဖွဲ့အနေနဲ့ Economy ဆိုတဲ့ ချွေတာမှုအပိုင်း ကိုထိရောက်စေမယ့် Energy Star ကွန်ပျူတာတွေကို ထုတ်လုပ်ခြင်းအားဖြင့် ငွေချွေတာမှုနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို တစ်ပြိုင်နက်တည်း ဖြစ်ထွန်းစေကာ လက်ရှိထုတ်လုပ်တဲ့ ပမာဏထက် ပိုဆောင်း ထုတ်လုပ်နိုင်မယ်ဆိုရင် အဲဒီကုန်ကျစရိတ်တွေက Zero ထိတောင် ကျဆင်းသွားနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

        Energy Star ဆိုတာ စွမ်းအင်ချွေတာမှု၊ ကာဘွန်ထုတ်လွတ်မှု နည်းပါးအောင်ပြုလုပ်ထားမှု စတဲ့ စနစ်တွေပါဝင်တဲ့ Program တစ်ခုဖြစ်ပါတယ်။ အမှတ်တံဆိပ် ENERGY STAR လို့ ခေါ်ဆိုတဲ့ အဖွဲ့အစည်းကတော့ အမေရိကမှာ ၁၉၉၂ ခုနှစ်က သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်း သိမ်းရေးအေဂျင်စီ (EPA) နဲ့ စွမ်းအင်ဌာန (Department of Agency) တို့က တည် ထောင်ခဲ့ပါတယ်။ Energy Star ပါဝင်တဲ့ ကွန်ပျူတာ (Energy Star rated PC) ဆိုတာကတော့ သဘာဝပတ်ဝန်းကျင်နဲ့ စွမ်းအင်ထိန်းသိမ်း ခြိုးခြံချွေတာမှုကိုအားပေးတဲ့ System တွေထည့်သွင်းပေးထားတဲ့ ကွန်ပျူတာတွေကို ခေါ်တာဖြစ်ပါတယ်။

 

(၁၇) Energy Star ပါဝင်တဲ့ ကွန်ပျူတာတွေကို အသုံးပြုမယ်ဆိုရင် အမေရိကရဲ့ FBI အနေနဲ့ ငါးနှစ်တာကာလအတွင်းမှာ ဒေါ်လာသန်းပေါင်း ၃၃ဝ လောက်ကို ချွေတာနိုင်မယ်လို့ဆိုပါတယ်။

(၁၈) EPEAT (Electronic Product Environment Assessment Tool) ဆိုတဲ့ ranking စနစ် တစ်ခုရှိပါတယ်။ အဲဒီစနစ်ဟာ Desktop ကွန်ပျူတာ၊ လက်ပ်တော့၊ နုတ်ဘုတ်နဲ့ မော်နီတာတွေကို ဝယ်ယူမယ့်သူတွေအတွက် ဝယ်ယူမယ့်ပစ္စည်းဟာ သဘာဝပတ်ဝန်းကျင် စောင့်ရှောက်မှုဆိုင်ရာ စံ နှုန်းတွေ၊ စွမ်းအင်ချွေတာမှုစံနှုန်းတွေနဲ့ ကိုက်ညီမှုရှိရဲ့လားဆိုတာကို ကိုယ်တိုင် တိုင်းတာ အဖြေထုတ်နိုင်ဖို့ အကူအညီပေးပါတယ်။

        EPEAT ကို ၂ဝဝ၆ ခုနှစ်မှာ စတင်ဖွဲ့စည်းပြီးနောက်မှာ ကွန်ပျူတာ ထုတ်လုပ်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေရှိလာခဲ့ကာ Eco-Friendly ဖြစ်တဲ့ Desktop တွေ၊ လက်ပ်တော့တွေ၊ မော်နီတာတွေကို အမျိုးအစားပေါင်း ၁ဝဝဝ ကျော် ထုတ်လုပ်ဖို့အတွက် ကုမ္ပဏီ ၃ဝ ကျော်က ဆောင်ရွက်နေပြီလို့လည်းသိရပါတယ်။

သူသူငါငါလိုက်နာဖို့ Green IT နည်းလမ်းများ

 

(၁၉) ပျမ်းမျှအားဖြင့် ရုံးဝန်ထမ်းများဟာ တစ်နှစ်တစ်နှစ်ကို စာရွက်ပေါင်း တစ်သောင်းကျော် အသုံးပြုလျက်ရှိပါတယ်။ ဒါဟာ သစ်ပင်ကြီးတစ်ပင်လုံးကို အသုံးပြုခြင်းနဲ့ညီမျှနေပါတယ်။

 

(၂ဝ)  ပျမ်းမျှအားဖြင့် ဝန်ထမ်းတစ်ဦးစီဟာ တစ်နှစ်တစ်နှစ်ကို ပရင်တာ စာရွက်တန်ဖိုး တစ်သိန်းကျပ်ဝန်းကျင်လောက်ကို ဖြုန်းတီးနေပါတယ်။ ဒီအတွက် စာမျက်နှာတွေကိုတစ်ဖက် တည်းထုတ်တာထက် နှစ်ဖက်စလုံးကိုထုတ်တာက ကုန်ကျမှုကို ထက်ဝက်လျော့ကျစေနိုင်မှာပါ။

 

ကလျာအိအိလွင်

Ref: Wikipedia, www.epeat.net, www.epa.gov, www.climatesavers.org, www.energystar.gov, www.searchdatacenter. techtarget.org.

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.