14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
စိမ်းလန်းသော ကမ္ဘာမြေအတွက် Green ICT ဆိုင်ရာ အချက်အလက်များ

Social Media Trend က အရှိန်အဟုန်အားကောင်းနေတဲ့ ကာလမှာ ကွန်ပျူတာ၊ တက်ဘလက်၊ မိုဘိုင်းဖုန်းစတဲ့ အီလက်ထရောနစ် ပစ္စည်းတွေ အသုံးပြုမှုကလည်း တစ်စတစ်စမြင့်တက်လာတာပဲ ရှိပါတယ်။ ပါဝါသုံးစွဲမှုကလည်း ထက်ကြပ်မကွာ မြင့်တက်လျက်ရှိတဲ့အလျောက် Green ICT ဆိုတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ အိုင်တီနည်းပညာတွေကို အသုံးပြုဖို့ ကိစ္စရပ်ဟာ လည်း Social Media များရဲ့မရှိမဖြစ် Datecenter များအတွက် လိုအပ်လာပါတယ်။ (Datacenter ဆိုတာကတော့ Storage ပြုလုပ်ဖို့၊ Processing ပြုလုပ်ဖို့၊ ဒေတာပမာဏအများကြီးကို ဖြန့်ဖြူး ပေးဖို့အတွက် အဖွဲ့အစည်းတစ်ခုခုက အသုံးပြုတဲ့ နက်ဝေါ့ချိတ်ဆက်ထားတဲ့ ကွန်ပျူတာဆာဗာ အစုအဝေးကို ခေါ်ခြင်းဖြစ်ပါတယ်။

အဲဒီလို Datacenter များအတွက် လိုအပ်တဲ့ Green ICT အချက် အလက်များအပါအဝင် Green ICT ဆိုင်ရာ အချက်အလက် ၂၅ ခုကို စုစည်းဖော်ပြလိုက်ပါတယ်။

Datacenter များအတွက်     Green ICT

(၁) Datacenters အကြီးကြီးတွေ တည်ဆောက်ထားရတဲ့ ကုမ္ပဏီတွေထဲက ၉ဝ ရာခိုင်နှုန်းဟာ နောင်လာမယ့် နှစ်နှစ်အတွင်းမှာ စွမ်းအင်ပါဝါ ပိုမိုလိုအပ်လာမှာဖြစ်ပြီး အအေးခံဖို့အတွက်လည်း Cooling power ပိုမိုလိုအပ်လာမှာဖြစ်ပါတယ်။

 

(၂) McKinsey အဖွဲ့ (McKinsey ကုမ္ပဏီဆိုတာ နိုင်ငံတကာနဲ့ အလုပ်လုပ်နေတဲ့ Management Consulting Company တစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ Public နဲ့ Private အခန်းကဏ္ဍတွေမှာ စီမံဆောင်ရွက်မှုတွေကို တိုင်းတာဖို့အတွက် အရည်အသွေးဆိုင်ရာနဲ့ အရေအတွက်ဆိုင်ရာ လေ့လာသုံးသပ်မှုတွေကို ပြုလုပ်ပေးပါတယ်) ရဲ့ သုတေသနပြုလုပ်မှုအရ ဆာဗာစုစုပေါင်း ၄၅၈ ခုရှိတဲ့ အနက် ၃၂ ရာခိုင်နှုန်း (ဆာဗာ ၁၄၆ ခု)ဟာ ပျမ်းမျှအသုံးပြုမှုပမာဏ ၃ ရာခိုင်နှုန်းအောက်သာ ရှိနေတယ်လို့ တွေ့ခဲ့ရပါတယ်။

အဲဒီလိုဖြစ်နေတဲ့ ဆာဗာတွေကို Zombie တွေ (Zombie Center ဆိုတာ ဆာဗာတစ်ခုအနေနဲ့ တည်ရှိနေပေမယ့် ပြင်ပဆက်သွယ်မှု တစ်စုံတစ်ရာမရှိ၊ မြင်လည်းမမြင်နိုင်၊ ကွန်ပျူတာရင်း မြစ်အဖြစ်လည်း အသုံးမပြုနိုင်တဲ့ ဆာဗာဖြစ်ပြီး လျှပ်စစ်စွမ်းအင်တွေကိုတော့ အသုံးပြုနေကာ အသုံးမဝင်တဲ့ ဆာဗာတွေကို ခေါ်ပါတယ်)လို့ခေါ်နိုင်ပြီး Zombie Server တွေကိုသာ ဖယ်ရှားလိုက်မယ်ဆိုရင် Space တွေ တော်တော်များများ Free ဖြစ်လာမယ့်အပြင် Power နဲ့ လိုအပ်တဲ့ အအေးပမာဏကိုပါ ရရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။

 

(၃) အဆိုပါ အကြောင်းအရာနဲ့ပတ်သက်လို့ ဆက်ပြောနိုင်တဲ့အချက်ကတော့ ကုမ္ပဏီတွေဟာ ဆာဗာတွေထဲက ၆၅ ရာခိုင်နှုန်းကို လျှော့ချခြင်းအားဖြင့် အကျိုးကျေးဇူးတွေ ရနိုင်တယ်လို့ ဆိုပါတယ်။ အသုံးပြုတဲ့ User တွေအတွက် အကျိုးကျေးဇူးကတော့ အနည်းငယ်ပြောင်းလဲ သွားနိုင်ပါတယ်။ (Inforworld.com ရဲ့ ပင်တိုင်ဆောင်းပါးရှင် ဒေးဗစ်မာရှယ် (David Marshell) ရဲ့ Virtualisation အစီရင်ခံစာက ထုတ်နုတ်တင်ပြပါတယ်။)

(၄) Datecenter တွေမှာဆင်ထားတဲ့ Set Point အပူချိန်ကို တစ်ဒီဂရီလောက် တိုးလိုက်တာနဲ့ စွမ်းအင်သုံးစွဲမှုကို ၄ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါလိမ့်မယ်။ (ပိုမိုသိရှိလိုပါက inforworld.com က sustainable ကဏ္ဍမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်)

 

(၅) Datacenters တွေဟာ ကမ္ဘာ့ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုရဲ့ ဝ.၃ ရာခိုင်နှုန်းဝန်းကျင်ကို ထုတ်လွှတ်နေတယ်လို့ဆိုပါတယ်။ လေကြောင်းလိုင်းတွေက ဝ.၆ ရာခိုင် နှုန်းထုတ်လွှတ်ပြီး သံမဏိလုပ်ငန်းတွေကနေ ၁ ရာခိုင်နှုန်း ထုတ်လွှတ်နေတယ်လို့လည်း သိရပါတယ်။

(၆) Lawrence Berkeley National Laboratory က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ DC(Direct Current) စနစ်ဟာ AC (Alternating Current) စနစ်ထက်ပိုပြီး ၂ဝ ရာခိုင်နှုန်း ပိုမို အကျိုးဖြစ်ထွန်း စေတယ်၊ ပိုပြီးစိတ်ချရတယ်၊ ပိုပြီးတော့လည်း  အကုန်အကျသက်သာစေတယ်လို့ သိရပါတယ်။ Lawrence Berkley National Labouratory ဆိုတာ Berkley Lab လို့လည်း အလွယ်တကူခေါ် ဆိုကြပြီး အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Berkeley Hills မှာ တည်ရှိပါတယ်။ အဓိက အလုပ်လုပ်တာကတော့ အမေရိကန်ပြည်ထောင်စုရဲ့ Department of Energy (DOE) ရဲ့ကိုယ်စား သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနတွေကို ပြုလုပ်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဆောင်ရွက်နေတဲ့ တက္ကသိုလ်ကတော့ ကယ်လီဖိုးနီးယားတက္ကသိုလ်ဖြစ်ပါတယ်။

(၇) အမေရိကန်ပြည်ထောင်စု EPA(Environmental Protection Agency) က ၂ဝဝ၆ ခုနှစ်တုန်းက ခန့်မှန်းချက်တစ်ခု ရှိခဲ့ပါတယ်။ လုပ်ငန်းအသီးသီးရဲ့ Datacenters တွေဟာ အမှန်တကယ်ကို Run နေရပြီဆိုရင် PUE လို့ခေါ်တဲ့ Power Usage Effectiveness ပမာဏမှာ Rating 2.0 နဲ့ အထက်ကို ရောက်လာ လိမ့်မယ်ဆိုတာပါပဲ။ (PUE ဆိုတာ ကွန်ပျူတာ Datacenter တွေအနေနဲ့ စွမ်းအင်ပမာဏကို ဘယ်လောက်သုံးစွဲတယ်ဆိုတာကို တိုင်းတာတဲ့အတိုင်းအတာတစ်ခုဖြစ်ပြီး Rating 2.0 အောက်သာ သဘာဝပတ်ဝန်း ကျင်အတွက် ပိုမိုကောင်းမွန်ပါတယ်)

လက်ရှိအသုံးပြုနေတဲ့ ပမာဏအရ ၂ဝ၁၁ ခုနှစ်မှာ Rating 1.9 ကို ရောက်ခဲ့ပါတယ်။ ဒါပေမယ့် Energy Efficient Power နဲ့ Cooling နည်းပညာတွေကို အသုံးပြုခြင်းအားဖြင့် Energy လည်ပတ်သုံးစွဲမှုကို တစ်စုံတစ်ရာဖြေရှင်းပေးနိုင်ကာ PUE rating 1.2 ကို ပြန်လည်ရောက်ရှိနိုင် ပါတယ်။

 

(၈) အထက်ပါအကြောင်းအရာနဲ့ ဆက်စပ်ပြောရရင် Google ကုမ္ပဏီဟာ PUE rating 1.21 ရှိတယ်လို့ သိရပါတယ်။ Google မှာ Datacenter စုစုပေါင်းခြောက်ခုရှိပါတယ်။

(၉) Datacenters များစွာ အသုံးပြုနေရတဲ့ FBI လိုအဖွဲ့အစည်းမျိုးအနေနဲ့ Green Technology များဖြစ်တဲ့ Virtualisation, Server ပေါင်းစပ်စုစည်းမှု၊ Smart Cooling စနစ်တို့ကို စနစ်တကျအသုံးချခြင်းအားဖြင့် နောင်လာမယ့်ငါးနှစ်အတွင်းမှာ ဘဏ္ဍာငွေ USD 960 သန်းဝန်းကျင် အကုန်အကျ သက်သာစေလိမ့်မယ်လို့ သိရပါတယ်။

 

(၁ဝ) အမေရိကန်ပြည်ထောင်စုမှာ သမ္မတအိုဘားမားလက်ထက်တုန်းကတော့ ဖက်ဒရယ်က အသုံးပြုတဲ့ Datacenters တွေကို လာမယ့်သုံးနှစ်အတွင်းမှာ လျှော့ချဖို့ညွှန်ကြား ထားတယ်လို့ဆိုပါတယ်။

ကလျာအိအိလွင်

(ဆက်လက်ဖော်ပြပါမည်)

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.