21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
ဆိုက်ဘာလုံခြုံရေး၊ ကွန်ပျူတာလုံခြုံရေးဆိုင်ရာ အမေးအဖြေများ-၂

 

(၁ဝ) Spyware ဆိုတာ ဘာလဲ

Spyware ဆိုတာ ကွန်ပျူတာပိုင်ရှင်ရဲ့ တစ်ကိုယ်ရေသတင်းအချက်အလက်တွေကို ရယူဖို့အတွက် ပိုင်ရှင်မသိအောင်၊ ပိုင်ရှင်ခွင့်ပြုချက်မရှိဘဲ ကွန်ပျူတာထဲမှာ Install လုပ်လိုက်တဲ့ Malware တစ်မျိုး ကိုခေါ်ပါတယ်။ Spyware တွေဟာ အဲဒီလို Install ပြုလုပ်သွားပေမယ့် ပိုင်ရှင်တွေကတော့ မမြင်ရတတ်ပါဘူး။ ပိုင်ရှင်ဖြစ်သူအသုံးပြုတဲ့ အင်တာနက် Interaction တွေ၊ Keystrokes လို့လည်းခေါ်တဲ့ Keylogging ဆိုတာတွေ၊ စကားဝှက်တွေနဲ့ တခြားအဖိုးတန်ဒေတာတွေကို သိရှိ မှတ်သားထားနိုင်ဖို့အတွက် Hidden ပြုလုပ်ထားခြင်းပဲ ဖြစ်ပါတယ်။

 

(၁၁) အတွေ့ရဆုံးသော လုံခြုံရေး ခြိမ်းခြောက်မှုတွေက ဘာတွေလဲ။

        အတွေ့ရဆုံးသော လုံခြုံရေးခြိမ်းခြောက်မှုတွေကတော့ အင်္ဂလိပ်ဝေါဟာရတွေသာ ဖြစ်ပါတယ်။ အဲဒါတွေကတော့ Botnets, DDoS (Distributed denial-of-service), Hacking, Malware, Pharming, Phishing, Ransomware နဲ့ Spam စတာတွေဖြစ်ပါတယ်။ အဆိုပါအခေါ်အဝေါ်တွေအကြောင်း အသေးစိတ်သိလိုရင် Search Engine တွေမှာ တစ်ခုချင်းစီ ရိုက်ထည့်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

 

(၁၂) ဆိုက်ဘာလုံခြုံရေးပရိုဂရမ် တွေဆိုတာ ဘာတွေလဲ

ဆိုက်ဘာလုံခြုံရေး ပရိုဂရမ်တွေဆိုတာက ကွန်ပျူတာ၊ နက်ဝေါ့ခ်၊ ပရို ဂရမ်နဲ့ ဒေတာတွေကို မလိုလားအပ်တဲ့ ဝင်ရောက်မှု၊ ပြောင်းလဲမှုနဲ့ ဖျက်ဆီးမှုတွေကနေ ကာကွယ်ဖို့အတွက် ပြုလုပ်ထားတဲ့ ဆော့ဖ်ဝဲတွေကို ခေါ်တာဖြစ်ပါတယ်။

 

(၁၃) Data Privacy ဆိုတာ ဘာလဲ

Privacy အကြောင်းကတော့ ပြောပြီးသွားပါပြီ။ ဒီတစ်ခုကတော့ Data Privacy ဖြစ်ပါတယ်။ Data Privacy ဆိုတာက Information Privacy လို့လည်းခေါ်ပါတယ်။ ကွန်ပျူတာထဲက ဘယ် System ကို Third Parties ကုမ္ပဏီတွေနဲ့ Share နိုင်လဲဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းဖုန်းထဲမှာ Application သွင်းလိုက်တဲ့အခါမှာ Developer တွေက တောင်းဆိုတတ်တဲ့ဒေတာတွေဟာ အမျိုးမျိုးရှိပါတယ်။ အဲဒါတွေထဲကမှ မိမိက Share မလုပ်လိုတဲ့ အချက်အလက်တွေရှိရင် သူတို့ရေးထားတဲ့ Application တွေကို မသုံးဖို့သာဖြစ်ပါတယ်။

 

(၁၄) Worm နဲ့ ဗိုင်းရပ်စ်တို့ရဲ့ ခြားနားမှုက ဘာတွေလဲ

ကွန်ပျူတာလုံခြုံရေး၊ အင်တာနက်လုံခြုံရေးဆိုတာနဲ့ Worm တို့ Virus တို့ကို ပြေးမြင်မိမှာပါ။ ကွန်ပျူတာ Worm တွေဆိုတာ သူတို့ကိုယ်သူတို့ အထပ်ထပ်ပွားများ Duplicate ပြုလုပ်ကာ ကွန်ပျူတာကို ပျက်စီးစေပါတယ်။ ဗိုင်းရပ်စ်ကတော့ အဲဒီလိုမဟုတ်ဘဲ ကွန်ပျူတာထဲကရှိနေပြီးသား Host File တစ်ခုခုကို ကူးစက်ဖို့လိုအပ်ပါတယ်။ Worm ကတော့ သူတစ်ဦးတည်းရပ်တည်တဲ့ ဆော့ဖ်ဝဲအမျိုးအစားဖြစ်ပြီး Virus လို တခြားပရိုဂရမ်တစ်ခုခုကို ကူးစက်ဖို့ မလိုအပ်ပါဘူး။ ပြီးတော့ လူတစ်ယောက်ယောက်ရဲ့ အကူအညီလည်း မလိုအပ်ဘဲ ပြန့်နှံ့တတ်ပါတယ်။

 

(၁၅) Adware ဆိုတာ ဘယ်လိုအမျိုးအစားဆော့ဖ်ဝဲလဲ။

Ad Supported Software လို့ခေါ်တဲ့ Adware ဆိုတာ ဘာသာပြန်ရရင်တော့ ကြော်ငြာတွေ ဝင်ထိုးနိုင်တဲ့ ဆော့ဖ်ဝဲကိုခေါ်တာဖြစ်ပါတယ်။ Application  တစ်ခုကို Install ပြုလုပ်ပြီး သုံးလိုက်တာနဲ့ အဲဒီ Application က ကြော်ငြာတွေကို အလိုအလျောက်ဒေါင်းလုတ် ပြုလုပ်ပြီး ကြည့် ချင်ချင်မကြည့်ချင်ချင် Flash တွေနဲ့ ထိုးပြနေတာမျိုးဖြစ်ပါတယ်။

 

(၁၆) Social media တွေပေါ်မှာ save  ဖြစ်အောင် ဘယ်လိုနေမလဲ

(၁) စကားဝှက် (Password) ကို သေချာစီစဉ်ပြီးပေးပါ။ Strong Password လို့ခေါ်တဲ့ ဖြေရမလွယ်ကူလှတဲ့ စကားဝှက်အမျိုးအစားဖြစ်ဖို့လိုပါတယ်။ အဲဒီလို Strong Password ဖြစ်ဖို့အတွက်က ကိန်းဂဏန်း၊ သင်္ကေတ၊ အက္ခရာစာလုံး အသေးနဲ့အကြီး စသည်ဖြင့် အစုံအလင်ပါရှိဖို့လိုပါတယ်။

(၂)    လူမှုမီဒီယာတွေကို တစ်ခုတည်းပိုပြီးအသုံးပြုတယ်ဆိုရင် တစ်ခုစီအတွက် စကားဝှက်ကို မတူညီအောင်ထားနိုင်တာကတော့ အကောင်းဆုံးဖြစ်ပါတယ်။ အဲဒီမတူညီတဲ့ စကားဝှက်တွေကို မလွတ်တမ်းမှတ်မိနေဖို့ကတော့ သာလွန်ပြီး အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။

(၃) လုံခြုံရေးအဆင့်တစ်ဆင့်ဖြစ်တဲ့ Security မေးခွန်းတွေကို သင့်လျော်ရာအဖြေနဲ့ ချမှတ်ထားဖို့လည်းလိုပါတယ်။ အဲဒါတွေကိုလည်း အထက်က Password အမျိုးမျိုးလို မှတ်မိနေဖို့က လိုပါသေးတယ်။ အဲဒီ Two Factor Authentication တွေဟာ လူမှုမီဒီယာ တော်တော်များများမှာ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

(၄) မိမိဖုန်းပေါ်မှာ Social Media Apps တွေရှိတယ်၊ အမြဲမပြတ်လည်း သုံးဖြစ်နေတယ်ဆိုရင် ဖုန်းကို Password နဲ့ ကာကွယ်ထားဖို့ လိုအပ်ပါတယ်။ အနည်းဆုံးတော့ Pin Code ဖြစ်ဖြစ်၊ Pattern Lock ဖြစ်ဖြစ် တစ်ခုခုတော့ အကာအကွယ်ထားရှိထားသင့်ပါတယ်။

(၅) Social Media ပေါ်က မိတ်ဆွေတိုင်းဟာ မိတ်ဆွေမဟုတ်ပါဘူး။ ဒါကြောင့်မို့ မိတ်ဆွေဖြစ်ဖို့ Friend Request တွေ ပေးပို့လာရင် သေချာစိစစ်ပြီး သေချာသိတဲ့သူမျိုးကိုပဲ လေ့လာလက်ခံဖို့ လိုအပ်ပါတယ်။

(၆) အင်တာနက်ဆိုတာ တစ်ခါတစ်ရံမှာ မှော်ရုံတောကြီးတစ်ခုလိုဖြစ်တာကြောင့် မှော်ရုံတောမှာ လမ်းမပျောက်ရအောင်၊ မမောပန်းရအောင် လမ်းညွှန်ဆိုင်းဘုတ်တွေနဲ့တူတဲ့ Links တွေကို သတိကြီးကြီးနဲ့ ကလစ်သင့်ပါတယ်။ ကလစ်တစ်ချက်နောက်ကွယ်မှာ လုံခြုံရေးကိစ္စတွေများစွာ ကပ်ပါလာနိုင်တာကြောင့်ဖြစ်ပါတယ်။

(၇) လူမှုမီဒီယာတွေပေါ်မှာ မိမိကိုယ်ရေးအချက်အလက်တွေကို ဝေမျှတဲ့အခါ Privacy ဆိုတဲ့ သဘောကို သေချာသဘောပေါက်ပြီး စဉ်းစားဝေမျှဖို့လိုပါတယ်။ အိမ်လိပ်စာ၊ ငွေကြေးအခြေအနေ၊ ဖုန်းနံပါတ် စတာတွေဟာ လူတိုင်းသိလို့ကောင်းတဲ့ အချက်အလက်တွေ မဟုတ်ဘူးဆိုတာကို သဘောပေါက်ထားဖို့ လိုပါလိမ့်မယ်။

(၈) မိမိကိုယ်ပိုင်ချိန်ထားလို့ရတဲ့ Settings တွေကို အမြဲဝင်ကြည့်ပြီးပြောင်းလဲမှုတွေ၊ Update တွေကို မပြတ်သိရှိနေအောင် လေ့လာသင့်ပါတယ်။ ဥပမာ Facebook သုံးမယ်ဆိုရင် Facebook Community နဲ့ လိုက်လျောညီထွေရှိမယ့် Setting, Twitter သုံးမယ်ဆိုရင် Twitter နဲ့ ကိုက်ညီမယ့် Setting စတာတွေကို မိမိကိုယ်တိုင်သိနားလည်ကာ ပြင်ဆင်ထားရှိခြင်းမျိုးဖြစ်ပါတယ်။

(၉) Privacy Policy တွေကို သေချာသိရှိနားလည်နေနိုင်အောင်ပြုလုပ်ပြီး Privacy Setting  ကိုလည်း မိမိထိန်းချုပ်ချင်သလောက် ထိန်းချုပ်ထားနိုင်ပါတယ်။

(၁ဝ) အခြားကွန်ပျူတာတွေ၊ ဖုန်းတွေပေါ်မှာ သုံးဖြစ်သွားတဲ့အခါတိုင်း သုံးပြီးတဲ့အခါ Log off  ပြန်လုပ်ခဲ့ဖို့ မမေ့ပါနဲ့။

 

ကလျာအိအိလွင်

 

www.whatis,techtarget.com

www.cyberdegree.org

www.heimdalsecurity.com

www.en.wikipedia.org

www.cio.com,www.sans.org

www.contrib.andrew.cmu.edu

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.