28-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ဟိုတယ်ကဏ္ဍတွင် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှု ငါးခုရှိနေပြီး အဆင့်လေးတွင် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1030
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
မိမိဖုန်းလုံခြုံရေးအတွက် မေ့လျော့နေတဲ့ စမတ်ဖုန်းပိုင်ရှင်များ

စမတ်ဖုန်းပိုင်ရှင် တော်တော်များများဟာ ဖုန်းလုံခြုံရေးအတွက် ပြုလုပ်သင့်တဲ့ အဆင့်တွေကို တစ်ခုမှမပြုလုပ်ဘဲ သုံးစွဲနေတတ်ကြပါတယ်။ အဲဒီအချက်နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံအခြေစိုက် Pew Research Center က ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုကို မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့လည်း ကိုက်ညီတယ်လို့ ထင်တဲ့အတွက် တင်ပြ ချင်ပါတယ်။

ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက စမတ်ဖုန်းသုံးစွဲသူ ပိုင်ရှင်တွေအနေနဲ့ ယင်းတို့ရဲ့ မိုဘိုင်းဖုန်းတွေ၊ တက်ဘလက်တွေကို လုံခြုံစေဖို့နဲ့ သူတစ်ပါးအလွယ်တကူ  မထိုးဖောက်နိုင်ဖို့ ထိန်းသိမ်းထားနိုင်အောင် လုံခြုံရေးအဆင့်အနည်းငယ်ကို ကာထားသင့်တယ်လို့ အမြဲအကြံဥာဏ်ပေးခဲ့ကြပါတယ်။

အဆိုပါ လုံခြုံရေးအဆင့်တွေထဲမှာ ဖုန်းကိုစတင်သုံးစွဲဖို့အတွက် Pass Code ထည့်ထားတာတို့၊ ဖုန်းထဲက Apps တွေနဲ့ Operating System တို့ကို မှန်မှန် Update ပြုလုပ်ပေးတာတို့ စတဲ့အဆင့်တွေလည်းပါဝင်ပါတယ်။ အမေရိကန်ပြည်သူ ပြည်သားတော်တော်များများဟာ အဲဒီလိုကျွမ်းကျင်သူတွေက အမြဲ အကြံÓဏ်ပေးနေတဲ့ကြားထဲက အဲဒီအမူအကျင့်တွေကို မလိုက်နာတတ်ဘူးဆိုတာကို သုတေသနအရ လေ့လာတွေ့ရှိခဲ့ပါတယ်။ အဲဒီ သုတေသနကို ၂ဝ၁၇ ခုနှစ်အစောပိုင်း က ပြုလုပ်ခဲ့တာဖြစ်ပြီး မတ်လထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။

 လေးပုံတစ်ပုံထက်ကျော်တဲ့ ပမာဏဖြစ်တဲ့ ၂၈ ရာခိုင်နှုန်းသော စမတ်ဖုန်းသုံးစွဲသူ စမတ်ဖုန်း ပိုင်ရှင်တွေဟာ ဖုန်းကိုစတင်ဖွင့်ဖို့အတွက် Screen Lock သို့မဟုတ် တခြား သောလုံခြုံရေး Feature တစ်ခုခုကို အသုံးမပြုကြဘူးဆိုတာ တွေ့ရပါတယ်။ စမတ်ဖုန်းသုံးသူ အများစုအနေနဲ့ သူတို့ရဲ့ဖုန်းထဲက Apps နဲ့ Operating System တို့ကို ပုံမှန် Update ပြုလုပ်တယ်လို့ဆိုကြပေမယ့် ၄ဝ ရာခိုင်နှုန်းလောက်ကတော့ အခြေအနေပေးမှ Update ပြုလုပ်ဖြစ်တယ်လို့ပြောပါတယ်။ အခြေအနေပေးမှ ဆိုတာက Free Wifi ရတဲ့ အချိန်စတာတွေကို ဆိုလိုပါတယ်။

တချို့ user တွေကတော့  ဖုန်းကိုလုံးလုံးလျားလျားကို Update မလုပ်ကြပါဘူး။ စမတ်ဖုန်း ၁ဝ လုံးမှာတစ်လုံးလောက်ဟာ သူတို့ရဲ့ Operating System ကို ဘယ်တော့မှ Update မလုပ်ဘူးဆိုတာက ၁၄ ရာခိုင်နှုန်းနဲ့ ဖုန်းထဲက Apps တွေကို ဘယ်တော့မှ Update မလုပ်ဘူးဆိုတဲ့ User တွေက ၁ဝ ရာခိုင်နှုန်း လောက်ရှိနေပါတယ်။

မိုဘိုင်းဖုန်းတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး Wikileaks သတင်းတွေမှာ ဖော်ပြထားချက်တွေအရ စီအိုင်အေဟာ အချို့စမတ်ဖုန်းတွေကို Hack နိုင်စွမ်းရှိထားပြီးတော့  ဖြတ်လမ်း Encryption ဆော့ဖ်ဝဲတွေလည်း ရှိထားတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာလည်း စမတ်ဖုန်း Hack ခံရခြင်းအမှုတွေ အများအပြားဖြစ်လာတာကိုလည်း တွေ့နိုင်ပါတယ်။

မိုဘိုင်းဖုန်းလုံခြုံရေးကိစ္စကို ပြောကြရာမှာ အားလုံးကတော့ အဆိုးမြင်ချည်းပဲ မဟုတ်သေးပါဘူး။ အနည်းငယ်သော စမတ်ဖုန်းသုံးစွဲသူတွေ ရာခိုင်နှုန်းအရဆို သုံးရာခိုင်နှုန်းဟာ သူတို့ရဲ့ဖုန်းထဲက Apps တွေကို ဘယ်တော့မှ Update မလုပ်ဘူး၊ ဖုန်းဖွင့်ဖို့အတွက် Screen Lock နည်းလမ်းတစ်ခုခုကို အသုံးမပြုဘူးလို့ ပြောကြပါတယ်။ တချို့ကတော့ မိုဘိုင်းဖုန်းလုံခြုံရေးအတွက် အဆိုပါအချက်တွေကို ပြုလုပ်သင့်တယ် ဆိုတဲ့အတွက် လုံ့လဝီရိယစိုက်ထုတ်တတ်ကြပါတယ်။ သူတို့အနေနဲ့ကတော့ ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူတွေရဲ့ အများဆုံးအကြံပေးမှုတွေဖြစ်တဲ့ လုံခြုံရေး အဆင့်တွေကို ကာကွယ်ထား ကြလေ့ရှိပါတယ်။

စမတ်ဖုန်း ငါးလုံးမှာတစ်လုံးပိုင်ဆိုင်သူတွေ (၂၂ ရာခိုင်နှုန်းသော စမတ်ဖုန်းပိုင်ရှင်တွေ) ဟာ သူတို့ဖုန်းတွေမှာ  Screen Lock တစ်ခုခုထားတယ်၊ Apps တွေကို Automatically ပဲဖြစ်ဖြစ် Update လုပ်နိုင်တာနဲ့ မရှေးမနှောင်းပဲဖြစ်ဖြစ်  Update ပြုလုပ်တယ်၊ Operating System တွေကိုလည်း New Version ထွက်တာနဲ့ Update လုပ်တယ်လို့ ဆိုကြပါတယ်။

 ဒါတွေကတော့ မိုဘိုင်းဖုန်းလုံခြုံရေးအတွက် ဝီရိယစိုက်ထုတ်သူ အနည်းစုလို့ ဆိုနိုင်ပါတယ်။ အများစုသော User တွေ၊ ရာခိုင်နှုန်းအားဖြင့် ၇၅ ရာခိုင်နှုန်းကတော့ မိုဘိုင်းဖုန်း လုံခြုံရေးကိစ္စမှာ ကြားရောက်နေကြပါတယ်။ ဒီအုပ်စုမှာပါဝင်တဲ့ စမတ်ဖုန်းပိုင်ရှင်အမျိုးအစားကတော့ Screen Lock တစ်ခုခုကိုသုံးတယ်၊ ဒါပေမယ့် ဝီရိယထားတဲ့ User တွေလိုတော့ မဟုတ်ဘဲ ဖုန်းထဲက Apps နဲ့ Operating System တွေကို အဆင်ပြေတဲ့အချိန်ကျမှ အဆင်ပြေသလို Update ပြုလုပ်တာမျိုးဖြစ်ပါတယ်။ ဒါကတော့ မိုဘိုင်းဖုန်းလုံခြုံရေးကို မသိလိုက်မသိဘာသာ သဘောထား ခြင်းတစ်မျိုးလို့လည်း ယူဆနိုင်ပါတယ်။ သူတို့ဟာ မိုဘိုင်းဖုန်းကို လုံခြုံအောင်ထားရမယ်၊ Secure ဖြစ်စေဖို့ အဆင့်တွေကိုလည်း တစ်နည်းနည်း သုံးထားသင့်တယ်ဆိုတဲ့ စည်းမျဉ်းတွေကိုတော့ လိုက်နာကြပေမယ့် အရေးကြီးတဲ့အဆင့်ဖြစ်တဲ့ Apps တွေ Operating System တွေကို Update ပြုလုပ်ခြင်းကိုတော့ အဆင်မပြေရင် မလုပ်သေးတဲ့သူမျိုး တွေ ဖြစ်နေပါတယ်။

သုတေသနမှာ မေးမြန်းခဲ့ရာမှာ အများစုကတော့ စမတ်ဖုန်းလုံခြုံရေးအတွက် Security အဆင့်တစ်ခုခုကို အသုံးပြုတယ်ဆိုတာကို တွေ့ရပါတယ်။ ဒါပေမယ့် အသက် ၆၅ နှစ်နဲ့အထက် မိုဘိုင်းဖုန်းသုံးသူတွေက အသက် ၆၅ နှစ်အောက် User တွေလောက်တော့ Screen Lock တစ်ခုခုကို မသုံးကြတာကို တွေ့ရပါတယ်။ ဖုန်းထဲက Apps နဲ့ Operating System တွေကိုလည်း အလားတူဖြစ်ပါတယ်။ အသက် ၆၅ နှစ် အထက် Mobile User တွေဟာ Update သိပ်မလုပ်ကြပါဘူး။ (နှိုင်းယှဉ်ချက်-၁၃ ရာခိုင်နှုန်းနဲ့ ၂၃ ရာခိုင်နှုန်း) အသက် ၆၅ နှစ်နဲ့အထက် အရွယ်ရှိတဲ့ စမတ်ဖုန်း ပိုင်ရှင်တွေအနေနဲ့ ဖုန်းလုံခြုံရေးအတွက် Screen Lock အဆင့်တွေ၊ Update ပြုလုပ်ခြင်းတွေ ဘယ်တော့မှ လုပ်လေ့မရှိဘူးလို့ ဖြေသူတွေက  ရှစ်ရာခိုင်နှုန်းရှိနေပြီး အသက် ၆၅ နှစ်နဲ့ အောက်တွေမှာတော့ သုံးရာခိုင်နှုန်း တွေ့ရပါတယ်။

မိုဘိုင်းနည်းပညာတွေ ပိုမိုထွန်းကားလာတဲ့ခေတ်မှာ အသုံးပြုသူတွေအတွက် မိုဘိုင်းဖုန်းနဲ့ လုပ်လို့ရတာတွေကလည်း အဆပေါင်းများစွာ ပိုမိုများပြားလာပါတယ်။ ဒါပေမယ့် ဒီလိုမိုဘိုင်းဖုန်း ထွန်းကားမှုကပဲ ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုနဲ့ အန္တရာယ်တွေကို ပိုမိုတိုးပွားလာစေတာပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် ကော်ဖီဆိုင် ဒါမှမဟုတ် လေဆိပ်တွေက အခမဲ့ဝိုင်ဖိုင်တွေဟာ ဝင်သုံးသူတွေအဖို့ သူတို့ရဲ့ သတင်းအချက်အလက်တွေကို အန္တရာယ်ဖြစ်စေတယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။

အခု ဆာဗေးမှာတွေ့ရှိခဲ့တာကတော့ ၅၄ ရာခိုင်နှုန်းသော အင်တာနက် သုံးစွဲသူများဟာ ခုနလိုအများသုံး ဝိုင်ဖိုင်ကွန်ရက်တွေကို သုံးစွဲ ကြတယ်ဆိုတာပဲဖြစ်ပြီး သုံးစွဲသူများ ထဲက ၂၁ ရာခိုင်နှုန်းက အွန်လိုင်းကနေ ဈေးဝယ်ခြင်းတွေကို ပြုလုပ်ပြီး အွန်လိုင်းကနေ ငွေပေးချေစနစ်ကို ၂ဝ ရာခိုင်နှုန်းက ပြုလုပ်နေကြပါတယ်လို့ သိရပါတယ်။

ကလျာအိအိလွင်

Ref: www.pewresearch.org

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.