27-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အလုပ်အကိုင်လိုနေသည့် ရခိုင်လူငယ်များ ရွှေကျား ရက်ကန်းထည်လုပ်ငန်း အလုပ်ရုံတွင် လာရောက်လျှောက်ထားနိုင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1021
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
ဒစ်ဂျစ်တယ်ခေတ်ရဲ့ သတင်းဖတ်ခြင်း နည်းလမ်းအပြောင်းအလဲ

အမေရိကန်နိုင်ငံရဲ့ နာမည်ကျော် သုတေသနအဖွဲ့အစည်း Pew Research Center ဟာ အမြဲတမ်းစိတ်ဝင်စားဖွယ် အချက်အလက်တွေကို ဖော်ထုတ် သုတေသနပြုလုပ်ခဲ့ရာမှာ ဒီတစ်ခါတော့ သူ့နိုင်ငံထဲက အသက်အရွယ် အကြီးပိုင်းထဲက လူကြီးတွေရဲ့ သတင်းဖတ်ရှုမှုနည်းလမ်းတွေကို သုတေသနပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခု ထွက်လာပါတယ်။ အဲဒီအကြောင်းကို အနည်းငယ်ဖော်ပြချင်ပါတယ်။

မိုဘိုင်းဖုန်းအပါအဝင် မိုဘိုင်းကိရိယာတွေဟာ လူသားတွေရဲ့ လူနေမှုဘဝမှာ တစ်စတစ်စစိမ့်ဝင် နေရာယူလာရာက အခုဆိုမရှိမဖြစ် အရေးပါတဲ့ပစ္စည်းတစ်ခုအဖြစ်ကို တောင် ရောက်လာတဲ့သဘောဖြစ်နေပါပြီ။ အမေရိကန်နိုင်ငံသားတွေ အတွက်လည်း နေ့စဉ်သတင်းတွေ ရှာဖွေဖတ်ရှုဖို့ အသုံးအများဆုံးနည်းလမ်းဟာ မိုဘိုင်းဖုန်းစတဲ့ မိုဘိုင်း ကိရိယာတွေကနေ ဖြစ်လာပါတယ်။ ယခင်က ပုံနှိပ်သတင်းစာတွေနေရာမှာ မိုဘိုင်းဖုန်းတွေက နေရာယူအစား ထိုးလာတာလို့လည်း ဆိုနိုင်ပါတယ်။ ဒီလို ပြောင်းလဲမှုနှုန်းဟာ ပြီးခဲ့တဲ့နှစ်ကာလတွေအတွင်းမှာ အလျင်မြန်ဆုံးသော ပြောင်းလဲမှုကြီးလည်း ဖြစ်ပါတယ်။ သုတေသနမှာပါဝင်တဲ့ အမေရိကန် လူကြီးပိုင်း ဆိုတာမှာ အသက် ၅ဝ နှစ်နဲ့အထက်က ရာခိုင် နှုန်းပိုများစွာ ပါဝင်တယ်လို့ သုတေ သီတွေက ဖော်ပြထားပါတယ်။

ဒီသုတေသနကို ၂ဝ၁၇ ခုနှစ် မတ်လမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မိုဘိုင်းကိရိယာတွေ အသုံးပြုမှုမြင့် တက်လာတဲ့အတွက် သတင်းရယူမှု နည်းလမ်းတွေလည်း ဘယ်လွှို Trend ကို လိုက်နေပြီလဲဆိုတဲ့အကြောင်းကို ထင်ရှားပေါ်လွင်စေခဲ့တဲ့ သုတေသနလို့ ဆိုနိုင်ပါတယ်။

အမေရိကန်နိုင်ငံသား ၁ဝ ဦးမှာ ရှစ်ဦးထက်ပိုသူများဟာ အခုအခါမှာ မိုဘိုင်းကိရိယာတွေကို ၈၅ ရာခိုင်နှုန်းအသုံးပြုလျက် ရှိနေပါပြီ။ လွန်ခဲ့ တဲ့တစ်နှစ်အတွင်းက သုတေသနမှာ တော့ ၇၂ ရာခိုင်နှုန်းလို့ တွေ့ရှိခဲ့တာ ဖြစ်ပြီး ၂ဝ၁၃ ခုနှစ်တုန်းက သုတေသနမှာက ၅၄ ရာခိုင်နှုန်းဖြစ်တဲ့အတွက် ထက်ဝက်နီးပါးလောက် တိုး လာတယ် ဆိုနိုင်ပါတယ်။

အခု ပြုလုပ်ခဲ့တဲ့ သုတေသန ကတော့ သက်ကြီးပိုင်းတွေကို မေး မြန်းခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံ သား အသက် ၆၅ နှစ်နဲ့ အထက်အရွယ် သုံးပုံနှစ်ပုံခန့် (၆၇ ရာခိုင် နှုန်း) က သူတို့အနေနဲ့ သတင်းဖတ်ချင်တယ်ဆို မိုဘိုင်းကိရိယာတစ်ခုခု ကနေ သတင်းရယူမှုပြုလုပ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့တစ်နှစ်က ပြုလုပ်ခဲ့တဲ့ သုတေသနနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒါဟာ ၂၄ ရာခိုင်နှုန်း တိုးလာတာဖြစ်ပြီး လွန်ခဲ့တဲ့ လေးနှစ်က နှုန်းထက် သုံးဆတက်လာတာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်ကတော့ အသက် ၆၅ နှစ်နဲ့အထက် လူကြီး ပိုင်းရဲ့ ၂၂ ရာခိုင်နှုန်းသာ သတင်းဖတ်ဖို့အတွက် မိုဘိုင်းကိရိယာတွေကို အသုံးပြုခဲ့တယ်လို့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

နာက်ထပ် အသက်အပိုင်းအခြားအလိုက် တင်ပြရရင် ဖြေဆိုသူ အသက် ၅ဝ နှစ်ကနေ ၆၄ နှစ်ကြား လူကြီးပိုင်း ၇၉ ရာခိုင်နှုန်းက သတင်း တွေကို မိုဘိုင်းကိရိယာကနေ ရယူတယ်ဆိုတာ တွေ့ရှိရပါတယ်။၂ဝ၁၃ ခုနှစ်က ပမဏထက် နှစ်ဆခန့် မြင့် တက်လာတဲ့ ပမာဏလည်း ဖြစ်ပါတယ်။

ယခင်ပြုလုပ်ခဲ့တဲ့ သုတေသနတွေမှာ တွေ့ရှိခဲ့တာက လူကြီးတွေဟာ လူငယ်တွေလောက် မိုဘိုင်းဖုန်း အသုံးပြုမှု မမြင့်မားကြခြင်းဖြစ်ကာ သတင်းရယူမှု အတွက် အသက် ၆၅ နှစ်နဲ့အထက် လူကြီးပိုင်းတွေက မိုဘိုင်းဖုန်းထက် ကွန်ပျူတာကို ပိုမို အသုံးပြုတတ်တာကို တွေ့ရပါတယ်။ ယခုသုတေသနမှာ လူကြီးပိုင်းတွေ အနေနဲ့ သတင်းဖတ်ဖို့ မိုဘိုင်း ကိရိယာတွေကို အသုံးပြုတယ်လို့ ဆိုပေမယ့် ဒါဟာ သူတို့အနေနဲ့ မိုဘိုင်းကိရိယာတွေကနေ သတင်းရယူရတာကို နှစ်သက်တယ်ဆိုတဲ့ သဘောတော့ မသက်ရောက်ပါဘူး။ မိုဘိုင်းကိရိယာတွေကကော၊ Desktop နဲ့ လက်ပ်တော့ တွေကကော နှစ်မျိုးစလုံးကနေ သတင်းဖတ်လေ့ရှိတဲ့ သက်ကြီးပိုင်းအားလုံးထဲမှာ မိုဘိုင်းတွေကနေ သတင်းဖတ်ဖို့ ပိုနှစ်သက်သူပမာဏက ၆၅ ရာခိုင် နှုန်း လူများစုရှိတာ ဖြစ်ပါတယ်။              

ဒါပေမယ့် အသက် ၆၅ နှစ်နဲ့အထက် အသက်အပိုင်းအခြားကတော့ မိုဘိုင်းဖုန်းကနေ သတင်းဖတ်ရတာကို နှစ်သက်ခြင်းပမာဏလျော့ နည်းသွားကာ ၄၄ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။ နှိုင်းယှဉ်ဆိုရမယ်ဆိုရင်တော့ အသက် ၁၈ နှစ်နဲ့ ၂၉ နှစ်ကြား လူငယ်တွေရဲ့ လေးပုံသုံးပုံ (၇၇ ရာခိုင်နှုန်း)ဟာ မိုဘိုင်းကနေ သတင်းဖတ်ခြင်းကို ပိုနှစ်သက်ကြတာကို တွေ့ရပါတယ်။ အသက် ၅ဝ နှစ်က နေ ၆၄ နှစ်အထိရှိသူတွေ ကတော့ မိုဘိုင်းကိရိယာတွေကနေ သတင်းဖတ်ရှုရခြင်းကို ၅၄ ရာခိုင် နှုန်းက နှစ်သက်ကြတယ်လို့ ဖြေဆိုကြပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်က တွေ့ရှိမှုမှာတော့ ၄၁ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။

မိုဘိုင်းဖုန်းတွေကနေ သတင်းဖတ်ရှုမှုနှုန်းမြင့်တက်လာခြင်းဟာ မိသားစုဝင်ငွေ နည်းပါးတဲ့ အိမ်ထောင်စုတွေမှာလည်း တွေ့ရပါတယ်။ တစ်နှစ်ဝင်ငွေ USD သုံးသောင်းအောက်သာရှိတဲ့ အိမ်ထောင်စုတွေက အရွယ် ရောက် ၁ဝ ဦးမှာ ရှစ်ဦး (၇၉ ရာခိုင်နှုန်း)ဟာ မိုဘိုင်းဖုန်းကတစ်ဆင့် သတင်းတွေကို ဖတ်ရှုကြပါတယ်။ ဒါဟာ လွန်ခဲ့တဲ့လေးနှစ်က တွေ့ရှိချက်ဖြစ်တဲ့ ၃၇ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင် နှစ်ဆတက်လာတာပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်နှစ်ဝင်ငွေ သုံးသောင်း အထက်အိမ်ထောင်စုတွေက အရွယ်ရောက်လူကြီးတွေကတော့ ၁ဝ ဦးမှာ ကိုးဦးဟာ မိုဘိုင်းဖုန်းတွေကနေ သတင်းတွေ ဖတ်ရှုနေကြပါတယ်။

သတင်းဖတ်ရှုဖို့အတွက် တခြားသော ဒစ်ဂျစ်တယ်နည်းလမ်းတွေကတော့ Desktop ကွန်ပျူတာနဲ့ လက်ပ်တော့ကွန်ပျူတာတို့ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းနဲ့ သတင်းဖတ်ခြင်းအပြင် ကွန်ပျူတာတွေပေါ်မှာလည်း သတင်းဖတ်တဲ့ ပမာဏက မနည်းလှပါဘူး။ အမေရိကန်နိုင်ငံက အရွယ်ရောက် သူတိုင်းရဲ့ ၈၅ ရာခိုင်နှုန်းဟာ ကွန် ပျူတာတစ်ခုခုကနေတစ်ဆင့် သတင်းတွေကိုဖတ်ရှုကြတယ်ဆိုတဲ့ တွေ့ရှိချက်ဟာ လွန်ခဲ့တဲ့ ၂ဝ၁၃ ခုနှစ်က တွေ့ရှိခဲ့တဲ့ပမာဏနဲ့ အတူတူပဲ ဖြစ်နေပါသေးတယ်။ အဲဒီတုန်းက ပမာဏကတော့ ၈၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဝင်ငွေအပေါ် သို့မဟုတ် အသက်အရွယ်အပေါ်မူတည်ပြီး ပြောင်းလဲခြင်းတော့ ထူးထူးခြားခြား မရှိတာကို တွေ့ရပါတယ်။  

 ကလျာအိအိလွင်

Ref: www.pewresearchcenter.org

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.