17-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1024
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
စားသောက်မှုပုံစံကို Digital အလေ့အထကိုလည်း Diet လုပ်ကြမယ် - ၃

''စာတွေကိုလည်း လိုက်ဖတ်နေတာ၊ လိုက်ကြည့်နေတာထက် ကိုယ်တိုင်ပိုပြီး တော့ ဖန်တီးချင်လာပါတယ်။ အရင်ကဆို ကျွန်မက အင်တာနက်ပေါ်က တွင်းနက်ကြီး တွေထဲကို မှန်မှန်ခုန်ချသွားလေ့ရှိပြီး ပြန်တက်လာဖို့က ဘယ်တော့မှ မလွယ်ကူတတ် ပါဘူး။ Wordpress တင်မဟုတ်ပါဘူး။ ဖိုရမ်တွေမှာလည်း အလားတူပါပဲ။ တစ်ခါတလေမှာ စာတွေကို နာရီပေါင်းများစွာ ဖတ်နေမိတတ်ပြီး အချိန်တွေကုန်လို့ ကုန် သွားမှန်းတောင် သတိမထားမိတာမျိုးပါ။

ဒါပေမယ့် ဒီနှစ်မှာတော့ ဒါတွေကို ပိုပိုသတိထားမိလာတဲ့ အလျှောက် မျှမျှတတသုံးစွဲနိုင်ဖို့ ဖြစ်လာပါတယ်။ ဘယ်အရာတွေပေါ် မျှမျှတတထားမလဲဆိုတော့ အွန်လိုင်းဘဝနဲ့ အပြင်က အစစ်အမှန်ဘဝတွေနှစ်ခုကြားမှာပါ။ ဒီနှစ်ခုတည်းလားဆို တော့ မဟုတ်သေးပါဘူး။ လုပ်ငန်းခွင်က ဘဝနဲ့ပုဂ္ဂိုလ်ရေးဘဝတို့ကြားမှာလည်းြေူညေခန လုပ်ဖို့လိုလာပါပြီ။ အကျင့်ဖြစ်နေတဲ့ ဘဝတစ်ခုကိုမျှ ခြေဖြစ်အောင် ပြန်လုပ်ရတာ ပြောင်းလဲရတာ တစ်ခုပဲဖြစ်လို့ ဒါတော်တော် ခက်ခဲလိမ့်မယ်ဆိုတာလည်း နားလည်ထားပါတယ်။ ဒါပေမယ့်လည်း အဲဒီပြောင်းလဲခြင်းဟာ ကောင်းသောရလဒ်တွေ ထွက်လာနိုင်စေမယ့် အပြောင်းအလဲဖြစ်တယ်လို့ ယုံကြည်တဲ့အတွက်ပြောခဲ့တဲ့ အချက်တွေအ ပေါ်မှာ Balance ပြန်လုပ်နိုင်အောင် မဖြစ်မနေကြိုးစားသွားမှာဖြစ်ပါ တယ်။

ကြုံလာမယ့် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ အတားအဆီးတွေက ဘာတွေဖြစ်မ လဲဆိုတာကိုလည်း စောင့်ကြည့်နေဦးမှာပါ။ မှတ်တမ်းတွေလည်း တင်ထားပါဦးမယ်။ ရလဒ်တွေ၊ တိုးတက်မှုတွေအတွက်လည်း ကြိုတွေးပြီး အင်မတန်စိတ် လှုပ်ရှားနေရပါတယ်'' လို့ မိန်းမလှ လေးတစ်ယောက်လည်းဖြစ်တဲ့ ဒါလင်စီက Social Media  ရိုက်ခတ်မှုတွေကို ဘယ်လို ထိန်းကျောင်းမလဲ၊ ဘယ်လိုလျှော့ချသွားမလဲဆိုတဲ့ မေးခွန်းကို ပွင့်ပွင့်လင်းလင်း ဖြေကြားသွားပါတယ်။ သူမပြောတဲ့ မှတ်သားဖွယ်စကား ကတော့ ''သူတစ်ပါးရေးတာတွေကို ဖတ်နေရတာထက် (consume ပြုလုပ်နေတာထက်ကို) ကို ကိုယ်တိုင်ဖန်တီးချင်နေပါပြီ'' တဲ့။

 နောက်ထပ် စာရေးဆရာတစ်ဦးကိုလည်း ဒီနှစ်ထဲမှာ ဘယ်လို Digital Diet တွေ ပြုလုပ်မလဲဆိုတာကို တွေ့ဆုံမေးမြန်းခဲ့ရာမှာ ဆရာမဂျူလီယာမော်ရယ်လာ (Julia Miellers) က သူမရဲ့အမြင်၊ ရပ်တည်ချက်နဲ့ ဆုံးဖြတ်ချက်တွေ အကြောင်းကို ဒီလိုပြန်ပြောပြသွားပါတယ်။

''ကျွန်မက အွန်လိုင်းက ဆောင်းပါးတွေကို သဘောကျပါတယ်။ အထူးသဖြင့် တော့ လူမှုဘဝနဲ့ အနုပညာဆန်တဲ့ယဉ်ကျေးမှုအကြောင်း ဖွဲ့ဆိုတဲ့စာတွေပေါ့။ အဲဒါတွေကိုတော့ အွန်လိုင်းမှာတင်မကပါဘူး။ အပြင်မှာလည်း အချိန်ပေးဖတ်လေ့ ရှိပါတယ်။ အဲဒီလိုဆောင်းပါးမျိုးတွေကိုဖတ်ရတာ တစ်ခါတစ်ခါ အင်မတန်အံ့အား သင့်စရာ အချက်အလက်တွေလည်း ပါဝင်နေတတ်ပါတယ်။ ဒါကြောင့် တစ်ခါတလေမှာ ကျွန်မက ကျွန်မဖတ်နေကျ ဂျာနယ် တွေကနေ အက်ဆေးတွေကို ရှာဖတ်ပါတယ်။ အဲဒီလိုရှာဖတ်ရာမှာ ရံဖန်ရံခါဆိုသလို ကျွန်မလက်သင့်ရာပဲဖတ်ဖြစ်ပါတယ်။ နောက်ဆုံး ကျွန်မ ကိုယ်တိုင် ဖတ်ရင်းဖတ်ရင်း စကားလုံးတွေနဲ့ လက်ပန်းကျလာတဲ့အခါ  Fine Art ဒါမှမဟုတ် သရုပ်ဖော်အနုပညာပုံလေးတွေကို စုပါတယ်။ ပြီးတော့ ကွန်ပျူတာထဲမှာ သိမ်းပါတယ်။ ဒါကတော့ အပျင်းပြေဆိုတာထက်လည်း ပိုပါလိမ့်မယ်။ စိတ်ကျေနပ်မှု၊ ပျော်ရွှင်မှုအတွက် လုပ်တာလည်းဖြစ်ပါတယ်။ ပြီးတော့ အဲဒီလိုလုပ်ခြင်းအပေါ်မှာ ကျွန်မကတော့ အချိန်ဇယားကြီးတွေနဲ့ ကြီး ကြီးမားမား လုပ်တာတော့ မရှိပါဘူး။

 Facebook မှာ Status တွေ တင်တဲ့အခါမျိုးမှာလည်း ကျွန်မ အများကြီး အားစိုက်ထုတ်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ Status တွေဟာ ကျွန်မဘာလဲဆိုတာကို တစ်စိတ်တစ်ပိုင်းပြနေတာလို့ ယူဆတဲ့အတွက်ပါပဲ။

လွန်ခဲ့တဲ့လေးနှစ်ကဆို Status တွေတင်ရင်းနဲ့ ငါတော့ ဘလော့ တစ်ခုလို နေပြီဆိုတဲ့ အတွေးရလာတာလည်း ဖြစ်တယ်လေ။ အခုတော့ Facebook ကို အဓိကအားဖြင့် နိုင်ငံရေးရာမှာ ဘာတွေပြောနေကြတယ်ဆိုတာကို သိချင်လို့ပဲ ဝင်ကြည့် ဖြစ်ပါတော့တယ်။

အားလုံးခြုံပြောရရင် ကျွန်မက ပြောခဲ့တဲ့ကိစ္စတွေအားလုံးထက်ကို ပုံနှိပ်စာအုပ် တွေကို ဖတ်ရတာကို ပိုမြတ်နိုးပါတယ်။ ဝတ္ထုတစ်အုပ်ကို အီလက်ထရောနစ် ကိရိယာ တစ်ခုခုထဲကို ထည့်လိုက်ပြီဆိုတာနဲ့ အင်တာနက်ဆိုတာလိုအပ်လာပြီး ထိန်း သိမ်းရတာလည်း ပိုခက်ခဲသွားပါတယ်။ စာအုပ်တွေဟာ ဒစ်ဂျစ်တယ်အသွင်ပြောင်း သွားတဲ့အခါမှာ စာအုပ်ရဲ့ပင်ကို ဝိညာဉ်တစ်ခု ပျောက်ဆုံးသွားတယ်လို့ ကျွန်မတော့ ထင်ပါတယ်'' လို့ စာအုပ်တွေ ရှုထောင့်ကို အလေးထားပြောကြားသွားပါတယ်။

ဒစ်ဂျစ်တယ်လျှော့ချမှု (Digital Diet) တွေအကြောင်း မေးခွန်းတွေ လိုက်မေးရာ မှာ နောက်ဆုံးမေးဖြစ်တဲ့ သူကတော့ စာရေးဆရာပေါလ် Paul ဖြစ်ပါတယ်။ သူက “Facebook ဟာ မိတ်ဆွေတွေကို သူစိမ်းတွေဖြစ်စေတယ်ဆိုတဲ့အချက်ကို နားလည်လိုက်တာ သုံးလေးလလောက်ရှိပါပြီ။ Wordperss ကတော့ သူစိမ်းတွေကို မိတ်ဆွေတွေဖြစ်လာစေပါတယ်။ ဒါကြောင့်ပဲ ကျွန်တော့်ဘလော့ပေါ်မှာပဲ အချိန်ပိုကုန်ဖြစ်လာတာပါ။ ဘလော့ပေါ်မှာပဲ စာဖတ်တာနဲ့ အပြန်အလှန်ဆက်သွယ်မှု တွေကို ပိုပြီး လုပ်ဖြစ်လာပါတယ်။

Wordpress ပေါ်မှာပဲ ကျွန်တော့်အတွက် နေ့စဉ်လိုအပ်တဲ့ ကမ္ဘာတစ်ခွင်က တခြားသူတွေရဲ့ ဘဝနဲ့သက်ဆိုင်တဲ့စိတ်ကူး စိတ်သန်းတွေ၊ အတွေးအမြင်တွေကို ရလာပါတယ်။ အဲဒါမျိုးကို ဘယ်နေရာကမှမရပါ ဘူး။

တခြား Social Media တွေအကြောင်း ပြောရရင်တော့ ကျွန်တော်က တွစ်တာကို သတင်းအတွက် အားကိုးတယ်။ အင်စတာဂရမ်ကိုတော့ စကားလုံးပေါင်း ထောင်သောင်းချီ ပြောပြတတ်တဲ့ ဓာတ်ပုံတွေကို ကြည့် ဖို့သုံးတယ်။

Wordpress ၊ တွစ်တာနဲ့ အင်စတာဂရမ်ကြားမှာ ကျွန်တော်က တစ်နေ့ကို သုံးခါထမင်းစားတဲ့သဘောပေါ့။ အဲဒီသုံးခုကိုပဲ တစ်နေ့ လုံးလှည့်ပတ်ကြည့်နေတတ် ပါတယ်။ You Tube ကတော့ ကျွန်တော့်အတွက် ညလယ်စာပါပဲ။ ညပိုင်းဆိုရင်တော့ You Tube ပေါ်က ဗီဒီယိုဖိုင်တွေကိုကြည့်ဖို့ အချိန်နည်းနည်းပေးပါတယ်။ သိပ်အများကြီးတော့ မဟုတ်ပါဘူး။ အချိန်ဇယားနဲ့ ကန့်သတ်ထားတာမျိုးလည်း မဟုတ်ပါဘူး။

 ဒါကတော့ ကျွန်တော့်ရဲ့ ၂ဝ၁၇ အတွက် ဒစ်ဂျစ်တယ်  Diet ပေါ့။'' လို့ ဆိုပါတယ်။

ဆိုခဲ့တဲ့ Digital Diet အလေ့အထတွေကို လုပ်နေတဲ့သူတွေလည်း ရှိကောင်းရှိနိုင်သလို များပြားပိုလျှံနေတဲ့ ဒစ်ဂျစ်တယ်စားသုံးမှုတွေကို သတိထားမိလျက် မစွန့်နိုင်တဲ့ ကျွန်မတို့လိုလူမျိုးတွေလည်း အများအပြားရှိနေဦးမှာသေချာပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဒစ်ဂျစ်တယ်ဘဝဟာ ပြင်ပဘဝကိုမထိခိုက်သရွေ့ ပြဿနာမရှိ ဘူးဆိုနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ သက်ရောက်မှု တစ်စုံတစ်ရာတော့ ရှိစမြဲဆိုတာကိုတော့ မေ့မထားသင့်ပါ ဘူး။

ကလျာအိအိလွင်

Ref: www.discover.wordpress.com,wikipedia.

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.