22-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1016
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
စားသောက်မှုပုံစံလို Digital အလေ့အထကိုလည်း Diet လုပ်ကြမယ်

စာရေးဆရာတွေ၊ ဓာတ်ပုံဆရာတွေ၊ အနုပညာရှင်တွေဟာ တစ်နှစ် တာကာလအတွက် သူတို့ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေအကြောင်းကို Share  ပြုလုပ်လာကြပါ တယ်။ တချို့ကတော့ စိတ်ရှိတဲ့အတိုင်း စာတွေရေးဖို့နဲ့ရှုံးနိမ့်မှုတွေကို လက်ခံဖို့အတွက် ခက်ခဲလာပါတယ်။ဘလော့ရေးသူ တချို့ကတော့ ဘလော့အတွက် ဘာတွေကို အာရုံ စိုက်ရေးသားမလဲဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ ရည်ရွယ်ချက်ထားနိုင်ဖို့ ပြန် လည်အားသန်လာပါတယ်။ Social Media ပေါ်က လူသားတွေကတော့ ဆက်သွယ်မှုပေါင်း ထောင်သောင်းချီတဲ့အထဲက ပိုမိုခင်မင်ရတဲ့သူတွေကို သာ ဆက်လက်ပေါင်းသင်းဖို့ ရွေး ချယ်လာပါတယ်။

 

ဒီလိုမျိုး Digital ဘဝတွေကို လူတွေရဲ့ဘဝကို ရိုက်ခတ်လွန်းတယ် လို့ ယူဆလာချိန်မှာ Discover.wordpress.com ကနေ စာရေးဆရာများကို  Digital Diet ဆိုတာနဲ့ ပတ် သက်ပြီး အနည်းငယ်စီမေးမြန်းခဲ့ပါတယ်။ စာရေးဆရာတစ်ဦးချင်းစီရဲ့ အဖြေစကားတွေကို မြန်မာနိုင်ငံကဒစ်ဂျစ်တယ်လူသားတွေလည်း တချို့လည်းသိ၊ တချို့လည်း သိသင့်တဲ့အတွက် အချက်အလက်အချို့ကိုဖော် ပြလိုက်ပါတယ်။

 

မေးခွန်းကတော့ တစ်ခုတည်းကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ''၂ဝ၁၇ အတွက် သင့်ရဲ့ Digital Dier  ကဘာလဲ'' ဆိုတာပါ။ အဲဒီမေးခွန်းကို အရင်ဆုံးမေးလိုက်တဲ့ စာရေးဆရာမ ရီဘက်ကာ ဂယ်လ်ဒင် (Rebecca Gelding) က ပြောပါတယ်။

 

''မနှစ်က ကျွန်မအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ပိုမိုကျန်းမာလာချင်တာနဲ့ ကျွန်မ နေ့စဉ်စားသောက်နေတဲ့ ကယ်လိုရီပမာဏကို အမြဲစောင့် ကြည့်ခဲ့ပါတယ်။ အဲဒီလို သတိထား စောင့်ကြည့်တဲ့အခါမှာ စားလိုက်သောက်လိုက်တဲ့အချိန်တိုင်းမှာ သတိ ထားနေတယ်၊ စားတဲ့သောက်တဲ့အရာတိုင်းကလည်းရည်ရွယ်ချက်ရှိရှိ စားနေသောက်နေတာဖြစ်တဲ့အတွက် ပုံမှန်ထက် အများကြီးလျှော့စားဖြစ်သွားပါတယ်။

 

Social Media ပေါ်မှာလည်း အလားတူပဲဖြစ်ပါတယ်။ Social Media ပေါ်က အချို့ အကျင့်တွေကို ဖြတ်ချဖို့လိုနေတာ ဖြစ်ပါတယ်။  Twitter သို့မဟုတ် Facebook တွေ ပေါ်မှာ တစ်နေကုန် အဆက်မပြတ် မုန့်ပဲသရေစာတွေ တစွတ်စွတ်စား နေခြင်းဆိုတဲ့ အလေ့အထကို Diet လုပ်ဖို့လိုလာပါပြီ။ အထူးသဖြင့် ညနေပိုင်းနဲ့ ညပိုင်းအချိန်တွေမှာ ပိုမို ရှောင်ကြဉ်ဖို့ တစ်နည်းအားဖြင့် လျှော့ချဖို့ လိုအပ်လာတာဖြစ်ပါတယ်။ အဲဒီလို င်္Facebook ပေါ်မှာ Twitter ပေါ်မှာ Instragram ပေါ်မှာ လမ်းသလား နေတာဟာလည်း စွတ်ကယ်စွတ် ကယ် မုန့်တွေစားနေသလို အကျင့် ဖြစ်နေတာပါပဲ။

 

အဲဒီလို Social Media တွေကို အချိန်အများကြီးပေးနေမိတာဟာ တကယ်တော့ ကျွန်မရဲ့ အားလပ်ချိန်၊ အနားယူချိန်တွေမှာ အမှန်တကယ်အပြည့်အဝ အနားမယူရတဲ့သဘော ဖြစ်နေပါတယ်။

 

၂ဝ၁၇ ခုနှစ်မှာတော့ အလုပ်ထဲကို ပိုပြီးစိတ်နှစ်ဖို့နဲ့ အနားယူချိန်ဆိုလည်း အပြည့်အဝ အနားယူဖို့ ဆုံးဖြတ်လိုက်ပြီးတော့ Twitter နဲ့ Facebook တို့ကို အချိန်သတ်မှတ် ပြီးတော့ပဲ ဝင်သုံးပါတော့တယ်။ ကျွန်မအဓိက Follow လုပ်ချင်တဲ့ သူတွေနဲ့သာ ဆက်သွယ်ဖြစ်လာဖို့  Hashtags တွေ Lists တွေကို ပိုသုံးလာပါတယ်။ ကိုယ်ဖတ်ချင်တဲ့ ဘလော့တွေကို Subscribe လုပ်ထားလိုက်တယ်။ ဒီတော့ ဖတ်သင့်တဲ့ ပို့စ်မှန်သမျှ ကျွန်မမလွတ်တော့ဘူး ပေါ့'' လို့ သူမရဲ့ Digital Diet အလေ့ အထအကြောင်းကို ထုတ်ဖော်ပြော ကြားခဲ့ပါတယ်။

 

နောက်တစ်ယောက်ဖြစ်တဲ့ ဗင်းဆင့်မားစ် (Vincent Mars) ကတော့ သူ့ရဲ့  Digital Diet အကြောင်းကို ဒီလိုပြောခဲ့ပါတယ်။ ''ကျွန်တော့်ရဲ့ Digital Diet အလေ့အထကတော့ ရှင်းပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ကျွန်တော့်ရဲ့ Digital မီနူးက ပိုပိုနည်းလာပါတယ်။ ကျွန်တော့်အသက် ၂၅ နှစ်ပါ။ ဒါပေမယ့် Bookmarks တွေ အများကြီးထဲမှာ သတင်းဆိုက်ကိုထည့်ထားမိလားဆိုတာ မမှတ်မိတော့ပါဘူး။ သတင်းထူးတွေဆိုရင် ကိုယ့်ဆီကိုတစ်နည်း နည်းနဲ့ရောက်လာတတ်တယ်ဆိုတော့ အထူးအထွေ ရှာဖွေနေစရာတော့ မလိုဘူးပေါ့။

 

၂ဝ၁၇ မှာ ဒစ်ဂျစ်တယ် မီနူးနဲ့ပတ်သက်ပြီး အချက်ပြခေါင်းလောင်း သံထွက်လာတာကတော့ Digital Menu တွေအလွန်အမင်းများလာတဲ့ အချက်တစ်ခုတည်းကြောင့် မဟုတ်ဘဲ အဲဒီမီနူးတွေထဲက Content တွေကြောင့်လည်း ပါပါတယ်။ အမှန်တော့ အဲဒီလို Digital Content တွေကို စာရွက်တွေပေါ်မှာသာ အသုံးပြုသင့်တာဖြစ်ပါတယ်။ စခရင်တွေဟာ သိပ်ကိုအလင်းစူးလွန်းပြီး ကြော်ငြာတွေလို မလိုအပ်တဲ့ဟာတွေက လည်း နေရာယူသေးတယ် မဟုတ်လား။

 

ကျွန်တော်ကတော့ ဘလော့တွေပေါ်က ဘလော်ဂါ စာရေးဆရာ အသစ်တွေရဲ့ လက်ရာတွေကို လိုက်လံဖတ်ရှုဖြစ်ပါတယ်။ နှစ်သက်တဲ့ဆောင်းပါးတွေ့ရင် Comment ရေးခဲ့လိုက်ဖို့ ၅ မိနစ် ၁ဝ မိနစ်လောက်ထိ အချိန်ပေးပါတယ်။ ပြီးရင်တော့ နောက်တစ်ပို့စ်ကို ထပ်သွားပါတယ်။

 

Facebook နဲ့ Twitter  ကိုတော့ မသုံးသလောက်ပါပဲ။ အဲဒီလို မသုံးဖြစ်တော့ စီးမျောနေတဲ့ Chain ထဲမှာတော့ မပါဘူးပေါ့။ အဲဒါကိုလည်း ဂုဏ်ယူပါတယ်။ ဒါပေမယ့် တကယ် ဂုဏ်ယူတာကတော့ ကျွန်တော့်ရဲ့ ဒစ်ဂျစ်တယ်လောက ရှောင်ရှားရေး အစီအစဉ်တွေပါပဲ။ အချိန်ဇယားလို့ ပြောလည်းရပါ တယ်။ နေ့လယ်ပိုင်းနဲ့ ညနေအစော ပိုင်းတွေမှာပဲ ကျွန်တော် အွန်လိုင်းဝင်ဖြစ်ပါတယ်။ မနက်ပိုင်းအချိန်တွေကို စာရေးဖို့ထားပြီး ညနေခင်း နောက်ပိုင်းမအိပ်ခင်အချိန်တွေကိုတော့ စာဖတ်ဖို့ သီးသန့်ထားတာပါ။ အဓိကပြောချင်တာကတော့ သတင်းတွေထူးပြီဆိုရင် ကိုယ့်ဆီ အလိုလိုရောက်လာပါလိမ့်မယ်။ အထူးတလည် (အမြဲတမ်း) လိုက်ရှာ မနေပါနဲ့ဆိုတာပါ''

 

နောက်တစ်ယောက်က ဂရက်ချန်ကယ်လီ (Gretchen Kelly)  ဖြစ်ပါတယ်။ ''ကျွန်မရဲ့ ၂ဝ၁၇ ခုနှစ်အတွက်  Digital Diet အစီအစဉ်ကတော့ အစားအသောက်ကို  Diet လုပ်တဲ့အစီအစဉ်အတိုင်းပါပဲ။ ရည်ရွယ်ချက်ကောင်းတစ်ခုနဲ့ စတင်မယ်၊ သင့်တင့်လျောက်ပတ်တဲ့ အချိန်ဇယားဆွဲမယ်ပေါ့။ တစ်နေ့တာအတွက် လိုအပ်တဲ့သတင်းတွေ ဖတ်နေ တဲ့ အချိန်မှာ၊ New Feeds  တွေ ဖတ်နေချိန်မှာ၊ ကျွန်မရဲ့ စာရေးဆရာအဖွဲ့ကမိတ်ဆွေတွေ၊ တခြားအဖွဲ့တွေနဲ့ Check in  ဝင်နေတဲ့အချိန်မှာ ကော်ဖီလေးသောက်နေမယ်။ ကော်ဖီ သောက်လို့ ပြီးပြီဆိုရင်တော့ အားလုံးကို Log Off ပြန်လုပ်လိုက်တာပါပဲ။ ဒါကတော့ မနက်ပိုင်းအစီအစဉ်ပေါ့'' လို့ သူမရဲ့  Digital Diet အစီအစဉ် အချိန်ဇယားကို ပြောပါတယ်။

 

 

ကလျာအိအိလွင်

 (ဆက်လက်ဖော်ပြပါမည်)

 Ref: www.discover.wordpress.com

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.