14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ အိတ်ဖွင့်ပေးစာ

မြို့တော်အင်္ဂါရပ်နှင့်အညီ ဖြစ်ရေးအတွက် မြို့တော်စည်ပင်သာယာရေး ကော်မတီမှ အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုခဲ့ရာတွင် မြေငှားစာချုပ် (ဂရန်)မြေများနှင့်ပတ်သက်၍ အခက်အခဲများ မဆိုစလောက်ရှိခဲ့သော်လည်း အရပ် စာချုပ်များဖြင့် အထပ်မြင့်အဆောက် အအုံ သုံးထပ်ခွဲများ ဆောက်လုပ်ခွင့် ပြုခြင်းသည် မြို့တော် အင်္ဂါရပ်နှင့် မညီသည့်ပြင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့် သက်ဆိုင်သော စာချုပ်စာတမ်း မှတ်ပုံတင် ဥပဒေနှင့် လည်း မညီညွတ်ခြင်းကြောင့် မြို့တော် စည်ပင်သာယာရေး ကော်မတီအနေ ဖြင့် ခွင့်မပြုသင့်ဟု ဆိုချင်ပါသည်။

အထူးသဖြင့် ၄င်းအရပ်စာချုပ်အထပ်မြင့် အဆောက်အအုံများသည် အရည်အသွေးအားဖြင့် အလွန်ညံ့ဖျင်းသည့်အတွက် နေထိုင်သူများအတွက် အန္တရာယ်များပါသည်။ ၄င်းအဆောက်အအုံများ ဆောက်လုပ်ရာတွင် မြေရှင်များအနေဖြင့် အကျိုးအမြတ်ရှိသော်လည်း ကန်ထရိုက်တာများအနေဖြင့် ကုန်ကျစရိတ်နှင့်အကျိုးအမြတ်အတွက် အဓိကထားကာ ဈေးကွက်အခြေအနေပေါ်မူတည်၍ ဆောက်လုပ်ကြရသဖြင့် အရည်အသွေးအတွက် အာမခံချက်ကား လွန်စွာနည်းပါးပါသည်။

အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုသင့်သည့်မြေများမှာ မြေငှားစာချုပ်၊ပါမစ်၊ ဘိုးဘွားမြေကွက်များပေါ်တွင် ဆောက်လုပ်ခွင့်ပြုသင့်ပါသည်။ မြေငှားစာချုပ် (ဂရန်) မြေနှင့်ပါမစ်မြေများမှာ စနစ်တကျအကွက်ချထားသော မြေအမျိုးအစားများဖြစ်ပြီး မြို့ တော် အင်္ဂါရပ်နှင့် ညီညွတ်ရေးအတွက် သတ်မှတ်ထားသော အနည်း ဆုံး ဧရိယာ (၂ဝ ပေ x ၆ဝ ပေ) ၁၂ဝဝ စတုရန်းပေပြည့်ရန်လိုအပ်ပြီး ယခင်ကချထားခဲ့သော ရန်ကုန်မြို့ရှိ မြေ ကွက်များမှာ (၂၅ ပေx ၅ဝပေ) ၁၂၅ဝ စတုရန်းပေ အနည်းဆုံးရှိပါသည်။

လမ်းမြေများမှာလည်း အနည်းဆုံး ၂၅ ပေ အကျယ်နှင့် ၃ဝ  ပေ အကျယ်ရှိရန်လိုအပ်ပါသည်။ ၁၉၉ဝ ခုနှစ် နောက်ပိုင်း တည်ဆောက်ခဲ့သော ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံတောင်၊ မြောက်စသော မြို့သစ်များတွင် အကျဉ်းဆုံးလမ်းမှာ ၄ဝ ပေအကျယ်ရှိပါသည်။ ထို့ကြောင့် ၄င်း မြေအမျိုးအစားများသည် စနစ်တကျအကွက်ချထားသောကြောင့် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ရာတွင်လိုအပ်သောလမ်းအကျယ်အဝန်းရှိသောကြောင့် မော်တော်ယာဉ်များဝင်ထွက်သွား လာရေးနှင့် အရေးပေါ်အခြေအနေများတွင် မော်တော်ယာဉ်များဝင် ထွက်လာရေးအတွက် အဆင်ပြေစေ မည်ဖြစ်ပါသည်။

ထို့ပြင် စနစ်တကျအကွက်ချထားသော မြေကွက်များဖြစ်သောကြောင့် နောက်ဖေးလမ်းကြား Back Drainage System (B.D.S) များမှာ ၁၅ ပေ အကျယ်အဝန်းရှိသောကြောင့် မြို့တော်အင်္ဂါရပ်နှင့်အညီဖြစ်၍ မီးဘေးကာကွယ်ရေးနှင့် နောက်ဖေးလမ်းကြား သန့်ရှင်းရေးများအတွက် လုံလောက်သော အ ကျယ်အဝန်းရှိပြီးဖြစ်ပါသည်။

ဘိုးဘွားပိုင်မြေများတွင် အထပ်မြင့်အဆောက်အအုံများတည် ဆောက်ရာတွင်လည်း အထူးသတိပြု သင့်ပါသည်။ တချို့မြေကွက်များ သည် လမ်းမများပေါ်သို့ မျက်နှာပေးထားသော်လည်း တချို့ မြေကွက်များမှာ ၁၅ ပေ လမ်းကျယ် ကိုယ်ပိုင်မှ ဝင်ထွက်သွားလာရသော မြေကွက်များရှိနေပါသည်။ အဆိုပါကိုယ်ပိုင်လမ်းအတွင်းတည်ရှိသော ဘိုးဘွား ပိုင်မြေကွက်ကျယ်များပေါ်တွင် ကွန်ဒိုအဆောက်အအုံများဆောက်လုပ် ခွင့်ပြုခြင်းသည် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက မော် တော်ယာဉ်များ၊ လူများတစ်စုတစ်ဝေးတည်း ဝင်ထွက်သွားလာခြင်းနှင့် အ ရေးပေါ်ယာဉ်များ ဝင်ထွက်သွားလာမည်ဆိုပါက အခက်အခဲများဖြစ်ပေါ် နိုင်သောကြောင့် ထိုကဲ့သို့ ကိုယ်ပိုင်လမ်းအတွင်းရှိ မြေကွက်များပေါ်တွင် ကွန်ဒိုများ ဆောက်လုပ်ခွင့်ပြုခြင်းကို လည်း အထူးစဉ်းစားစေချင်ပါသည်။

အထူးသဖြင့်အရပ်စာချုပ်ဖြင့်အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုခြင်းသည် စာချုပ စာတမ်းမှတ်ပုံတင်ဥပဒေအရလည်း ကောင်း၊ မြို့တော်အင်္ဂါရပ်နှင့်အညီ သတ်မှတ်ထားသောအင်္ဂါရပ်များနှင့် ညီညွတ်ခြင်းမရှိသည့်အတွက်ကြောင့်လည်းကောင်း ခွင့်မပြုသင့်ကြောင်းတင်ပြလိုပါသည်။

အရပ်စာချုပ်ဖြင့် သုံးထပ်ခွဲအဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုသော မြေသည် များသောအားဖြင့်ဘိုးဘွားပိုင်မြေ အမျိုးအစားဖြစ်ပါသည်။ ¤င်းမြေအမျိုးအစားအနေဖြင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ မှတ်ပုံတင်ခြင်း ဥပဒေအရ သက်ဆိုင်ရာ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် တရားဝင်စာချုပ်ချုပ်ဆို ရောင်း ချရမည့် မြေအမျိုးအစားဖြစ်ပါသည်။

တစ်နည်းအားဖြင့် စည်းကမ်းပျက် ရောင်းဝယ်ထားသော မြေကွက် များဖြစ်ပါသည်။ အထူးသဖြင့် သက်မှတ်ထားသော ရောင်းဝယ်ခွင့်ပြုထား သည့် ဧရိယာအောက် ရောက်နေ သော  မြေကွက်များဖြစ်ပါသည်။ အထူးသဖြင့် ၂ဝ ပေx ၆ဝပေ၊ ၁၂ဝဝ စတုရန်းပေ ရောင်းဝယ်ခွင့်ပြု ထားသော်လည်း လက်ရှိမြေကွက်များ မှာ ၁၅ပေx၅ဝပေ ၊ ၂ဝပေx၄ဝပေ စသည်ဖြင့် ဧရိယာ အရွယ်အစား အမျိုးမျိုးဖြင့် ဝယ်ယူနေထိုင်ခြင်းဖြစ်ပြီး တချို့မြေကွက်များမှာ နဂိုက ဘိုးဘွားပိုင်မြေကွက်များပေါ်တွင် ကျူးကျော်နေထိုင်ခဲ့ကြသူများ ဖြစ်ကြပြီး  ယခုအခါ အရပ်စာချုပ်ဖြင့် အထပ်မြင့်အဆောက်အအုံများ ဆောက် လုပ်ခွင့်ပြုခြင်းကြောင့် မြေပိုင်ရှင်နှင့်ညှိနှိုင်း၍ ဆောက်လုပ်ကြသော မြေ ကွက်တချို့လည်း ရှိနေပါသည်။

အရပ်စာချုပ်မြေများသည် မြေကွက်ကျယ်ကြီးတစ်ခုအတွင်း အရွယ်အစားအမျိုးမျိုးဖြင့် တည်ရှိနေသော မြေကွက်များဖြစ်ပြီး လမ်းအကျယ် များမှာ ၁ဝ ပေထက်မပိုသော လမ်းများဖြစ်နေပါသည်။ လမ်းများမှာလည်း အကွေ့အကောက်များဖြင့် စနစ်တကျမဖြစ်သည်ကို တွေ့ရမည်ဖြစ်ပါသည်။ နောက်ဖေးလမ်းကြား (B.D.S) ဆိုသည်ကတော့ မရှိပါ။

ထို့ကြောင့် အရပ်စာချုပ်မြေများသည်

(၁)စနစ်တကျအကွက်ချထား သော မြေကွက်များကဲ့သို့ လုံလောက်သော မြေကွက်ဧရိယာ ၁၂ဝဝ ပေ စတုရန်းပေနှင့် လမ်းအကျယ် အ နည်းဆုံး ၃ဝ ပေနှင့် နောက်ဖေးလမ်း ကြားများ မရှိခြင်း။

 (၂)ဘိုးဘွားပိုင်မြေ အမျိုးအစားများ ဖြစ်နေသဖြင့် မရွှေ့မပြောင်းနိုင်သော စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေအရ တရားဝင်စာချုပ်ချုပ်ဆိုခြင်းဖြင့် နိုင်ငံတော်အတွက် အခွန်အခများရရှိနိုင်မည်ဖြစ်သော်လည်း ယခုအခါအရပ်စာချုပ်ဖြင့် အဆောက်အအုံဆောက်လုပ်ခွင့်ပြုခြင်းကြောင့် အခွန်များဆုံးရှုံးနေပါသည်။

 (၃) တချို့ဘိုးဘွားပိုင်မြေကွက် အမည်ပေါက်များမှာ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို ရှာဖွေ တွေ့နိုင်သော အရပ်စာချုပ်များဖြစ်ရာ ထိုမြေကွက်များအနေဖြင့် မူလစာချုပ်ပါ ကတိကဝတ်များအတိုင်း ဆက်လက်ဆောင်ရွက်ပေးစေလိုမှု (ပဋိညာဉ်အတိုင်းလိုက်ပါဆောင်ရွက် ပေးစေလိုမှု) ဖြင့်သက်ဆိုင်ရာ တရားရုံးများတွင် လျှောက်ထား၍ မှတ်ပုံတင် စာချုပ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။

ထို့ကြောင့် အရပ်စာချုပ်များကို အထပ်မြင့် သုံးထပ်ခွဲ အဆောက်အ အအုံများ ဆောက်လုပ်ခွင့်ပြုခြင်းသည် မြို့တော်အင်္ဂါရပ်နှင့် မညီညွတ်သကဲ့သို့ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများမှတ်ပုံတင်ဥပဒေအရလည်း မကိုက်ညီပါသဖြင့်၊  စုပေါင်းမြေပိုင်စနစ်ဖြင့် နိုင်ငံတော်မှ အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ခြင်းသည်သာလျှင် မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်မည်ဖြစ်ပါသဖြင့် သာယာလှပသော မြို့တော်ဖြစ်ရေးကို ဦးစာပေးစဉ်းစားသင့်ပါ ကြောင်း အကြံပြုအပ်ပါသည်။

 

မောင်လှိုင်းသစ်

မောင်လှိုင်းသစ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.