19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
ယနေ့ Social Media နှင့် တန်ဖိုးထားမှု အပြောင်းအလဲများ၊ Social Media လှိုင်းများကြားက ရိုက်ခတ်မှု နောက်ဆက်တွဲများ

(၅) Social media လှိုင်းလေထန်နေ တဲ့ ခေတ်အခါကြီးထဲမှာ သူ့ရဲ့ရိုက် ခတ်မှုအရှိန်အဟုန်ကလည်း ပြင်း ထန်လှတယ်ဆိုတာ ပြောစရာကို မလိုတော့လောက်အောင်ပါပဲ။ အဲဒီ ရိုက်ခတ်မှုတွေထဲမှာ အထင်ရှားဆုံး အချက်တွေထဲက တစ်ချက်လို့ဆိုနိုင် တာ ကတော့ စကားလုံးအသစ်၊ ဝေါ ဟာရ အသစ်တွေ ပေါ်ပေါက်လာ ခြင်းပါပဲ။

Social Media တွေပေါ်မှာ လူတွေဟာ အချင်းချင်းအလျင်အမြန် တွေ့ကြ၊ အလောသုံးဆယ်စကားတွေ ပြောကြ၊ စာတွေ အပြန် အလှန် ရိုက် ကြနဲ့ အသော့အလျင်စာတွေကို ဖန် တီးလာရာမှာ မူလဘာသာစကားက မူရင်းစကားလုံးတွေကို အလျင် အသော့ စကားလုံးတွေ၊ အသံထွက် အတိုင်းချရေးတဲ့ စကားလုံးအသစ် တွေ စသည်ဖြင့် အသစ်အသစ်သော စကားလုံး၊ ဝေါဟာရတွေဟာ Social Media Trend ထဲက ဘာသာ ဗေဒတစ်ခု ဖြစ်လာပါတော့တယ်။       

ဒါဟာ ဘာသာစကားဆိုင်ရာ နယ်ပယ်မှာ အကြီးအကျယ်အငြင်း ပွားမှု တစ်ခုဖြစ်ပေမယ့် Social Media လှိုင်းလေထဲမှာ ငြိမ့်ညောင်း နေသူ အချို့ကလည်း အသော့ အလျင် ဝေါဟာရအသစ်လေးတွေ၊ ချစ်စရာကောင်းလောက်အောင်ကို တမင် မှားယွင်းသုံးစွဲနေတဲ့ အသုံး တွေကိုပဲ ကျေနပ်ပြီး သဘောအကျ ကြီးကျနေတာတွေလည်း ရှိပါတယ်။ မည်သို့ပင်ဆိုစေကာမူ ကိစ္စရပ်တိုင်း ဟာ အစွန်းမရောက်လွန်းဖို့သာ လိုအပ်တာကြောင့် အဲဒီလိုဝေါဟာရ အသစ်အဆန်းတွေကိုလည်း အလွန် အကျူး သုံးစွဲလာခြင်းမျိုး ကိုတော့ သတိထားသင့်ပါတယ်။ မဟုတ်ရင် တော့ မိခင်ဘာသာစကားတွေအ တွက် အန္တရာယ်ပါပဲ။

(၆) နောက်ထပ်ပြောင်းလဲမှုတစ်ခု ကတော့ စာဖတ်ပရိသတ်ပမာဏ သိသိသာသာလျော့ကျလာခြင်း ဖြစ် ပါတယ်တဲ့။ Social Media တွေလို မြန်ဆန်သွက်လက်လှတဲ့ ဝက်ဘ် ဆိုက် Content တွေကြောင့် လူတွေ ဟာ တစ်နေရာတည်းမှာ ကျောက်ချ ပြီး စာတွေ တစ်လှေကြီးထိုင်ဖတ်နေဖို့ အချိန်မပေးဖြစ်တော့ပါဘူး။ တစ်နေ ရာကနေ တစ်နေရာကို အလျင်အ မြန် ခရီးနှင်ပြီး Status Update တွေ၊ နောက်ဆုံးပေါ်ဓာတ်ပုံတွေကို လိုက် လံကြည့်ရှုဖို့သာ ပိုမိုစိတ်အား ထက် သန်လာကြပါတယ်။ ဒါကလည်း မြန် ဆန် သွက်လက်မှု၊ သတင်း စီးဆင်းမှု မြန်ဆန်ခြင်းစတဲ့ Social Media ရဲ့ အားသာချက်တွေကြောင့် ဖြစ်ပါ တယ်။ ဒါကြောင့်ပဲ Social Media တွေပေါ်က မှတ်စုတွေ၊ စာစုတွေဟာ လည်း တဖြည်းဖြည်းမှေးမှိန်လာပြီး ခုနောက်ပိုင်းမှာတော့ မတွေ့ရသ လောက်ကို ဖြစ်နေတာကို သတိပြုမိ ပါတယ်။ အဲဒီလို စာဖတ်ခြင်း အလေ့ အထပျက်ယွင်းလာတာနဲ့အမျှ လူ တွေရဲ့ တွေးခေါ်မှုတွေ ဆုတ်ယုတ် လာတယ်ဆိုတာတော့ သံသယဖြစ် ဖွယ်မရှိပါဘူး။ မိမိခေါင်းထဲကို အ တွေးအခေါ်တွေ စိမ့်ဝင်ရောက်ရှိလာ စေဖို့ တွေးခေါ်ဆင်ခြင် တဲ့ အရေး ပါတဲ့အလေ့အထရှိလာအောင် ပြု လုပ်ဖို့ရေခံမြေခံတွေ လျော့နည်း လာတယ်လို့ပဲ ဆိုချင်ပါတယ်။ စာ အုပ်ဖတ်ခြင်း ကတော့ အဲဒီရေခံမြေခံ တွေကို သေချာပေါက် ပေးစွမ်းနိုင်ပြီး Social Media ကတော့ ပြန်ပြီးစဉ်း စားစရာ ဖြစ်လာပါတယ်။

(၇) စာအုပ်စာပေမှာ မွေ့လျော်ခြင်းဆိုတဲ့ အလေ့အထကောင်းတွေဟာ မိမိမဟုတ်တဲ့ သူတစ်ပါးတစ်ဦးတစ် ယောက်ရဲ့ အတွေ့အကြုံတွေ ကို သေချာနားလည်သဘောပေါက်စေနိုင် ဖို့ အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပါ တယ်။ Social media တွေရဲ့ သဘောကတော့ စီးပွားရေးသဘော တွေလည်း ပါဝင်နေတာကြောင့် လူ တွေရဲ့ အကြိုက်ကိုလိုက်ကာ အလိုလိုက် အကြိုက်ဆောင် ပြီး ကလေး တွေကို ဖျက်ဆီးမှန်းမသိဖျက်ဆီးနေ တဲ့ လူကြီးတစ်ယောက်လို့ပဲ ဆိုရ မလား မသိတော့ပါ။ လူတွေ ဘာ သဘောကျလဲ၊ ဘာတွေကြိုက်တတ် လဲ သုတေသနတွေ ကျကျနနလုပ်ပြီး မှ လူတွေကို ချည်ပြီးတုပ်ပြီး သူတို့ စည်းဝိုင်းထဲက မထွက်နိုင်အောင် ပြုလုပ်တဲ့ အပျော့စားအာဏာရှင်လို့ တောင် ဆိုချင်ပါတယ်။

Social Media တွေဟာ လူတွေကို အလိုလိုက် လွန်းပါတယ်။ ဆိုဆုံးမတတ်တဲ့ မိဘသဖွယ်မဟုတ် ဘဲ အလိုလိုက်ကာ ဖျက်ဆီး ထားတဲ့ သူတစ်ဦးလို ဖြစ်နေပါတယ်။ Social Media ဆိုတာ လူတွေကို အကြိုက် ဆောင် သွေးဆောင် ဖြားယောင်ကာ အချိန်နဲ့အမျှ မိန်းမူးနေစေမယ့် စေစားချက်တွေလို ဖြစ်နေပါတယ်။ မိမိလမ်းကို မိမိကောင်းကောင်းသိရှိ နားလည်ပြီး Social Media ထံက လိုအပ်တာတွေကိုသာ ယူငင်သုံးစွဲတဲ့ သူတွေလည်း ရှိသလောက်တော့ ရှိမှာ ဖြစ်ပေမယ့် ပျော်သလောက် လိုက်လံ သုံးစွဲနေမယ့် သူတွေလည်း မနည်း လှဘူးဆိုတာကိုလည်း သတိချပ်ရ ပါဦးမယ်။

(၈) Social Media ရဲ့ နောက်ထပ် ရိုက်ခတ်မှုတစ်ခုကတော့ ဆယ်ကျော် သက်တွေအပေါ် ဖြစ်ပါတယ်။ ဆယ် ကျော်သက်လေးတွေ ရဲ့ Role model တွေဟာ Social Media ပေါ်မှာ တက်ကြွသူတွေများပါတယ်။ ရုပ်ရှင် သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ် တွေကစလို့ အခြားသော Celebrity တွေအားလုံးလိုလိုဟာ Social Media Platform ကို သူတို့ရဲ့ ကြော်ငြာနည်း လမ်းတစ်ခုအဖြစ် မဖြစ်မနေအသုံးချ လာရာမှာ သူတို့ရဲ့ အမာခံပရိသတ် တွေဖြစ်တဲ့ ဆယ်ကျော်သက်လေး တွေကိုယ် တိုင်လည်း Social Media တွေပေါ် က မဆင်းနိုင်တော့ပါ ဘူး။ Celebrity တွေကို အလွန်အ မင်းအားကျပြီး သူတို့လုပ်သမျှကို အတုယူကြပါတော့တယ်။

အဆိုပါ အချက်အလက်တွေက တော့ Social Media ထောင်ချောက် တွေပေါ်က သက်ရောက်မှု တချို့ဖြစ် ပြီးတော့ အဲဒီ သက်ရောက် မှုတွေဟာ မိမိတစ်ကိုယ်ရေဘဝမှာကော ဘယ် အထိသက်ရောက်ပြီးပြီလဲ၊ ဘယ် အ တိုင်းအတာထိ ဝင်စွက် ဖက်ပြီးပြီလဲဆို တာကတော့ မိမိတစ်ကိုယ်ရေ သုံး သပ်ရမယ့်အပိုင်းဖြစ်ပြီး တစ်ဦးနဲ့ တစ်ဦး တူလိမ့်မှာတော့ မဟုတ်ပါ ဘူး။ Social media အမျိုးအစား၊ သုံးစွဲတဲ့အချိန်အပိုင်းအခြား၊ သုံးစွဲသူ အသက်အပိုင်းအခြား၊ Social Media အပေါ်ခံယူအဓိပ္ပာယ် ဖွင့်ဆိုမှု၊ အသုံးချမှုအဆင့်များ စတာ တွေကို အခြေခံပြီး မတူညီမှုအဆင့်တွေလည်း ကွဲပြားသွားနိုင်တာဖြစ်ပါတယ်။

မိမိရဲ့ နောက်ခံဗဟုသုတ၊ သတိရှိမှုနဲ့ မိမိ ကိုယ်ပိုင်အချိန်တွေကို မိမိအကျိုးအတွက် စီမံခန့်ခွဲနိုင်မှုတွေ ကလည်း Social Media ကို အကျိုး များများဖြစ်ထွန်းလာအောင် အသုံးချ နိုင်ဖို့ အကြောင်းအချက်ကောင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် Social Media ရဲ့ ကောင်းသောအချက်တွေ၊ ကောင်းကွက်တွေကိုသာ ထိထိမိမိ အသုံးချလိုက်နိုင်ဖို့နဲ့ Social Media ဘေးထွက် ဆိုးကျိုးတွေကို ဖယ်ရှားနိုင် စေဖို့ ဥာဏ်ပညာနဲ့ယှဉ်ပြီး သုံးနိုင် ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

ကလျာအိအိလွင်

Ref: www.careerride.com,
www.guardian.ng

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.