14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
ယနေ့ Social Media နှင့် တန်ဖိုးထားမှု အပြောင်းအလဲများ Social Media ဟာ ဆယ်ကျော်သက်တွေအတွက် ထောင်ချောက်လား

ဖော်ပြခဲ့တဲ့ ကိစ္စရပ်တွေဟာ လူမှုရေးဆိုင်ရာ မတူညီတဲ့ ရှုထောင့် တွေ၊ အမြင်တွေ၊ ပြဿနာတွေသာ လျှင် ဖြစ်ပါတယ်။ အဆိုပါ ရှုထောင့် တွေ၊ အမြင်တွေ၊ ဖြေရှင်းရမယ့် ပြဿနာတွေမှာ မျက်နှာစာတွေက လည်း တစ်ခုတည်းမဟုတ်ဘဲ တစ်ခု ထက်ပိုတဲ့ မျက်နှာစာတွေဖြစ်နေပါ တယ်။ ဒီအချက်ဟာ ခေတ်သစ်လူမှု မီဒီယာတွေကြောင့်ဖြစ်လာတဲ့ ပြဿနာတွေကို လွယ်လွယ်ကူကူ ဖြေရှင်းလို့ မရနိုင်စေတဲ့ အကြောင်း အချက်လည်း ဖြစ်ပါတယ်။
    လက်ရှိအချိန်အခါဟာ ပညာ ရေးကဏ္ဍဟာ အားအင်ချည့်နဲ့ပြီး ခြေ ကုန်လက်ပန်းကျနေတဲ့ အနေအထား ဖြစ်နေပါတယ်။ အစိုးရရဲ့ မူဝါဒအလွဲ အချော်တွေ၊ ဆွေမျိုး ကောင်းစားရေး ဝါဒနဲ့ အကျင့်ပျက် ခြစားမှုတွေနဲ့ လုံးချာလည်လိုက်ခဲ့ရတဲ့ နှစ်ကာလပေါင်း များစွာဟာ အမြစ်ကစလှန်ပြီး ရှင်း ပစ်ရမယ့် ယန္တရားတစ်ခုလိုပါပဲ။ နိုင်ငံအနေနဲ့ ဘွဲ့ရပညာမတတ်တွေ၊ လက်မှတ်ရ စာမတတ်တွေကိုသာ မွေးထုတ်ပေးနိုင်ခဲ့ပြီး အလုပ်ခွင်မှာ ဘာမှမလုပ်တတ် မကိုင်တတ်တဲ့ ဘွဲ့ ရပုဂ္ဂိုလ်တွေသာ ပုံပုံလိုက်လာပါ တယ်။
    ဒါဟာ တက္ကသိုလ် ကျောင်းပေါင်းမရေမတွက်နိုင်အောင်ကနေ အလုပ်လက်မဲ့ ဘွဲ့ရ လူတန်းစားတွေ များပြားလာအောင် တစ်နှစ်တစ်နှစ် မွေးထုတ်ပေးနေတဲ့ အဆိုးသံသရာ ကြီးတစ်ခုလို့ပဲ ဆိုချင်ပါတယ်။ အဲဒီ အလုပ်လက်မဲ့ ဘွဲ့ရ လူတန်းစားဟာ နိုင်ငံတကာ အလုပ်ခွင်တွေမှာ ချိတ် ဆက်လုပ်ဆောင်တတ်ဖို့အတွက် သိ မြင်မှု၊ ဝေဖန်ပိုင်းခြားနိုင်မှုတို့မရှိ၊ လူမှု စိတ်ပညာဆိုင်ရာ အသုံးချနည်းလမ်း တွေကိုလည်း မသိဖြစ်ကုန်ပါတယ်။ အဲဒီလို နိုင်ဂျီးရီးယားလူငယ်တွေရဲ့ လမ်းပျောက်မှုကို မချိတင်ကဲဖြစ်နေ တဲ့ ဘုန်းတော်ကြီးက Social Media လမ်းတွေကြားမှာ လမ်းပျောက်နေ တာတွေကိုလည်း ပေါ်လွင်အောင် ညွှန်းဆိုပြသလိုတဲ့ သဘောဖြစ်ပါ တယ်။
    နိုင်ဂျီးရီးယားလူငယ်တွေ Social Media တွေပေါ်မှာ အချိန်ကုန်စေတယ်၊ ဒါပေမယ့် အကျိုးဖြစ်ထွန်း စေတဲ့ ရလဒ်တစ်ခုခုကို ဖန်တီးလိုက် နိုင်တဲ့သူ ရှားပါးတယ်ဆိုတဲ့ သဘော ကို Social Media အပြောင်းအလဲ တွေကြားမှာ စာဖတ်ခြင်းဓလေ့လည်း မှေးမှိန်ကာ အချိန်ကုန်ခြင်းသာ အ ဖတ်တင်လာတယ်ဆိုတဲ့ ပြဆိုချက် တွေနဲ့ ရေးသားထားပါတယ်။
    လူငယ်တွေဟာ Social Media တွေကြားမှာ စီးမျောရင်း နာမည် ကျော်ကြယ်ပွင့်တွေရဲ့ အကြောင်း တွေ၊ ဖျော်ဖြေရေးတွေမှာ လမ်းဆုံးနေ တတ်ကာ ပညာရေးဆိုင်ရာ လေ့လာ လိုက်စားမှုတွေ၊ ရပ်တည်ချက်တွေ အားနည်းနေတတ်ပါတယ်။  အလွယ် လမ်းလိုက်လာတဲ့ခေတ်ရေစီးကြောင်း မှာ အလုံးစုံအလွယ်လမ်းလိုက်နေဖို့ မလိုအပ်တဲ့ အကြောင်းကိုလည်း တစ် စွန်းတစ်စဆိုသလို ဖော်ပြထားပါ တယ်။
    စာဖတ်ခြင်းဓလေ့တွေ လျော့ပါးကုန်ခြင်းရဲ့ အဓိက အကြောင်းအချက်တွေဖြစ်တဲ့ Social Media  တွေပေါ်က ရောက်တတ်ရာရာ အ ကြောင်းအရာတွေနဲ့ လွန်ကဲနေတဲ့ ဖျော်ဖြေရေး Content တွေ အ ကြောင်းကို အဆိုပါနိုင်ဂျီးရီးယား ဘုန်းတော်ကြီးကသာ အကျယ်တဝင့် ရေးသားခဲ့တာ မဟုတ်ပါဘူး။ အွန် လိုင်းပေါ်က Social Media Survey များစွာကလည်း Social Media တိုးတက်ဖြစ်ထွန်းမှုနောက်မှာ စာဖတ်ခြင်းဓလေ့တွေ ပြောင်းလဲသွားပုံတွေ၊ စာအုပ်တွေနဲ့ အထိအတွေ့နည်း လာခြင်းတွေအပြင် Social Media ထောင်ချောက်တွေကြားက ဆယ် ကျော်သက်တွေ၊ ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာဆုံးရှုံးရမှုတွေကိုပါ တတ်နိုင်သလောက် ဖော်ထုတ်လာကြ ပါတယ်။
    ''စာအုပ်မရှိတဲ့ အခန်း တစ်ခန်း ဟာ အသက်ဝိဥာဉ်မရှိတဲ့ ခန္ဓာကိုယ် တစ်ခုလိုပါပဲ'' ဆိုတဲ့ Marcus Tullius Cicero ရဲ့စကားလို စာမဖတ်တဲ့ ကလေးတွေရဲ့ အနာဂတ်ဟာလည်း တစ်မျိုးတစ်ဖုံဖြစ်သွားနိုင်ပါတယ်။ Social Media တွေပေါ်မှာ စီးမျောရင်း၊ အချိန်ကုန်ရင်း အခန်းထဲမှာ စာအုပ်တွေထားဖို့ ခက်ခဲလာနိုင်ပါ တယ်။
    UK မှာ လုပ်ခဲ့တဲ့ Survey တစ်ခုမှာ တွေ့ရှိခဲ့တာကတော့ ကလေးအရွယ်ကနေ အသက်အရွယ် ပိုရလာလေ စာဖတ်ခြင်းအလေ့အထ လျော့နည်းလာလေဆိုတဲ့အချက် ဖြစ်ပါ တယ်။ လေ့လာမှုမှာ အသက်အရွယ် အုပ်စု သုံးစုခွဲပြီး အသက် ၆ နှစ်က နေ ၈ နှစ်၊ ၁၂ နှစ်ကနေ ၁၄ နှစ်၊ ၁၅ နှစ်ကနေ ၁၇ နှစ်ဆိုပြီး ခွဲခြား လေ့လာခဲ့တာဖြစ်ပါတယ်။
    အဲဒီ လေ့လာမှုမှာ ဆယ်ကျော် သက်နဲ့ ကလေးငယ်တွေ အနေနဲ့ Facebook, အင်တာနက်နဲ့ တခြား Social Media ဝက်ဘ်ဆိုက် တွေပေါ် မှာ တရားလွန်စိတ်ညွှတ်နေခြင်း အ ပေါ် မိဘတွေအပါအဝင် လူ့အဖွဲ့အစည်းထဲက လေးပုံတစ်ပုံလောက်က ကော သဘောကျ နှစ်သက်မှု မရှိကြ တာကိုလည်း တွေ့ရပါတယ်။ ဆယ် ကျော်သက်နဲ့ ကလေးတွေဟာ စာဖတ်ခြင်းဓလေ့ကို ကျောခိုင်းကုန်တာကို သူတို့ စိတ်မချမ်းမသာဖြစ်ကြ ပါတယ်။ ဒီအကြောင်းတွေကြောင့် Social Media တွေက စာဖတ်ခြင်း အလေ့အထတွေကို နည်းပါးအောင် သတ်နေတာလားဆိုတာကို သေချာ ပြန်လည် ဆန်းစစ်ကြပါတယ်။
    အမှန်တကယ်လည်း Social Media ထောင်ချောက်ဟာ အောက်ပါသက်ရောက်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။

(၁) Social Media ဟာ သုံးစွဲသူကို ဖျော်ဖြေရုံသက်သက်သာဖြစ်ပြီး အကျိုးရှိရှိနဲ့ အချိန်ကုန်ဆုံးခြင်းမျိုး မဖြစ်စေပါဘူး။ ဖျော်ဖြေမှုတွေ အပေါ်မှာပဲ သာယာကာ အချိန်ကုန်မှန်းမသိကုန် နေတဲ့ လူငယ်တွေရဲ့ ဘဝဟာ ဘယ်လိုနည်းနဲ့မှ Social Media တွေပေါ်မှာပဲ အချိန်ကုန် နေတာမျိုး မဖြစ် သင့်တော့ပါဘူး။

(၂) ဒါပေမယ့် Social Media တွေ ပေါ်ကနေ အတွေးအမြင်တွေရလာတယ်၊ ဗဟုသုတတွေ ရလာတယ်ဆို ပြီးတော့ ငြင်းချက်ထုတ်မယ့် သူတွေ လည်း ရှိနိုင်ပါတယ်။ စာအုပ်တွေ ဖတ်ခြင်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် Social Media ပေါ်ကရတဲ့ ဗဟုသုတ၊ ပညာရေးဆိုတာ လွန်စွာနည်းပါး တယ်ဆိုတာကိုတော့ သတိပြုစရာပါ။

(၃) သူတစ်ပါးရဲ့ ဖန်တီးမှုတွေ၊ ရေး သားချက်တွေ၊ အတွေးအမြင်တွေကို Forward ပြုလုပ်ဖို့နဲ့ Share ဖို့သာ ပိုမိုစိတ်စောနေသူတွေအဖို့ သူတို့ရဲ့ ပင်ကိုဥာဏ်တွေ နည်းပါးလာနိုင်ခြင်းနဲ့ Creativity တွေ လျော့ပါးလာနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။

(၄) Social Media တွေပေါ်မှာ ကုန် ဆုံးတဲ့အချိန်အများစုဟာ သူများတွေ ဘာလုပ်နေတယ်ဆိုတဲ့ ရောက်တတ် ရာရာတွေအပေါ်မှာ လိုက်ရှာနေခြင်း နဲ့ အွန်လိုင်းကနေ ဈေးရောင်းတဲ့ ဆိုက်တွေမှာ လိုချင်တဲ့ ကုန်ပစ္စည်း တွေကို လိုက်လံကြည့်ရှုနေခြင်းတွေ သာဖြစ်တတ်ပြီး အဲဒီအချိန်တွေနေ ရာမှာ စာဖတ်လိုက်မယ်ဆိုရင် ကိုယ့် ကိုယ်ပိုင် ဘဝအတွက် ဗဟုသုတတစ် စုံတစ်ရာတော့ ရရှိလာစေမှာပါ။ စိတ် အပန်းဖြေမှုကလည်း တစ်စုံတစ်ရာ သော အတိုင်းအတာထိ လိုအပ်တယ် ဆိုပေမယ့် ကိစ္စတိုင်းမှာ တန်ဆေး လွန်ဘေးဆိုတာ ရှိတယ်ဆိုတာကို တော့ သတိချပ်သင့်ပါတယ်။

Ref: www.careerride.com, www.guardian.ng.

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.