19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
ယနေ့ Social Media နှင့် တန်ဖိုးထားမှု အပြောင်းအလဲများ

Social Media အကြောင်းကတော့ ပြောရင် တစ်ထောင့်တစ်ည ပုံပြင်လိုပါပဲ။

Social Media ကြောင့် ပြောင်းလဲသွားတဲ့ ယဉ်ကျေးမှုတွေ၊ အလေ့အထတွေနဲ့အတူ ကောင်းခြင်း၊ ဆိုးခြင်း အစွန်းနှစ်ဖက်အကြောင်းကိုလည်း မသိမဖြစ်မဟုတ်တောင် အနည်းအကျဉ်းတော့ တီးမိခေါက်မိ ဖြစ်နေအောင် လေ့လာထားမှ ဖြစ် မယ့် ခေတ်ရောက်နေပါပြီ။

အဲဒီ အကျိုးသက်ရောက်မှုများစွာထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ စာဖတ်ခြင်းအလေ့အထ အကြောင်းကို ပြီးခဲ့တဲ့အပတ်တွေက ဖော်ပြခဲ့ပါ တယ်။ စာဖတ်ခြင်း ယဉ်ကျေးမှုဆိုတဲ့ စီးကြောင်းကြီးကလည်း တခြားအကြောင်းအရာတွေလှိုSocial Media ပင်မစီးကြောင်းကြီးထဲကို မဝင် မဖြစ် ဝင်လာရတဲ့အခါ စာဖတ်ခြင်း အပေါ် ရိုက်ခတ်လာတဲ့ Social Media လှိုင်းအကြောင်းကို လေ့လာ တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ လူတော်တော်များများ (အထူးသဖြင့် လူငယ်လူရွယ်များ) အနေနဲ့ တစ်ဦးတည်း ရှိနေရင်ဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်း အသင်းတွေနဲ့ ရှိနေရင်ဖြစ်ဖြစ်၊ မိသားစုနဲ့ရှိနေရင်ဖြစ်ဖြစ် လက်ထဲက စမတ်ဖုန်းလေးကို ချမထားနိုင်ဘဲ တကြည့်ကြည့်လုပ်နေတဲ့မြင်ကွင်း၊ စမတ်ဖုန်း မျက်နှာပြင်ကိုပွတ်နေတဲ့ မြင်ကွင်းတို့က ရိုးအီလာပြီဖြစ်တဲ့ မြင် ကွင်းဖြစ်နေပါပြီ။

ဒါဟာ လူမှုရေးရာ စိတ်ပူဖွယ် ရှုထောင့်တစ်ရပ်ဆိုတာ လည်း Social Media ပညာရှင်တွေ ကော၊ လူမှုစိတ်ပညာ ကျွမ်းကျင်ပညာရှင် တွေကောက ထောက်ပြခဲ့တာလည်း ကြာပြီဖြစ်ပါတယ်။

ဒီလို ပြင်ပလူမှုရေးရာ ကိစ္စတွေမှာ အားနည်းလာခြင်း၊ ပြင်ပလောကရဲ့ လူမှုရေးရာတွေကနေ အပြင်ရောက်လာခြင်း၊ ကင်းကွာလာခြင်း၊ ပြင်ပကမ္ဘာထက် Virtual လောကကို ပိုမို စိတ်ဝင်စားလာခြင်းဟာ Social Media ထွန်းကားခါစခေတ်နဲ့ အထွန်းကားဆုံး (Boom အဖြစ်ဆုံး) ခေတ်တွေမှာ ပိုမိုတွေ့ရမယ့်ဖြစ်ရပ် တွေလို့ ထင်ပါတယ်။ နောက်ပိုင်းမှာ တော့ ထုံးစံအတိုင်း အရှိန်တဖြည်း ဖြည်း သေသွားနိုင်ပါတယ်။

ဒါပေမယ့် အဲဒီလို အရှိန်သေ သွားမယ့်ကာလက ဘယ်အထိ ကြာမြင့်ဦးမှာလဲဆိုတာက ဘယ်သူမှ မပြောနိုင်တာကြောင့် လူမှုဗေဒ ပညာရှင်တွေက အတတ်နိုင်ဆုံး အကြံဥာဏ်တွေ ဝိုင်းပေးနေကြတာ လည်း ဖြစ်ပါတယ်။

ပြင်ပကမ္ဘာမှာ လူမှုရေးပျက် ကွက်မှုတွေနဲ့အတူ အရေးကြီးလှတဲ့ စာဖတ်ခြင်း အလေ့အထတွေလည်း Social Media တွေကြားမှာ မှေး မှိန်လာပြီလားဆိုတာ အဆောတလျင် မေးခွန်းထုတ်ဖွယ်တွေ ဖြစ်ပါတယ်။

ခုလတ်တလော ကြုံတွေ့နေရ တဲ့ လူတွေကြားမှာ စမတ်ဖုန်း တစ် လုံးကိုပဲ တစ်ကမ္ဘာထင်နေတဲ့ ကိစ္စ ဟာ လူမှုရေးရာပျက်ကွက်မှုတွေ၊ လူမှု ရေးရာကင်းကွာခြင်းတွေရဲ့ အစပိုင်း သာ ရှိပါသေးတယ်။

တယ်လီဗေးရှင်းနဲ့ မိုဘိုင်းဖုန်း တွေ မထွန်းကားသေးတဲ့အချိန် က မိသားစုထမင်းဝိုင်းနဲ့ ယနေ့ Social Media ခေတ်၊ တယ်လီဗေးရှင်း ခေတ် မိသားစုထမင်းစားဝိုင်းတို့ဟာ သွင်ပြင်ချင်း မတူညီတော့တာအမှန် ပါပဲ။ အနည်းလေးတော့ နွေးထွေးမှု အဆင့်လျော့ကျသွားပြီ ဖြစ်ပါတယ်။

လူတွေဟာ စမတ်ဖုန်းစတဲ့ အီ လက် ထရောနစ်ကိရိယာတွေပေါ်က Virtual လူမှုရေးလောကကို ပြင်ပ လောကထက် ပိုမိုအာရုံစိုက်နေတဲ့ အတွက် ရံဖန်ရံခါဆိုသလို စိတ် အနှောင့်အယှက်ဖြစ်ဖွယ်တွေ ကြုံ လာရပါပြီ။ ဒါကြောင့်မို့ ပုပ်ရဟန်း မင်းကြီး ဖရန့်စစ်ကတောင် မိသားစု များကို အတူတကွထမင်းစားတတ်ဖို့ ပြန်လည်သင်ယူသင့်ကြောင်း၊ ထမင်း ဝိုင်းမှာ မိသားစုစုံညီနေချိန်ဆို တီဗီ တွေပိတ်ထားပြီး မိုဘိုင်းဖုန်းတွေကို တော့ ဝေးဝေးမှာထားသင့်ကြောင်း၊ ဒါမှသာ တစ်ဦးနဲ့တစ်ဦး အပြန်အ လှန် စကားပြောဖြစ်၊ ခံစားချက်တွေ ဖလှယ်ဖြစ်မှာဖြစ်တယ်လို့ အသေး စိတ် ပြန်လည် ညွှန်ကြားလျက်ရှိပါ တယ်။

ကျွန်မတို့ရဲ့လူမှုဘဝတွေကို အသုံးချကိရိယာအသစ်တွေက အကျိုးအပြစ်များစွာ သက်ရောက် လျက်ရှိရာမှာ  လူမှုရေးရာလောက အပြင် နောက်ထပ်နယ်ပယ်တစ်ခုက တော့ လူသားတစ်ယောက်ရဲ့ စိတ် ခံစားမှုဆိုင်ရာအာရုံ၊ လူသားဆန်တဲ့ အသိစိတ်ဓာတ် လျော့နည်းပျောက် ဆုံးလာခြင်း ဖြစ်ပါတယ်။

အဲဒီအဆိုရဲ့ သက်သေအဖြစ်ပြ ရမယ်ဆိုရင် ဒီနေ့ခေတ်မှာ တစ်စုံ တစ်ယောက်ဟာ တစ်စုံတစ်ရာသော အကြောင်းအရာ တစ်ခုခုနဲ့ ဒုက္ခကြုံ တွေ့ခံစားနေရတဲ့ အခါမျိုးတွေမှာ လူတွေဟာ အလျင်အမြန် ကူညီ ကယ်ဆယ်သင့်တဲ့အချိန်ကို ကူညီ ကယ်ဆယ်ဖို့ထက် မိမိလက်ထဲက စမတ်ဖုန်းနဲ့ Accident မြင်ကွင်းကို အရင်ဆုံးဓာတ်ပုံ ရိုက်ကူးဖို့ ပိုမို စိတ်စောနေတတ်တာပါပဲ။ အဲဒီလို ဖြစ်ရပ်မျိုးကို သရော်ထားတဲ့၊ တစ် နည်းအားဖြင့် သတိပေးထားတဲ့ ကာ တွန်းတွေလည်း အများကြီးတွေ့နိုင် ပါတယ်။ ရေကန်ထဲမှာ ရေနစ်နေတဲ့ သူတစ်ယောက်ကို ဆင်းဆယ်ဖို့မကြိုး စားဘဲ ဓာတ်ပုံဝိုင်းရိုက်နေတဲ့ လူ တစ်စုကို ကာတွန်းနဲ့ သရုပ်ဖော်ထား တာကို တွေ့ဖူးချင် တွေ့ဖူးကြမှာပါ။

လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးလေးစု လောက်က အယ်လ်ဘတ် အိုင်း စတိုင်း ကြိုတင်ဟောကိန်းထုတ်ခဲ့သ လို အရူးမျိုးဆက် (A generation of
idiots)  ခေတ်အခါကို ရောက်လာပြီ လားဆိုတာတော့ လူသားတွေကိုယ် တိုင်သာ အဖြေထုတ်ရမှာ ဖြစ်ပါ တယ်။ မိမိအနီး ပတ်ဝန်းကျင်ကို ပြန်ကြည့်လိုက်မယ်ဆိုရင်လည်း လူ တွေဟာ နေရာတိုင်းမှာ မိုဘိုင်းဖုန်း ကို သုံးနေတာကို တွေ့နိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်စား တဲ့အချိန်၊ ကားထဲမှာ ထိုင်နေတဲ့ အချိန်၊ ဘုရားပေါ် ရောက်နေတဲ့ အချိန် ဒါမှမဟုတ် လမ်းဖြတ်ကူးတဲ့ အချိန်၊ အဲဒီလို အချိန်မျိုးတွေမှာ တောင် လူတွေဟာ မိုဘိုင်းဖုန်းကို လက်ကမချနိုင်အောင် ပွတ်သပ်ကိုင် တွယ်နေတာကို တွေ့မြင်နေကြပါ လိမ့်မယ်။

ဒါတွေ တင်မကသေးပါဘူး။ နောက်ထပ် အသေးစိတ် သုတေသန များအရ လူငယ်တော်တော်များများဟာ မူမှန်မဟုတ်တဲ့ တန်ဖိုးထားမှု တွေနဲ့ တဖြည်းဖြည်း တွေးခေါ်လာ တာကိုလည်း တွေ့ရပါတယ်။ လူ ငယ်လူရွယ်များစွာဟာ ဘဝကို အမြန်လမ်း (Fast Lane) ကပဲ အ လွယ်လိုက်သွားချင်တော့တဲ့ ဖြစ်ရပ် ကလည်း တစ်ခုအပါအဝင်ပါ။ ဘဝကို အမြန်လမ်းကသွားချင်တယ် ဆိုရာမှာ အမြန်ရတဲ့ Fast Food တွေ ကစလို့ Fast Cars တွေထိ ပါပါ တယ်။         

သူတို့ဟာ စိတ်ရှည်မှု၊ သည်းခံမှု၊ မိမိတစ်ကိုယ်ရေ စည်းကမ်းရှိမှုတွေ ကုန်ဆုံးလာပါတယ်။ တစ်ဆက် တည်းမှာပဲ မဆုတ်မနစ်ကြိုးပမ်းမှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယတွေလည်း နည်းလာပါ တယ်။ သူတို့ရဲ့ စိတ်ဓာတ်တွေကို လေ့ကျင့်ပေးဖို့အတွက် ပျိုးထောင်မှု တွေ မရှိတော့ပါဘူး။ Óဏ်ပညာနဲ့ ဗဟုသုတတွေ ကျယ်ပြန့်လာဖို့ မိုး ကုပ်စက်ဝိုင်းကို ဖွင့်ချလိုက်ဖို့လည်း မလုပ်ကြတော့ပါဘူး။

သူတို့ရဲ့အချိန်တွေကို အကျိုးအမြတ်ရှိတဲ့ တစ်စုံတစ်ခုနောက် လိုက်နေဖို့၊ မြှုပ်နှံထားဖို့ထက် အကျိုး ကင်းမဲ့ပြီး ရည်ရွယ်ချက်ကင်းမဲ့တဲ့ ရောက်တတ်ရာရာ အလုပ်တွေကို သာ မသိလိုက်ဘဲ လုပ်ဆောင်နေ တတ်ပါတယ်။

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.