25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ပိန်းရိုးခြောက်များ ကိုရီးယားနိုင်ငံသို့ တင်ပို့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
ယနေ့ Social Meida တွေကြား ညပ်နေတဲ့ စာဖတ်ခြင်းဓလေ့နှင့် တန်ဖိုးထားမှု အပြောင်းအလဲ

ဒီနေ့ခေတ်မှာ Trend ကြီး တစ်ခုဖြစ်လာတဲ့ Social Media တွေ နောက်မှာ တန်းစီပါလာတဲ့ အကျိုး တွေရှိသလို မလိုလား အပ်တဲ့ပြဿနာ တွေကလည်း ဒုနဲ့ဒေးဆိုတဲ့အကြောင်း ကို ယခင်ဆောင်းပါးများမှာကော၊ သင်္ကြန်မတိုင်မီက ဈေးကွက်ဂျာနယ် အမှတ်စဉ်ထဲမှာကော ရေးသားခဲ့ပါ တယ်။

Social media ဆိုတဲ့ သဘော ကိုက အပြန်အလှန်ဆန်တဲ့ Web 2.0 တွေ၊ အင်တာနက်အခြေခံ Application တွေ၊ User တွေက ဖန်တီးတဲ့ Comments သို့မဟုတ် Text Posts တွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ အွန် လိုင်းပေါ်က အပြန်အလှန်ဆက်သွယ် မှုတွေ၊ social network ဆိုတဲ့ လူမှုကွန်ရက်တွေပါဝင်နေတာကြောင့် Content တွေကလည်း များလှတယ် ဆိုတာ သိသာထင်ရှား ပါတယ်။      

Social Media တွေဟာ Web-Based နည်းပညာတွေ၊ Desktop ကွန်ပျူတာတွေနဲ့ စမတ်ဖုန်း၊ တက်ဘ လက်ကွန်ပျူတာ အစရှိတဲ့ မိုဘိုင်း နည်းပညာများကို အသုံးပြုကြပါတယ်။ အဆိုပါပလက်ဖောင်းတွေကို အသုံးပြုပြီးတော့ Social Media များဟာ လူပုဂ္ဂိုလ် တစ်ဦးချင်း အနေနဲ့ ကော၊ အစုအဖွဲ့လိုက်ပါ အပြန်အ လှန်သဘောဆောင်ပြီး ဆက်သွယ် နိုင်တဲ့ နည်းလမ်းတွေကို ဖန်တီးကြပါ တယ်။ Social Media တွေပေါ်က တစ်ဆင့် လူတွေဟာ အပြန်အလှန် ဆက်သွယ်ကြပြီး မိမိရှိတဲ့ ဃသညအနညအ တွေကို ဝေမျှကြ၊ ပူးတွဲဖန်တီးကြပါ တယ်။

ဒီလိုနဲ့ Social Media တွေ ကြောင့် စီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေ၊ အစုအဖွဲ့များနဲ့ လူတစ်ဦးချင်းစီကြားမှာ အပြောင်း အလဲတွေကို တူညီညာစွာရရှိခံစား လာရစေပါတော့တယ်။ Social Media ကြောင့် လူတစ်ဦးချင်းစီနဲ့ အဖွဲ့အစည်းကြီးများရဲ့ ဆက်သွယ်မှု၊ ဆက်သွယ်ပုံနည်းလမ်းတွေဟာ ပြောင်းလဲလာပါတော့တယ်။

တကယ်တော့ Social Media တွေဟာ သမားရိုးကျပုံနှိပ် မီဒီယာ တွေဖြစ်တဲ့ မဂ္ဂဇင်းတို့၊ သတင်းစာ တို့နဲ့လည်း မတူညီသလို တီဗီထုတ် လွှင့်မှုလိုမျိုး အီလက်ထရောနစ်သုံး ယခင်မီဒီယာတွေနဲ့လည်း မတူညီ ပါဘူး။ မတူညီပုံကတော့ အဘက် ဘက်ကဖြစ်ပြီး အရည်အသွေး၊ လူထု ဆီရောက်ရှိမှု၊ ကြိမ်နှုန်း၊ အသုံးပြုနှုန်း၊ ချက်ချင်း လက်ငင်းရောက်ရှိမှု၊ ချက် ချင်း လက်ငင်းတုံ့ပြန်ပြောဆိုနိုင်မှု စတဲ့ အချက်ပေါင်းများစွာမှာ ကွဲပြား နေတာကို တွေ့နိုင်ပါတယ်။

Social Media ဟာ ရင်းမြစ် ပေါင်းများစွာကနေ လူပေါင်းများစွာ ဆီကို ချက်ချင်းမက်ဆေ့ခ်ျတွေ ပေးပို့ နိုင်ခြင်း၊ မက်ဆေ့ခ်ျရရှိတဲ့ သူတွေက လည်း တုန့်ပြန်မှုတွေကို ချက်ချင်းပြု လုပ်နိုင်ခြင်း စတာတွေကြောင့် Social Media Trend ဟာ အားကောင်း လာခြင်းလည်း ဖြစ်ပါတယ်။ သတင်း စီးဆင်း မှုသွက်လက်မြန်ဆန်လာခြင်း ဟာ ဆက်သွယ်ရေးကို ပိုမိုကျယ်ပြန့် လာစေခြင်းလည်း ဖြစ်ပါတယ်။ လူသားတွေအနေနဲ့ ဒီနေ့အချိန် အခါမှာ Social Media ထက် လျင်မြန်လွယ်ကူတဲ့ သတင်းဖြန့်ချိ ရေးနည်းလမ်းတွေ ပေါ်လာခဲ့ရင် လည်း အလျင်အမြန် ကူးပြောင်း အသုံးပြုကြလိမ့်မယ်ဆိုတာ အသေ အချာဖြစ်ပါတယ်။

အဲဒီလို Social Media ခြေလှမ်း တွေမှာ ပေါ်ထွက်လာတဲ့ အကျိုးအ မြတ်တွေရှိသလို ရှောင်လွှဲမရတဲ့ အား နည်းချက်တွေကလည်း ရှိလာတယ် ဆိုတဲ့အကြောင်းကို ပြီးခဲ့တဲ့ အပတ် က ရေးသားခဲ့ပါတယ်။

အဲဒီပြဿနာတွေထဲက တစ်ခု ကတော့ စာဖတ်ခြင်း အလေ့အထ နည်းပါးလာမှာကို ပညာရှင်တွေက စိုးရိမ်လာကြခြင်းပဲ ဖြစ်ပါတယ်။ Facebook ပေါ်မှာ ဓာတ်ပုံတစ်ပုံ တင်လိုက်ခြင်းနဲ့ ဆောင်းပါးတစ်ပုဒ် တင်လိုက်ခြင်းတို့မှာ Like and Comments ရရှိမှုတွေ မတူညီ ကွဲပြား တတ်တယ်ဆိုတာလည်း ဖော်ပြခဲ့ပါ တယ်။ အဲဒီလို Social Media အ လှုပ်တွေကြားမှာ အချိန်ပေးပြီးစာ ဖတ်ဖို့ဆိုတာကလည်း အတန်ငယ် ခက်ခဲလာခဲ့တာ တွေ့ရပါတယ်။

အဲဒီပြဿနာကို ဖြေရှင်းဖို့ အတွက် အစိုးရအကူအညီများစွာ လိုတယ်လို့လည်း စာဖတ်ခြင်း ဓလေ့ မှေးမှိန်လာမှာကို စိုးရိမ်ပူပန် သူတွေ ထဲမှာပါဝင်တဲ့ ဆောင်းပါးရှင် ကက် သလစ် ဘုန်းတော်ကြီး ဆရာကြီး Emmanuel Ojeifo က ပြောပါတယ်။

 နိုင်ဂျီးရီးယားနိုင်ငံမှာ Social Media တွေကြား မှေးမှိန်လာတဲ့ စာဖတ်ခြင်းဓလေ့အတွက် အစိုးရက Bring Back the Book (BBB)  ဆိုတဲ့ စာဖတ်ခြင်း ဓလေ့မြှင့်တင်မှု စီမံကိန်း တစ်ခုကို ၂ဝ၁ဝ ခုနှစ်တုန်းက စတင် အကောင်အထည်ဖော်ပေးခဲ့တယ်လို့ လည်း ဆိုပါတယ်။ ဒါပေမယ့် ကံမ ကောင်းလှစွာပဲ အဲဒီစီမံကိန်းဟာ အ ကျိုးများစေဖို့ ရည်ရွယ်ချက်ကောင်းနဲ့ စတင်ခဲ့ပေမယ့် စီမံမှု အားနည်းချက် ကြောင့် မအောင်မြင်ခဲ့ပါဘူး။ ဆိုလို ရင်းကတော့ စာဖတ်ခြင်း ဓလေ့အ တွက် အထောက်အပံ့ဖြစ်စေမယ့် အ စီအမံတွေ၊ စီမံကိန်းတွေကို အစိုးရက ကမကထ ပြုလုပ်စတင်အကောင်အ ထည် ဖော်ပေးဖို့ လိုအပ်သလို အကောင်အထည်ဖော်တဲ့ နေရာမှာ အရည်အသွေးရှိတဲ့ ကိုင်တွယ်ဖြေရှင်း မှု၊ စီမံမှုလည်း ဖြစ်ဖို့လိုတယ်ဆိုတဲ့ အချက်ပါပဲ။

အဲဒီလို စာဖတ်ခြင်း ဓလေ့ ကောင်းတွေ ပါးလျားလာခြင်းနဲ့အတူ Social Media Trend မှာ ပြောင်းလဲ မှန်းမသိ ပြောင်းလဲလာတဲ့ နောက် ထပ်ပြောင်းလဲမှုတွေကလည်း ရှိနေပါ သေးတယ်။ အဲဒါတွေကတော့ တန်ဖိုး ထားမှုတွေဖြစ်ပါတယ်။ မြန်ဆန်သွက် လက်လာတဲ့ သတင်းစီးဆင်းမှုတွေကို ယူဆောင်လာတဲ့ Social Media တွေ အောက်မှာ လူမှုရေးဆိုင်ရာ အပြန်အ လှန်ဆက်နွယ်မှုတွေ၊ ဆက်စပ်မှုတွေ ကို တဖြည်းဖြည်းချင်း စတေးနေရပါ တယ်။ လူပေါင်းများစွာဟာ တီဗီ ထိုင်ကြည့်နေတယ်၊ iPods လေး ဒါမှမဟုတ် စမတ်ဖုန်းလေးနဲ့ သီချင်း တွေ နားထောင်နေတယ်၊ ဖုန်း၊ ကွန် ပျူတာထဲကနေ ချက်တင်ကတစ်ဆင့် အွန်လိုင်းမှာ စကားပြောနေတယ်။ အဲဒါတွေကြားမှာ သူတို့အနေနဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ အပြန် အလှန် ဆက်သွယ်ပြော ဆိုခြင်းတွေ၊ နွေးထွေးတဲ့ စကားလုံးတွေ၊ အပြုအမူ တွေဟာ  ပျောက်မှန်းမသိ ပျောက် လာတဲ့ ဓလေ့တွေ ဖြစ်လာပါတော့ တယ်။ လက်ဖက်ရည်ဆိုင်မှာဖြစ်ဖြစ်၊ မိသားစု၊ သူငယ်ချင်းတွေ ဝိုင်းထိုင် စားသောက်ကြတဲ့ စားပွဲဝိုင်းမှာဖြစ် ဖြစ် စမတ်ဖုန်းစခရင်ကိုသာ သဲမဲ ကြည့်နေသူတွေ များသထက်များလာ တာကို တွေ့ကြမှာပါ။

ဒါဟာ Social Media ကြားမှာ ပြောင်းလဲလာတဲ့ တန်ဖိုးထားမှုဖြစ် တယ်ဆိုတဲ့ အချက်ပေးခေါင်းလောင်း သံ ခပ်ပါးပါးဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)
ကလျာအိအိလွင်

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.