28-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ဟိုတယ်ကဏ္ဍတွင် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှု ငါးခုရှိနေပြီး အဆင့်လေးတွင် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1030
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
ယနေ့ Social Media တွေကြား ညပ်နေတဲ့ စာဖတ်ခြင်းဓလေ့

Social Media ဆိုတာ ဘာလဲဆိုတာ ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြ နေစရာမလိုတော့တဲ့ ခေတ်မှာ လူတိုင်း Social Media တစ်ခုမဟုတ် တစ်ခုလောက်တော့ စမ်းသုံးကြည့်နေမှာ၊ ဒါမှမဟုတ်လည်း တစ်ခုထက်ပို သုံးနေမှာ သေချာသလောက် ဖြစ်နေ ပါတယ်။
    လူသားဆိုတာကလည်း လူမှု ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ နေ့ စဉ်ရှင်သန်နေရသူတွေ ဖြစ်လေတော့ နည်းပညာနဲ့စပ်ဟပ်ထားတဲ့ Social Media ဟာ အရှိန်အဟုန်ပြင်းတွဲှ့မနညိ ကြီးတစ်ခုအဖြစ် ခေတ်သစ် လူမှုရေးကမ္ဘာကို လွှမ်းမိုးပစ်လိုက်ပါ တယ်။
    နည်းပညာနဲ့ အနည်းငယ် ကွာလှမ်းသွားတဲ့ မျိုးဆက်တွေကစလို့ နည်းပညာနဲ့လည်ပင်းဖက် မွေးလာတဲ့ မျိုးဆက်တွေ၊ နည်းပညာကို လမ်းခု လတ်မှာ သုံးရင်း အဆင်ပြေယဉ်ပါး လာတဲ့ မျိုးဆက်တွေမကျန် အားလုံး ဟာ Social Media ပေါ်မှာ ပျော် ပိုက်လာခြင်းနဲ့အတူ သတင်းအချက် အလက်တွေ ဝေမျှခြင်းဆိုတဲ့ နည်းပညာလူမှုရေးကမ္ဘာမှာ တစ်နေကုန် တစ်နေခန်း ရှိနေတဲ့သူတွေလည်း မရှားတော့ပါဘူး။
  Social Media အမျိုးအစားတွေ ထဲမှာ ဒီနေ့ပေါ်ပြူလာ အဖြစ်ဆုံးက တော့ လူမှုကွန်ရက် (Social Networking Websites) တွေဖြစ်ပြီး အဲဒီ လူမှုကွန်ရက်တွေပေါ်မှာ လူတွေဟာ ပြင်ပကမ္ဘာကလို တွေ့ဆုံကြ၊ မေးထူး ခေါ်ပြောကြ၊ သတင်းတွေမေးကြ၊ ပေးကြနဲ့ လူသားတွေရဲ့လောက ပိုမို ကျယ်ပြန့်လာတယ်လို့ အထင် ရောက်စရာ ရှိပါတယ်။
    ဒါကတော့ အင်တာနက် ကလေး သုံးရင်း အမြဲတစေဝင်ရောက်နိုင်တဲ့ Social Media ပေါ်က ဘဝတွေအကြောင်း တစ်စေ့တစ်စောင်းပါ။
   Social Media တွေပေါ်မှာ ဓာတ်ပုံတွေရှဲကြတယ်၊ သတင်းတွေ ရှဲကြတယ်၊ အတွေးအမြင်တွေ ဝေမျှ ကြတယ် စသည်ဖြင့် Content ပိုင်း ကို ပြောလို့ရပါတယ်။ ဒါပေမယ့် သေ ချာပြန်လေ့လာတဲ့အခါမှာတော့ Social Media ပေါ်က Content ပိုင်းဟာ အငြင်းပွားဖွယ်အချက်အလက် အချို့ကို ဖော်ပြနေပြန်ပါတယ်။ အဲဒါကတော့ စာဖတ်ခြင်းအပိုင်းပါ။
    စာဖတ်ခြင်းဓလေ့ အကြောင်း အနည်းငယ် ကောက်ရမယ်ဆိုရင် တော့ စာဖတ်ခြင်းဆိုတာ နိုင်ငံတည် ဆောက်ရေးရဲ့ အခြေခံ ဗဟုသုတ တွေကို ရရှိလာနိုင်တဲ့ အုတ်မြစ်တစ်ခု ဖြစ်တယ်၊ ကျွန်မတို့ ဘာလို့စာတွေ ဖတ်နေကြသလဲဆိုရင် စာထဲက အ တွေ့အကြုံတွေကို ကိုယ့်အတွေ့အကြုံလုပ်ချင်လို့၊ စာထဲက အမှားတွေကို သင်ခန်းစာယူချင်လို့၊ စာထဲက အမှန်တရားတွေကို ဆင်ခြင်မှတ် သားဖို့၊ ကိုယ်ပိုင် အတွေးအခေါ်တစ်ခု တည်ဆောက်နိုင်ဖို့ စတဲ့ဆရာကြီး၊ ဆရာမကြီးများပြောဖူးတဲ့ စာ ဖတ်ခြင်းဆိုင်ရာ အကျိုးတွေရှိတယ် ဆိုတဲ့ စာဖတ်ခြင်း သဘောတရား တွေကလည်း ရှိနေတာကြောင့် စာဖတ်မှဖြစ်မယ်ဆိုတဲ့ အတွေးအခေါ် ကိုလည်း အရင် တည်ဆောက်ဖို့ လိုပါတယ်။
    ''ဖေ့စ်ဘုတ်ပေါ်မှာ ကျွန်တော် ဓာတ်ပုံတစ်ပုံတင်လိုက်တဲ့ အခါမှာ ၂၄ နာရီအတွင်း Like ပေါင်း ၂၄ဝ ကျော်နဲ့ Comment ပေါင်း ၅၃ ခုကျော် တက်လာပါတယ်။ မကွာလှ တဲ့အချိန်ပဲ ဖေ့စ်ဘုတ်မှာ ဆောင်းပါး တစ်ပုဒ် ကျွန်တော်တင်လိုက်တဲ့အခါ  ၂၄ နာရီအတွင်းကို Like ပေါင်း ၁၆ ခုနဲ့ Comment ကတော့ ၅ ခု တက်လာပါတယ်။ ဒီနေ့ခေတ်လူငယ်တွေ ဟာ သတင်းစာတစ်စောင်ကို အချိန် ပေးဖတ်ရှုဖို့ထက် Instagramတို့ ဖေ့စ်ဘုတ်တို့ပေါ်လို Social media တွေကို တစ်ဆိုက်ပြီး တစ်ဆိုက် လျှောက်သွားနေကြရတာကို ပိုပြီး အချိန်ပေးနေကြပြီလားဆိုတဲ့ အချက်ကိုတွေးမိလိုက်တာနဲ့ တစ်ပြိုင်နက် ဒါဟာ လူ့အဖွဲ့အစည်း အတွက် သိပ်ကိုစိုးရိမ်စရာကောင်းတဲ့အချက် လို့လည်း ကျွန်တော်ထင် လိုက်မိပါ တယ်''
    အဲဒီလိုပြောခဲ့သူကတော့ Guardian သတင်းစာရဲ့ ဆောင်းပါး ရှင်တစ်ဦးဖြစ်တဲ့ Emmanuel Ojeifo ဖြစ်ပါတယ်။ သူဟာ ကက်သလစ် ဘုန်းတော်ကြီးတစ်ပါးလည်းဖြစ်ပါ တယ်။ သူရည်ညွှန်းတဲ့သူ့ရဲ့ ဖေ့စ် ဘုတ်ပို့စ်တွေဆိုတာ ၂ဝ၁၅ ခုနှစ် အတွင်းက တင်ခဲ့တဲ့ပို့စ်တွေပါ။ အ ထက်ဖော်ပြပါစကားတွေကိုလည်း ၂ဝ၁၅ ခုနှစ်ဒီဇင်ဘာမှာ ဖေ့စ်ဘုတ် ပို့စ်အဖြစ် တင်ခဲ့ပါတယ်။ အဲဒီ လူ့ အဖွဲ့အစည်းညည်းချင်းပို့စ်ကိုတော့ သူပြောတဲ့စောစောက ဆောင်းပါးလို မဟုတ်ဘဲ Like ပေါင်း ၁ဝဝ ကျော်ရ ရှိခဲ့ကာ Comment ၁ဝ ခုကျော်နဲ့ Share အနည်းငယ် ရရှိခဲ့ပါတယ်။         ကြည့်ရသလောက်က လူတွေ ဟာ စာဖတ်ခြင်းဓလေ့ တကယ်ကို လျော့နည်းလာပြီဆိုရင်တောင် သတိ ပြုမိသူတွေလည်း ရှိနေတယ်ဆိုတဲ့ အချက်ကို တွေ့ရပါတယ်။ ဒါကြောင့် အဲဒီဆရာကြီး ဆိုလိုတဲ့အချက်ကို ထောက်ခံသလို လူ့အဖွဲ့အစည်းကြီး ဟာလည်း ချောက်ထဲ ကျသလောက် လည်း  အခြေအနေမဆိုးနိုင်သေးဘူး လို့ ပုဂ္ဂလိကမျှော်လင့်မိပါတယ်။
    တစ်ဖက်ကကြည့်ရင်လည်း Social Media Trend အာက်မှာ စာဖတ်ခြင်းဓလေ့ဟာ ပါးရှားတန်သ လောက်ပါးရှားလာတာကိုလည်း ငြင်း လို့မရပါဘူး။ ယခင်က ဘလော့တွေ ခေတ်စားလာတဲ့ အချိန်ကာလ တစ်ခု တုန်းက မြန်မာနိုင်ငံက လူငယ်ဘ လော်ဂါလေးတွေကြားမှာကော ဘလော့ဝင်လည်သူတွေကြားမှာပါ စာရေးစာဖတ်ဓလေ့ဟာ ထွန်းကား တန်သလောက် ထွန်းကားခဲ့ပါတယ်။ သူများရေးတဲ့စာကို ဝင်ဖတ်ကြတယ်၊ ဝေဖန်ကြတယ်၊ ကိုယ်တိုင်လည်း ရေးကြတယ်၊ စသည်ဖြင့် Blogging ဓလေ့ဟာ လူငယ်တွေ ကြားမှာ စာရေးစာဖတ်ပြုလုပ်ဖို့ တိုက်တွန်းတဲ့ အင်အားတစ်ခုလို ရပ်တည်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
    ဒါပေမယ့် Social Media ခေတ် ပြောင်းတော်လှန်ရေးမှာ Blogging ဓလေ့လည်း နောက်ပိုင်းမှာ တဖြည်း ဖြည်းချင်း မှေးမှိန်သွားပါတော့တယ်။ Blogger တွေလည်း Social Media တွေပေါ် ကူးပြောင်းသွားခဲ့ပြီး စာရေး စာဖတ် ဓလေ့လည်း အနည်းနဲ့အများ ကျဲသွားခဲ့တာကို တွေ့ရပါတယ်။ Facebook ခေတ်ဦးမှာ ဖေ့စ်ဘုတ် ပေါ်မှာ Note တွေနဲ့ စာရေးစာဖတ် ဆက်လုပ်ဖြစ်ကြသေးပေမယ့် ခုနက ဆရာကြီးရဲ့ အာဘော်အတိုင်းပဲ စာဖတ်သူဦးရေဟာ ဓာတ်ပုံတစ်ပုံကို ဝင်ကြည့်သူ ဦးရေထက် အဆမတန် နည်းပါးသွားတာကိုတော့ ထင်ထင် ရှားရှား မြင်တွေ့ရပါတယ်။
   Social Trend ဆိုတဲ့ လူမှု ခေတ်ရေစီးကို လေ့လာနေတဲ့ပညာ ရှင်တွေကိုယ်တိုင်လည်း ကမ္ဘာတစ်လွှားမှာ စာဖတ်ခြင်းဓလေ့စရိုက်တွေ နည်းပါးလာတယ်ဆိုတဲ့ အချက်ကို ညည်းညူနေကြတာ ကြာပါပြီ။ အဲဒီအခြေအနေဟာ သတင်းစာနဲ့ စာအုပ်မျိုးစုံဖတ်ရှုခြင်းထက် Social Media  တွေပေါ်မှာပဲ အချိန်များစွာ ကုန်နေကြတဲ့ လူငယ်တွေကြားမှာ တစ်စတစ်စ ကြီးထွားမှန်းမသိ ကြီးထွား လာတဲ့ပြဿနာတစ်ခု ဖြစ်ပါတယ်။

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.