25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေး ခရိုင်အတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း သစ်ထုတ်လုပ်ခွင့်ပြုမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
စာပေမူပိုင်ခွင့်၊ ထုတ်ဝေသူ အခွင့်အရေးနှင့် E-books များ - ၂၃

နောက်တစ်ချက်က E-book တွေကို ကွန်ပျူတာ၊ တက်ဘလက်၊ စမတ်ဖုန်း၊ E-book Reader လို အီလက်ထရောနစ်ကိရိယာတွေ ထဲ မှာ ဖတ်ရပါတယ်။ E-book တွေရဲ့ တည်မှီရာ နေရာဟာ အီလက်ထရောနစ် ကိရိယာဖြစ်တဲ့ အချက်ကြောင့်လည်း အကြောင်း အမျိုးမျိုးကြောင့် ပျက်သွားနိုင်ပါသေးတယ်။ အဲဒါ အပြင် E-book တွေမှာလည်း သူ့ သက်တမ်းနဲ့သူရှိနေတာကြောင့် တစ် အုပ်ချင်းစီ ရဲ့ ချမှတ်ပေးထားတဲ့သက် တမ်းကုန်ရင် E-book တွေဟာ သူ့ အလိုလိုပျက်သွားနိုင်ပါတယ်။ နှစ် အ နည်းငယ်အချိန်အတွင်းမှာပဲ E-book တွေဟာ လုံးဝပျက်သွားမှာဖြစ်ပါ တယ်။ ဒီလိုအချိန်မှာ စာရွက်နဲ့ ပုံနှိပ် ထုတ်ဝေထားတဲ့စာအုပ်တွေကတော့ မိမိလက်ထဲမှာ သိမ်းထားချင်သ လောက် အချိန်ကြာမြင့်စွာ သိမ်း ထားနိုင်ပါသေးတယ်။

လူတွေဟာ ခရီးဝေးသွားတဲ့ အခါ စာဖတ်ချင်စိတ်ဖြစ်တတ်ကြပါတယ်။ ရထား၊ ဘတ်စ်ကား၊ လေ ယာဉ်ခရီးရှည် စသည်ဖြင့် နာရီပေါင်း များစွာ ယာဉ်တစ်ခုခုပေါ်ကုန်ဆုံးရ တဲ့အခါ အပျင်းပြေအဖြစ်ကော၊ အပန်းပြေအဖြစ်ကော စာအုပ်စာပေ လေးတွေကို ဖတ်ရှုလိုကြတာဖြစ်ပါ တယ်။ E-book တွေကိုဖတ်ရှုမယ်ဆို တဲ့အခါ အီလက်ထရောနစ်ကိရိယာ တွေဟာ ဘက်ထရီသက်တမ်းပေါ် မှီတည်ရပါတယ်။ ကိရိယာတွေရဲ့ ဘက်ထရီသက်တမ်းဟာ တစ်ခုနဲ့ တစ်ခုမတူညီတဲ့အပြင် ကန့်သတ် ချက်လည်း ရှိနေတာကြောင့် အကြာ ကြီး ဖတ်ရှုဖို့က တစ်ခါတစ်ရံမှာ အ ခက်အခဲရှိတတ်ပါတယ်။ ခရီးလမ်းမှာ တောက်လျှောက်စာအုပ်ဖတ်ချင် တယ်ဆိုရင်တော့ ပုံနှိပ်ထုတ်ဝေထား တဲ့ စာအုပ်ကသာ ပိုမိုအဆင်ပြေစေ မယ့်ပုံ ဖြစ်နေပါတယ်။

E-book ထည့်သိမ်းထားတဲ့ E-reader တွေဆိုတာလည်း ကျိုး လွယ်ကွဲလွယ်တဲ့ ကိရိယာတွေဖြစ်တာ ကြောင့် ပျက်စီးတဲ့အခါ၊ ကျိုးကြေ၊ ကွဲပျက်တဲ့အခါ ပြန်လည်ပြင်ဆင်ရတတ်ပါတယ်။ စမတ်ဖုန်းထဲမှာ အ ချက်အလက်တွေအားလုံးထည့်ထား ပြီးမှ စမတ်ဖုန်း တစ်စုံတစ်ခုဖြစ်ပြီး ပျက်သွားတဲ့အခါ အတွင်းက ဒေတာ တွေကိုပြန်လည်ဆယ်ယူဖို့ ကြိုးစား ရတာမျိုး ကြုံရသလိုပါပဲ၊ တစ်ခါ တစ်ရံမှာ E-book  တွေဟာ ပျက်စီး သွားတဲီ့နလငခန နဲ့ အတူပါသွားတတ် လို့ တစ်ဖန်ဆုံးရှုံးရပြန်ပါတယ်။

 နောက်တစ်ခုကတော့ E-book Reader တွေရဲ့ Compatible Mode ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ သိပ်မတွင်ကျယ်သေးပေ မယ့် အမေ ရိကလိုနိုင်ငံတွေမှာတော့  E-book Reader တွေဟာ တော်တော်လေးကို တွင်ကျယ်နေပြီဖြစ်လို့ နာမည်အ ကြီးဆုံး Kindle တွေကစပြီး အသစ်ထွက်တဲ့ E-reader တွေအဆုံး E-book ဖတ်သူတွေများစွာ အသုံးပြု နေပါတယ်။ အဆိုပါ E-reader တွေ ပေါ်မှာလည်း ဖတ်ရှုနိုင်တဲ့ Format တွေက တစ်ခုနဲ့မတူမတူညီကြပါဘူး။ E-book Format ပေါင်း ၁၃ ခုရှိတဲ့ အနက် နာမည်ကျော် Kindle မှာ တောင် သုံးမျိုးနဲ့ပဲ ဖတ်ရှုနိုင်တာ ကြောင့် Format Compatible ဖြစ်မှု မဖြစ်မှုက E-book တွေ အတွက် အား နည်းချက်တစ်ခုလို ဖြစ်လာပါတယ်။

အထက်ပါအချက်တွေကတော့ E-book ရဲ့ကောင်းကွက်နဲ့ အားနည်း ချက် အချို့ကို ကောက်နုတ် ဖော်ပြ ပေးတာဖြစ်ပါတယ်။ အားနည်းချက် တွေ ဘယ်လိုပဲရှိရှိ ၂ဝ၁ဝ ခုနှစ်တုန်း က ခရစ်စမတ် ရက်သတ္တပတ်ကာလ တုန်းက Activate ဖြစ်လာတဲ့ E-book ဖတ်သူဦးရေဟာ သုံးသန်းက နေ ငါးသန်းအထိ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း တချို့ကတော့ E-book ဆိုတာလည်း ခေတ်တစ်ခေတ် Trend တစ်ခုသာဖြစ်ပြီး ခေတ်ရေစီး ကြောင်းရှိတဲ့အချိန်သာ E-book တွေ ကို သုံးနေမှာဖြစ်တဲ့အတွက် ပုံမှန် ထုတ်ဝေနေကျ ပုံနှိပ်စာအုပ်တွေရဲ့ နေရာကို ဘယ်တော့မှ အစားထိုးနိုင် မှာ မဟုတ်ဘူးလို့ ယူဆသတ်မှတ် ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် E-book တွေ ဟာ ဈေးကွက်ကိုဝါးမျို သွားမှာလား၊ ပုံနှိပ်စာအုပ် အုပ်ရေ ရောင်းချမှု ပမာဏကို လျော့နည်းသွားစေ မှာလား ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါ တယ်။ အမေရိကမှာ Barnes and Nobles ဆိုတဲ့ စာအုပ်ကို ခရစ်စမတ် ကာလမှာတင် E-book အဖြစ် တစ် သန်းကျော် ရောင်းချခဲ့ရပါတယ်။ နယူးယောက်တိုင်းမ် သတင်းစာကြီး မှာလည်း နောက်ပိုင်းမှာ E-book ကဏ္ဍရဲ့ ရောင်းအားအကောင်းဆုံး စာရင်းကို ကဏ္ဍတစ်ခုထပ်ဖွင့်ပြီး ထည့်ပေးလာပါတယ်။ E-book အ ရောင်းကဏ္ဍကို  နယူးယောက်တိုင်းမ် က စောင့်ကြည့်ကာ အစီရင်ခံတင်ပြ လိုတဲ့ အကြောင်းလည်း ပါပါတယ်။ E-reader အသုံးပြုတဲ့ လူဦးရေဟာ အနာဂတ်မှာ သုံးဆခန့်တိုးပွားလာ ဖွယ် ရှိတယ်လို့လည်း ခန့်မှန်းထားကြ ပါတယ်။

ထုတ်ဝေသူတွေဘက်ကလည်း သူတို့ရဲ့စာအုပ်ရောင်းအားမှာ Ebook ရောင်းချမှုပမာဏက ရာခိုင် နှုန်းတဖြည်းဖြည်းတက်လာတယ် လို့ လည်း ဆိုကြပါတယ်။ E-book Format လိုပြဿနာမျိုးကတော့ အ ဟန့်အတား သိပ်ဖြစ်စေပုံမရပါဘူး။ Google ဒါမှမဟုတ် တခြား E-book Provider တွေက စာဖတ်သူတွေ အတွက် အဆင်ပြေပြေဖတ်ရှုနိုင် စေမယ့် E-book Service တွေကို ပေးလာ တာကြောင့်လည်း စာဖတ်သူ တွေဟာ အွန်လိုင်းစာကြည့်တိုက်တွေ (Personal online library) ကို Google accounts တွေကို သုံးလို့ ကိုယ်ပိုင်တည်ထောင် ထားနိုင်လာပါ တယ်။

အဲဒီလိုဆိုတော့ စာဖတ်သူ တွေဟာ အင်တာနက်လိုင်းရတဲ့ ဘယ်ကိရိယာပေါ်မှာမဆို E-book တွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါ တွေအပြင် ဘက်ထရီပြဿနာအ တွက်လည်း LG ကနေ ဆိုလာပါဝါ (နေစွမ်းအင်သုံး) E-device တွေကို ထုတ်လုပ်လာတဲ့ အတွက် နေရောင်ရ တဲ့ နေရာတွေမှာ ဘက်ထရီကုန်ခန်း မှာ စိုးရိမ်စရာ မလိုတော့ဘဲ ပိုမိုဖတ် ရှုလာနိုင်ပါတယ်။  

အမေရိကန် စာအုပ်ထုတ်ဝေသူ များအသင်း (Association of American Publisher) က ထုတ်ပြန် တဲ့တရားဝင်စာရင်းအရ ၂ဝ၁ဝ ဧပြီ မှာ ရောင်းချခဲ့ရတဲ့ E-book စာအုပ် တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၇.၄ ဘီလီယံတန်ဖိုးငွေ ရှိပါတယ်။     အဲဒီပမာဏက ၂ဝဝ၉ ခုနှစ်ကထက် ၂၁၉ ရာခိုင်နှုန်းပိုမိုများပြားခဲ့တယ်လို့ လည်း သိရပါတယ်။ ၂ဝ၁၅ ခုနှစ် ကုန်အထိ E-book ရောင်းချမှု လုပ် ငန်းများအတွက် ရင်းနှီးမြှုပ်နှံငွေ ၃.၂ ဘီလီယံကို မြှုပ်နှံကာလည်ပတ် လျက်ရှိတယ်လို့လည်းဆိုပါတယ်။   

Amazon kindle bookstore ပေါ် မှာ တင်ရောင်းထားတဲ့စာအုပ် အုပ်ရေက ခြောက်သိန်း သုံးသောင်း ကျော် ဖြစ်ပါတယ်။ အခမဲ့ပေးထားတဲ့ စာအုပ်ရေကတော့ ၁.၈ သန်းကျော် ဖြစ်ပြီး အဲဒီအခမဲ့ ပေးထားတဲ့ စာအုပ် တွေက ၁၉၂၃ ခုနှစ် အရင် ကာလ တွေက စာအုပ်တွေဖြစ်ကာ မူပိုင်ခွင့် မရှိတော့တဲ့ စာအုပ်တွေ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)
ကလျာအိအိလွင်

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.