19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
စာပေမူပိုင်ခွင့်၊ ထုတ်ဝေသူ အခွင့်အရေးနှင့် E-books များ

E-book ဆိုတဲ့အဓိပ္ပာယ်ကို ဦးစွာ ဖွင့်ဆိုလိုပါတယ်။ E-book ဆိုတာ ကွန်ပျူတာ သို့မဟုတ် လက်ဖြင့်ကိုင်တွယ်အသုံးပြုနိုင် သော ကိရိယာများ ပေါ်တွင် ဖတ်ရှု နိုင်စေရန်အတွက် ပုံနှိပ်စာအုပ်များ ကို Electronic ဗားရှင်းအသွင်ဖြင့် ပြောင်းလဲပေးထားသည့် စာအုပ် များ ဖြစ်သည်လို့ အဓိပ္ပာယ်ဖွင့်ဆို ထားပါတယ်။ (E-book is an Electronic version of a printed book that can be read on a Computer or handheld device Designed Specifically for this Purpose.)

E-book တွေလို့ ကြားလိုက် ရတာနဲ့ စာဖတ်သူတွေအတွက် တော့ လက်ထဲမှာကိုင်ဖတ်ရတဲ့ Hard Copy ဆိုတဲ့စာအုပ်တွေလိုပဲ ထပ်တူချစ်မြတ်နိုးဖွယ် စာအုပ်တွေ လို့ ခံစားမိမှာပါ။ စာဖတ်မှုအရှိန်အ ဟုန်ကို မြှင့်တင်ပေးနိုင်တဲ့ တွန်း အားတစ်ခုလို့တောင် ဆိုနိုင် တဲ့ စာ ပေမြှင့်တင်ရေး ကိရိယာတစ်ခုဆိုလည်း မှားမယ်မထင်ပါဘူး။ အ ကြောင်းကတော့ ကိုယ့်မှာဖုန်းလေး တစ်လုံး၊ တက်ဘလက်တစ်ခု၊ ကွန်ပျူတာတစ်လုံး ရှိတယ်ဆိုရင်ပဲ ဘယ်နေရာ ရောက်ရောက်၊ ဘယ် အချိန်ပဲဖြစ်ဖြစ် စာဖတ်နိုင်ခြင်း ဆိုတဲ့ အကျိုးကျေးဇူးကို E-book တွေက ပေးနိုင်လို့ပါပဲ။

အခုလက်ရှိအချိန်မှာ အပြင် မှာရှိနေတဲ့ ပုံနှိပ်စာအုပ်တော်တော် များများဟာ E-book အဖြစ်ကို ပြောင်းလဲပြီး Soft Copy များအ ဖြစ်လည်း ဆင့်ပွားတည်ရှိနေပြီ ဖြစ်ပါတယ်။ ဒါဟာ စာဖတ်သူတို့ အတွက် ပုံနှိပ်စာအုပ်ဖတ်မလား၊ E-book ပဲ ဖတ်မလား ဆိုပြီး ရွေး ချယ်စရာနှစ်လမ်းရရှိလာတာဖြစ်တဲ့ အလျောက် စာဖတ်အားလည်း ပိုမို များပြားလာစေမှာ အမှန်ပါပဲ။

ဒါပေမယ့် ကိစ္စရပ်တိုင်းမှာ အစွန်းနှစ်ဖက် ရှိနေတဲ့အတွက် အခု E-book  တွေ တည်ရှိခြင်းအ ကြောင်း အရာမှာလည်း Copyrights ဆိုတဲ့ မူပိုင်ခွင့်နဲ့ E-book  ဖြန့်ချိရေးတို့ဟာ မဖြစ်မနေ ထိပ် တိုက်တွေ့လာရပါတယ်။ ဒါဟာ တစ်နိုင်ငံတည်း၊ တစ်နေရာတည်း မှာ ကြုံရတဲ့ကိစ္စလည်း မဟုတ်ပါဘူး။ ပုံနှိပ်စာအုပ်တွေ ထုတ်ဝေတဲ့ နိုင်ငံတိုင်း၊ ဒေသတိုင်းမှာ ကြုံတွေ့ရင်ဆိုင်ရမယ့်ပြဿနာတစ်ရပ် သာ ဖြစ်ပါတယ်။

အခုတင်ပြမယ့် မူပိုင်ခွင့်နဲ့ E-book ဖြန့်ချိရေးအကြောင်းအရာ အတွက် မိမိနိုင်ငံကိုဗဟိုမပြုခင်မှာ အမေရိကန်ပြည်ထောင်စုမှာ ချ မှတ်ထားတဲ့ E-book ဖြန့်ချိရေးအ တွက် မူပိုင်ခွင့် ဥပဒေရဲ့ သက် ရောက်မှုများ အကြောင်းကို ဦးစွာ တင်ပြလိုပါတယ်။

ဒီဆောင်းပါးမှာ အမေရိကန် ပြည်ထောင်စုရဲ့ မူပိုင်ခွင့်ဥပဒေ ဆိုတာ ဘာလဲ၊ E-book ဆိုတာ ဘာလဲ၊ E-book တွေ ဘယ်လိုပုံစံ မျိုးနဲ့ရှိလာခဲ့သလဲဆိုတာနဲ့ မူပိုင်ခွင့် ဥပဒေက E-book တွေအပေါ် လက်တလောဘယ်လိုသက်ရောက် နေသလဲဆိုတဲ့ အကြောင်း အရာ တွေကို ဖော်ပြသွားပါမယ်။ အဆိုပါ အကြောင်းအရာတွေထဲမှာ လက်ရှိ မူပိုင်ခွင့်ဥပဒေနဲ့ E-book ဖြန့်ချိရေး အခြေအနေတို့က တစ်ဆင့် ဖြစ် ပေါ်နေတဲ့ ဥပဒေရေးရာကိစ္စရပ် တွေ၊ သုံးသပ်မှုတွေလည်း ပါဝင် မှာဖြစ်ပါတယ်။

မူပိုင်ခွင့်ဥပဒေနဲ့ E-book ဖြန့်ချိရေးအကြောင်းကို အကျယ် တဝင့်ဆွေးနွေးဖို့က မဖြစ်မနေကို လိုအပ်ပါတယ်။ အကြောင်းက တော့ E-book တွေဟာ လူ့အဖွဲ့အ စည်းတွင်းမှာ လူသိများတွင်ကျယ် လာပြီး E-book Reader ဈေးကွက် ဆိုတာကလည်း နေရာ ကျယ်ကျယ် ပြန့်ပြန့် ခြေဆန့်ခဲ့ပြီဖြစ်တာကြောင့် ဖြစ်ပါတယ်။

E-book တွေက ပုံနှိပ်စာ အုပ်များအတွက် မူပိုင်ခွင့်တည်းဟူ သော အတွေးအခေါ်ကို တံခါး ခေါက် လှုပ်နှိုးခဲ့တာလည်း ဖြစ်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ E-book တွေဟာ မျက်စိတစ်မှိတ် ကာလလေးမှာတင်ပဲ ထောင် သောင်းချီပြီး ကော်ပီပွားယူလိုက် နိုင်ကာ လူပေါင်းထောင် သောင်းချီ ကို ဖြန့်ချိလိုက်နိုင်လို့ဆိုတာလည်း အကြောင်းတစ်ချက်ဖြစ်ပါတယ်။ ဒါတွေဟာ စက္ကူပေါ်မှာ ပုံနှိပ်ကာ ထုတ်ဝေဖြန့်ချိရတဲ့ Printed Books တွေကို အချိန်ယူငွေကုန်ခံ ကာ ဖြန့်ချိရောင်းချနေရသူတွေအ ပေါ် ထိခိုက်မှုတွေဖြစ်လာ တာ ကြောင့် လည်း မူပိုင်ခွင့်ဥပဒေနဲ့ E-book  ဖြန့်ချိရေးတို့ကို ပြန်လည်သုံး သပ်ချိန်ညှိရတော့တာ ဖြစ်ပါ တယ်။

မူပိုင်ခွင့်ဥပဒေ

လက်ရှိ (၂ဝ၁၁) မှာတော့  အမေရိကန်ပြည်ထောင်စုမှာ ပြဋ္ဌာန်းထားတဲ့မူပိုင်ခွင့်ဥပဒေဟာ လူတစ်ဦးချင်းစီရဲ့ ဖန်တီးမှု၊ အနု ပညာ၊ တီထွင်မှု စတဲ့အလုပ်တွေ အတွက် ချမှတ်ပေးထားတာ ဖြစ် ပါတယ်။ ဥပမာအနေနဲ့ ဆိုရရင် စာအုပ်တစ်အုပ်အတွက်ဆို စာရေး ဆရာတွေအတွက် အထူးသီးသန့်ရ ပိုင်ခွင့်တွေကို ပုံနှိပ်ထုတ်ဝေတဲ့ အုပ်ရေ (copy) အလိုက် ခံစားခွင့် ရနိုင်စေဖို့ ပြဋ္ဌာန်း သတ်မှတ်ပေး ထားခြင်း ဖြစ်ပါတယ်။

အမေရိကန်ခေတ်သစ်မူပိုင်ခွင့် ဥပဒေ၏ အခြေခံများ

အမေရိကန် ပြည်ထောင်စုမှာ ပြဋ္ဌာန်းခဲ့တဲ့မူပိုင်ခွင့်ဥပဒေဟာ သမိုင်းကြောင်းပြန်ကြည့်ရင် ရှည်လျားလှပေမယ့် လက်ရှိမှာအသုံးပြု နေ တဲ့ မူပိုင်ခွင့်ဥပဒေကတော့ ၁၉၇၆ ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့ Copyright Act ကနေ စတင်ကြည့်မယ် ဆို အကောင်းဆုံးဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ်က ပြဋ္ဌာန်းလိုက်တဲ့ အဆိုပါမူပိုင်ခွင့်ဥပဒေဟာ ယခင် ရှိပြီးသား မူပိုင်ခွင့်ဥပဒေကို ပြန် လည်သုံးသပ် အဆင့်မြှင့်တင်ပြီး အဓိကအားဖြင့် ဖန်တီးသူများရဲ့ မူပိုင်ခွင့်ကို အကာအကွယ်ပေးမှု များ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ အတိအကျ ဆိုရမယ်ဆိုရင် အနု ပညာ တစ်ခု၊ တီထွင်မှုတစ်ခုကို ဖန်တီးလိုက်သူတစ်ဦးဟာ မူပိုင် ခွင့်ကို မူလပေးထားတဲ့ သက်တမ်း ထက် ပိုမိုရရှိနိုင်အောင် မူပိုင်ခွင့် သက်တမ်းကို တိုးပေးလိုက်တာဖြစ် ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ လည်းပဲ မူပိုင်ခွင့်နဲ့ပတ်သက်လို့ ကာကွယ်မှုတွေ အားနည်းခဲ့တာ နှစ်ပေါင်း ၁ဝဝ ကျော်ကြာခဲ့ပါ တယ်။ ဒါကြောင့်လည်း The Berne Convention for the Protection of Literary and Artistic Work  ဆိုတဲ့အဖွဲ့ကို ၁၉၈၈ ခုနှစ်မှ ဝင်ရောက်နိုင်ခဲ့ပါ တယ်။ The Berne Convention အဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံ အသီးသီး က နိုင်ငံသားတွေရဲ့ တီထွင်ဖန်တီး မှု၊ ရေးသားမှုတွေနဲ့ပတ်သက်ပြီး မူပိုင်ခွင့်အကာအကွယ်တွေကို အ သိအမှတ်ပြုပေးပြီး မူပိုင်ခွင့်သက် တမ်းတွေကိုလည်း ရှိပြီးသား သက် တမ်းထက် ပိုမိုရှည်ကြာအောင် သက်တမ်းတိုးပေးနေတဲ့ နိုင်ငံ တကာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်းများစွာ ပါဝင် ဖွဲ့ စည်းထားတဲ့ အဖွဲ့လည်း ဖြစ်ပါ တယ်။ အမေရိကန် ပြည်ထောင်စု မှာလည်းပဲ ၁၉၇၆ ခုနှစ်မှာ အသစ် ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ မူပိုင်ခွင့် ဥပဒေကြောင့်သာ နောက်ပိုင်းမူ ပိုင်ခွင့်အကာအကွယ်တွေ ပိုမိုချ မှတ်ပေးနိုင်ခဲ့လို့ ၁၉၈၈ ခုနှစ် ရောက်မှ အဆိုပါ The Berne Convention အဖွဲ့ထဲ ဝင်ခွင့်ရ ခဲ့တာ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)
ကလျာအိအိလွင်

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.