14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
ios အတွက် အကောင်းဆုံး Music Application များ


မိုဘိုင်းဖုန်း Application  တွေဟာ မိမိအတွက် တစ်ခါတ လေတစ်သားတည်းကို ရှိပေးတတ် တဲ့ အသုံးချ ပစ္စည်းမျိုးဖြစ်ပါတယ်။ အဲဒီ Application  တွေထဲမှာမှ သီချင်း၊ ဂီတနဲ့ ဆိုင်တဲ့ iOS Apps တချို့ကို မိတ်ဆက်တင်ပြလိုပါ တယ်။
    iOS Apps အတွက် သီချင်းဂီတ Application ပေါင်းများစွာ ရှိတဲ့အနက် အခုဖော်ပြမယ့် Music Apps တွေကတော့ လူကြိုက် အများဆုံးနဲ့ အသုံးဝင်ဆုံး Apps တွေဖြစ်ပါတယ်။ တချို့ ဗစဈ တွေဟာ သီချင်းတွေ ဒေါင်းလုတ် ပြုလုပ်ဖို့ပေးထားတတ်ပေမယ့် အဆင်မပြေမှုအချို့ပါ ပူးတွဲပါရှိ တတ်ပါတယ်။ iOS ဖန်တီးသူများ ဘက်ကလည်း ဂီတပညာရှင်တွေ ကို မထိခိုက်စေရအောင် အကာအ ကွယ်တွေ ပေးထားတာကြောင့် iOS အတွက်  Music Apps သိပ် များများစားစား မရှိလှသလိုဖြစ်ပေ မယ့် အောက်ဖော်ပြပါ Applications များကတော့ ဂီတချစ်သူတွေ ဒေါင်းလုတ်ဆွဲဖြစ်ဖို့ကောင်းတဲ့ iOS Apps တွေ ဖြစ်ကြပါတယ်။
(၁) Spotify
    Spotify ကို အမေရိကလို နေရာမျိုးတင်မက တစ်ကမ္ဘာလုံး မှာပါ လူသိများသုံးစွဲကြပါတယ်။ Classic, Rock, Country အပါအဝင် တခြားသီချင်း အမျိုးအစား ပေါင်းများစွာကို ရှာဖွေနိုင်မှာဖြစ်ပါ တယ်။ သီချင်းတစ်ပုဒ်ပုဒ်ကို ရှာချင်တယ်ဆိုရင် Search Unit ကို သွားရှာလိုက်ရုံပါပဲ။ Spotify  က တစ်ဆင့် ဒေါင်းလုတ်ပြုလုပ်ထား တဲ့ သီချင်းတွေကို ပြန်လည် နား ထောင်နိုင်အောင်လည်း ပြုလုပ် ပေးထားပါတယ်။ Spotify မှာ ပြု လုပ်နိုင်တာတွေကတော့ Playlist  ထဲကို သီချင်းတွေ၊ အဆိုတော်တွေ ထည့်ထားနိုင်မယ်၊ Offline Mode နား ဆင်ချင်တဲ့ သီချင်း၊ Playlist ၊ တီး ဝိုင်းနဲ့ Album တွေကိုဖွင့်နိုင်မယ်၊ Offline ထားလို့ရတဲ့သီချင်းတွေကို Offline Mode ပြောင်းထားပြီး နား ဆင်နိုင်မယ် စတာတွေဖြစ်ပါတယ်။

(၂) Free MP3Box
    အမှန်တကယ်တော့ Free MP3Box ဟာ သီချင်းဖွင့်တဲ့ Application တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သီချင်းတွေကို ဒေါင်း လုတ် ပြုလုပ်ရမယ့်နေရာတို့၊ ဘယ် နေရာမှာ သိမ်းရမလဲတို့ စတာတွေ အတွက်လည်း ခေါင်းစားနေစရာမလိုတော့အောင် ဖန်တီးလိုက်တဲ့ Application တစ်ခုပါ။ သူက YouTube Search က သီချင်းတွေ ကိုအထူးပြု သိမ်းဆည်းပေးတဲ့ Streaming Player တစ်ခုလည်း ဖြစ်ပါတယ်။ iTunes Store မှာ သီ ချင်းတွေကို ရှာနိုင်သလိုပဲ  FavoritesHot Charts တွေကို ရှာဖွေနိုင် မှာဖြစ်ကာ Hashtag  နဲ့တွဲပြီး (ဥပမာ #trend #rock စသည်ဖြင့်) အလွယ်တကူရှာဖွေနိုင်ပါတယ်။ ဒါ့အပြင် ရေဒီယိုတွေလည်း အခမဲ့ နားဆင်နိုင်မှာဖြစ်ပါတယ်။ အဲဒီ Free MP3Box မှာ တင်ထားတဲ့ သီချင်းတွေ၊ ဂီတတွေအားလုံးက Official Musical Videos တွေ ဖြစ်ပါတယ်။ အင်တာနက် Connection မကောင်းတဲ့အခါ တော့ နားထောင်လို့မရနိုင်ပါဘူး။

(၃)Tidal  
    Tidal  ကတော့ Spotify  နဲ့ ဆင်တူပါတယ်။ ငွေပေးဝယ်ရတဲ့ Music Player ဖြစ်ပါတယ်။ တစ်လ ကို $ 19.99 ပေးရပါတယ်။ ဒီ Application ရဲ့ Offline Mode က တော့ ကြိုက်တဲ့သီချင်းတွေကို ဖုန်းထဲကိုတိုက်ရိုက် Save ထား လိုက်ပြီးရင် အင်တာနက်မရှိဘဲ လည်း ပြန်ဖွင့်နိုင်ပါတယ်။

(၄) Apple Music App
    Apple Music App က တော့ အထွေအထူး မိတ်ဆက်ပေး နေစရာမလိုတဲ့ Music App ဖြစ် ပါတယ်။ Apple device တိုင်းမှာ Built-In Install လုပ်ပြီးသား App ဖြစ်တာနဲ့အညီ လူတိုင်းသိတဲ့ App လို့ဆိုနိုင်ပါတယ်။ ဒီ App ဟာ iOSရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အ လျောက် ပုံမှန် Updates New Feature တွေကို အမြဲသိရနိုင် မှာဖြစ်ပါတယ်။ Apple ID တစ်ခု ပြုလုပ်ပြီးတော့ နှစ်သက်ရာ သီချင်းတွေအားလုံးကို ရယူနိုင်ကာ Offline  နားထောင်နိုင်ပါတယ်။ ဒီ App က သုံးလ  Free Trial ပေးပြီး နောက်ပိုင်းမှာ Plan အလိုက် Individual ဆိုရင် တစ်လကို $9.99 နဲ့ Family ဆို ၆ ယောက်ထိအသုံးပြုနိုင်ကာ တစ်လကို $ 14.99 ပေးချေရမှာဖြစ်ပါတယ်။

(၅) Google Play Music
    Google Developer တွေက တော့ သူတို့ရဲ့ Google Play Music App ကို Android မှာ ကော iOS မှာပါ အသုံးပြုနိုင် အောင် Develop ပြုလုပ်ပေးထား ပါတယ်။ Free အနေနဲ့တော့  Music Stream ပဲ ပြုလုပ်နိုင်ပြီး တစ်လကို $ ၁.၉၉ နဲ့ Subcribe ပြုလုပ်ထားရင်တော့ သီချင်းတွေကို ဖုန်းထဲကို Save ပြုလုပ်နိုင်ကာ အင်တာနက်မရှိတဲ့အချိန်မှာပါ ဖွင့်နားထောင်နိုင်မှာ ဖြစ်ပါတယ်။


(၆) Deezer
    Offline Music အတွက် နောက်ထပ် App တစ်ခုဖြစ်ပါ တယ်။ အင်တာနက်ကတစ်ဆင့် သီချင်းတွေကို ဒေါင်းလုတ်ဆွဲကာ မိမိရဲ့ iPhone ထဲကို Save ပြုလုပ်ပြီး အချိန်မရွေး ပြန်လည်နား ဆင်နိုင်ရန်အတွက် တစ်လကို $ ၆ နဲ့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ App ကို ဖျက် လိုက်တာပဲဖြစ်ဖြစ် ငွေပေးဝယ်နေ တာကိုရပ်လိုက်တာပဲဖြစ်ဖြစ် ဝယ် ထားတဲ့ သီချင်းတွေကိုဖွင့်လို့ရတော့မှာ မဟုတ်ပါဘူး။


(၇) Amazon Prime Music
    Amazon  ပရိသတ်တွေက တော့ ဒီ App ကို စိမ်းမနေတော့ ပါဘူး။ Amazon ရဲ့ Service တစ်ခု ဖြစ်တ Amazon Prime Music  ဟာ တစ်နှစ်တာပတ်လုံးအတွက် ဝယ်ယူ သုံးစွဲရမှာဖြစ်ပြီး စတင်သုံး စွဲသူတွေအတွက် ရက် ၃ဝ အခမဲ့ စမ်းသုံးခွင့်ပေး ထားပါတယ်။

(၈) Groove
    Groove ကတော့ Microsoft ရဲ့ Application ဖြစ်ပါ တယ်။ Google Play Music လိုပဲ Groove ကိုလည်း တစ်လကို $ ၉.၉၉ ပေးချေ ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အရည်အသွေးမြင့်တဲ့ သီချင်းတွေ ကို ရယူနိုင်ပြီး တချို့ သီချင်းတွေ ဆိုရင် 40 MB ထိ ရှိတတ်တာကိုလည်း တွေ့ရပါ တယ်။ Groove ကို စမ်းသုံးချင် တယ်ဆိုရင် တစ်လ အခမဲ့ စမ်းသုံး နိုင်ပြီး မိမိနဲ့ အဆင်ပြေမပြေ စမ်း သပ်နိုင်မှာ ဖြစ်ပါတယ်။

(၉) Kloudie
    Kloudie ကလည်း offline သီချင်းနားဆင်မှုအတွက် အားထား ရမယ့် Music Streaming App တစ်ခုဖြစ်ပါတယ်။ Discover မှာ မိမိနှစ်သက်တဲ့သီချင်းကို ရှာဖွေပြီး Save လုပ်ထားလိုက်ရင် My Music ထဲကို အလိုလိုဝင်သွားကာ Playlist လည်း သီးသန့်ဖန်တီး နိုင်မယ့် App ဖြစ်ပါတယ်။ ခုထိတော့ အခမဲ့ ပေးထားဆဲပါ။

(၁ဝ) Music Pocket
    မြန်မာသီချင်းပရိသတ်များ အတွက် Songcloud  နဲ့ ချိတ် ဆက် နားဆင်နိုင်သလို Search Music ကတစ်ဆင့် လိုချင်တဲ့ သီ ချင်းအားလုံးကို ရှာဖွေ Download လုပ်ထားနိုင်ပြီး App ထဲမှာ နား ဆင်နိုင်မယ့် အပြင် wifi  က တစ်ဆင့်  iPod, iPhone  တွေဆီ ကိုလည်း Transfer ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ သူလည်း အခမဲ့ ဖြစ် ပါတယ်။ ဒါပေမယ့်  ကြော်ငြာတွေ ပါဝင်တတ်ပြီး အဲဒီကြော်ငြာတွေ မပါစေချင်ရင်တော့ အခတစ်စုံ တစ်ရာပေးရတတ်ပါတယ်။

Ref: www.freemake.com, Apps for iOS

ကလျာ အိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.