19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
Mobile Application တွေအကြောင်း သောင်းပြောင်းထွေလာ အချက်များ(၂)

(၈)Android apps တွေကို ဒေါင်းလုတ်ပြုလုပ်မှုအကြိမ်ရေ ပေါင်းက  iOS app တွေထက် သာ လွန်ပေမယ့် ဝင်ငွေကတော့ iOS App တွေက ပိုမိုရရှိကြောင်းပါ။
    မိုဘိုင်းဖုန်းမှာ အသုံးပြုတဲ့ Application တွေသိန်းသန်းချီ ရှိ တဲ့အနက် Android ပလက်ဖောင်း အတွက် Application တွေဟာ iOS ထက် ပိုမိုများပြားပြီး သုံးစွဲသူ ဦးရေလည်း များပြားတာကို တွေ့ရ ပေမယ့် ဝင်ငွေဘက်ကကြည့်မယ် ဆိုရင်တော့ iOS Apps တွေရဲ့ ဝင် ငွေဟာ Android Apps  တွေက တစ်ဆင့်ရတဲ့ ဝင်ငွေထက် များစွာ သာလွန်တာကို တွေ့ရပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ Android Apps   စုစုပေါင်းဒေါင်း လုတ်ကြိမ်ရေဟာ iOS App တွေရဲ့ ဒေါင်းလုတ်ကြိမ် ရေထက် နှစ်ဆ များပြားတာကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီလို နှစ်ဆ များပြားနေပေမယ့် iOS ဟာ Android ထက် ဝင်ငွေအရာမှာ ၇၅ ရာခိုင်နှုန်းသာလွန်နေတာကို လည်း တွေ့ရှိခဲ့ကြပါတယ်။

(၉) မိုဘိုင်းဖုန်း Application သုံးစွဲမှုဟာ ၂ဝ၁၇ နှစ်ကုန် ပိုင်းမှာ ဝင်ငွေ USD  ၇၇ ဘီလီယံထိ ရအောင် ရှာပေးနိုင်လာလိမ့်မယ်လို့ ကြိုတင်ဟောကိန်းထုတ်ထားပါ တယ်။
    iOS နဲ့ Android သုံးစွဲမှု  ပမာဏမြင့်တက်လာတာနဲ့အညီ အဆိုပါ မိုဘိုင်းပလက်ဖောင်းတွေ ရဲ့ ဝင်ငွေရှာဖွေနိုင်မှုပမာဏက လည်း တရိပ်ရိပ်မြင့်တက်လျက် ရှိ ပါတယ်။ နှစ်စဉ်နှစ်တိုင်း တိုးတက် လျက်ရှိတဲ့ ဝင်ငွေစုစုပေါင်းဟာ ၂ဝ၁၇ နှစ်ကုန်ပိုင်းကိုရောက်ရင် အမေရိကန်ဒေါ်လာ ၇၇ ဘီလီယံ ပမာဏထိရောက်အောက်ရှာဖွေ ပေးနိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူ တွေကတော့ ဟောကိန်း ထုတ် လိုက်ပါတယ်။ မိုဘိုင်းဖုန်းသုံးစွဲမှု နဲ့အတူ လိုက်ပါမြင့်တက်လာတဲ့ Mobile Application သုံးစွဲမှုဟာ Android မှာကော၊ iOS  မှာကော တဖြည်းဖြည်းချင်းမြင့်တက်များပြား လာတဲ့အတွက် App တွေကနေ ရှာဖွေပေးနိုင်တဲ့ ဝင်ငွေလည်း မြင့် တက်လာတာ မဆန်းပါဘူး။ အဲဒီ လို ဝင်ငွေမြင့်တက်မှုဟာ ၂ဝ၁၂ မှာ တိုင်းတာမှုကိုကြည့်ရင် အမေရိ ကန် ဒေါ်လာ ၁၈.၅၆ ဘီလီယံ ရှာဖွေပေးနိုင်ခဲ့တာကို တွေ့ရပြီး အခု ၂ဝ၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ တော့ အမေရိကန်ဒေါ်လာ ၇၇ ဘီ လီယံထိ ရှိလာမယ်လို့ ခန့်မှန်းကြ တာ ဖြစ်ပါတယ်။ မှန်မမှန်ကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပြီး Android Apps တွေရဲ့ဝင်ငွေ က iOS Apps တွေရဲ့ဝင်ငွေကို ပြန် လည် ကျော်တက်နိုင်မလားဆိုတာ လည်း စိတ်ဝင်စားစရာ ကောင်းနေပါ တယ်။

(၁ဝ) ၂ဝ၁၇ နှစ်ကုန်ပိုင်း မှာ application  ဒေါင်းလုတ်ပြုလုပ် တဲ့အကြိမ်ရေပေါင်းဟာ ကြိမ်ရေ စုစုပေါင်း ၂၆၈.၆၉ ဘီလီယံကြိမ် ထိ ရောက်လာလိမ့်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။
    မိုဘိုင်းဖုန်းတွေ အရေအတွက် များလာတယ်၊ မိုဘိုင်းဖုန်း သုံးသူ တွေလည်း များပြားလာတယ်၊ မို ဘိုင်းဖုန်း Application တွေလည်း ပိုမိုများလာတယ်၊ မိုဘိုင်း Platform တွေလည်း များလာတယ် စတဲ့ အချက်တွေဟာ မိုဘိုင်းဖုန်းနဲ့ ဆက်စပ်လို့ တစ်စတစ်စ မြင့်တက် လာတဲ့ကိန်းဂဏန်းတွေသာ ဖြစ်ပါ တယ်။ ဒီလို မြင့်တက်လာတဲ့ကိန်း ဂဏန်းတွေထဲမှာ Mobile Application ဒေါင်းလုတ်ပြုလုပ်မှု အကြိမ်ရေပေါင်းကလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ မိုဘိုင်း ဖုန်း Application ကတစ်ဆင့် ရှာ ဖွေပေးနိုင်တဲ့ဝင်ငွေဟာ ၂ဝ၁၇ နှစ် ကုန်ပိုင်းမှာ ဘယ်လောက်ပမာဏ ထိ မြင့်တက်လာနိုင်တယ်လို့ ကျွမ်း ကျင်သူတွေက ခန့်မှန်းကြသလိုပဲ အခုလည်း မိုဘိုင်းဖုန်း Application ဒေါင်းလုတ်ပြုလုပ်မှု အကြိမ် ရေပေါင်းဟာ ၂ဝ၁၇ နှစ်ကုန် ပိုင်းမှာ ၂၆၈.၆၉ ဘီလီယံကြိမ်ထိ ရှိလာလိမ့်မယ်လို့ ခန့်မှန်းထားကြ တယ်လို့ သိရပါတယ်။ ၂ဝဝ၉ ခုနှစ် ကစာရင်းဇယားတွေမှာတော့ စမတ် ဖုန်းသုံးသူတွေဟာ Application ပေါင်း ၂.၅၂ ဘီလီယံကို ဒေါင်းလုတ်ဆွဲခဲ့ကြတာဖြစ်ကြောင်း လည်း သိရပါတယ်။

(၁၁) Apple သုံးသူတွေကြားက ကွာခြားချက်ဖြစ်ပါတယ်။
    Apple သုံးတွေထဲမှာမှ iPhone သုံးသူနဲ့ iPad သုံးသူဆိုပြီး iOS Platform နှစ်ခုခွဲခြားနိုင်ပါ တယ်။ အဲဒီ iPhone နဲ့ iPad တွေ အတွက် Application တွေကို ဒေါင်းလုတ်ဆွဲတဲ့အကြိမ်ရေတွေ ကို ကြည့်ရင် iPhone အတွက် ဒေါင်းလုတ်ဆွဲတဲ့ အကြိမ်က iPad App ဒေါင်းလုတ်ဆွဲတဲ့ အကြိမ်ရေ ထက် ပိုမိုများပြားတာကို တွေ့ရသ လို App တွေကကို သုံးစွဲဖို့ အချိန် ပေးမှုကို ကြည့်ရင်လည်း ပျမ်းမျှ အနေနဲ့  Apple user တွေဟာ iPad App တွေအတွက် ၄ဝ.၄ မိနစ် အချိန်ပေးတယ်ဆိုရင် iPhone အတွက်က ၅ဝ.၃ မိနစ်အချိန်ပေး တယ် ဆိုတဲ့အချက်ကိုလည်း တွေ့ ရပါတယ်။ ဒါပေမယ့် App တစ်ခု ချင်းစီအပေါ် အချိန်ပေးမှုမှာတော့ iPad App တွေမှာ သာလွန်တာကို တွေ့ရပါတယ်။ ဒါဟာ ဘာကိုဆို လိုသလဲဆိုရင် Apple User တွေအနေနဲ့ iPhone Apps  တွေကို ခြုံငုံပြီး မကြာခဏ ကြည့်တတ်ပေ မယ့် တစ်ခုချင်းသေချာ ကြည့်ကာ အချိန်ပိုပေးတတ်တာက တော့  iPad Apps တွေ ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။

၁၂) ၂ဝ၁၅ တုန်းက ဒေါင်း လုတ်အဆွဲခံရဆုံး Smartphone Application က ဘာဖြစ်မလဲ။
    ဒါကတော့ စိတ်ဝင်စား စရာ အချက်ပါပဲ။ ၂ဝ၁၅ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ မိုဘိုင်းဖုန်း စာရင်း ဇယားတွေအရ ကမ္ဘာတစ်လွှားမှာ ဒေါင်းလုတ် အဆွဲအဆုံးနဲ့ အရေအ တွက်အရလည်း များပြားလာဆုံး Application အမျိုးအစားတွေဟာ  Personalisation Apps တွေ ဖြစ်ပါတယ်တဲ့။ Personalisation Apps တွေဆိုတာကတော့ Wallpaper တို့  emoji apps တို့လို mobile Apps တွေကို ဆိုလိုတာဖြစ်ပါ တယ်။ အဲဒီ Personalisation Apps တွေဟာ အရေအတွက်အရ လည်း လျင်လျင်မြန်မြန်ကြီး တိုး ပွားလာသလို သုံးစွဲသူတွေဘက်က ဒေါင်းလုတ်ပြုလုပ်မှုကလည်း မြင့် တက်လာတဲ့ မိုဘိုင်းဖုန်း Application  တွေ ဖြစ်လို့နေပါတယ်။ ထုတ်လုပ်မှုနဲ့သုံးစွဲမှုမြင့်တက်လာတဲ့ Mobile Apps တွေစာရင်းမှာ Personalisation Apps  တွေ နောက်ကနေ ဒုတိယလိုက်တဲ့ ဗစဈ အမျိုးအစားကတော့ သတင်းနဲ့ မဂ္ဂဇင်း Apps တွေဖြစ် တယ်လို့လည်း သိရပါတယ်။

(၁၃) အမေရိကမှာ အရွယ် ရောက်လူကြီးတွေဟာ တစ်လကို ပျမ်းမျှ ၄ နာရီနဲ့ မိနစ် ၄ဝ လောက် ကို Communication Appsတွေ ပေါ်မှာ အချိန်ကုန်လေ့ ရှိပါတယ်။
    ဒါကတော့ ရှင်းပါတယ်။ အ မေရိကန်ပြည်ထောင်စုက မိုဘိုင်း ဖုန်းသုံးစွဲသူ အရွယ်ရောက် လူကြီး တွေကို ပြုလုပ်တဲ့စစ်တမ်းအရ သူ တို့ဟာ တစ်လကို ၄ နာရီနဲ့မိနစ် ၄ဝ အချိန် ကို  Facebook, Snap-chat, Tinder တို့လို communica-tion Apps တွေနဲ့အချိန်ကုန်လေ့ရှိ တယ်လို့ သိရပါတယ်။ ဒီစစ်တမ်း မျိုးကို မြန်မာနိုင်ငံမှာသာ ပြုလုပ် လိုက်ရင်တော့ အဖြေက တစ်မျိုး ထွက်မှာ သေချာပါတယ်။ မြန်မာနိုင်ငံက မိုဘိုင်းဖုန်းသုံးစွဲမှု ပမာဏ ဟာ Boom  ဖြစ်လာတဲ့အ လျောက် Social Apps တွေလည်း ပိုမိုသုံးစွဲ လာရာမှာ တစ်လတစ်လ Comm-unication Apps  ဗစဈ တွေနဲ့ ကုန်တဲ့ အချိန်ပမာဏဟာ အဲဒီထက်တော့ များပြားနေမှာ သေချာပါတယ်။

Ref: www.techinasia.com, wikipedia.

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.