17-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1024
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
Mobile Application တွေအကြောင်း သောင်းပြောင်းထွေလာ အချက်များ

အခုလက်ရှိ သုံးနေကြတဲ့ စမတ်ဖုန်းတွေထဲက Application တွေဟာ သုံးစွဲသူတွေရဲ့ဘဝတွေကို လုံးဝဥဿုံ ပြောင်းလဲပစ်လိုက်ပါ တယ်။ ဖုန်း Application တွေဟာ ကမ္ဘာကြီးမှာ အရင်က ''ဖြစ်နိုင် မယ်ဆိုရင်..''ဆိုတဲ့ စိတ်ကူးတွေ ကို တကယ်ဖြစ်လာစေခဲ့တဲ့ ဖန် ဆင်းရှင်တစ်ပါးနဲ့တောင် တူနေပါ တော့တယ်။ ကိုယ်စားချင်တဲ့ အ စားအစာတွေကိုမှာတာကစလို့ ငွေစုတာအဆုံး၊ ဈေးဝယ်မှုတွေ၊ လက်မှတ်ဘိုကင်လုပ်ခြင်း စတာ တွေအပြင် ဘယ်နေရာရောက် ရောက်၊ ဘယ်အချိန်ပဲဖြစ်ဖြစ်၊ ဘယ်လိုကန့်သတ်မှုမှမရှိဘဲ ပြု လုပ်နိုင်ပြီဖြစ်ပါတယ်။

 ဒါဟာ Application တွေ ကြောင့်ဆိုတာ ငြင်းလို့မရပါဘူး။ အထူးသဖြင့် E-commerce နဲ့ ဆိုင်တဲ့ Application တွေဟာ စီး ပွားရေး လုပ်ငန်းတွေကို Customer အသစ်တွေရှာတွေ့ပြီး လုပ်ငန်းတွင် ကျယ်လာအောင် အခွင့်အလမ်း တံခါးတွေကို ဖွင့်ပေးလျက်ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။

''အိန္ဒိယနိုင်ငံဟာ Whats-App သုံးစွဲသူအများဆုံးရှိတဲ့ နိုင်ငံ ဖြစ်တယ်'' ဆိုတာရယ်၊ ''Android ဟာ Application အရေ အတွက် ဒေါင်းလုတ် ဆွဲမှုအများဆုံး ပလက် ဖောင်းတစ်ခုဖြစ်တယ်'' ဆိုတဲ့ အချက်ရယ်၊ ဒါတွေကို ကြားသိထား ကြပြီးဖြစ်မှာပါ။ ဒီအချက်တွေဟာ မသိသေးတဲ့သူတွေအတွက်တော့ အမြဲတမ်းအံ့အားသင့်ဖွယ်အချက်တွေ လိုလည်း ဖြစ်နိုင်ပါ တယ်။ ခု တင်ပြလို တဲ့ အချက်တွေ ကတော့ မိုဘိုင်း application တွေနဲ့ပတ်သက်လို့ စိတ်ဝင်စားဖွယ်ကောင်းနိုး ရာရာ အချက်အချို့ ဖြစ်ပါတယ်။

(၁) ၂ဝ၁၅ နွေရာသီ အတောအ တွင်းမှာ Apple App Store ကနေ Application ပေါင်း သန်း ၁ဝဝ ရာကျော်ကို ဒေါင်းလုတ် ဆွဲယူခဲ့ကြ ပါတယ်။

၂ဝ၁၅ နွေရာသီမှာ Apple ဟာ Application Downloads ပြုလုပ်မှုတွေ အဆမတန် များပြား လာတယ်ဆိုတာကို အံ့မခန်း သိရှိ လိုက်ပါတယ်။ စုစုပေါင်း အကြိမ် ရေ သန်း ၁ဝဝ ကျော်ထိ များပြားခဲ့ တာဖြစ်ပါတယ်။ စုစုပေါင်းဒေါင်း လုတ်အကြိမ်ရေတွေထဲကမှ ၂၃ ရာခိုင်နှုန်းကတော့ လူကြိုက်များတဲ့ ဂိမ်းတွေကို ဒေါင်းလုတ်ဆွဲမှုပဲဖြစ် ပြီး ဒုတိယမြောက် လူကြိုက်အများ ဆုံး Application အမျိုးအစားက Business Apps တွေဖြစ်ကာ ၁ဝ.၄ ရာခိုင်နှုန်း ဒေါင်းလုတ်ဆွဲခဲ့ တယ်လို့ သိရပါတယ်။

(၂)  Application ပေါင်း ၁.၆ သန်းတင်ထားပေးပြီး အများဆုံး Apps တင်ပေးနိုင်တာကတော့ Android ဖြစ်ပါတယ်။

Google Play Store ကတော့ Android Apps စုစုပေါင်း ၁.၆ သန်းထားရှိပေးထားတဲ့ ထိပ်တန်း App Store ကြီး ဖြစ်လာပါတယ်။ iTunes ကတော့ Application စုစုပေါင်း ၁.၅ သန်းတင်ပေးထား ပြီး ဒုတိယမြောက်အကြီးဆုံး App Store နေရာမှာ ရှိပါတယ်။

(၃)     မိုဘိုင်း Apps တွေကို မြောက် အမေရိကဒေသမှာ အများဆုံးရေး သား ဖန်တီးပါတယ်။

မိုဘိုင်း  App တွေကို မိနစ် စက္ကန့်နဲ့အမျှ အသစ်အသစ်တွေ ထုတ်လုပ်လျက်ရှိရာမှာ တစ်နာရီ အတွင်း Mobile Apps ထုတ်လုပ် မှု နှုန်းအနေနဲ့ အိန္ဒိယနိုင်ငံမှာ အ နိမ့်ဆုံးကိန်းဂဏန်းနဲ့ မြောက်အမေ ရိက ဒေသမှာ အမြင့်ဆုံးကိန်း ဂဏန်းတွေကို ရရှိခဲ့ပါတယ်။ အိန္ဒိယရဲ့နောက်မှာ တောင်အမေ ရိကတိုက်က ရှိနေပြီး အရှေ့ ဥရောပဒေသ၊ ဗြိတိန်နိုင်ငံတို့ ပြီး ရင် သြစတြေးလျနိုင်ငံက မြောက် အမေရိကဒေသနောက်မှာ ဒုတိယ ကပ်လိုက်ပြီး Mobile Application တွေကို ဒုတိယအများဆုံးဖန် တီးလျက် ရှိပါတယ်။

(၄) အိန္ဒိယနိုင်ငံမှာ WhatsApp အသုံးပြုသူအများဆုံး ရှိနေပါ တယ်။

တစ်ကမ္ဘာလုံးအနှံ့အပြား မှာ Social Network တွေ၊ Messenger တွေ အမျိုးအမည်ပေါင်းများ စွာကို လှည့်ပတ်သုံးလျက်ရှိတဲ့ အနက် အိန္ဒိယနိုင်ငံက Users တွေ ကတော့ WhatsApp ကို အများ ဆုံး သုံးစွဲတယ်ဆိုတာ သုတေသန အရ ထွက်ပေါ်လာပါတယ်။ တစ် နိုင်ငံလုံး သုံးစွဲသူစုစုပေါင်း သန်း ၇ဝ ကျော်ရှိနေပါတယ်။ မြန်မာ နိုင်ငံ လူဦးရေလောက်ဖြစ်နေတဲ့ လူအုပ်ကြီးက WhatsApp လို Messenger ကို ဝိုင်းဝန်းသုံးစွဲနေ တာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး အနေနဲ့ဆို WhatsApp သုံးသူစုစု ပေါင်းဟာ သန်းတစ်ထောင်ဝန်း ကျင် ရှိနေတဲ့အတွက် အိန္ဒိယက WhatsApp ပရိသတ်တွေက ခုနစ် ရာခိုင်နှုန်းလောက် နေရာအခိုင်အ မာ ယူထားတယ် လို့ ဆိုနိုင်ပါတယ်။

(၅)  ပေါ်ပြူလာအဖြစ်ဆုံး လူသုံး အများဆုံး Android Application တွေဟာ ကြိမ်ရေပေါင်း သန်းတစ် ထောင်ကျော် ဒေါင်းလုတ် ဆွဲယူခြင်း ခံရပါတယ်။

မိုဘိုင်း App တွေများစွာ ရှိတဲ့အနက် သုံးစွဲသူတိုင်းသိကြတဲ့ apps တွေလည်း ရှိပါတယ်။ ဥပမာ Gmail, Google Maps, YouTube, Facebook စတာတွေ ဖြစ်ပါ တယ်။ အဲဒီလို Popular Apps တွေကို လူတွေဟာ ထပ်ကာထပ် ကာလည်း ဒေါင်းလုတ်ဆွဲကြတဲ့အ တွက် ၂ဝ၁၅ ဇွန်အထိ တိုင်းတာ ချက်တွေအရ ဒေါင်းလုတ်ဆွဲမှုအ ကြိမ်ရေပေါင်း သန်းတစ်ထောင် ကျော်ရှိခဲ့ပါတယ်။

(၆)     ၂ဝ၁၅/၁၆ ခုနှစ်ထဲမှာ Facebook ဟာ သုံးစွဲမှုအများဆုံး Mobile Application တစ်ခု ဖြစ်လာခဲ့ပါတယ်။

iOS ကော Android ပလက် ဖောင်းကောကို သုတေသန ပြုလုပ် ရာမှာ သုံးစွဲမှုအများဆုံး App အဖြစ် Facebook ကို တွေ့ရပါ တယ်။ ယူထားတဲ့ရာခိုင်နှုန်းက ၇၆ ရာခိုင်နှုန်းကျော်ဖြစ်ကာ ဒုတိယလိုက်တဲ့ Facebook Messenger ကတော့ ၆၃ ရာခိုင်နှုန်း နေရာ ယူ ထားနိုင်ပါတယ်။ တတိယမြောက် လူသုံးအများဆုံး App ကတော့ YouTube ဖြစ်ကာ ၆၁ ရာခိုင်နှုန်း ရှိပြီး စတုတ္ထမြောက် User အများ ဆုံး Mobile Apps ဖြစ်တဲ့ Google Play က ၅၂ ရာခိုင်နှုန်းသုံးစွဲနေ ကြပြီး Google Maps ကိုတော့ ပဉ္စမမြောက်အများဆုံး သုံးစွဲကြပါ တယ်။ ရာခိုင်နှုန်းကတော့ ၅၁ ရာ ခိုင်နှုန်းပါ။

(၇)    Mobile user တွေရဲ့ ၆၆ ရာခိုင်နှုန်းဟာ မိုဘိုင်းဖုန်းသုံးစွဲ တဲ့ အချိန်အများစုကို Social Apps  တွေနဲ့ပဲ အချိန်ကုန်နေလေ့ ရှိပါ တယ်။

မကြာသေးမီက မိုဘိုင်း Apps Traffic အပေါ် လေ့လာမှု တစ်ခု ပြုခဲ့ရာမှာ Traffic အများစုဟာ Social Networking Applications တွေကြောင့် ဖြစ်တယ်ဆိုတာကို တွေ့လာပါတယ်။ တစ်ဆက်တည်း မှာပဲ မိုဘိုင်းဖုန်းသုံးသူတွေရဲ့ ၆၆ ရာခိုင်နှုန်းဟာ Facebook, Twitter, Instagram  တို့လို social Applications တွေနဲ့ပဲ အချိန်ကုန် နေလေ့ရှိကာ အခြား Apps တွေ ပေါ်မှာ အချိန်ကုန်တာ နည်းပါး တာကို တွေ့ရပါတယ်။

(ဆက်လက်ဖော်ပြပါမည်)
ကလျာအိအိလွင်
Ref: www.techinasia.com,wikipedia

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.