19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
နည်းပညာခေတ် ပညာရေးအတွက် အစွန်း နှစ်ဖက် - ၂

၃။ Cyberbullying ထောင်ချောက်တွေ ဝင်မိနိုင်ခြင်း

ကလေးတွေဟာ လူကြီးတွေ လောက် ဘယ်အရာကိုမျှ မစူးစမ်း မဆင်ခြင်နိုင်သေးပါဘူး။ စူးစမ်း ဆင်ခြင်မှုအားကောင်းတဲ့ လူကြီး တွေတောင် Cyberbully ပြုလုပ်မှု တွေကို တစ်နည်းမဟုတ်တစ်နည်း ခံနေရတဲ့ နည်းပညာလောကမှာ စာသင်ခန်းထဲက အင်တာနက်ပေါ် မှာ လက်သွေးစ ကျောင်းသူ ကျောင်းသားတွေအတွက် အင်တာ နက်ဆိုတာ Cyberbullying ထောင်ချောက်တွေ အပြည့်နဲ့ ဘေး ထွက်ဆိုးကျိုးတစ်ခု ဖြစ်လာပါတယ်။  Cyberbullying ဖြစ်ရပ် တွေဟာ လူကြီးလူငယ်လူရွယ် ကလေး မရှောင် ဖြစ် ပွား တတ်တာ ကြောင့် အင်တာနက်မှာ အပျံသင်ခါစ ကလေးတွေ၊ ငယ်ရွယ်တဲ့ စာ သင်သားတွေအတွက် ပိုမိုစိတ်ပူ စရာဖြစ် လာခြင်း ဖြစ်ပါတယ်။ ပိုမို စိတ်ပူစရာကတော့ အင်တာနက်ကို ကျောင်းသူကျောင်းသား ကလေး တွေအနေနဲ့ ဘယ်လောက်သုံးနေ သလဲ၊ ဘယ်လိုစည်းကမ်းချမှတ်ရ မလဲဆိုတဲ့ နည်းလမ်းတိတိကျကျ မ ရှိသေးတာပါပဲ။ ပြီးတော့ Cyberbully လုပ်ခံရ တဲ့ ကျောင်း သူကျောင်း သားလေးတွေကိုလည်း အတိအကျ မသိရှိနိုင်သလို သူတို့အနေနဲ့လည်း Cyberbullying လုပ်ခံရတယ်ဆို တာကို သိရှိနားလည်နိုင်ဖို့ ခက်ခဲ တာလည်းတစ်ကြောင်း ဖြစ်ပါတယ်။

၎။ ရှောင်လွှဲမရနိုင်သော လိမ်ညာမှုများ

Information ဆိုတဲ့ သတင်း အချက်အလက်တွေကို ဘယ်အ ချိန်မဆို လက်လှမ်းမီနေခြင်းဟာ လူတော်တော်များများအတွက် အလွန်ကိုအဆင်ပြေချောမွေ့စေတဲ့ ခေတ်အခါ ဖြစ်နေပေမယ့် တစ်ခါတစ်ရံမှာတော့ အင်တာနက်ကို စတင်မြေစမ်းခရမ်းပျိုးနေ တဲ့ ကျောင်း သားကျောင်းသူလေးတွေ အတွက် တော့ ဒီအချက်က ပြဿနာဖြစ်လာ စေပါတယ်။ သတင်းအချက်အ လက် ပုံစံအမျိုးမျိုး ဟာ သူတို့လေး တွေကို အာရုံဝေဝါးထွေပြားစေပြီး ဆွဲဆောင်မှုတွေနောက်ကို အလွယ် တကူလိုက်ပါ သွားစေနိုင်ပါ တယ်။ နောက် တစ်ချက်ကတော့ စာသင် ခန်းထဲမှာ သူတို့ ကိုယ်တိုင်လိမ်ညာ လာစေခြင်း ဖြစ်ပါတယ်။ ဆဲလ်ဖုန်း တွေ၊ စမတ်ဖုန်းတွေကို စာသင်ခန်း တွေထဲထိ ကိုင်လာကြခြင်းရဲ့ အ ကျိုးဆက်က ကလေးတွေ စာခိုးချ ရာမှာ ဖုန်းထဲက နည်းပညာတွေကို သုံးလာတာပါပဲ။ ဆဲလ်ဖုန်းနဲ့ စာ ခိုးချရတာ သူမတူအောင် လွယ်ကူ လှတဲ့အတွက် ဆရာ/ဆရာမတွေ က ဘယ်လိုကူးလိုက်မှန်းတောင် မသိလိုက် တာ မျိုးလည်း ကြုံရပါ တယ်တဲ့။ ဒါကြောင့် အကောင်းဆုံး ကတော့ စာသင်ခန်းတွေထဲကို အ ထူးသဖြင့် စာမေးပွဲခန်းထဲကို ဆဲလ် ဖုန်းလို ကိရိယာတွေ ယူဆောင်ခြင်း ခွင့်မပြုတာပါပဲ။

၅။ စိတ်အာရုံလွင့်ပါးခြင်း

ဒီအချက်ကတော့ ခုနက တစ်ချက်နဲ့ဆက်စပ်လျက် ရှိပါ တယ်။ ဆဲလ်ဖုန်းတွေကို စာသင် ခန်းထဲထိ ယူဆောင် အသုံးပြုခြင်း အားဖြင့် ကျောင်းသူကျောင်းသား တွေဟာ ဖုန်းထဲကိုသာ စိတ်ရောက် ပြီး စာသင်ကြားမှုကို စိတ်မဝင်စား နိုင်ဘဲ စိတ်တွေ ပျံ့လွင့်နေနိုင်ခြင်း ဖြစ်ပါတယ်။ အင်တာနက်ဆိုတာ ကလည်း အင်မတန်ကို စွဲလမ်းစေ တဲ့အရာဖြစ်လေတော့ ကလေး တွေဒီလိုဖြစ် တာ မဆန်းပါဘူး။ အရွယ်ရောက် လူကြီးတွေတောင် အင်တာနက်ထဲက လူမှုကွန်ရက် ဝက်ဘ်ဆိုက်တွေမှာ တစ်နေကုန် တစ်နေခန်း နစ်မျောနေတာတို့၊ ချက်ဘောက်တွေမှာ တစ်မေ့တစ် မောရိုက်နေတာတို့ စတာတွေ ဖြစ် နေတတ်တဲ့အချိန်မှာ စတင်ခြေ လှမ်းခါစ ကျောင်းသူကျောင်း သားလေးတွေအဖို့လည်း ဒီအာရုံ တွေအပေါ် စိတ်ရောက်နေမှာကို အပြစ်တင်လို့ မရပါဘူး။ ဒါပေ မယ့် စောစောကလိုပဲ စာသင်ခန်း ထဲကို စမတ်ဖုန်းတွေ၊ တက်ဘ လက်တွေ မယူလာဖို့တော့ တား မြစ်ရမှာ ဖြစ်ပါတယ်။ နည်းပညာ လက်တွေ့အသုံးချအချိန်တွေက လွဲလို့ စာသင်ခန်းထဲကို စာမေးပွဲ ခန်းထဲကို စမတ်ဖုန်းနဲ့ တက်ဘ လက်လို နည်းပညာ အသုံးအ ဆောင်တွေ ယူလာမှုကို ကန့်သတ် ထားမှ သူတို့ရဲ့ အာရုံကို (အနည်း ငယ်) ထိန်းချုပ်နိုင်ပါလိမ့်မယ်။

၆။ ပညာရေးအတွက် အရေးကြီး နည်းပညာအချက်အလက်များ

နည်းပညာဟာ ဘယ်လိုပဲ ကောင်းကျိုးတွေသယ်လာပါစေ တစ်ဖက်ကလည်း အစွန်းတစ်ဖက် ရှိနေတတ်တာကို လက်ခံရပါမယ်။ အဲဒီ အစွန်းဘက်ကို ဘယ်လို ကိုင် တွယ်နိုင်မလဲ ဆိုတာနဲ့ပတ်သက်လို့ စိတ်ကူးစိတ်သန်းရလာစေဖို့ အောက် ဖော်ပြပါ အချက် အလက် အချို့ကိုပါ တင်ပြလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုက စာသင်ကျောင်းတွေရဲ့ ၆ဝ ရာခိုင် နှုန်းဟာ ကျောင်းသူကျောင်းသား တွေရဲ့ လက်ပ်တော့၊ တက်ဘ လက်၊ စမတ်ဖုန်းအသုံးပြုမှုတွေနဲ့ ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်း တွေ ထုတ်ပြန်ထားရပါတယ်။

 ကျောင်းသူကျောင်းသား ၄၁ ရာခိုင်နှုန်းဟာ အွန်လိုင်းပညာ ရေးစနစ်ကို ပိုမိုအားသန်နေကြ ပါတယ်။

အလယ်တန်းနဲ့ အထက်တန်း ကျောင်းတွေက ကျောင်းသူ ကျောင်းသား ၅ဝ ရာခိုင်နှုန်းဟာ အိမ်စာတွေ ပြီးမြောက်စေဖို့ တစ် ပတ်ကို သုံးကြိမ် အင်တာနက်ကို အသုံးပြုကြပါတယ်။

ကွန်ပျူတာ၊ စမတ်ဖုန်း၊ တက် ဘလက် စတဲ့ Device တွေပေါ်မှာ စာပေလေ့လာမှုပြုတဲ့ ကျောင်းသူ ကျောင်းသားတွေ ဟာ လေ့လာ မှုအ တွက် အဆိုပါ Device တွေကို မသုံးတဲ့ သူတွေထက် တစ်ပတ်ကို မိနစ် ၄ဝ ပိုမိုစာလေ့လာကြတာကို လည်း တွေ့ရပါတယ်။

အထက်ပါ အချက်အလက် တွေအပြင် ဆရာဆရာမတွေ အ နေနဲ့လည်း ဘာတွေလုပ်နိုင်တယ် ဆိုတာနဲ့ပတ်သက်လို့ အောက်ပါ အချက်အလက် အချို့ကို တင်ပြ လိုပါတယ်။

နည်းပညာ ရိုက်ခတ်မှုကြောင့် စာသင်ခန်းထဲမှာ အနှောင့်အယှက် လည်း ဖြစ်နိုင်သလို အကူအညီ လည်း ဖြစ်နိုင်တယ်ဆိုတာကို မေ့ ထားလို့ မရပါဘူး။ ဆရာ၊ ဆရာမ အသစ်ကလေးတွေအဖို့ ကျောင်းသူ ကျောင်းသားတွေနဲ့ အမြဲထိတွေ့ ဆက်သွယ်နေဖို့အတွက် နည်း ပညာ အကူအညီကို ယူရပါတယ်။ Twitter လို Social Network ပေါ် မှာ Personal Learning Network တွေကို တည်ဆောက်ထားဖို့ လိုပါ တယ်။  ဒီလို PLN ကွန်ရက်တွေ ဖန်တီးထားခြင်းအားဖြင့် စာသင် သားတွေနဲ့ အမြဲထိတွေ့ ဆက် သွယ်နေနိုင်တာ ဖြစ်ပါတယ်။ ဒီလို ဆက်သွယ်နေနိုင်တဲ့အတွက် သူတို့ ရဲ့ အင်တာနက်အသုံးပြုမှုနဲ့ ပတ် သက်လို့ ကောင်းကွက်၊ ဆိုးကွက်၊ လိုအပ်ချက်တွေကို အများကြီးမ ဟုတ်တောင် တစ်ခုမဟုတ်တစ်ခု သိလာနိုင်တာကြောင့် သူတို့ရှိနေ မယ့် Social Network တွေမှာ သူတို့နဲ့ မပြတ်ထိတွေ့နိုင်မယ့် ကွန်ရက်တွေ ဖန်တီးဖို့ လိုတယ်လို့ ပညာရှင်တွေက အကြံပေးထား တာ ဖြစ်ပါ တယ်။

ဒါ့အပြင် မိဘတွေအနေနဲ့ လည်း ကလေးရဲ့ ကျောင်းနဲ့ အိမ် ကြား သွားလာလှုပ်ရှားမှုတွေမှာ စောင့်ကြည့်အကဲခတ်နိုင်ဖို့ ပူး ပေါင်း ပါဝင်ဖို့ လိုပါတယ်။ ကျောင်း မှာဘာဖြစ်တယ်၊ အိမ်မှာဘာဖြစ်တယ်ဆိုတဲ့ အချက်တွေကို မလစ်လပ်ရလေအောင် ဆရာ/ဆရာမ တွေ ကတစ်ဖက်၊ မိဘတွေကတစ် ဖက် တာဝန်ယူ စောင့်ရှောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါမှသာ နည်းပညာရဲ့ အကျိုးအပြစ်တွေထဲမှာ အကျိုး တွေကိုသာ ကျောင်းသား ကလေး ငယ်တွေအတွက် အသုံးချနိုင်မှာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

ကလျာအိအိလွင်
Ref: www.futureofworking.com, www.teaching.monster.com

ကလျာ အိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.