19 - 1 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရန်ကုန် မန္တလေး အမြန် လမ်းမကြီးတွင် ဆိုင်ကယ် မတော်တဆ ဖြစ်ပွားနေမှုများမှာ ခရိုင်ကျေးရွာ ချင်းဆက် လမ်းများ၊ ဆိုင်ကယ်လမ်းများ မဖောက် လုပ်နိုင်သေးခြင်းနှင့် စည်းကမ်းမဲ့ မော်တော် ဆို
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 997
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
နည်းပညာခေတ် ပညာရေးအတွက် အစွန်းနှစ်ဖက်

နည်းပညာဆိုတာဘာလဲဆို တာကို အကျယ်ရေးနေဖို့ မလို တော့ပါဘူး။ နည်းပညာခေတ်ဦး လည်း မဟုတ်တော့တဲ့ ဒီနေ့ခေတ် အခါမှာ နည်းပညာဆိုတာကို လူ တိုင်းတီးမိခေါက်မိ အနေအထား တော့ ဖြစ်နေပါပြီ။ ဒီလို တီးမိ ခေါက်မိရာကနေ မိမိရဲ့နေ့စဉ် ဘဝဟာ မသိလိုက်မသိဘာသာဘဲ offlineကနေ online ကို တဖြည်း ဖြည်းဖြန့်ကျက်ချဲ့ထွင်လာလိုက်တာ Social Network ဆိုတဲ့ လူမှုကွန်ရက်တွေ၊ Social Media အမျိုးအစား အမျိုးမျိုးအပြင် Education ဆိုတဲ့ ပညာရေးအပိုင်းကိုပါ အွန်လိုင်းထိ နယ်ပယ်ချဲ့ထွင်လာကြတဲ့အထိ လူသားတွေရဲ့ နယ်ပယ်တွေ ဟာ ကဏ္ဍမျိုးစုံမှာ နည်းပညာကြောင့် ကျယ်ပြန့်လာပါတယ်။
    နည်းပညာဟာ လူသားတွေ ရဲ့နေ့စဉ်ဘဝမှာ ကလစ်တစ်ချက် နဲ့ တောင့်တတိုင်းပြုလုပ်နိုင်တဲ့ တန်ဖိုး အရှိဆုံး Tools တစ်ခု ဖြစ် ပါတယ်။ စမတ်ဖုန်း၊ တက်ဘလက် ဒါမှမဟုတ် ကွန်ပျူတာတစ်ခုခု ကနေ ဘယ်အရာမဆို Virtually (မမြင်မတွေ့ရဘဲ) လုပ်နိုင်တဲ့ခေတ် ဖြစ်နေပါတယ်။ ဘယ်ရုပ်ရှင်ကို ဘယ်အချိန်၊ ဘယ်နေရာမှာ တင် နေပြီဆိုတာကအစ၊ ပီစာလိုမုန့်မျိုး ကို မှာယူတာက အလယ်၊ ငွေပေး ချေတာကအဆုံး နည်းပညာ အ ထောက်အပံ့နဲ့ ပိုမိုလွယ်ကူမြန် ဆန်အောင် ကူညီနေတယ်ဆိုတာကိုတော့ ငြင်းလို့ မရပါဘူး။
    နည်းပညာပိုမိုတိုးတက်တဲ့ နိုင်ငံတွေက စာသင်ကျောင်းတွေမှာဆို နည်းပညာကိုသင်ထောက်ကူ တစ်ခုအဖြစ် အပြည့်အဝ အသုံးချ နေပြီလည်း ဖြစ်ပါတယ်။ ဒီလိုမျိုးနည်းပညာကို စာသင်ကျောင်းတွေမှာ သုံးတာဟာ ကျောင်းသူကျောင်း သား တွေရဲ့ တွေးခေါ်မှု စွမ်းရည်ကို နှေးကွေးစေတယ်၊ ယခင်ကအသုံးချခဲ့တဲ့ သုတေသန နည်းနာတွေကို သင်ယူမှုအားနည်း လာစေတယ်ဆို တဲ့ အမြင်ရှိသူတွေလည်း မနည်းပါဘူး။ ဒါပေမယ့် စာသင်ခန်းထဲမှာ နည်းပညာအသုံးချ သင်ကြားခြင်း ဘက်က ထောက်ခံသူတွေကတော့ ကိစ္စတိုင်းမှာ အစွန်းနှစ်ဖက်ရှိကြ တာချည်းပဲဆိုတဲ့ အချက်ကိုကိုင်ပြီး တော့ ငြင်းချက်ထုတ်ပါတယ်။ အခု ဆောင်းပါးမှာ သူတို့ပြောတဲ့ အစွန်း များကို အဓိကတင်ပြလိုပါတယ်။

ပညာရေးမှာ နည်းပညာရဲ့ ကောင်းသောသက်ရောက်မှုများ
၁။ မိဘတွေ စိတ်အေးရခြင်း
    နည်းပညာခေတ်မှာ လူသား တွေ တစ်ယောက်နဲ့တစ်ယောက် အမြဲဆက်သွယ်နေနိုင်တယ် ဆို တာ အားလုံးအသိပဲဖြစ်ပါတယ်။ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေအားလုံးဟာ ဖုန်းတစ် ချက်ဆက်လိုက်ရုံနဲ့ ဆက်သွယ်နေ နိုင်ပြီဖြစ်တာကြောင့် မိဘတွေအ နေနဲ့ ကိုယ့်သားသမီးကျောင်းမှာ ရှိရဲ့လား၊ ဒါမှမဟုတ် ဘယ်နေရာ မှာရှိနေလဲ ဆိုတာကို အလွယ်တ ကူသိနေနိုင်ပါတယ်။
၂။ သတင်းအချက်အလက်လမ်း မကြီး သို့မဟုတ် နည်းပညာ
    ဒီနေ့ခေတ်မှာ ခေါင်းထဲကို ဘယ်အချက်ပေါ်လာလာ၊ ဘယ် မေးခွန်းပေါ်လာလာ ကလစ်တစ် ချက်နဲ့ မေးနိုင်ပြီ၊ ရှာနိုင်ပြီ ဖြစ်ပါ တယ်။ ကွန်ပျူတာပေါ်မှာဖြစ်ဖြစ်၊ စမတ်ဖုန်းပေါ်မှာဖြစ်ဖြစ် သိလိုသမျှ ရိုက်ရှာနိုင်တဲ့ ခေတ်ဖြစ်နေပါ ပြီ။ Search Engine တွေကလည်း ရှာဖွေမှုကို ရေဆုံးမြေဆုံး ပြုလုပ် ပေးပြီး သတင်းအချက်အလက် တွေကို အပြည့်အစုံ တင်ပြပေးနေ ခြင်း ဖြစ်ပါတယ်။ အင်အား ကောင်းတဲ့ အဲဒီရှာဖွေရေးအင်ဂျင် တွေရဲ့ အစွမ်းနဲ့ ဘယ်သတင်း အချက်အလက်မှ ပုန်းကွယ်နေလို့ မရတော့တဲ့ခေတ် ဖြစ်နေပါတယ်။ ဒီရှာဖွေရေးတွေရဲ့အစွမ်းနဲ့ ပညာရှာမှီးသူတွေဟာ မေးခွန်းနဲ့ အဖြေတွေ၊ Assignment ဒါမှမဟုတ် Project အတွက် လိုအပ်တဲ့ အ ချက်အလက်တွေကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။
၃။ အတွေးအခေါ်ကျယ်ပြန့်လာ ခြင်း
    အင်တာနက်မပေါ်ခင်က ကလေးတွေကို မိသားစုကပဲ သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။ ဒီ တော့အကျိုးဆက်က ကလေးတွေ ရဲ့ နိုင်ငံရေး၊ ဘာသာရေးအမြင် တွေဟာ မိသားစုရဲ့လွှမ်းမိုးခြင်းကို အများဆုံးခံရပါတယ်။ မိသားစုရဲ့ အမြင်တွေသာ ကလေးကသိရှိတာ ကြောင့် ဖြစ်ပါတယ်။ နည်းပညာ ကို အလွယ်တကူ လက်လှမ်းမီလာ တဲ့ခေတ်မှာတော့ ကလေးတွေဟာ မိဘတွေရဲ့အမြင်၊ ထင်မြင်မှုတွေ အပြင် တခြားအရာတွေကိုပါ သိရှိ ခွင့်ရှိလာတဲ့အတွက် သူတို့ရဲ့ ကိုယ် ပိုင်အမြင်၊ အတွေးအခေါ်ကို ကျယ်ပြန့်စေပါတယ်။
၎။ ကျောင်းနေပိုပျော်လာခြင်း
    ကလေးတွေ ကျောင်းနေပျော်ပြီး စာတော်ဖို့ ဆရာဆရာမတွေဟာ နည်းလမ်းမျိုးစုံသုံးကြိုးစားရာမှာ နည်းပညာလည်း အပါအဝင် ဖြစ်လာပါတယ်။ ယခင်နည်းလမ်း ဟောင်းတွေနဲ့သာ စာသင်နေရတာ တစ်ခါတစ်ရံမှာ ငြီးငွေ့ဖွယ်ဖြစ် တတ်တဲ့အတွက် ကျောင်းသားတွေ ရဲ့ တက်ကြွမှုကို ဆွဲဆောင်ဖို့အတွက် ကွန်ပျူတာ သင်ထောက်ကူကို အသုံးပြုရပါတယ်။ ဒီလို နည်းပညာထောက်ပံ့မှုကတော့ အ ကျိုးဖြစ်ထွန်းစေတဲ့ အချက်ထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်လို့ ဆို ပါတယ်။
၅။ ကလေးများအတွက် ကွန်ပျူတာစွမ်းရည်
    ဒီနေ့ခေတ်မှာ အလုပ်ခေါ် စာတိုင်းမှာ ကွန်ပျူတာတတ်ကျွမ်းဖို့ လိုအပ်ချက်တွေကို ထည့်သွင်း ခေါ်နေတာကို တွေ့ရမှာပါ။ ဒါ ကြောင့် ကလေးတွေကို ငယ်စဉ်ကစလို့ ကွန်ပျူတာစွမ်းရည်ကို သင်ကြားပေးခြင်းဟာ သူတို့ရဲ့  အနာဂတ်အတွက် အဆင်ပြေစေမယ့် ပြင်ဆင်မှုတစ်ခု ဖြစ်စေတယ်လို့ လည်း သူတို့က ငြင်းချက်ထုတ်ပါ တယ်။   

ပညာရေးနဲ့ပတ်သက်တဲ့ နည်း ပညာရဲ့အားနည်းချက်များ
၁။ မသင့်လျော်တဲ့ Content တွေ ကို တွေ့မြင်သိရှိလာနိုင်ခြင်း
    နည်းပညာအသုံးပြုမှုနဲ့ ပတ် သက်လို့ အဆိုးဆုံးသက်ရောက်မှု၊ စိုးရိမ်စရာအကောင်းဆုံးအပိုင်းက တော့ ဒီအပိုင်းဖြစ်ပါတယ်။ နည်း ပညာကို စာသင်ကျောင်းမှာ အသုံး ပြုနေတဲ့ကလေးတွေဟာ အင်တာ နက်ကတစ်ဆင့် မလျော်ကန်တဲ့ Content တွေ (သီချင်း၊ ရုပ်ရှင်၊ ဗီဒီယိုဖိုင်၊ စာသား စသည်) ကို အချိန်မရွေး တွေ့သွားနိုင်ပါတယ်။ ညစ်ညမ်း Content တွေ၊ အကြမ်း ဖက် Content တွေ အစရှိတဲ့ မသင့်လျော်တဲ့ အရာတွေကို သိမြင်သွားနိုင်ပါတယ်။ အတန်းသူ အ တန်းသားတွေအနေနဲ့ ဒီလိုမလျော် ကန်တာတွေကို အချင်းချင်းဝေမျှ ခြင်းကတော့ အကြီးမားဆုံးပြဿနာ ဖြစ်တယ် လို့တော့ သူတို့က ရှုမြင် ထားပါတယ်။
၂။ ပြင်ပအဆက်အသွယ်ပြတ်တောက်လာခြင်း
    ဒါကတော့ နည်းပညာ အ ကျိုးအပြစ်တွေထဲမှာလည်း ထည့် သွင်းရေးသားခဲ့ပြီးပါပြီ။ ပြင်ပက လူမှု ဘဝမှာ သက်ရောက်မှုတစ်ခု ဖြစ်ပါတယ်။  Virtual ကမ္ဘာကိုသာ စိတ်စောနေတဲ့အတွက် ပြင်ပက လူမှုရေးရာတွေမှာ အားနည်းကုန် ပြီး ပြင်ပက တကယ့်အဆက်အ သွယ်တွေကို ဖြတ်တောက်ပစ်သလို ဖြစ်စေခြင်း ဖြစ်ပါတယ်။ အွန်လိုင်း မှာ Social တွေ ကောင်းနေသ လောက် ပြင်ပလက်တွေ့ လောကမှာ လူမှုရေးပျက်ကွက်သူ တွေ ဖြစ် လာတတ်ခြင်း ဟာ ကျောင်းသူ ကျောင်းသားတွေအတွက် မကောင်းတဲ့ ဘက်တစ်ခုလို့ ဆိုကြပါ တယ်။

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.