17-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1024
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
အခမဲ့ အွန်လိုင်း စာသင်ကျောင်းများ - ၃

FreeEdNet
    FreeEdNet ကလည်း အမျိုး မျိုးသော သင်ခန်းစာတွေ၊ ကျူတိုရီ ယယ်တွေနဲ့ learning Material တွေကို တစ်စုတစ်ဝေး တွေ့နိုင်မယ့် Online Learning နေရာတစ်ခု ပါပဲ။ FreeEdNet  ပေါ်က user တွေဟာ သူတို့ဘက်က သင်ယူတာ တင် မဟုတ်ဘဲ သူတို့ကိုယ်တိုင်က ပညာရပ်တွေ၊ သင်ခန်းစာတွေကို ဝေမျှတာမျိုးကိုလည်း တွေ့ရပါ တယ်။ user တွေ developလုပ် ထားတဲ့ သင်ခန်းစာတွေ၊ ကျူတိုရီ ယယ်တွေနဲ့ သင်ထောက်ကူပစ္စည်း တွေကိုပါ တွေ့ရှိလေ့လာနိုင်မှာ ဖြစ်ပါတယ်။
    FreeEdNet ပေါ်က သင် ကြားမှုတွေဟာ ပြင်ပတက္ကသိုလ် ကောလိပ်တွေကို အစားထိုးဖို့ရည် ရွယ်ပြီး တင်ထားတာတွေတော့ မ ဟုတ်ပါဘူး။ ဒါကြောင့် FreeEdNet အနေနဲ့ အသုံးပြုသူ၊ သင် ကြားသူတွေကို ဒီဂရီပေးအပ်မှု မရှိတဲ့အကြောင်း အသုံးပြုသူတွေ ရဲ့ အရည်အချင်း အထောက်အ ကူပြု သင်ခန်းစာမျှသာဖြစ်ပြီး လုပ်ငန်းခွင်အတွက် အကျိုးရှိစေဖို့ သာ ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။

Online Education Database
    OEDB လို့ အတိုကောက် ခေါ်တဲ့ Online Education Database  မှာ အွန်လိုင်း သင်ခန်းစာ ပေါင်း ၂ဝဝ ကျော်ကို စုစည်းပေး ထားပါတယ်။ အဆိုပါသင်ခန်းစာ တွေဟာ ကမ္ဘာအရပ်ရပ်က တက္ကသိုလ်ကြီးတွေရဲ့ သင်ခန်းစာ တွေဖြစ်ပြီး MIT, ယေးလ်နဲ့ တပ်ဖ် တို့လို နာမည်ကျော် တက္ကသိုလ် တွေ ပါဝင်ပါတယ်။
    OEDB မှာ ပညာသင်ကြား ဖို့အတွက်က Application ပုံစံလည်း မလိုအပ်သလို ကျောင်းလခ ပေးသွင်းစရာလည်း မလိုအပ်ဘူးလို့ OEDB က တရားဝင် ကြေညာထား ပါတယ်။ OEDB ဝက်ဘ်ဆိုက်ကို သွားပြီး မိမိသင်ယူလိုတဲ့ သင်ခန်းစာကို ရိုက်ထည့် ရှာဖွေကာ လိုချင်တဲ့ သင်ခန်းစာကိုတွေ့ရင် တန်းပြီး လေ့လာသင်ယူလိုက်ရုံပဲမို့ အချိန်ကုန်စေတဲ့ အဆင့်များကို ကျော် ဖြတ်ပြီးသား ဖြစ်သွားမှာပါ။

Anneberg Learner
    Anneberg Learner က တော့ အဓိကအားဖြင့် ဆရာတွေ အတွက် ရည်ရွယ်ထားတာဖြစ်ပါ တယ်။ ဆရာဆရာမတွေအနေနဲ့ သူတို့ရဲ့ ဘာသာရပ်အသီးသီးမှာ သင်ကြားပေးဖို့အတွက် လိုအပ်တဲ့ Multimedia Resources တွေကို အခမဲ့ ပေးထားတာ ဖြစ်ပါတယ်။ အခမဲ့ပေးထားတဲ့ Resources တွေ ဟာ ဆရာဆရာမတွေရဲ့ သင်ကြား ရေး နည်းလမ်းတွေကို ပိုမိုတိုးတက် စေဖို့ အထောက်အကူဖြစ်စေပြီး အမေရိက ကျောင်းတွေမှာ သင် ကြားနေတဲ့ သင်ကြားမှု နည်းလမ်း တွေကိုပါ လေ့လာနိုင်မယ့်နေရာ တစ်ခုလည်း ဖြစ်ပါတယ်။

University of the People
    University of the People ကတော့ ကျောင်းလခပေး သွင်း စရာမလိုဘဲ ကမ္ဘာတစ်ဝှမ်းကလူ တွေကို အွန်လိုင်းပညာရေး အခမဲ့ ပေးနေတဲ့ အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုလို့ ဆိုနိုင်ပါ တယ်။ ပြင်ပတက္ကသိုလ်တွေလို နှစ် စဉ် ကျောင်းလခပေးသွင်းစရာ မလို၊ ကျောင်းအပ်ခပေးစရာမလို တဲ့အပြင် စာသင်သားတွေ စာဖတ် ဖို့ Read-ing Material တွေကိုပါ အခမဲ့ပေးထားတဲ့ အွန်လိုင်း တက္ကသိုလ် တစ်ခုဖြစ်ပါတယ်။
    ဒါပေမယ့် University of the People က တရားဝင်ကြေညာ ထားတာတစ်ခုကတော့ ဝက်ဘ် ဆိုက်ရဲ့ ရေရှည် တည်တံ့စေရေးအတွက် Application နဲ့ စာမေးပွဲ တွေ ဖြေဆိုဖို့ကိုတော့ ငွေကြေး အနည်းငယ်မျှ ယူထားတယ်လို့ သိရ ပါတယ်။

Webcasts at UC Berkeley
    UC Berkeley က Webcasts.berkeley လို့ ခေါ်တဲ့ Central Campus service တစ်ခုကို ဆောင်ရွက်ပေးနေပါတယ်။ ရည် ရွယ်ချက်ကတော့ UC berkeley ရဲ့ ကျောင်းသူကျောင်းသားတွေကို Recording ဖိုင်တွေ၊ သင်ခန်းစာ တွေ Campus Event တွေအကြောင်း တင်ပေးထားရင်းက ကမ္ဘာတစ်လွှားက စာသင်သားတွေပါ ရရှိလေ့လာနိုင်အောင် ဖြစ်ပါတယ်။ ၂ဝဝ၁ ခုနှစ်က စတင်ပြီး တင်ပေးခဲ့တဲ့ သင်ခန်းစာ စုစုပေါင်း ကြာချိန်ဟာ လက်ရှိအချိန်မှာဆို နာရီပေါင်း တစ်သောင်း ခြောက် ထောင်ကျော် ရှိခဲ့ပြီလို့ သိရပါ တယ်။ အဲဒီနာရီပေါင်း သောင်း ခြောက်ထောင်ကျော် သင်ခန်းစာ ဖိုင်တွေဟာ UC Berkeley  က ကျောင်းသူ ကျောင်းသားတွေအ တွက်ကော တစ်ကမ္ဘာလုံးက ကျောင်းသူ ကျောင်းသားတွေအ တွက်ပါ အခမဲ့ ဖြစ်ပါတယ်။

Open Culture
    Open Culture ကတော့ တခြားဆိုက်တွေမှာ တင်ပေးထား တဲ့ အခမဲ့ သင်ကြားရေး သင်ခန်း စာတွေ၊ အခမဲ့အီးဘုတ်တွေ၊ အသံ ဖိုင်တွေကို ပြန်လည် စုစည်းပေး ထားတဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ ဟားဗတ်လို နာမည်ကျော် တက္ကသိုလ်တွေရဲ့ အွန်လိုင်းသင် ခန်းစာတွေကို Open Culture က စုစည်းပေးထားတဲ့အပြင် အခြား တက္ကသိုလ်တွေက ကိုယ်သင်ယူလို တဲ့ သင်ခန်းစာတွေကိုလည်း ရှာဖွေ လေ့လာနိုင်မှာဖြစ်ကာ အခမဲ့ ဒေါင်းလုတ်တွေလည်း များစွာရှိ တာကြောင့် အွန်လိုင်း စာသင် ကြားမှုအတွက် တစ်ဖက်တစ်လမ်း က အထောက်အကူဖြစ်စေတဲ့ နေရာတစ်ခုလို့ ဆိုနိုင်ပါတယ်။

GCF Learn Free
    GCF Learn Free မှာ အခမဲ့၊ အရည်အသွေးကောင်း၊ တီထွင် ဆန်းသစ်တဲ့ အွန်လိုင်း သင်ကြားမှု တွေကို ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပြီး သင်ခန်းစာပေါင်း ၇၅ဝ ကျော်ကို တင်ပေးထားပါတယ်။                 GCF Learn Free ရဲ့ အဓိက ပေးထားတဲ့ သင်ခန်းစာတွေက တော့နည်းပညာ၊ နည်းပညာဆိုင် ရာ တတ်ကျွမ်းမှုနဲ့ သင်္ချာစွမ်းရည် တွေကို ပိုမိုတိုးတက်မြင့်မားစေဖို့ ဖြစ်ပြီး မိမိသင်လိုတဲ့ ပညာကို မိမိ သင်လိုတဲ့အချိန်မှာ သင်ယူနိုင်မှာ ဖြစ်ပါတယ်။

Google Code University
    Google Code University ကလည်း သီးခြားအွန်လိုင်း တက္ကသိုလ်ကြီးမဟုတ်ဘဲ ပညာရေး နဲ့ သက်ဆိုင်တဲ့ Educational Materials တွေကို အမြောက်အ မြား စုစည်းပေးထားတဲ့ Education Collection ကြီးတစ်ခုပါပဲ။ ဒါပေမယ့် သူက အဓိကအားဖြင့် တော့ နည်းပညာနဲ့ဆိုင်တဲ့ ပညာ ရပ်တွေကိုသာ တင်ပေးထားပါ တယ်။ ဘာသာရပ်တွေက C+ +, Java, Python စတာတွေကို ဘယ်လို ဖန်တီးရေးသားသလဲ၊ မိမိ ဝက်ဘ်ဆိုက်ကို HTML, CSS, Java Script တို့ကို အသုံးပြုပြီး ဘယ် လိုရေးသားမလဲ စတာတွေ ဖြစ်ပါတယ်။ ဒါတွေအပြင် အခြား သော ပညာရေးအဖွဲ့အစည်းတွေ က ပေးထားတဲ့ Android programming နဲ့ Web Programming ဘာသာရပ်တွေကိုလည်း တစ်ကမ္ဘာလုံးက လူတွေ သင်ကြားနိုင် အောင် ပြသပေးထား ပါတယ်။ Google Code University မှာ ကျူတိုရီယယ်တွေ၊ သင်ခန်းစာ မိတ်ဆက်တွေ၊ အခြေခံကစပြီး အဆင့်မြင့် ဘာသာရပ် တွေ၊ ဗီဒီယို သင်ခန်းစာတွေနဲ့ ဟောပြောမှုတွေ ကို စုံလင်စွာ တွေ့ရှိသင်ယူနိုင်မှာ ဖြစ်ပါတယ်။

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.